တက္ကဆက်စ်ပြည်နယ် ဟူစတန်မှာ လုပ်တဲ့ ကမလာရဲ့ မဲဆွယ်ပွဲဟာ ကမလာရဲ့ တခြားပွဲတွေနဲ့မတူပဲ တက်ရောက်သူ ၃သောင်းလောက်အထိ ရှိတယ်လို့ဆိုပါတယ်။ လူများတာက သူမကို အားတက်သရော လာကြည့်ကြတာလို့ထင်ရင် မှားပါလိမ့်မယ်၊ အဆိုတော် ဘီယွန်ဆေးဖျော်ဖြေမှာလိုလို ကြေငြာထားလို့ လာကြတာပါ။ ဘီယွန်ဆေးက လာတော့လာပါတယ်၊ ၃မိနစ်သာသာလောက်ပဲ စကားခဏပြောသွားတာဖြစ်ပြီး စကားလုံးအစုံသုတ်ကမလာက ထုံးစံအတိုင်း မုသားတွေ လှိုင်လှိုင်ပြော ဆိုတော့ ပရိသတ်က မကျေမနပ်ဖြစ်ပြီး ဆူကြပါရော။ ကမလာက မင်းတို့ ပွဲလာတာမှားနေတယ်၊ ဟိုဘက်က ပွဲသေးသေးလေးကို သွားကြရမှာတဲ့၊ ထရမ့်ပွဲတိုင်းက ညအိပ်စောင့်တဲ့လူနဲ့ နာရီပေါင်းများစွာတန်းစီတဲ့လူနဲ့ လူ၃သောင်းလောက်က ပွဲတိုင်းအသာလေး ရှိပါတယ်။ ဒါပေမယ့် တခါမှ ကမလာ့ပွဲလို ဆူကြ ဘူးမှတ်ကြတာမျိုး မရှိပါဘူး။
ထရမ့်နဲ့ ဂျိုးရိုဂန်တို့ရဲ့ ၃နာရီကြာ အင်တာဗျူးကိုတော့ ၂၄နာရီအတွင်း ကြည့်တဲ့လူ ၂၄သန်းနီးပါး ရှိသွားပါပြီ။ ဒါတောင် podcast တွေက နားထောင်တာတွေ မပါသေးပါဘူး။ ပြောရမယ်ဆိုရင် ဂျိုးရိုဂန်ကလည်း တပ်ကာတို့ အီလွန်တို့လိုပဲ ကွန်ဆာဗေးတစ်မဟုတ်သလို ထရမ့်ကို သိပ်ကြည့်ရခဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ဘိုင်ဒန်-ဟဲရစ် အုပ်ချုပ်မှုကို ၄နှစ်နီးပါးဖြတ်သန်းပြီးတဲ့အခါမှာ သူတို့ဘယ်လိုမှ ကြည့်မရခဲ့တဲ့သူကို လေးစားမှုအပြည့်ပေးလာကြတာဟာ ထရမ့်ရဲ့ အရည်အချင်း၊ ပြည်ချစ်စိတ်ဓါတ်၊ မီဒီညာတွေ ဒိစတိတ်တွေရဲ့ တိုက်ခိုက်မှု၊ ဘိုင်ဒန်-ဟဲရစ်ပေါ်လစီတွေရဲ့ တိုင်းပြည်ကို ဖျက်ဆီးနိုင်မှုတွေကို မြင်လာလို့ ဖြစ်ပါတယ်။ ဂျိုးရိုဂင်က ကမလာကိုလည်း ဖိတ်ပါတယ်၊ ကမလာသာ အစွမ်းရှိရင် ဂျိုးရိုဂင်ရဲ့ ပရိသတ် ၁၇သန်းခွဲလောက်ရှေ့မှာ မဲဆွယ်နိုင်မယ့် အခွင့်အလမ်းကို လက်လွှတ်မှာ မဟုတ်ပါဘူး။ လူပေါင်းများစွာကို အင်တာဗျူးလာတဲ့ ဆရာကြီးတွေကို သွားလိမ်ရင်တော့ ကမလာ အရှက် ဗြန်းဗြန်းကွဲသွားမှာပေါ့၊ (အရှက်ရှိသေးရင်ပေါ့လေ)။
