ကနေ့ ကိုလံဘတ်စ်နေ့မှာ ကမလာအရင်ကပြောခဲ့တဲ့ ဗီဒီယိုတခု ပြန်တက်လာပါတယ်။ အဲဒီထဲမှာ ကမလာက ၁၉၃၄ ခုနှစ်ကတဲက အောက်တိုဘာလတိုင်း ဥရောပက လူတစု အမေရိကတိုက်ကို တွေ့ရှိပြီး ရွှေ့ပြောင်းလာခဲ့ကြတာကို သတိတရ ကျင်းပခဲ့ကြပါတယ်၊ တွေ့ရှိ/ ပြောင်းရွှေ့လာတာတင် မကသေးပါဘူး၊ အဲဒီရွှေ့ပြောင်းလာသူတွေက ဒေသခံတွေကို တိုက်ခိုက်တယ်၊ မြေတွေလုတယ်၊ ရောဂါပိုးတွေ သယ်လာတယ်၊ အဲဒီလို ရှက်ဖွယ်အတိတ်ကနေ ငါတို့ ရှောင်သွားလို့ မဖြစ်ပါဘူး၊ ငါတို့က ဒေသခံတွေအပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဖော်ထုတ်အလင်းပြရမှာ ဖြစ်ပါတယ်လို့ ပြောခဲ့တာပါ။ အဲဒါက လွန်ခဲ့တဲ့ နှစ် ၅၀၀က ဖြစ်ခဲ့တာပါ။
ကမလာ့လက်ထက်မှာ ခိုးသွင်းခဲ့တဲ့ ၁၅သန်းလောက်ထဲမှာ ဘက်ဂရောင်းမချက်လို့ ပါလာတဲ့ သောင်းချီတဲ့ လူဆိုး သူခိုးတွေက အပြစ်မဲ့ပြည်သူတွေကို လုယက်၊ ရိုက်နှက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်၊ ရောဂါပိုးနဲ့ မူးယစ်ဆေးတွေ သယ်လာတာကိုကျတော့ ဘာနဲ့ဆို့ထားလို့ မပြောထွက်ကြတာပါလိမ့်။ နယူးယောက်မြို့ကြီးမှာလည်း မန်ဟက်တန်မြို့လယ်မှာ ဖြစ်သမျှရာဇဝတ်မှုရဲ့ ၇၅% က ခိုးဝင်တွေက ကျူးလွန်တာဖြစ်ပြီး ကွင်းစ်အရပ်မှာတော့ ရာဇဝတ်မှုပေါင်းရဲ့ ၆၀% ကို ခိုးဝင်တွေက ကျူးလွန်တာပါ။
ရဲနဲ့ မီးသတ် ဝန်ထမ်းသစ်တွေ ခေါ်ယူရာမှာ မီးက ပေ၃၅၀အကွာမှာလောင်နေတယ်၊ ပိုက်တခုက ပေ ၆၀ရှည်တယ်၊ ပိုက်ဘယ်နှစ်ခုလိုမလဲလို့ မေးတဲ့မွေးခွန်းကို ကမလာတို့ရဲ့ တရားရေးဌာနက လူမျိုးရေး ခွဲခြားပါတယ်လို့ စွပ်စွဲပြီး အလားတူ ဝန်ထမ်းခေါ်ရာမှာ အရည်အချင်းစစ်ဆေးတဲ့ ကုမ္ပဏီတွေကို တရားစွဲပါတယ်။ အလုပ်နဲ့ပတ်သက်လို့ ဒီလောက်မှ သုံးစားမရတဲ့သူဆိုရင် ဘာအရောင်ဖြစ်နေနေ ပြည်သူ့အသက် အိုးအိမ် ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ ခန့်သင့်ပါသလား။ ကိုယ့်ကို တိုက်ရိုက် မထိခိုက်သေးလို့ ဟိုလူကြီးကို မုန်းတာသက်သက်နဲ့ ဒီအီးအိုင်လို ပြည်ဖျက်မူတွေကို လစ်လျူရှုထားမယ်ဆိုရင် အနှေးနဲ့အမြန် ကိုယ့်ပြဿနာ ဖြစ်လာတော့မှာပါ။ ရဲ၊ မီးသတ်၊ စစ်သား၊ ဖီးမား၊ ဆရာဝန်၊ ဆေးဝါး၊ ကျောင်းဆရာ၊ အင်ဂျင်နီယာ၊ လေယာဥ်/ကား/လမ်း/တံတား အကုန်လုံးမှာ အန္တရာယ်နံ့တွေ ရလာပါလိမ့်မယ်။
