မနေ့က ထရမ့်က သူသေနတ်ပစ်ခံခဲ့ရတဲ့ ဘတ်တလာမြို့ကို ထပ်မံသွားရောက်ခဲ့ပါတယ်။ ဒီတခါတော့ ကျည်ကာမှန်တွေ ကာထားပေးတာတွေ့ရပါတယ်။ ကျည်ကာမှန်ကာ တဖက်က ကောင်းသလို တဖက်မှာလည်း စီးကရက်ဆားဗစ်က ဒီလိုဖက်စလတီမပေးနိုင်ဘူးဆိုပြီး တချို့သော rally တွေကို ခွင့်မပြုခဲ့ပါဘူး။ အဲဒီပွဲမှာ ကွင်းထဲ ဝင်ခွင့်မရမှာစိုးလို့ ညအိပ်စောင့်သူတွေ အများကြီးရှိတာ တွေ့ရသလို ထရမ့်အပစ်ခံရပြီးမှ ထရမ့်ကို လုံးဝ ခြေစုံပစ် ထောက်ခံလာခဲ့တဲ့ အီလွန်မတ်စ်လဲ တက်ရောက်ခဲ့ပါတယ်။
ထရမ့်က သူ့အစိုးရဟာ ပြည်သူတွေရဲ့ အလားအလာတွေကို အဟန့်အတား အကန့်အသတ်မရှိ အစွမ်းရှိသလောက် ထိပ်ဆုံးကို ရောက်စေဖို့ ရေခံမြေခံကောင်းဖြစ်အောင် အဖက်ဖက်က ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ဘဝကို ကျေနပ်ဂုဏ်ယူတဲ့၊ မိသားစုကို ဖူဖူလုံလုံ ပံ့ပိုးပေးနိုင်တဲ့ ပြည်သူတွေ ဖြစ်လာတာ မြင်ချင်ကြောင်း၊ ရာဇဝတ်မှုတွေမရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း၊ ငါတို့ရဲ့ စစ်တပ်ကလည်း ကမ္ဘာမှာ အကောင်းဆုံး၊ ငါတို့ ပညာရေး/ ကျောင်းတွေ ကလည်း ကမ္ဘာမှာ အကောင်းဆုံးဖြစ်လာရမှာဖြစ်ကြောင်း၊ ပြည်သူတွေဟာ သူတို့တွေကို လေးစားတဲ့၊ အကာအကွယ်ပေးတဲ့၊ ကိုယ့်တိုင်းပြည် လုံခြုံရေး၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ အချုပ်အချာအာဏာကို အမှန်တကယ် ကာကွယ်ပေးတဲ့ အစိုးရမျိုးနဲ့ပဲ ထိုက်တန်ကြောင်း၊ အားတက်ဖွယ် ပြောကြားသွားပါတယ်။
ထရမ့်ကို ယူနီဖိုင်ယာ ပေါင်းစည်းအောင်လုပ်နိုင်သူမဟုတ်ဘူးလို့ အရင်က စွပ်စွဲခဲ့ကြသူများ အခုဆိုရင် ထရမ့်နောက်မှာ ဒီမိုကရက်ဟောင်းတွေဖြစ်တဲ့ ရောဘတ်ကနေဒီရော၊ တူလ်စီဂစ်ဘတ်ရော ရောက်နေပြီလေ၊ အီလွန်တို့ တပ်ကာတို့အပြင် အများကြီး ဘက်ပြောင်းလာတာဟာ ထရမ့်က ဒဗိုက်ဒါ မဟုတ်လို့ဆိုတာ အရှင်းကြီးပါ။ မီဒီယာတွေ၊ ဒီမိုကရက်တွေရဲ့ အလိမ်အညာတွေကို အရင်က နားမလည်ခဲ့ရင်တောင် အခုဆိုရင် နားလည်ဖို့ သင့်ပါပြီ။ ဒီမိုကရက်တွေက ပြည်သူကို အလေးမထားကြောင်း သက်သေတွေလည်း တနေ့ထက်တနေ့ ထင်ရှားသထက် ထင်ရှားလာပါပြီ။