ဘိုင်ဒန်-ဟဲရစ်တို့ကြောင့် ထရမ့်ဘက်ကို ရောက်လာတဲ့ အီလွန်ကတော့ ထရမ့်အစိုးရအဖွဲ့ထဲမှာ အစိုးရ စွမ်းဆောင်ရည်မြှင့်ဝန်ကြီးဌာနဖွဲ့ကြီး ကိုင်တွယ်မှာဖြစ်ပါတယ်။ အဲဒါက ဒီမိုကရက်တွေ လက်ကိုင်ဒုတ်လုပ်ထားတဲ့ အစိုးရအဖွဲ့အစည်းတွေဟာ ခြစားဗျူရိုကရက်တွေနဲ့ ဖောင်းပွပြီး အလုပ်မတွင်တာတွေ၊ တကယ်အလုပ်မလုပ်နေတာတွေ များနေတာက ပြည်သူ့အခွန်များစွာကို လေလွင့်စေပါတယ်။ အီလွန်က တွဒ်တာကို ဝယ်ယူပြီး ၈၀% လောက်သော ဝန်ထမ်းတွေ ထွက်သွားတာတောင် တွဒ်တာက အရင်ကထက် အရှိန်အဟုန်ကောင်းကောင်းနဲ့ လည်ပတ်နိုင်ခဲ့သလိုပဲ အစိုးရအဖွဲ့ကိုလည်း ကျစ်ကျစ်လစ်လစ် စားရိတ်နည်းနည်း လည်ပတ်အောင် ကူညီပေးမှာဖြစ်ပါတယ်။ အဲဒီလိုပြောလို့ အစိုးရဝန်ထမ်းများ အလုပ်ပြုတ်မှာ ကြောက်စရာမလိုပါဘူးလို့ အီလွန်က ဆိုပါတယ်။ စနစ်တွေကိုပဲ လွယ်ကူမြန်ဆန်အောင် ပြောင်းပေးမှာဖြစ်ပါတယ်။ အလုပ်မလုပ်၊ ရုံးမတက်ပဲ လက်မှတ်ထိုးထုတ်နေတာမျိုးတွေ ရှိရင်တော့ ပါသွားနိုင်တာပေါ့လေ။
အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်နေပြီဖြစ်လို့ အရှေ့အလယ်ပိုင်းစစ်ပွဲဟာ ကျွမ်းကျင်သူတွေ ခန့်မှန်းထားတဲ့အတိုင်း ကျယ်ပြန့်လာပြီဖြစ်ပါတယ်။ စစ်ဆိုတာ ဖြစ်ရင် အရပ်သားထိခိုက်သေဆုံးမှုက ရှောင်လွဲလို့မရနိုင်ပါဘူး။ ဒီမိုကရက်တွေတက်နေသ၍ ဘယ်စစ်ပွဲမှ ရပ်မှာမဟုတ်တဲ့အပြင် စစ်ပွဲအသစ်တွေတောင် ထပ်ဖြစ်လာဦးမှာပါ။ အထူးသဖြင့် ဟီးဟီးဟားဟားကမလာပြောတာကို ဘယ်ကမ္ဘာ့ခေါင်းဆောင်မှ အလေးအနက် ယူကြမှာ မဟုတ်ပါဘူး။ ထရမ့်လက်ထက်တုန်းက အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးစာချုပ်တွေ ချုပ်ခဲ့နိုင်လို့ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေ လေယာဥ်တွေပျံ၊ ကုန်သွယ်မှုတွေလုပ်နဲ့ အေးချမ်းခဲ့တာကို ပြန်သတိရကြစေချင်ပါတယ်။ စစ်ရဲ့ အနိဌာရုံကို ဘယ်သူမှမကြုံကြရရင် အကောင်းဆုံးပါပဲ။
