ထရမ့်အပေါ် လွဲမှားနေတဲ့ မြန်မာတို့ရဲ့ အမြင်များ

ထရမ့်အပေါ် အပုတ်ချ စမီးယားကမ်ပိန်းကို မီဒီယာမျိုးစုံနဲ့ မှိုင်းတိုက်လာတာ ၁၀နှစ်လောက် ကြာခဲ့ပြီ ဖြစ်လို့ ထရမ့်မုန်းတဲ့ ရောဂါဟာလည်း လူအများမှာ အမြစ်တွယ်နေပြီဖြစ်ပါတယ်။ ဘိုင်ဒန်-ဟဲရစ်နဲ့ ထရမ့်အုပ်ချုပ်ရေး ကွာခြားတာကို မျက်ဝါးထင်ထင် သိမြင်လိုက်ပြီးတဲ့နောက် အများအပြား အမှန်မြင်ပြီး ဘက်ပြောင်းလာခဲ့ကြပေမယ့် လူအများရဲ့ အခက်အခဲတွေကို မမြင်သူများကတော့ အမုန်းတံတိုင်းကြီးကို ကျော်ပြီးကြည့်ဖို့ မကြိုးစားကြတာ တွေ့ရပါတယ်။ သူတို့ရဲ့ လွဲမှားနေတဲ့ အမြင်တွေက သူ့အလိုလို ရောက်လာတာမဟုတ်ပဲ​ အခြေအမြစ် မရှိတဲ့ လံကြုတ်ဇတ်လမ်းတွေကို နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ လွှင့်နေတာကနေ အမြစ်တွယ်လာကြတာပါ။

ဥပမာ ထရမ့်ဟာ သူ့အပေါ် အပုတ်ချလွန်းတဲ့ သူ့ရဲ့ပြိုင်ဖက်တွေ မီဒီယာလောကသားကို ဟာသနှောပြီး နာမည်ပြောင် ပေးတတ်တာမှန်ပေမယ့် သာမာန်ပြည်သူတွေအပေါ်ကိုတော့ သူ့ကို မထောက်ခံသည့်တိုင် စော်ကားလေ့မရှိပါဘူး။ သာမာန်ပြည်သူထဲက ဘယ်သူ့ကို ဘယ်လိုလှောင်တယ်ဆိုတာ ဒီမိုကရက်တွေ ဖြတ်ညှပ်ကပ်လုပ်တာပါ။ သက်သေ ဗီဒီယို တကယ်ရှိရင် အင်တာနက်ပေါ် မီဒီယာတွေပေါ် ပလူပျံနေမှာပေါ့၊ ပါးစပ်ကြီးတွေနဲ့ပဲ ပြောနေပါ့မလား။

ဟေလာရီကသာ ထရမ့်ထောက်ခံသူတွေကို ကျက်သတုံးတွေလို့ ပြောခဲ့ပြီး တရုပ်ပြည်မှာလို ထောင်ထဲ့ထည့်၊ ဦးနှောက်ပြန်ဆေးသင့်ကြောင်းပြောပြီး စော်ကားခဲ့တာပါ။ ဒီမိုကရက်ကို မဲမပေးတာနဲ့ လူမည်းကို လူမည်းမဟုတ်ဘူးလို့ စော်ကားတာလည်း အိုဘမရော ဘိုင်ဒန်ရောပါ။ ကမလာလည်း သူပြောတာသာ အမှန်တခုမှမပါတာ၊ ထရမ့်ကို လူလိမ်ကြီးလို့ အခါခါ စွပ်စွဲပေမယ့် ဘာတွေ ဘယ်လိုလိမ်သလဲဆိုတဲ့ အသေးစိတ်ကိုတော့ မပြနိုင်ပြန်ပါဘူး။