အီလွန်က လွတ်လပ်စွာ ဖော်ထုတ် ရေးသား ပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ အဲဒါကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ခြေ/ဥရဲ့ ပထမဆုံး ပြင်ဆင်ချက် ဖြစ်လာတာဖြစ်ကြောင်း၊ ခြေ/ဥပြင်ဆင်ချက် ၂ ကတော့ ပြင်ဆင်ချက် ၁ ကို ကာကွယ်ဖို့ ဖြစ်ကြောင်း၊ အဲဒီအချက် ၂ချက်က တိုင်းပြည်ရဲ့အသက်ဖြစ်တဲ့အလျောက် တိုင်းပြည်ရဲ့ အနာဂတ်ကို ဒီရကပက အဆုံးအဖြတ် ပေးမှာဖြစ်ကြောင်း၊ ဗုတ်တာအိုင်ဒီမလိုပဲ မဲပေးနိုင်တာက ဘယ်လိုမှတရားမျှတတဲ့ ရကပ ဖြစ်လာနိုင်မှာမဟုတ်ကြောင်း၊ အဲဒါကြောင့် registertovote.com ကိုသွားရောက်ပြီး ဗုတ်တာစတေးတပ်စ် ချက်ပါ၊ ရီဂျစ်စတာမလုပ်ရသေးရင်လုပ်ပါ၊ သိသူများကိုလည်း တိုက်တွန်းပါ၊ ဂျော်ဂျာနဲ့ အီရီဇိုးနားမှာ နောက်ဆုံး ရီဂျစ်စတာလုပ်ရမယ့် အချိန်က ၁ရက်ပဲ လိုပါတော့တယ်၊ အမြန်ဆုံး သွားချက်ကြပါ၊ အမေရိကမှာ ဒီမိုကရေစီ ဆက်လက်ထွန်းကားနေစေဖို့ ထရမ့်ကို မဲပေးကြပါလို့ တိုက်တွန်းသွားပါတယ်။ အမေရိကန်မှာ ဒီမိုကရေစီဆိတ်သုဥ်းရင် ကမ္ဘာ့ဘယ်နေရာမှာမှ ဒီမိုကရေစီ မကျန်နိုင်တော့မှာကို မမေ့ကြပါနဲ့။
အီလွန်က ဝက်ဘ်ဆိုက်ကို ဟောပြောပွဲမှာ ပြောပြတဲ့နေ့မှာပဲ ပင်ဆယ်လ်ဗေးနီးယားက မဲမှတ်ပုံတင်တဲ့ ဆိုက်က လုံးဝ ဒေါင်းနေတာကလည်း ညစ်နည်းတမျိုးပါပဲ။ သေတဲ့လူတွေနာမည်နဲ့ မဲတွေရောက်နေတာလည်း မနည်းပါဘူး။ ဟိုဖက်က ညစ်မှာ ခိုးမှာကတော့ မြေကြီးလက်ခတ်မလွဲပါ။ တဖက်က ခိုးနိုင်တာထက်ကို အများကြီးကျော်အောင်၊ ခိုးလို့မနိုင်အောင်အထိကို ထွက်ဗုတ်ကြပါ။ အထူးသဖြင့် ဆွင်းစတိတ်က လူတွေ ကိုယ့်မဲက ကမ္ဘာကြီးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာဖြစ်လို့ သင့်ပုခုံးပေါ် ကျရောက်လာတဲ့တာဝန်ကို ကျေပြွန်ကြပါစေ။ မဲပေးတာ၊ ရီဂျစ်စတာလုပ်တာမှာ နားမလည်တာရှိရင် လာမေးပါ။ မရှက်ပါနဲ့၊ အားမနာပါနဲ့။
