Submerged Vehicle Guidance

ရေလွှမ်းခံရတဲ့ ဒေသတွေက လျှပ်စစ်ကားတချို့မှာ ရေထိထားတဲ့ ဘက်ထရီက ရှော့ဆားကစ်ဖြစ်ရာက မီးထလောင်တာ ပေါက်ကွဲတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဖလော်ရီဒါမှာ ရေနစ်ထားတဲ့ လျှပ်စစ်ကားတွေကနေ မီးထလောင်တာ တမ်ပါဘေးမှာတင် ၁၆စီး ရှိပြီဖြစ်ပြီး အနည်းဆုံး အိမ် ၆လုံး မီးလောင်သွားပါတယ်။ ဖြစ်တာက ဘယ်လျှပ်စစ်ကားမှာမဆို ဖြစ်နိုင်သလို ဟိုက်ဘရစ်တွေလည်း သတိထားနိုင်ရင် ပိုကောင်းပါတယ်။ တက်စ်လာက သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ရေနစ်ထားတဲ့ ကားတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက် ပေးထားပါတယ်။ လိုအပ်မယ့်သူတွေအတွက် ဘာသာပြန်ပေးလိုက်ပါတယ်။

 ရေမြုပ်တဲ့မော်တော်ယာဥ်ဟာ ရေကြီးတာကြောင့်ဖြစ်နိုင်သလို အခြားရာသီဥတုအကြောင်း တခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အန္တရာယ်အနည်းဆုံးဖြစ်အောင် အောက်ပါအချက်တွေကို သေချာဖတ်ရှုပြီး သတိထားကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မိုးလေဝသဟောကိန်းမှာ ရေကြီးနိုင်ခြေရှိတယ်လို့ ပါလာရင် အကောင်းဆုံးက သင့်ရဲ့ လျှပ်စစ်ကားကို ရေလွှမ်းနိုင်ခြေမှ လွတ်မယ့်နေရာ (သို့) မြေမြင့်တဲ့နေရာမှာ ပို့ထားပေးပါ။

သင့်မော်တော်ယာဥ်မှာ မီးအစအန၊ မီးခိုးတွေ့ရင်၊ short circuit ဖြစ်ရင်/ ဖြူစ်ပြတ်ရင် မြည်တဲ့ popping sound, ရှဲရှဲသံကြားရင်၊ အပူဓါတ်ထွက်လာရင် ဝေးဝေးကိုရှောင်ပြီး မီးသတ်ကိုခေါ်ပါ။

သင့်ကားက လျှပ်စစ်ကားပဲဖြစ်ဖြစ် အင်ဂျင်ကားပဲဖြစ်ဖြစ် ရေထဲမှာ ခပ်ကြာကြာနစ်မြုပ်နေခဲ့ရင် ဘာလုပ်ရမယ်ဆိုတာ သိအောင်လုပ်ပါ။

သင့်မော်တော်ယာဥ်က ရေအောက်မှာ မဟုတ်တော့ပဲ ဝင်လို့ရပြီဆိုရင် အောက်ပါအချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပါ။

၁။ သင့်ကားဟာ ယာဥ်မတော်တဆမှုမှာ ပါခဲ့လို့ အာမခံကို ဖုံးခေါ်သလိုမျိုး အာမခံကို ဖုံးခေါ်လိုက်ပါ။

၂။ တရားဝင်ဆိုင်တွေက လွှတ်လိုက်တဲ့လူ လာမစစ်မချင်း ကားကို လုံးဝမစပါနဲ့။ သင်က တက်စ်လာပိုင်ရှင်ဆိုရင် တက်စ်လာဆားဗစ်ကို လှမ်းချိတ်ပြီး ရက်ချိန်းရယူပါ။

၃။ ကားကို အိမ်(သို့) အဆောက်အဦတခုခု(သို့) အခြားပေါက်ကွဲစေနိုင်တဲ့ ပစ္စည်း/ကားတွေ ကနေ အနည်းဆုံး ပေ၅၀/ ၁၅မီတာအကွာအထိ ရောက်အောင် တိုးဆွဲသွား(သို့) တွန်းသွားပါ။

  • တက်စ်လာပိုင်ရှင်တွေကတော့ တက်စ်လာအက်ပ်ကနေ roadside assistance ကိုသွားပြီး တိုးဆွဲဖို့ တောင်းဆိုပါ။
  • သင့်ကားကို စိတ်ချလက်ချ ဘယ်လို တိုးဆွဲ/တွန်းရွှေ့ရမလဲသိချင်ရင် ပိုင်ရှင်လက်စွဲစာအုပ်ကို ကိုးကားပါ။ တက်စ်လာကားတွေအတွက် “Instructions for Transporter” ခေါင်းစဥ်အောက်မှာ ဖတ်ပါ။
  • ကားမော်ဒယ်တခုနဲ့တခု မတူတဲ့အတွက် ကိုယ့်ကားရဲ့ Owner’s Manual ကိုကြည့်တာက ပိုသင့်လျှော်ပါလိမ့်မယ်။

Leave a comment