အမေရိကန်လဝက ICE မှ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ဘိုင်ဒန်-ဟဲရစ်အစိုးရဟာ လူသတ်ကောင် ၁၃,၀၀၀ နဲ့ ရာဇဝတ်ကောင် ၆၆၂,၀၀၀ ကျော်တို့ကို ပြည်တွင်းမှာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။ အဲဒီထဲမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်လို့ အပြစ်ပေးခံရသူ ၅၀၀၀ကျော်အပြင် အခြား လိင်ရာဇဝတ်သားနဲ့ ပြန်ပေးဆွဲသူ ထောင်ကျော် ပါဝင်နေပါတယ်။ ICE ရဲ့ ဒုညွှန်မှူး ပက်ထရစ် လေလစ်တနာက ဘိုင်ဒန်အစိုးရဟာ ၂၀၂၃ မေလလယ်ကစလို့ လူပေါင်း ၈၉၃,၀၀၀ ကို ပြန်ပို့တယ်လို့ အစီရင်ခံထားပေမယ့် ရာဇဝတ်သားအများအပြားကတော့ ပြည်တွင်းမှာ ရှိနေပါသေးတယ်။
ကမလာ အီရီဇိုးနားက နယ်စပ်ကို သွားတဲ့ပွဲမှာ ကယ်လီဖိုးနီးယားခရိုင်ရှေ့နေဟောင်း ဗစ်တိုးရီးယား ဗာဘာစလေဇာကို ပွဲထုတ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားက ရာဇဝတ်ကောင်တွေ အထူးသဖြင့် ကလေးလိင်မုဆိုး ပီဒိုတွေပေါ်မှာ အလွန်ကို သက်ညှာသူဖြစ်တဲ့အပြင် ရာဇဝတ်သားတွေနဲ့ မဟာမိတ်ဖွဲ့လို့ ဝေဖန်ခံနေရသူ ဖြစ်ပါတယ်။ ကမလာပွဲထုတ်ခဲ့တဲ့ စလေဇာဟာ ကမလာလိုပဲ ဆို-ရော့စ်ထောက်ပံ့ထားတဲ့ ဘရန်နန်စင်တာက တွန်းနေတဲ့ ရာဇဝတ်သားတွေကို ပ စားပေးတဲ့ လက်ဝဲမူကို သူ့ရာထူးသက်တမ်းအတွင်း အကောင်အထည်ဖော်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်တွေကြောင့် သူ့ဝန်ထမ်းတွေကိုယ်တိုင်က သူမအပေါ် အယုံအကြည်မရှိတော့တဲ့အတွက် ရာထူးက ထွက်ပေးခဲ့ရပါတယ်။ ခုလိုစုတ်ပြတ်တဲ့ရာဇဝင်ရှိနေတဲ့ စလေဇာဟာ တခြားမှာနေရာမရပေမယ့် ဟဲရစ်ကမ်ပိန်းမှာတော့ နေရာအခိုင်အမာရနေတာပါ။ အဲဒါကြောင့် ကမလာတက်ရင် စလေဇာလို ပီဒိုဖေဗာသမားက ဒီအိုဂျေမှာ နေရာရပြီး တရားဥပဒေစိုးမိုးရေးကို စော်ကားပါလိမ့်မယ်။
ကမလာနယ်စပ်ကို သွားတဲ့အချိန်မှာ နယ်စပ်လုံခြုံရေးကို သူထောက်ခံကြောင်း၊ ဘော်ဒါပက်ထရိုတွေရဲ့ အိုဗာတိုင်ပေးကို မြှင့်ပေးထားကြောင်း ပြောခဲ့တာကို ဘော်ဒါပက်ထရိုယူနီယံက ဖက်ချက်ပြီး အဲဒီကိစ္စတွေက သူမကြောင့်ဖြစ်လာတာမဟုတ်ပါဘူးလို့ ကြေငြာလိုက်ပါတယ်။ ဘော်ဒါတောင်မှ တက္ကဆက်စ်က ဘော်ဒါကို မသွားရဲလို့ အရီဇိုးနားက ဘော်ဒါကို ရွေးသွားရတဲ့အဖြစ်ပါ။