ဇူလိုင်လတုန်းက ရကပမှာ ဆက်နေဖို့ ဆန္ဒပြင်းပနေတဲ့ ဘိုင်ဒန်ကို အိုဘမက ဖယ်ရှားပြီး ကမလာနဲ့ အစားထိုးခဲ့တာဟာ ဒီမိုကရေစီနည်းလမ်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသလို ဘိုင်ဒန်ကလည်း ခါးသီးနေဆဲဖြစ်တယ်လို့ စောင့်ကြည့်သူများက သုံးသပ်ကြပါတယ်။ ဟာရီကိန်းတွေ ဝင်မွှေသွားတဲ့ ဖလော်ရီဒါမှာ ကမလာက ဒီဆန်းတစ်က သူဖုံးဆက်တာ မကိုင်ဘူးလို့ ပြောနေပေမယ့် ဘိုင်ဒန်က ဒီဆန်းတစ်ကို တကူးတက ဖော်ထုတ်ချီးကျူးခဲ့ပါတယ်။ ခုတလော ဆွင်းစတိတ်တွေက မဲမှတ်ပုံတင်နံပါတ်တွေမှာ ကမလာ/ဒီမိုကရက်တွေ အခြေမလှနေတော့ ကလင်တန်တို့ အိုဘမတို့ပါ ဆင်းမဲဆွယ်နေရပေမယ့် ဂျိုးကို မတွေ့ရပါဘူး။
ခိုးဝင်တွေ ဒီလောက်သွင်းထားတာတောင် နံပါတ်တွေက အားရစရာမရှိတော့ အိုဘမတယောက် ဒေါတွေပွပြီး လူမည်းတွေကို မာန်မဲပြစ်တင်တဲ့အထိပါပဲ။ စဥ်းစားတတ်တဲ့လူတွေကို မူနဲ့မဆွယ်နိုင်တော့ လူပိန်းတွေကိုပဲ အရောင်၊ လိင်နဲ့ မဲဆွယ်ရတဲ့အဖြစ်ပါ။ ကလင်တန်နဲ့ သက်ငယ်လိင်မုဆိုးဘော်ဒါတွေကတော့ ထရမ့်တက်ရင် စားပေါက်ပိတ်မှာရော၊ အက်ပ်စတိန်းဖောက်သည်စာရင်း ထုတ်ပြန်မှာကိုပါ ကြောက်လန့်နေပုံရပါတယ်။
ကမလာက သူ့ရဲ့ နိုင်ငံရေးရှူးဂါးဒက်ဒီဖြစ်တဲ့ ဝီလီဘရောင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးနယ်ထဲ ရောက်လာသူဆိုတာ အရင်က ရေးခဲ့ပြီးပါပြီ။ ဆန်ဖရန်မှာ နိုင်ငံရေးအရ ပါဝါကြီးတာက ဂျွန်ဘာတန် ဖြစ်ပြီး နိုင်ငံရေးလောကမှာ ဩဇာကြီးလှတဲ့ ဝီလီဘရောင်းရော ပလိုးစီပါ သူ့ရုံးမှာ စလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဂျွန်ဘာတန်ရဲ့ ထောက်ခံမှု မရရင် ဘာမှကို ဖြစ်မလာနိုင်တဲ့အတွက် the Burton machine လို့ ခေါ်ကြရတာပါ။ နျူဆမ်ကိုလည်း ဝီလီဘရောင်းက ဆန်ဖရန်ဆူပါဗိုက်ဇာဘုတ်မှာ ခန့်ပေးခဲ့ရာက လိုင်းပေါ်ရောက်ပြီး ဘာချွေးတစက်မှ မထွက်လိုက်ပဲ မြို့ဝန်ဖြစ်၊ အဲဒီကနေ ဘာဒီဘိတ်မှတောင်မပြိုင်၊ ဘာပေါ်လစီမှ ချမပြပဲ ဂါဗာနာ ဖြစ်သွားတာပါ။