မီရှီဂန်ဟာ အမေရိကန်မှာ အာရပ်တွေအများဆုံးအခြေချတဲ့ ပြည်နယ်ပါ။ အာရပ်တွေအများစုက လူမည်းတွေလိုပဲ ဒီမိုကရက်ကို မဲပေးတဲ့အစဥ်အလာရှိပါတယ်။ ဒီနှစ်တော့ မီရှီဂန်က အာရပ်ခေါင်းဆောင်တွေက ထရမ့်ကသာ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကို ဆောင်ကျဥ်းနိုင်မယ်လို့ အန်ဒေါ့စ်လုပ်လိုက်ပါတယ်။ မီရှီဂန်က ဆွင်းစတိတ်ဖြစ်လို့ ကားလုပ်ငန်းတွေနဲ့ အသက်မွေးသူတွေရော အာရပ်တွေပါ မဲပေးရင် မီရှီဂန်က ထရမ့်ပြည်နယ်လို့ ပြောလို့ရပါပြီ။
အာကာသကနေ ကမ္ဘာကိုပြန်ကြည့်ရင် နိုင်ငံတွေကြားက နယ်နမိတ်တွေ မတွေ့ရပါဘူး။ ဒါပေမယ့် ချွင်းချက် ၂ခုရှိပါတယ်။ တခုက အစ္စရေးပါ၊ အစ္စရေးက နည်းပညာမြင့်တော့ သဲကန္တာရကို စိမ်းစိုအောင် လုပ်ထားပြီး သူနဲ့ကပ်လျက်နိုင်ငံတွေက သဲကန္တာရဆိုတော့ အစိမ်းကို အညိုတွေ ဘောင်ခတ်ထားသလို ဖြစ်နေတာပါ။ နောက်တခုက ညဖက်မှာပဲ တွေ့ရတဲ့ ကိုရီးယားနှစ်နိုင်ငံပါ။ မြောက်ကမှောင်၊ တောင်က ထိန်ထိန်လင်းနေတာက နယ်နမိတ်လိုင်းဆွဲထားသလို ထင်ရှားနေတာပါ။
ဒီမိုကရက်ကို အမြဲ ငွေလှူ/အန်ဒေါ့စ်လုပ်ခဲ့ကြတဲ့ထဲမှာ ဇတ်ကာဘတ်ရော ဂျက်ဖ်ဘေဇိုရော သူပိုင်တဲ့ ဝါရှင်တန်ပို့စ်အပြင် အယ်လ်အေတိုင်းစ်ကပါ ကမလာကို အန်ဒေါ့စ်မလုပ်ပါဘူးတဲ့။ သူတို့အားလုံးဟာ အပြာရင့်တွေဖြစ်ပြီး ဒီမိုကရက်ဘက် သိသိသာသာယိမ်းပေမယ့် ကမလာကိုကျမှ အန်ဒေါ့စ်မလုပ်နိုင်တာက ကမလာရဲ့ တိုင်းပြည်ဖျက်ဆီးနိုင်စွမ်းကို လျော့မတွက်ရဲတာကို ပြနေတာပါ။ ဘယ်အရာပဲဖြစ်ဖြစ် တည်ဆောက်ရတာသာ ခက်တာလေ၊ ဖျက်ဖို့က လွယ်မှလွယ်၊ မြန်မှမြန် မဟုတ်လား။