ထရမ့်ချမ်းသာလာတာ မိဘအမွေရလို့လို့ အမြင်မှားနေကြသလို သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ဒေဝါလီခံရတာတွေ သူ့ကန်ထရိုက်တာတွေ အပုတ်ချတာတွေကိုလည်း မီဒီယာက ဇောင်းပေးသလို မြင်ကြပါတယ်။ စီးပွားရေးနယ်မှာ တီးမိခေါက်မိသူဆိုရင် ဒီလိုဇတ်လမ်းတွေကို နားလည်မှာပါ။ ထရမ့်ထွန်းပေါက်လာတာ သူ့ဖခင်ရဲ့ လုပ်ငန်းကအခြေပြုခဲ့ပေမယ့် သူ့ဖခင်အောင်မြင်တာထက် အများကြီးပိုပြီး အောင်မြင်လာခဲ့တာပါ။ မောင်နှမ ၅ဦးထဲမှာမှ တမိပေါက် တယောက်ထွန်းလို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒေဝါလီခံတာလည်း လုပ်ငန်းပေါင်းများစွာထဲက ၂ခုလားပါ။ စီးပွားရေးလုပ်ရင် လုပ်ငန်းရှင်ဘက်က စားရိတ်အနည်းဆုံး၊ အကျိုးအမြတ်အများဆုံးရအောင် ညှိနှိုင်းကြရသလို ကန်ထရိုက်တာတွေဘက်ကလည်း အများဆုံးရအောင် ညှိကြရတာ ထုံးစံပါပဲ။ သဘောတူလို့ ကန်ထရိုက်ချုပ်ပြီးရင်တော့ လိုက်နာရပါတယ်။ မလိုက်နာရင် တရားစွဲကြပေါ့။ တဖက်ပြောနဲ့ ယုံတာထက် အဖက်ဖက် ဖြစ်နိုင်ခြေတွေကို ထည့်စဥ်းစားတာက ပိုကောင်းမှာပါ။

လူဝင်မှု

ကမလာ့လော်ဘီတွေက ထရမ့်တက်ရင် အမေရိကန်မှာ ရောက်နေတဲ့ တရားမဝင်တွေ၊ ခိုလှုံခွင့်လျောက်ထားသူတွေ အကုန်လုံး ပြန်ပို့မယ်လို့ လိမ်ညာဝါဒဖြန့်နေပါတယ်။ ရာဇဝတ်မှုနဲ့ ညိရင်တော့ ပြန်ပို့ခံရမှာပါပဲ။ ပြစ်မှုကင်းမယ်၊ ကိုယ့်ဝန်ကိုယ်ထမ်းနေမယ်ဆိုရင် ဒီလောက်ကျယ်တဲ့ နိုင်ငံကြီးထဲမှာ စာရင်းမရှိ အင်းမရှိနေနေကြသူတွေကို လိုက်ရှာပြန်ပို့ဖို့ ဘယ်ကလူအင်အား ဘတ်ဂျက်အင်အား ရှိမှာလဲ။

လူဝင်မှုလည်း မပိတ်ပါဘူး။ အရင်သူ့လက်ထက်တုန်းကရော မြန်မာပြည်ကလူတွေ လာလို့ မရကြလို့လား။ ခိုလှုံခွင့်လိုတဲ့လူတွေ၊ ကျောင်းလာတက်တာတွေ၊ လာလည်တာတွေ စတာတွေကတော့ အရင်လိုပဲ ရှိနေမှာပါ။ ပိုကောင်းလာမှာက ဒီတိုင်းပြည်မှာ လိုအပ်နေတဲ့ ပညာရပ်မျိုး သင်ထားသူတွေ၊ အမေရိကန်မှာ ပညာသင်ထားသူတွေပါ အမြဲတမ်းနေထိုင်ခွင့်ရတဲ့အထိ လုပ်ပေးဖို့ အစီအစဥ်ရှိကြောင်း ပြောထားတာပါ။

ကမလာတို့လို စီစစ်ဖို့ မနိုင်လောက်တဲ့နံပါတ်တွေအထိ ပေးဝင်တာက ဒီမှာ ရှိနှင့်ပြီးသူတိုင်းနဲ့ ရောက်လာမယ့်လူတိုင်းအတွက် ပြဿနာပါ။ လုံခြုံရေးအရ အန္တရာယ်ရှိတာရော၊ ဖန်တီးပေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းထက် လျောက်မယ့်လူ အများကြီးပိုနေနိုင်တာရော၊ တရားဝင်စတေးတပ်စ်ရဖို့ ကြာချိန် အများကြီးပိုသွားမှာရော၊ နေစရာလိုအပ်ချက် အရမ်းများတော့ အိမ်ဈေးတွေ၊ အိမ်ငှားခတွေ အများကြီး မြင့်သွားမှာရော၊ အများကြီးပါပဲ။

