ကမ္ဘာ့ရွာသမား အက်ပ်စတိန်းရဲ့ ဖောက်သည် ပီဒိုဂိတ်စ်က ကမလာနိုင်ဖို့အတွက် သန်း ၅၀ လှူလိုက်ပါတယ်။ တိုင်းပြည်ကို ချစ်လွန်းလို့လား၊ လူအများကောင်းကျိုးအတွက်လားလို့ မထင်လိုက်ပါနဲ့။ ဘေလ်ဂိတ်စ်ကို အက်ပ်စတိန်းဆီမှာ အသက်မပြည့်သေးတဲ့ ကလေးမလေးတွေ သွားစားနေတာ ပေါ်သွားလို့ သူ့မိန်းမကတောင် ရွံပြီး ကွာပစ်ခဲ့တာပါ။ သိသာသိစေ မမြင်စေနဲ့ဆိုသလိုပဲ ဒီမိုကရက်တွေ တက်နေသ၍ အက်ပ်စတိန်းဖောက်သည်စာရင်းကို ထုတ်ပြန်ပေးမှာမဟုတ်တဲ့အတွက် ခြဒီမိုကရက်တွေကို ပုံအောဖို့ ရကပလုပ်ဖို့ ၂ပတ်သာသာလောက်ပဲလိုတော့မှ ငွေအလုံးအရင်းနဲ့ လှူခဲ့တာဖြစ်ပါတယ်။ အရင်ကတော့ ခိုးနေကျနည်းနဲ့ ရမှာပဲဆိုပြီး မျှောနေပေမယ့် မဲစပေးလို့ ရပြီဆိုကတည်းက ရီပါဘလစ်ကန်တွေ မကြုံစဖူးထွက်ပေးကြလို့ ဒီမိုခြတွေ ပြာနေတာတော့ အမှန်ပါပဲ။
နောက်တချက်ဖြစ်နိုင်တာက ဘေလ်ဂိတ်စ်ကို ပြည်သူအား ကဗကကဆနဲ့ပတ်သက်ပြီး လိမ်လည်ခဲ့မှုနဲ့ နယ်သာလန်က တရားစွဲထားပါတယ်။ ထရမ့်နဲ့ မာဂါရီပါဘလစ်ကန်တွေကို ငွေနဲ့ပေါက်လို့ ရမှာမဟုတ်တဲ့အတွက် ဂိတ်စ်ဟာ အဲဒီအမှုကို ရှောင်လွှဲဖို့ ခက်မှာပါ။ ဒီမိုကရက်တွေတက်မှသာ သူကို ကာကွယ်ပေးမယ့် မျှော်လင့်ချက်ရှိမှာဖြစ်လို့ ဒီလောက်ကပ်မှ ဒီလောက်များတဲ့ငွေ ပုံလှူတာ ဖြစ်နိုင်ပါတယ်။ ကဗမစခင်ကတည်းက ပန်ဒဲမစ်ကြီးကိုရင်ဆိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ အိုဘမရော ဂိတ်စ်ရောက မဖြစ်ခင်ကတည်းက ပြောခဲ့တာရယ် တရုပ်ကလက်ဘ်တွေကို ပိုက်ဆံပေးထုတ်ခိုင်းထားတာရယ် အဲဒါတွေကို ကြည့်ရင် ကဗနဲ့ ကမ္ဘာမှာ လူသန်းပေါင်းများစွာ သေကုန်တာ သူတို့လက်ချက်ပါပဲ။
ဒီမိုကရက်တွေ မဲဆွယ်နေတာကိုကြည့်ရင် လိမ်တာတွေချည့်ပါပဲ၊ လိမ်ပြီးဖုံးတယ်၊ လိမ်ပြီးဖာတယ်၊ လိမ်ပြီးခြောက်တယ်၊ လိမ်ပြီး အမုန်းမှိုင်းတိုက်တယ်၊ လိမ်ပြီး စွပ်စွဲတယ်၊ လိမ်ပြီးအမှုဆင်တယ်၊ လိမ်ပြီး ပြစ်ဒဏ်ချတယ်၊ ဒေတာတွေ လိမ်ပြတယ်။ ဘိုင်ဒန်ဒီမန်းရှာဖြစ်နေတာ လယ်ပြင်ဆင်သွားတာထက် ထင်ရှားနေတာတောင် ကမလာက ခုထိမသိသလို လှိမ့်နေတုန်းပါ။