ထရမ့်တို့ ဆူပရင်းမ်ကုတ်တရားသူကြီးဘရက်ကာဗာနာတို့ကို ဘာသက်သေမှ ခိုင်ခိုင်လုံလုံ မပြနိုင်တဲ့ လိင်မှုတွေနဲ့ စွဲကြတုန်းက ကျီးကန်းအုပ်ဝိုင်းအာကြသလို တိုက်ခိုက်ခဲ့ကြတဲ့ ဟောလီဝုတ် ဖမ်းမနစ်စ် တွေဟာ ကမလာ့ယောက်ျား ဒပ်ဂ်အမ်းဟော့ဖ်က ဂဲလ်ဖရန့်ဟောင်းကို လက်ပါခဲ့တာနဲ့ သူ့ပထမအိမ်ထောင်နဲ့တုန်းက သမီးရဲ့ဆရာမ/နန်နီနဲ့ ဖောက်ပြန်ခဲ့တာတွေကိုကျတော့ အသံတိတ်နေကြပါတယ်။ ဒဗ္ဗယ်လ်စတန်းဒတ်ကတော့ သူတို့ရဲ့ ထုံးစံလိုပါပဲ၊ မိန်းမအစစ်တွေထက် မ ယောင်ဆောင်တဲ့ကျားတွေ၊ မိန်းကလေးငယ်တွေထက် ပီဒိုကျားတွေဘက်က လိုက်တဲ့ ဘုရားစူးဖမ်းမနစ်စ်တွေပါ။
၂၀၂၀ရကပတုန်းက မသမာမှုတွေဖြစ်ပွားခဲ့တဲ့ အီရီဇိုးနားက မာရီကိုပါကောင်တီမှာ ဒီနှစ် ရကပ မဲရေတာ ၂ပတ်လောက်ကြာမယ်လို့ ဆိုင်ရာပုဂ္ဂိုလ်တွေက ကြိုပြောထားပါတယ်။ လက်နဲ့ရေတဲ့ နိုင်ငံကြီးတွေမှာတောင် ညတွင်းချင်း ရလာဒ်ထွက်တာ ၂ပတ်ဆိုတော့ မနိုင်မချင်းရေတဲ့ ဇတ်လမ်း လုပ်ချင်ပြန်ပြီထင်ပါရဲ့။ မဲမပေးတဲ့သူရှိရင် အဲဒီလူတွေရဲ့မဲကို ယူသုံးနိုင်ခြေရှိပြီး ကာယကံရှင်က သိလိုက်မှာမဟုတ်တဲ့အတွက် မဲပေးနိုင်သူတိုင်း မဲပေးဖြစ်အောင် ပေးကြဖို့ တိုက်တွန်းပါတယ်။
ဂျော်ဂျာမှာ ရီပါဘလစ်ကန်များတဲ့ အီလက်ရှင်ဘုတ်က မဲပေးမှုသန့်ရှင်းရေးအတွက် ပြီးခဲ့တဲ့လတွေအတွင်း သတ်မှတ်ချက်တချို့ ပြဌာန်းခဲ့ပါတယ်။ အဲဒီထဲက ၇ခုကို ကျင့်သုံးလို့မရအောင် တရားသူကြီးက ခြေ/ဥနဲ့ မညီဘူးဆိုပြီး ပိတ်ပင်လိုက်ပါတယ်။ အဲဒါတွေက မဲတွေကို မဲရုံပိတ်ပြီးနောက် လက်နဲ့ရေဖို့၊ မဲရလာဒ်ကို ဆာတီဖိုင်းမလုပ်ခင် သင့်တင့်လျောက်ပတ်တဲ့ စစ်ဆေးမှုပြုလုပ်ဖို့၊ ရကပနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကို အီလက်ရှင်ဘုတ်အဖွဲ့ဝင်တွေက သေချာစီစစ်ပြီးမှ မဲရလာဒ်အတည်ပြုဖို့၊ ပျက်ကွက်မဲသွားထည့်တဲ့ပုံးဟာလည်း အိုင်ဒီစစ်သူမရှိတဲ့အတွက် အိုင်ဒီစစ် လက်မှတ်ထိုးဖို့၊ ဗီဒီယိုဆာဗေးလန့်စ်လုပ်ဖို့၊ အဲဒီလိုမလုပ်ထားတဲ့ မဲတွေကို ထည့်မရေဖို့ စတာတွေ ပါပါတယ်။ ရိုးရိုးသားသား နိုင်နိုင်သူတိုင်းက အိုင်ဒီလိုတာ၊ စီစီတီဗီထားတာ၊ လက်နဲ့ရေတာကို ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။
ဗာဂျီးနီးယားမှာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမရှိတဲ့ လူ ၁၆၀၀ကို ဂါဗာနာ ယန်းကင်က မဲစာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။ အဲဒါကို ဘိုင်ဒန်ခန့်ထားတဲ့ ဖက်ဒရယ်ဂျပ်ချ်က ပြန်ထည့်ပေးဖို့ အမိန့်ချပါတယ်။ တရားရေးစနစ် ဖောက်ပြီဆိုရင် ဒီလူ့အဖွဲ့အစည်းက မတရားမှုတွေ ကြီးစိုးတော့မှာပါ။ မြန်မာပြည်မှာလည်း ဒေါ်စုအစိုးရတက်နေချိန်မှာတောင် ဦးကိုနီအမှုတို့ ဗစ်တိုးရီးယားအမှုတို့ ဘာမှ မလုပ်ပေးနိုင်ခဲ့တာကိုကြည့်ပါ။
ပင်ဆယ်လ်ဗေးနီးယားမှာလည်း ပြည်နယ်ဆူပရင်းကုတ်က စာအိတ်မပါပဲ မဲထည့်ခဲ့သူတွေ လူကိုယ်တိုင် ယာယီမဲ လာထည့်ရင် ထည့်ရေကိုရေရမယ်လို့ အမိန့်ချလိုက်ပါတယ်။ စာအိတ်မှာ အဲဒီလူရဲ့ နာမည်၊ လိပ်စာ၊ လက်မှတ် လိုတဲ့အတွက် စာအိတ်မပါဘူးဆိုကတဲက အဲဒီမဲက ဗဲလစ်မဖြစ်ပါဘူး၊ ပယ်မဲဖြစ်သွားပါပြီ။ စာအိတ်မပါပဲ မဲထည့်ခဲ့တယ်လို့ကော ဘယ်လိုသက်သေ ပြနိုင်မှာလဲ။ လူတိုင်းက စာအိတ်မပါပဲ မဲထည့်ခဲ့လို့ ထပ်ထည့်ပါရစေလို့ဖြစ်လာရင် ဘယ်လိုတရားတော့မှာလဲ။ လူသန်း ၂၀လောက် ခိုးသွင်းလာတာတောင် မလောက်သေးလို့လား။
ကမလာတို့ ခိုးသွင်းလာတဲ့လူတွေကို ရကပမပြီးခင်အထိ နေစရာ စားစရာ သုံးစရာ ပွတ်စရာ (ဖုံး) အပြည့်နဲ့ အန်ဂျီအိုတွေကနေတဆင့် သန်းပေါင်းရာချီထောင်ချီအကုန်ခံပြီး ထားထားတာ ရကပပြီးရင် ဘယ်နားသွားပစ်ကြမလဲ မသိချင်ကြဘူးလား။
လူ ၃သောင်းခွဲကို အာမခံပေးနေတဲ့ ကျန်းမာရေးအာမခံကုမ္ပဏီတခုတော့ ဒေဝါလီခံသွားပြီ၊ အီလီးဂဲတွေကို ကုပေးရတာတင်မဟုတ် လိင်ပြောင်းတာပါလုပ်ပေးရမယ်ဆိုတော့ အများလာဦးမယ် ဒေဝါလီတွေ။ လူတွေ အာမခံမရှိတော့ရင် အကုန်အိတ်စိုက်နော်၊ မပြောမရှိနဲ့။