နယ်ခြားတံတိုင်းဆောက်မယ်ဆိုတာက တံတိုင်းမရှိတော့ လူကောင်းရော လူဆိုးရော အကုန် ရောကောသောကော ဝင်လာကြမှာရယ်၊ ဈေးအရမ်းပေါသလောက် အမြန်ဆုံးဘဝကူးသွားနိုင်တဲ့ မူးယစ်ဆေးတွေ၊ ပြည်တွင်းပြည်ပ လူဆိုးဂိုဏ်းတွေရဲ့ အမြတ်ထုတ်တာကို ခံနေရတဲ့ ခေတ်သစ် ကျွန်တွေ၊ ယုံကြည်ချက်/ရမက်/လိုအပ်ချက်အတွက် အသွေးအသားအသက် ဝါးမျိုခံရမယ့် သိန်းပေါင်းများစွာသော ကလေးတွေ စတဲ့အနိဌာရုံတွေကို တားဖို့ တံတိုင်းရော ဘော်ဒါပက်ထရိုကို လုပ်သင့်တာလုပ်နိုင်အောင် ပံ့ပိုးမှုရောက လိုကိုလိုပါတယ်။ ဒါက အာပလာမဟုတ်ပဲ လက်တွေ့ကျတဲ့ လူသားချင်းစာနာမှုပါပဲ။ အိုင်ဆိုလေးရှင်းမဟုတ်သလို လူမျိုးခွဲခြားတာလည်း မဟုတ်ပါဘူး။

စီးပွားရေး/ ကြွေးမြီ/ အခွန်

ကမလာက ထရမ့်လက်ထက်မှာ ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း အဆိုးဆုံးအလုပ်လက်မဲ့နှုန်းကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ထရမ့်တက်လာစဥ်က အလုပ်လက်မဲ့နှုန်းက ၄.၆ ပါ။ ၂၀၂၀ နှစ်ဆန်းမှာ အလုပ်လက်မဲ့နှုန်းက ၃.၅အထိ ဆင်းသွားပါပြီ။ ၃.၅ဆိုတာ အနှစ် ၆၀အတွင်းမှာ အနိမ့်ဆုံးဖြစ်တဲ့အပြင် အင်အားကြီးတဲ့ ဖက်ဒရယ်ရီဆာ့ဗ်ရော ဗျူရိုကရက်ယန္တယားကြီးကပါ ခြအုပ်စုအပေါ် အလေးသာနေတာဖြစ်လို့ ဒီအနေအထားကို ထရမ့် လွယ်လွယ်လေးရခဲ့တာမဟုတ်ဘူးဆိုတာ သိသာပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်တုန်းက အလုပ်လက်မဲ့နှုန်းက ၂၅,၄၉ပါ။ ကဗစပြီး ဖောက်ချီနဲ့ ဒီမိုကရက်ဂါဗာနာတွေက လော့ဒေါင်းတွေ လုပ်လာတဲ့အခါ အလုပ်လက်မဲ့နှုန်းက ဧပြီ ၂၀၂၀မှာ ၁၄.၈ကို ရောက်သွားပါတယ်။ အဲဒီကနေ ၉လအတွင်း ပြည်ချစ်ပညာရှင်ပေါင်းစုံနဲ့ ဝိုင်းကြိုးစားခဲ့လို့ ၂၀၂၁ ဇန်နဝါရီမှာ အလုပ်လက်မဲ့နှုန်းက ၆.၄ကို ကျသွားခဲ့ပါတယ်။ ဒီလောက်ဆို ဘယ်သူလိမ်နေတာလဲ သိကြရောပေါ့။