ဒီမိုကရက်တွေကတော့ ပြည်သူကို မျက်စိလည်အောင် ကလိုင်းမိတ်တို့ အဘောရှင်းတို့ နဲ့ပဲ နှစ်ပေါက် တပေါက်ရိုက်နေဦးမှာပါ။ မကြာသေးမီက ရေလွှမ်းသွားတဲ့ ပြည်နယ်တွေမှာ ဘေးချင်းတူရင် ဖလော်ရီဒါက ဘာကြောင့် ဒုက္ခသက်တိုသလဲ အကူအညီမြန်မြန်ရလဲ၊ ဘာကြောင့် မြောက်ကာရိုလိုင်းနားမှာ ဒုက္ခက ပိုခါးသီး ကြာရှည်ရသလဲဆိုရင် အုပ်ချုပ်သူ ကွာလို့လို့ပဲ ပြောရပါလိမ့်မယ်။ ဖလော်ရီဒါက ရီပါဘလစ်ကန်ဂါဗာနာ ဒီဆန်းတစ်က အရည်အချင်းရှိသူ၊ ပြည်သူအပေါ် စေတနာရှိသူဖြစ်ပြီး ဖီးမားတွေ သူ့ဆီ လုံလုံလောက်လောက် ရမလာရင် သည်းခံမှာမဟုတ်၊ ပါတီမျက်နှာနဲ့ ငြိမ်ကုပ်နေမှာ မဟုတ်လို့ပါပဲ။ မြောက်ကာရိုလိုင်းနားက ဒီမိုကရက်ဂါဗာနာ ရွိုင်ကူးပါးက အရည်အချင်းပဲ မရှိတာလား၊ ဖီးမားကို ဝေဖန်ရင် ဖီးမားဘတ်ဂျက်တွေကို ယူအလွဲသုံးထားတဲ့ ကမလာတို့ မဲမရမှာစိုးလို့ မြုံနေတာလား တခုခုပါပဲ။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဒီမိုကရက်မှ ကိုယ့်လူကိုယ် မဝေဖန်ကြတာလည်း ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။
ကိုယ့်ပြည်သူတွေကိုသာ မီးမရ သောက်ရေတောင်မရပဲ ပစ်ထားနိုင်ကြတဲ့ ကမလာတို့ဟာ မန်ဆာချူးဆက်ပြည်နယ် ဘရွန်းစ်ဝစ်ခ်မှာ ပြည်သူတွေအတွက်ဆိုပြီး ဆောက်ထားတဲ့ အိမ်ယာတွေမှာ သူတို့ပင့်လာတဲ့ ခိုးဝင်တွေကို ပရိဘောဂအစုံ၊ ရေမီးအစုံ၊ အလုပ်လုပ်စရာမလိုပဲ စားဖို့အသင့်၊ သုံးဖို့အသင့် အကုန်အခမဲ့ပေးထားတာ ဖြစ်ပါတယ်။ နယူးယောက်မှာလည်း ခိုးဝင်တွေကို ဟိုတယ်မှာထားပြီး စားစရာ၊ သုံးစရာ ကြည့်စရာ အပြည့်အစုံကို အလုပ်လုပ်စရာမလိုပဲ ဖရီးပေးထားတာပါပဲ။ အိပ်ယာခင်းတောင် နေ့စဥ်လာလဲပေးပါသတဲ့။ ရေကုန်တယ်လို့ ကွန်ပလိန်းကြပါဦးလား ကလိုင်းမိတ်ရှေ့နေတွေရေ။ အဲဒီလူတွေကတော့ ဘိုင်ကြီးတို့ ကမလာတို့ကို ကျေးဇူးတွေတင်တော့ ဒါမျိုးဆက်ရနေဖို့ မဲပေးဆိုလည်း ပေးကြမှာပဲလေ။ အိမ်ယာမဲ့ နိုင်ငံသားတွေ၊ ရေဘေးဒုက္ခသည်တွေကျတော့သာ ၇၅၀ရဖို့ မီးမရတဲ့ကြားက လျောက်လွှာတင်ရဦးမှာပါ။ စေတနာတွေ ကွဲပြားတာ မြင်နိုင်ကြပါစေ။