ကမလာဒီအေဖြစ်လာတာ၊ အေဂျီဖြစ်လာတာလည်း အဲဒီလမ်းကြောင်းပါပဲ။ အရင်ဆုံး ၁၉၉၄မှာ ဝီလီက California Unemployment Insurance Appeals Board မှာ ခန့်တယ် ပြီးတော့ California Medical Assistance Commission မှာ ထပ်ခန့်ခဲ့ပါတယ်။ အဲဒီတုန်းကတောင် အလားတူရာထူးတွေထက် ပိုပြီး ရာထူးတခုကို တသိန်းကျော်ရတဲ့အပြင် တလမှ ရုံး ၂ရက်လောက် တက်ရတာကိုတောင် ကမလာက ပျက်ကွက်ခဲ့သေးတာပါ။ ကမလာက ၃နှစ်လုံးမှာမှ ၈နာရီကျော်ပဲ လုပ်ခဲ့တယ်လို့ ဟာမိဒီလွန်က တပ်ကာကို ဖောက်သည်ချသွားပါတယ်။ ကမလာနဲ့ အတူလုပ်ခဲ့တာက ဒိုင်ယန်းဖိုင်းစတိုင်းရဲ့သမီး ကက်သရင်းဖိုင်းစတိုင်းဖြစ်ပြီး ကက်သရင်းကတော့ ရုံးချိန်အပြည့် လုပ်ခဲ့တာပါ။ လစာအမြင့်အပြင် ဝီလီဘရောင်းက ကမလာကို ဘီအမ်ဒဗလျူ ၁စီးပေးခဲ့ပါသေးတယ်။
ကမလာ ဆန်ဖရန်ဒီအေ မဖြစ်ခင် အရင်ဒီအေ တဲရန့်စ်ဟာလီနန်လက်အောက်မှာ အမှုအသေးလေးတွေ ကိုင်တဲ့အလုပ် လုပ်ခဲ့ပါသေးတယ်။ တဲရန့်စ်က ရာဇဝတ်မှုတွေအပေါ် ကိုင်တယ်တာ ပျော့သလောက် ခြစားမှုတွေအပေါ် ပြင်းပြင်းထန်ထန် ကိုင်တွယ်သူဖြစ်ပါတယ်။ အဲဒီအချိန်က ဆန်ဖရန်ရဲတွေကြားမှာ ခြစားတဲ့ပြဿနာ ရှိနေတဲ့အတွက် တဲရန့်စ်က တရားစွဲပြီး ဖြုတ်ချခဲ့ပါတယ်။ ကမလာ့ရဲ့ ဝီလီက ခြစားတဲ့နာမည် ထွက်သလို ဆန်ဖရန်မှာ ထိပ်ပိုင်းကနေရာအများစုက ဝီလီဘရောင်းလက်နဲ့ မကင်းတဲ့ အတွက် ရဲကို ဖြုတ်ချတာကို ဝီလီက မကြိုက်ပဲ ကမလာကို ဒီအေဝင်ပြိုင်စေခဲ့ပါတယ်။