ပလိုးစီကလည်း ထရမ့်လက်ထက်မှာ တိုင်းပြည်ကြွေးမြီ အမြင့်ဆုံးတက်သွားတယ်လို့ ဆိုပါတယ်။ အင်ဗက်စ်တိုပီးဒီးယားမှာကြည့်ရင် အိုဘမတက်တဲ့ ၈နှစ်အတွင်း ၁၁ထရီလီယံကနေ ၁၉.၅ထရီလီယံအထိ ၂ဆနီးပါး တက်သွားခဲ့တာပါ။ ထရမ့်တက်ပြီး ပထမ ၃နှစ်မှာ အခွန်လျော့တာတွေ၊ ကုန်သွယ်မှုစစ်တွေ၊ အိုဘမပစ်ထားခဲ့တဲ့ စစ်ယာဥ် ယန္တယားထိန်းသိမ်းမှုတွေ၊ အရံရေနံ အစအဆုံး ဝယ်ဖြည့်တာတွေ လုပ်ခဲ့တာတောင် ၂.၅ထလီယံပဲ တက်တာပါ။ ၂၀၂၀ကျမှ သူတို့ရဲ့ ကဗပိုးကြောင့် နောက်ထပ် ၄ထရီလီယံ တက်သွားတာပါ။ ထရမ့်လက်ထက် တင်တဲ့ကြွေးမြီက ကဗ ပါတာတောင် ၆.၇ ထရီလီယံပဲရှိပေမယ့် ပထမသုံးနှစ်မှာ ဂရပ်ဖ်က ပြေတော့ စတုတ္ထနှစ်မှာ ဆောင့်တက်သလို ဖြစ်သွားတာပါ။ ကျန်းမာရေးအတွက်ဆိုတော့ အလေအလွင့်နည်းအောင် စီစစ်သုံးဖို့ ပြောပြန်ရင်လည်း ဖြတ်ညှပ်ကပ်နဲ့ ရုပ်ဆိုးအောင် လုပ်ကြဦးမှာလေ။

တချို့ကလည်း ထရမ့်က သူဌေးမို့ သူ့လိုသူဌေးတွေအတွက်ပဲ အခွန်လျော့မှာ၊ သာမာန်လူတွေအတွက် လျော့ပေးမှာမဟုတ်ဘူးလို့ ထင်ကြပါတယ်။ သူအုပ်ချုပ်ခဲ့တဲ့ ၄နှစ်မှာ standard deduction ကို ၂ဆမြှင့်ပေးခဲ့သလို အီဗန်ကာကလည်း ကလေးရှိသူအခွန်သက်သာခွင့်ကို ၂ဆတိုးဖို့ ကြိုးပမ်းပေးခဲ့တာတွေက ဝင်ငွေနည်းသူတွေအတွက် အများကြီးအသက်ရှုချောင်စေခဲ့ပါတယ်။ လူချမ်းသာတွေပေါ် ကောက်တဲ့အခွန်နဲ့ ကော်ပိုရိတ်ခွန်လည်း မတူပါဘူး၊ ကော်ပိုရိတ်ခွန်က ကုန်ထုတ်စားရိတ်ထဲ ဝင်မှာဖြစ်လို့ နောက်ဆုံးမှာ ပြည်သူ့အိတ်ထဲကပဲ ထွက်တာပါ။ ထရမ့်က ဒါကြောင့် ကော်ပိုရိတ်ခွန် လျော့ပေမယ့် ဒီမိုကရက်တွေက ကော်ပိုရိတ်ခွန်ကို လူချမ်းသာခွန်လို့ ပုံမှားရိုက်ပြီး တိုးကောက်ကြပါတယ်။ ဘယ်သူက ကိုယ့်ဘက်ကလည်းဆိုတာ သိပါစေ။

အမေရိကန်က ကမ္ဘာမှာ ကြွေးအထူဆုံးပါ။ အီးယူတခုလုံးထက် ၂ဆနီးပါးဖြစ်ပါတယ်။ အတိုးတင် တနှစ် ၁ထရီလီယံလောက် ပေးနေရတာပါ။ ၃၄.၇ထရီလီယံကြွေးက ဂျီဒီပီရဲ့ ၁၂၄%ဖြစ်တဲ့အတွက် ကြွေးကြေအောင် ဆပ်နိုင်ဖို့ဆိုတာ ထရမ့်လို တိုင်းပြည်ကိုလည်းချစ်၊ စွမ်းလည်းစွမ်းတဲ့ ခေါင်းဆောင်မျိုးတွေချည့် ၃-၄ဆက် တက်မှပဲ မျှော်လင့်နိုင်မှာပါ။ နိုင်ငံကြွေးထူတာ ငါနဲ့မဆိုင်လို့ တွေးလို့မရပါဘူး၊ အပြည့်အဝ ဆိုင်ပါတယ်။ အဲဒီကြွေးတွေအတွက် ပေးရတဲ့အတိုးက ပဒေသာပင်ကရတာမဟုတ်ပါဘူး။ ပြည်သူ့အိတ်ထဲကပဲ လာတာပါ။ ရှာရသမျှ အခွန်ပေးနေရတာမျိုး မဖြစ်ချင်ရင် စီစီစစ်စစ် သုံးတတ်တဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့အစိုးရမျိုးကို ရွေးဖို့လိုပါတယ်။