ဘိုင်ဒန်/ကမလာတို့ ဒီအိုဂျေက အလာဘားမားပြည်နယ်ကို နိုင်ငံသားမဟုတ်သူတွေကို မဲမှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်ခဲ့တာကို မကျေနပ်တဲ့အတွက် တရားစွဲလိုက်ပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်က ရကပနီးနေပြီဖြစ်လို့ ဘာမှအပြောင်းအလဲ မလုပ်သင့်တော့ဘူးလို့ ဆိုပါတယ်။ မှားနေတာကို ပြင်တာ၊ မဖြစ်သင့်တာကိုတားတာ ရက်ရွေးနေဖို့ လိုသေးလို့လား၊ ရကပက တလကျော် လိုပါသေးတယ်။
၈လပိုင်းတုန်းက ဘိုင်ဒန်/ဟဲရစ်အစိုးရက လက်မှတ်လေးတချက်နဲ့ မဲမှတ်ပုံတင်တာကို ပြင်ဆင်ခဲ့တာကို မစ္စစပီ၊ မွန်တာနား၊ ကန်းဆပ်စ်၊ အိုင်အိုဝါ၊ နီဘရားစကား၊ မြောက်ဒါကိုတာ၊ အိုကလာဟိုးမား၊ တောင်ကာရိုလိုင်းနားနဲ့ တောင်ဒါကိုတာတို့က ဝိုင်းတရားစွဲခဲ့ပါတယ်။ ပုံမှန်ဆိုရင် နေထိုင်မှုနဲ့ နိုင်ငံသားဖြစ်မှု အထောက်အထား စစ်ဆေးတဲ့စနစ် အဆင့်သင့်ရှိနေပြီးဖြစ်တဲ့ DMV မှာပဲ မဲမှတ်ပုံတင်ကြရတာကို ဘိုင်ဒန်တို့က လူတွေအများကြီး ကျယ်ကျယ်ပြန့်ပြန့် လွယ်လွယ်ကူကူ မဲပေးနိုင်ဖို့အတွက်ဆိုပြီး ဖက်ဒရယ်အေဂျင်စီတွေမှာပါ မဲစာရင်းပေးနိုင်ဖို့ အာဏာအလွဲသုံးပြီး အမိန့်ထုတ်ခဲ့ပါတယ်။ ဘိုင်ဒန်တို့အမိန့်အရ တရားရေးဝကဌာန၊ ပညာရေးဝကဌာန၊ စိုက်ပျိုးရေးဝကဌာနတွေလက်အောက်က ဖက်ဒရယ်ဗျူရိုကရက်အဖွဲ့အစည်းတွေအားလုံးဟာ မဲမှတ်ပုံတင်ရာဌာနတွေ ဖြစ်လာပါတယ်။
အကျိုးဆက်က ဘာဖြစ်သလဲဆိုတော့ ကျောင်းတွေ တက္ကသိုလ်တွေက လက်ဝဲစွန်းတက်ကြွလှုပ်ရှားသူတွေက နိုင်ငံသားဟုတ်ဟုတ် မဟုတ်ဟုတ်ကို မဲပေးနိုင်အောင် လုပ်ပေးနိုင်လာသလို ခိုးဝင်တွေကို အစားအစာ စသည်ဝေပေးတဲ့ ဝဲဖဲဌာနတွေကလည်း မဲပေးမယ့်ခိုးဝင်တွေကို အင်အားစုဆောင်းပေးတဲ့ ဌာနကြီးတွေ ဖြစ်လာပါတယ်။ ပြောတာကတော့ အကျုံးဝင်တဲ့လူတွေကိုပဲ မှတ်ပုံတင်ပေးမှာပါဆိုပေမယ့် စီစစ်ရမယ့်စနစ်၊ ကျွမ်းကျင်လုပ်သား၊ စက်ပစ္စည်း စတာတွေမရှိပဲ ဘယ်လိုလုပ်ကြမယ်ဆိုတာက ပဟေဠိဖြစ်လို့နေပါတယ်။ အဲဒီအေဂျင်စီတွေက ဒီမိုကရက်တွေကြိုးကိုင်ထားတာဖြစ်သလို ဝဲဖဲတောင်းတဲ့သူအများစုကလည်း ဒီမိုကရက်ကိုပဲ မဲပေးကြမှာဆိုတာ ၂ခါစဥ်းစားစရာ မလိုပါဘူး။