လိမ်ပြီးခြောက်တဲ့နည်းကလည်း လုပ်စားလာတာ ကမလာ့တသက်မကတော့ဘူး။
၁၉၆၀ခုနှစ်တွေက ၁၀နှစ်အတွင်း ကမ္ဘာပေါ်က ရေနံတွင်းတွေအားလုံး ခန်းခြောက်တော့မှာလို့ ခြောက်ခဲ့ကြတယ်။
၁၉၇၀ခုနှစ်တွေရောက်တော့ ၁၀နှစ်အတွင်း ရေခဲခေတ်ကို ပြန်ရောက်တော့မှာလို့ ခြောက်ပြန်တယ်။
၁၉၈၀ခုနှစ်တွေကျပြန်တော့ ၁၀နှစ်အတွင်း အက်ဆစ်မိုးတွေက ကမ္ဘာ့သီးနှံတွေအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ လှိမ့်ပြန်ပါတယ်။
၁၉၉၀ခုနှစ်တွေရောက်တော့ ၁၀နှစ်အတွင်း အိုဇုန်းလွှာတွေ ကုန်တော့မှာလို့ ပြောင်းခြောက်ပါတယ်။
၂၀၀၀ခုနှစ်တွေမှာကျတော့ ရေခဲတောင်တွေအားလုံး အရေပျော်ကုန်တော့မယ်လို့ လှန့်ပါတယ်။
၂၀၁၀ခုနှစ်တွေမှာတော့ (ရေခဲတောင်တွေပျော်ရာက) ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာလို့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ကမ်းခြေတွေ ရေအောက်ရောက်တော့မယ်လို့ လိမ်ပါတယ်။
ကလိုင်းမိတ်နဲ့ ပတ်သက်ပြီး သူတို့ခြောက်သွားတာတွေ အနှစ် ၆၀ကျော်လာတာတောင် တခုမှ ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် အခွန်တွေကတော့ သိသိသာသာ တက်လာသလို ကလိုင်းမိတ်အတွက် တင်းကြပ်လိုက်တဲ့ ဥပဒေတွေကြောင့် အရင်းအနှီးများများမတတ်နိုင်တဲ့ လုပ်ငန်းငယ်လေးတွေ ဈေးကွက်ထဲကထွက်ရ၊ လောင်စာဈေးတွေတက်၊ ကုန်ဈေးနှုန်းတွေကြီး၊ လူတွေကြပ်တည်းကြတာပါ။ ခြောက်လိုက် ကြပ်လိုက် အခွန်တိုးလိုက်ဆိုတော့ ဓါးပြတိုက်တာနဲ့ သဘောချင်းသိပ်မကွာပါဘူး။
၂၀၁၆တုန်းကလည်း ထရမ့်တက်လာရင် ကမ္ဘာစစ်ကြီးဖြစ်တော့မှာလို ခြောက်ခဲ့ကြတာပဲ။ သူ့လက်ထက်မှာ ဘာစစ်မှ မစခဲ့တဲ့အပြင် ကမ္ဘာမှာပါ အကြမ်းဖက်မှုတွေ အနိမ့်ဆုံး၊ နယ်ချဲ့ကျူးကျော်မှုတွေ ကင်းစင်တဲ့ အအေးချမ်းဆုံး ၄နှစ်ဖြစ်ခဲ့တာပါ။ အဲဒါကို