ကိုဗစ်ကိုင်တွယ်မှု

သတင်းတွေနဲ့ တော်တော်မျက်ခြေပြတ်နေတဲ့လူနည်းစုက ကဗမှာ ထရမ့်ကြောင့် လူတွေအများကြီး သေကြတယ်ဆိုတဲ့မှိုင်းကို ယုံနေဆဲဖြစ်တာ တွေ့ရပါတယ်။ အမှန်က ပြောင်းပြန်ပါ။ နျူဆမ်တို့ ကိုမိုတို့ကအစ ကဗမှာ ထရမ့်ရဲ့ ကိုင်တွယ်ပုံကို ချီးကျူးကြတာပါ။ မွှေသွားတာက ခုတမျိုး တော်ကြာတမျိုးပြောတဲ့ ဖောက်ချီနဲ့ ဒီမိုကရက်တွေ၊ ဗျူရိုကရက်တွေဖြစ်ပါတယ်။ ဖောက်ချီတို့က ရောဂါတကယ်သက်သာတဲ့ ဆေးတွေကို နည်းမျိုးစုံနဲ့ ပိတ်ပင်၊ လူနာကို အောက်ဆီဂျင်ပေးရတဲ့အထိ ကုသမှုဟုတ်တိပတ်တိမပေး၊ ရောဂါသည်းမှ အောက်ဆီဂျင်ပေးတော့ အဆုတ်ပျက်ပြီး လျောပီပေါ့။ လူအိုရုံတွေမှာ လူနာတွေထားတာရော၊ ဆရာဝန်တွေ ဆေးကောင်းပေးလို့မရအောင် လိုက်ကြပ်တာရောက မလိုအပ်တဲ့အသက်ဆုံးရှုံးမှုတွေကို ဖြစ်စေတာပါ။ ထရမ့်မပြောခဲ့တဲ့ဟာတွေကို ပြောတယ်ဆိုပြီး အထင်နဲ့မုန်းနေတာထက် ကိုယ့်ဆရာဝန်က ကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ့် ဆေးကို မပေးနိုင်အောင် အာဏာနဲ့ ချုပ်တာကို ကြောက်သင့်တာပါ။

ထရမ့်ကို မကြိုက်တဲ့ ရီပါဘလစ်ကန်များ

ပန့်စ်တို့၊ ဘုရှ်တို့၊ ချေနီတို့ဆိုတာတွေက စစ်ကြိုက်တဲ့ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေပါ။ အဲဒါကြောင့် ထရမ့်တက်မလာခင်အထိ အမေရိကန်နိုင်ငံရေးက ခြနီတက်လိုက် ခြပြာတက်လိုက်နဲ့ ဘယ်ဘက်က ဘယ်သူတက်တက် ဘာမှအပြောင်းအလဲ ကြီးကြီးမားမား မဖြစ်ခဲ့တာပါ။ နိုင်ငံရေးလောကရဲ့ အပြင်လူ ထရမ့်တက်တော့မှ အမေရိကန်နိုင်ငံရေးက မျက်နှာဖုံးတွေ ကွာကျပြီး တကယ့်အတွင်းသရုပ်တွေ ပေါ်လာတော့တာပါ။

နောက်ထပ် ထရမ့်ကို အသေမုန်းတဲ့ လင်ကွန်းပရောဂျက်ဆိုတာ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေထဲမှာ ရှိပါသေးတယ်။ အဲဒီပရောဂျက်က ထရမ့်ကို ရီပါဘလစ်ကန်ချင်းတောင် မကြိုက်ဖူးလို့ အပုပ်ချဖို့ ဖွဲ့ထားတာပါ။ အဲဒီအဖွဲ့က ၂၀၁၉မှာ PAC တခု ဖွဲ့ထားပြီး ၂၀၂၄ရကပအတွက် သုံးထားတဲ့တဲ့ရန်ပုံငွေ ၁၂.၈သန်းထဲက ၄သန်းကျော်ကို အဖွဲ့ခေါင်းဆောင်တွေနဲ့ ပတ်သက်သူတွေရဲ့ ကုမ္ပဏီတွေမှာ အသုံးပြထားတာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်စားတဲ့ ခြတွေပါပဲ။