အဲဒီအချိန်က ဆန်ဖရန်ဒီအေရကပအတွက် ကန်ဒီဒိတ်တွေဟာ ၂သိန်းအထက် ပိုမသုံးရဘူးလို့ သတ်မှတ်ချက်ရှိပါတယ်။ ကမလာက တဲရန့်စ်ကို နိုင်ဖို့မပြောနဲ့ ဒုတိယတောင် မရနေတဲ့အတွက် ပိုက်ဆံအများကြီး ပိုသုံးမှ ဖြစ်မယ်လို့ တွက်ပြီး ဝီလီက သိန်းနဲ့ချီထည့်ပေး၊ ရန်ပုံငွေလည်း ရှာပေးခဲ့ပါတယ်။ အဲဒီရကပမှာ ကမလာနိုင်ဖို့ ၆သိန်းကျော်လောက် သုံးခဲ့ရတာပါ။ အဲဒါကို တခြားကမ်ပိန်းတွေက သိသွားတော့ ကျင့်ဝတ်ဖောက်မှုနဲ့ တရားစွဲကြပါတယ်။ ဒါပေမယ့် အက်သစ်ကော်မရှင်က လူတွေကလည်း ဝီလီနဲ့ ကင်းတာမဟုတ်တော့ ၂သိန်းထက် ပိုမသုံးရလို့ သတ်မှတ်ထားတာကြီးကိုပါ ဖြုတ်ပေးလိုက်တဲ့အတွက် ကမလာ ကွင်းလုံးကျွတ် လွတ်ပြီး ရာထူးပါ ရသွားတော့တာပါပဲ။ ကမလာ့ကို အန်ဒေါ့စ် လုပ်ထားကြတာလည်း ဖီယိုနာ မား၊ လီလန် ယီး၊ အယ်ရွန် ပက်စ်ကင် စတဲ့ ခြတွေချည့်ပါပဲ။
အဲဒီ ဒီအေရကပမှာ ကမလာကြော်ငြာတာကလည်း အလိမ်တွေပါပဲ။ တရားရုံးအတွေ့အကြုံ ၁၃နှစ် မရှိသလို ပြစ်ဒဏ်ချမှတ်မှုနှုန်းကလည်း နံပါတ်တွေ ကစားထားတာပါ။ အမှုကြီးတွေလိုက်တဲ့ အတွေ့အကြုံလည်း မရှိပါဘူး။ ရာဇဝတ်မှုတွေ ရာနဲ့ချီပြီး စီရင်ခဲ့ဖူးတယ်လို့ လိမ်ပေမယ့် တကယ်တမ်းက ၁၀ခုလောက် ရှိတာပါ။ ရာဇဝတ်မှုတွေအပေါ် ပြင်းပြင်းထန်ထန်ကိုင်တွယ်မယ် ဆိုတာလည်း လိမ်တာပါပဲ။ သူ့လက်ထက်မှာ ရာဇဝတ်မှုခင်းတွေက တာရန့်စ်လက်ထက်မှာထက် ပိုဆိုးပြီး လူသတ်မှုတွေ ဆောင့်တက်ခဲ့ပါတယ်။
ကမလာက လိမ်တာတင်မကပါဘူး၊ ခြလည်း စားပါသေးတယ်။ ဒီအေတယောက်ရဲ့ စီရင်ပိုင်ခွင့်ထဲမှာ အိမ်ရှင်အိမ်ငှားကိစ္စတွေ ပါပါတယ်။ ကမလာက လက်ဝဲထုံးစံ အိမ်ငှားတွေဘက်က ရပ်မယ်ဆိုတော့ တီးနန့်ယူနီယံက သူ့ကို အန်ဒေါ့စ်လုပ်သလို စာတိုက်က ကြော်ငြာတွေပို့ပြီး အကြီးအကျယ် မဲဆွယ်ပေးပါတယ်။ ဒါပေမယ့် သူ့ကို သောင်းနဲ့ချီ လာဘ်ထိုးထားတာက အိမ်ငှားစားသူ အိမ်ပိုင်ရှင်ကြီးတွေဖြစ်နေပါတယ်။ ကမလာက ဘယ်ဘက်ကရပ်မယ် ထင်ပါသလဲ။ နိုင်ငံရေးလုပ်စားတဲ့လူဆိုတာ ဘယ်ခြောက်ပြီး ညာလှမ်းတာ ထုံးစံပါပဲ။ မျက်စေ့မလည်ပါစေနဲ့။
ကမလာ ဆန်ဖရန်ဒီအေဖြစ်လာခဲ့ပုံက မရိုးသားမှုတွေ ပြည့်နေသလို အခုလို သမ္မတရာထူးအထိ တက်ပြိုင်တာမှာလည်း မရိုးသားမှုတွေ အပြည့်ပါပဲ။ လူမျိုး ဘာသာကအစ လိမ်ရင် မလိမ်တာ ဘာများ ကျန်ဦးမှာလဲ။