ဆို-ရော့စ်က ရကပနှစ်ကျမှ စပိန်စကားပြောသူတွေကို မှိုင်းတိုက်ဖို့ ရာနဲ့ချီတဲ့ စပိန်စကားပြော ရေဒီယိုစတေရှင်တွေကို ဝယ်ယူခဲ့ပါတယ်။ အဲဒီချန်နယ်တွေထဲမှာ အော်ဒဲစီလို့ခေါ်တဲ့ တနိုင်ငံလုံးမှာ ဒုတိယအကြီးဆုံးရေဒီယိုကွန်ယက်ကြီး ပါဝင်ပြီး ရှောင်ဟန်နတီ၊ ဂလန်ဘက်ခ်၊ မာ့ခ်လီဗင်း စတဲ့ ထရမ့်/မာဂါထောက်ခံတဲ့ ကွန်ဆာဗေးတစ်တွေပြောတာ အများကြီးလွှင့်တဲ့ စတေရှင်တွေ ပါဝင်နေတဲ့အတွက် ကွန်ဆာဗေးတစ်အသံတွေကို နှိပ်ကွပ်ရာရောက်တာ ဖြစ်ပါတယ်။ အဲဒါကို ဖက်ဒရယ်ကွန်မြူနီကေးရှင်း ကော်မရှင်က ခွင့်ပြုပေးခဲ့တဲ့အပြင် လေလှိုင်းတွေကို တရားဝင် ချယ်လှယ်စေနိုင်ဖို့အတွက်ပါ အမြန်ဆုံး လုပ်ပေးခဲ့ပါသေးတယ်။ ငွေမျက်နှာ ကြီးပုံပါပဲ။
နိုင်ငံတကာမှာဆိုလည်း ဘင်္ဂလာဒေ့ရှ်မှာ ဟာစီနာပြုတ်ကျခဲ့ပြီး ဟူစိန်တို့ ကလင်တန်တို့နဲ့ အရမ်းရင်းနှီးတဲ့ နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ်က ဘာပါတီမှ နောက်ခံမရှိပဲ အိမ်စောင့်အစိုးရလိုမျိုး ဆွဲတင်ထားပေးတာဟာ ဒီမိုကရက်/စီအိုင်အေ စနက်မကင်းဘူးလို့ ပြောလို့ရပါတယ်။ နိုဘယ်ဆုရှင်ဆိုလို့ ဒေါ်စုတို့လို မတွေးလိုက်ပါနဲ့။ ယူနွတ်စ်က အသေးစားငွေချေးလုပ်ငန်းတွေ တွင်ကျယ်အောင်လုပ်လာပြီး နာမည်ကြီးလာတာပါ။ သူနာမည်ကြီးလာတာက ကလင်တန်တို့ တက္ကသိုလ်တွေသွားပြောလည်း သူ့အကြောင်းပြော၊ တီဗီအင်တာဗျူးတွေမှာလည်း သူ့အကြောင်းပြောနဲ့ လမ်းကြောင်းပေါ်တင်ပေးခဲ့လို့ပါ။ သူလုပ်ပေးလိုက်လို့ ပြည်သူတွေ ချောင်ချိမသွားပါဘူး၊ ဘာလို့လဲဆိုတော့ သူယူတဲ့အတိုးနှုန်းက မြန်မာပြည်က နေ့ပြန်တိုးလောက်ကို ယူလို့ပါ။ ပြည်သူတွေ မသက်သာပေမယ့် သူကတော့ လုပ်ငန်းပေါင်းများစွာနဲ့ သူဌေးအကြီးစား ဖြစ်သွားပါတယ်။ ဒီသတင်းတင်လို့ စိတ်ကူးမယဥ်ကြပါနဲ့ဦး၊ ဒေါ်စုက ဘယ်သူကြိုးဆွဲတာမှ မခံလို့ အိုဘမတို့ ပစ်ထားတာကို သတိပြုကြပါ။ ပြောရတာက စီအိုင်အေက ယူကရိန်း၊ ဘင်းဂလားအပါအဝင် ကမ္ဘာ့မတည်ငြိမ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းရင်းဖြစ်နေတာကို သိစေချင်လို့ပါ။
တရားမျှတမှုကို မြတ်နိုးတယ်၊ ထွန်းကားစေချင်တယ်ဆိုရင် မတရားမှုတိုင်းကို မည်သူမည်ဝါ လုပ်သည်ဖြစ်စေ ဘယ်ပါတီက လုပ်သည်ဖြစ်စေ လစ်လျူရှု မနေသင့်ပါဘူး။ အနည်းဆုံးတော့ လူညစ်တွေကို မဲမထည့်သင့်ဘူး၊ မကာကွယ်သင့်ဘူးပေါ့။