လွှတ်တော်ထဲမှာရော ဂါဗာနာတွေထဲမှာပါ ပါတီပဲရီပါဘလစ်ကန်ဖြစ်နေပြီး မဲပေးတိုင်း (သို့) ခြတွေအတွက် အရေးကြီးတဲ့ကိစ္စတိုင်းမှာ ဒီမိုကရက်တွေနဲ့ အတူရပ်ကြတဲ့ အမည်ခံရီပါဘလစ်ကန် (ရိုင်နို)လို့ ခေါ်ကြတဲ့အုပ်စုက သပ်သပ်ရှိပါသေးတယ်။ အဲဒီလူတွေ ဟန်ဆောင်ကောင်းလို့ ရှေ့မှာ ပြုံးနိုင်ရင်တောင် ကွယ်ရာမှာ ထရမ့်ကို နောက်ကျောဓါးနဲ့ထိုးဖို့ အမြဲချောင်းနေကြတာပါ။

နိုင်ငံတကာအရေး

ကမ္ဘာ့အရေးတွေကို သတိထားကြည့်ရင် အမေရိကန်အစိုးရက သူတို့အတွက် အကျိုးများမယ့် အိတ်ဖောင်းမယ့်ကိစ္စတွေမှာပဲ အများကြီးကူတာဖြစ်ပြီး သူတို့အကျိုးမရှိတဲ့ကိစ္စဆိုရင် ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့နဲ့ ဘယ်လိုပဲ ပတ်သက်ပတ်သက် အဖြစ်လောက်ပဲပေးတာ တွေ့ရပါလိမ့်မယ်။ ဒါတောင် လွတ်လွတ်ကင်းကင်း ပေးတာမဟုတ်ပါဘူး၊ သူတို့အာဂျင်ဒါနဲ့ ကိုက်တဲ့ကိစ္စတွေမှာပဲ သုံးနိုင်အောင် ကန့်သတ်ပြီးပေးတာပါ။ အဲဒါကြောင့် ယူကရိန်းနဲ့ မြန်မာနဲ့ မနှိုင်းစေချင်တာပါ။ သူတို့ပါးစပ်ကထွက်တဲ့ ဒီမိုကရေစီဆိုတာ အရွှင်မရဲ့ပါးစပ်က အချစ်လိုပါပဲ။

မိတ်အမေရိကားဂရိတ်ဆိုတာကို တခြားနိုင်ငံတွေကို ဂရုမစိုက်ဘူးလို့ မှိုင်းတိုက်ကြတဲ့အတွက် အဲဒီအတိုင်း ယုံနေသူတွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာလည်း ထရမ့်အပေါ် လေးစားမှုမရှိဘူးလို့ အမြင်မှားသူတွေ ရှိပါသေးတယ်။ ထရမ့်က အမေရိကန်ပြည်တွင်းရေးကို ဦးစားပေးသလိုပဲ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူအရေးကိုသာ အဓိကထားသင့်တယ်လို့ အမြဲပြောနေသူပါ။ ကမ္ဘာ့ငပွကြီးများကိုလည်း ချက်ကောင်းတွေကိုင်ထားတဲ့အတွက် မလှုပ်ဝံ့ခဲ့ကြလို့ ဒေါ်စုအစိုးရလည်း နိုင်ငံခြားဖိအားသိပ်မရှိပဲ ကိုယ့်နိုင်ငံအရေးပဲ လွတ်လွတ်လပ်လပ် အာရုံစိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာက လေးစားသလားဆိုရင် အခုတောင် နိုင်ခြေရှိနေရုံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အသီးသီး လာတွေ့နေကြပါပြီ။ တရုပ်တို့ ဆော်ဒီတို့သွားတုန်းကလည်း သမိုင်းတွင်လောက်အောင် အခမ်းနားဆုံး ကြိုဆိုခဲ့ကြတာပါ။ အိုဘမခါးကျိုးမတတ် ဦးညွှတ်ခဲ့ရတဲ့လူတွေက ထရမ့်ကို ပြာနေအောင် ဂရုစိုက်ခဲ့ကြပါတယ်။ အီးယူက ကမ္ဘာ့ရွာခြတွေကြီးစိုးတော့ ဒီမိုကရက်တွေလိုပါပဲ။ ခြတွေ၊ စောရတွေကို ခေါင်းဆောင်ခေါ်ထိုက်/မထိုက်က နောက်တကဏ္ဍပါ။