အခုလည်း ကမလာက ထရမ့်ဟာ ဖက်ဆစ်ကြီးပါတဲ့၊ ကိုးကားတာက ထရမ့်လက်ထက်က ဝန်ထမ်းချုပ် ဂျွန်ကယ်လီကိုပါ။ ဂျွန်ကယ်လီက ထရမ့်မပြောတာကို ပြောတယ်လို့ ဖွတာပါ။ ဖြစ်ချင်တော့ ထရမ့်ပြောခဲ့တယ်ဆိုတဲ့အချိန်တုန်းက အခန်းထဲမှာ နောက် လူ၃ယောက်လည်း ရှိနေတဲ့အတွက် သူလိမ်တာ ပေါ်သွားပါတယ်။ သို့ပေမယ့်လည်း မီဒီညာက ထုံးစံအတိုင်း သူပြောတာပဲ ဇောင်းပေးတင်ပြီး နောက်လူ၃ယောက်ရဲ့စကားကို လစ်လျူရှုထားတော့ သူ့အပြောတခုပဲ တွေ့နေရတာ ဖြစ်ပါတယ်။
ထရမ့်က နိုင်ငံရေးနယ်က မဟုတ်တဲ့အပြင် ဒီမိုကရက်တွေရဲ့ ညစ်နိုင်စွမ်းကို ကြိုမမြင်နိုင်ခဲ့တဲ့အတွက် ၂၀၁၇ အစိုးရဖွဲ့ချိန်မှာ ဝါရှင်တန်က စားဖားကြီးတွေရဲ့ တိုက်တွန်းချက်တွေ အကြံဉာဏ်တွေ ယူခဲ့ပါတယ်။ နောက် မဟန်မှန်းသိလာတော့မှ ဖြုတ်ရပြုရဆိုတော့ သူက အလုပ်အဖြုတ်ဆုံးသမ္မတလို ဖြစ်ခဲ့တာပါ။ ဖြုတ်ပေမယ့် ချက်ချင်း ပိုတော် ပိုထက်တဲ့လူခန့်၊ မဟန်ရင် ထပ်ဖြုတ်၊ ထပ်ခန့်ပေါ့။ အရေးကြီးတာ တိုင်းပြည်အတွက်ပဲလေ။
ကမလာကတော့ သူ့လက်ထက်မှာ အလုပ်ထွက်တာအများဆုံး ဒုသမ္မတပါ။ သူကဖြုတ်တာ မဟုတ်ဘူးနော်၊ မတူဘူး၊ သူ့လို မောက်မာတဲ့ ဆေးသမား စနိုက်ကျော် စရိုက်ဆီမှာ မလုပ်ချင်တော့လို့ကို ထွက်ကုန်ကြတာ။
ဘာလို့ ခြောက်လုံးလှိမ့်လုံးတွေပဲ သုံးနေရတာလဲဆိုတော့ လူတွေက အမှတ်မရှိကြတဲ့အတွက် သုံးသလောက် အောင်မြင်နေလို့ပါ။ သေချာပြန်စဥ်းစားကြည့်ရင် ကလိုင်းမိတ်ခြောက်လုံးတွေ ကြားဖူး ကြုံဖူးခဲ့ကြသူတွေ များမှာပါ။ ချစ်လို့ပဲဖြစ်ဖြစ်၊ တဖက်ကိုမုန်းလို့ပဲဖြစ်ဖြစ်၊ တွေဝေလို့ပဲဖြစ်ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် ထင်ရှားတဲ့အမှန်တရားကို မသိချင်ယောင်ဆောင်ခဲ့ရင် အဲဒါဟာ အဂတိပါပဲ။