အိုဘမလက်ထက်က ကမ္ဘာမှာ အကြမ်းဖက်မှုတွေ ၁၇၀၀၀လောက်အထိတက်သွားခဲ့ပြီး  သေကြေ ၅သောင်း ဒဏ်ရာရ ၅သောင်းလောက်အထိ ရှိသွားခဲ့ပါတယ်။ ထရမ့်တက်ပြီးတော့ အဲဒီနံပါတ်တွေ ထိုးကျသွားခဲ့တာ တိုက်ခိုက်မှုပေါင်း ၅ထောင်လောက်နဲ့ သေကြေ ၁သောင်းစွန်းစွန်း ဒဏ်ရာရ ၈ထောင်လောက်အထိ ကျသွားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် သက်ရောက်မှု

တချို့က ကမလာတက်ရင် ဒေါ်စုလွတ်ဖို့ လုပ်ပေးမှာလိုလို အဓိပ္ပါယ်မရှိတာတွေ ဖြန့်ကြပါတယ်။ သူသာလုပ်ပေးချင်ရင် ၄နှစ်စောင့်စရာ လိုမလား။ အာဏာသိမ်းတာက ဘိုင်ဒန်-ဟဲရစ်တက်တာ သေချာပြီးမှ လုပ်တာလေ။ ထရမ့်ဆက်တက်ရင် မအလသွားသွားဖားနေရတဲ့ တရုပ်ကြီးတောင် မလှုပ်ရဲတာဆိုတော့ သူလည်း အမြှီးကုပ်နေရမှာ သေချာပါတယ်။

မြန်မာနိုင်ငံ ဘယ်နားရှိမှန်းမသိဘူးဆိုတာလည်း လံကြုတ်ဇတ်ပါပဲ။ ပိုက်ဆံသက်သက် သွားတောင်းရင် ပေးဖို့မသေချာပေမယ့် အကူအညီ သွားတောင်းရင် ငွေကြေးအပါအဝင် သူတတ်နိုင်တာ ကူညီတတ်တာ သူ့ဓလေ့ပါ။ ထရမ့်လက်ထက်က ဒေါ်စုကို ဒီမိုကရက်တွေက ဝင်လုံးထားတာရှိတော့ ဒီမိုကရက်တွေမုန်းတဲ့ ထရမ့်ကို ဒေါ်စုဘက်က ဝင်ရခက်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ကမ္ဘာ့ရွာ​/ ဒီမိုကရက်အုပ်စုက ကမ္ဘာ့အရေးအခင်းတွေမှာ တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်နေတတ်ပါတယ်။ စီအိုင်အေကလည်း ကမ္ဘာမှာ အပ်ကျရင်တောင် သိတာမျိုးပါ။ ဘင်္ဂလာဒေ့ရှ်တို့ ထိုင်းတို့မှာ ဖြစ်နေတာတွေလည်း သူတို့လက်ချက် မကင်းပါဘူး။ ဘင်္ဂလားက စိန့်မာတင်ကျွန်းက ဘင်းဂလားက မြန်မာဆီက ရသွားတာပါ။ အခု အဲဒီကျွန်းကို ဘင်းဂလားဆီက အမေရိကန်က လိုချင်နေတာ သူကမပေးလို့ သူ့ကိုညှိုးပြီး ဖြုတ်ချတာလို့ ဟာစီနာက ပြောနေပါတယ်။

ဒေါ်စုက ဘယ်သူ့ဩဇာမှ မခံလို့ အခုလိုဖြစ်နေတာပါ။ ဒေါ်စုသာ အိုဘမတို့ တပည့်မွေးဆရာမွေးလုပ်တာ ခံခဲ့ရင် အခြေအနေက တမျိုးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်စုက မိတ်မြန်မာဂရိတ်အဂန်းစိတ်ဓါတ်နဲ့ဆိုတော့ ဝုတ်တာတွေ၊ ကမ္ဘာ့ရွာသမားတွေချယ်လှယ်တာကို လုံးဝ မခံခဲ့ပါဘူး။ အဲဒီလိုလူမျိုးအတွက် လွတ်လပ်မှုကို မြတ်နိုးတဲ့ သူများကြိုးကိုင်မခံတဲ့နိုင်ငံတွေကို လေးစားတဲ့ ထရမ့်အစိုးရကသာ မိတ်ဆွေကောင်းဖြစ်မှာပါ။

Leave a comment