ကမလာရဲ့ဒု တမ်ပွန်တင်မ်က နီဘရားစကားက အလိုင်းယန့်စ်အထက်တန်းကျောင်းမှာ စာသင်တုန်းက တရုပ်ပြည်က “educator” ဆိုသူတွေကို အမေရိကန်ရဲ့ ပညာရေးစနစ်ကို လေ့လာဖို့ဆိုပြီး စာသင်ခန်းထဲအထိ ခေါ်လာခဲ့ပါယ်။ အဲဒီလူတွေထဲမှာ တရုပ်ဩဇာပြန့်နှံ့ရေးနဲ့ ထောက်လှမ်းရေး အေဂျင်စီကို အလုပ်အကျွေးပြုနေတဲ့ အင်စတီကျုတခုမှာ အလုပ်လုပ်နေတဲ့ တရုပ်ကွန်မြူနစ်ပါတီက အရာရှိတွေပါပါတယ်။
တင်မ်ဝေါ့လ်ဇ်အတွက် တရုပ်ပြည်ဟာ သူ့ရဲ့ ငယ်ချစ်လိုပါပဲ။ ဟန်းနီးမွန်းကိုတောင် တရုပ်ပြည်မှာ နွဲခဲ့တာပါ။ တီယန်မန်စကွဲအရေးအခင်းဖြစ်တဲ့အချိန် တင်မ်က တရုပ်ပြည်ရောက်နေတာကို ထိန်ချန်ပြီး ဟောင်ကောင်ပဲရောက်သလိုလို နောက်ကျပြီးမှ ရောက်သလိုလို လိမ်ပါတယ်။ ဝိုင်းထောက်ကြတော့မှ သူအမှတ်မှားတာပါလို့ လျောချတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ သတင်းအမှန်ကို မတင်ကြဘူး။ ဖက်ချက်တွေကလည်း ဒီမိုတွေကျရင် မသိချင်ယောင်မဆောင်ရင် တလွဲဖက်ချက်ပြကြတယ်။
ကမလာနဲ့တွဲဖို့ တင်မ်ဝေါ့ဇ်ကို ရွေးတာက တရုပ်စနက်ကလွဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။ အဲဒီတော့ ကမလာကိုရွေးတာက တရုပ်ကို ရွေးတာပါပဲ။ ကမ္ဘာမှာ တရုပ်ကြောက်တာ ထရမ့်တယောက်ပဲ ရှိတာပါ၊ တရုပ်ကို နိုင်အောင်ကိုင်နိုင်တာလည်း ကမ္ဘာမှာ ထရမ့်တဦးတည်းပါပဲ။ အမေရိကန်မှာတောင် တရုပ်ကြောက်အစိုးရတက်ပြီဆိုရင် မြန်မာပြည်ဒီမိုကရေစီအရေးက လွယ်ပါဦးမလား။
ဘောမအသိုင်းအဝိုင်းကတော့ ထရမ့်တက်မှာ အသေကြောက်ပြီး လက်လှမ်းမှီသမျှ နောက်လိုက်တွေကို ကမလာကောင်းကြောင်း ထရမ့်မကောင်းကြောင်းတွေဖြန့်ဖို့ အသည်းအသန် လှုပ်ရှားနေပါတယ်။ ခက်တာက ကမလာကောင်းကြောင်းဆိုတာ ဝီလီတို့ ဒစ်ဒီတို့ပဲ သိကြတာဖြစ်ပြီး ကျန်တာက အလိမ်နဲ့ အလွဲတွေချည့်ဖြစ်နေတော့ မုသားတွေကိုပဲ အားကိုးရတော့တာပါ။ ဗွီအိုအေကတော့ အစကတဲက ဒီမိုကရက်/ ကမ္ဘာ့ရွာအာဘော်ဆိုတော့ အလုပ်မပြုတ်အောင်ဆိုရင် ခြတွေဆက်တက်နေဖို့ပဲ လှော်ကြမှာပါ။ ကိုယ့်ဖက်ကသာ ချင့်ယုံကြဖို့ လိုပါတယ်။