ကမလာကို အန်ဒေါ့စ်လုပ်ထားတဲ့ ဆယ်လီတွေအကုန်လုံးက ကမလာလိုပဲ ကလေးမုဒိမ်းကောင် ဒစ်ဒီရဲ့ ပါတီကို သွားလေ့ရှိကြသူတွေချည့် ဖြစ်နေတာ တိုက်ဆိုက်မှုလို့ထင်ရင် မှားပါမယ်။ ဒစ်ဒီနဲ့ ကမလာ ပတ်သက်နေခဲ့တာက ကမလာဝီလီဘရောင်းရဲ့ အပျော်မယားဖြစ်တဲ့အချိန်နဲ့ သိပ်မကွာလောက်ပါဘူး။ ခပ်ငယ်ငယ်ပဲ ရှိပါသေးတယ်။ ဒစ်ဒီနောက်မှာ ငွေပေါတဲ့ အဆိုတော်တွေ၊ ဟောလိဝုဒ်ဆယ်လီတွေ အပြင် အိုဘမတို့ ကမလာတို့လို အာဏာရှိသူတွေ ပါနေတာကြောင့် ဒါဟာလည်း ဒီမိုကရက်တွေ သူတော်ကောင်းယောင်ဆောင်တဲ့ ငွေရှင်ကြေးရှင်တွေ အချင်းချင်း ညီညွတ်နေကြတဲ့၊ အာဏာလက်မလွှတ်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်ကြမယ့်အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။ မညီညွတ်လို့ တယောက်ယောက်က ထဖောက်ရင် ဖောက်မယ့်သူကို အရှက်ခွဲနိုင်တဲ့ အညှာတွေကိုင်ထားတဲ့အတွက် ဘယ်လောက်ကြီး အဆီအငေါ်မတည့်နေပါစေ ဒီမိုကရက်တွေအားလုံး မြန်မာပြည်က မအလအစိမ်းကောင်တွေလိုပဲ တသံတည်း ထွက်ကြတာ ဖြစ်ပါတယ်။
မိရှီဂန်က မြောက်မြေခွေးကျွန်းပိုင်ရှင် ဖရန်စစ်ဒီရှယ်လ်ဒန်ဟာ ကမ္ဘာကျော်ယေးလ်တက္ကသိုလ်က ဘွဲ့ရတဦးဖြစ်ပြီး အန်အာဘာ မီရှီဂန်တက္ကသိုလ် မိသားစုဝင်လည်း ဖြစ်ပါတယ်။ သူကလည်း ဂျက်ဖရေအက်ပ်စတိန်းလိုပဲ ကလေးစားသူတဦးပါ။ အဲဒီကျွန်းက ကမ်းနဲ့ဝေးတဲ့ မီရှီဂန်ကန်ထဲမှာရှိပြီး ၁၇ စကွဲမိုင်ကျယ်ကာ လေယာဥ်ငယ်လေးတွေ ဆင်းသက်နိင်တဲ့ လေယာဥ်ကွင်းရှိပါတယ်။
ငွေပေါတဲ့ဖရန်စစ်ဟာ အပေါ်ယံမှာတော့ ဘေလ်ဂိတ်စ်တို့လိုပဲ အများအကျိုးလုပ်နေတဲ့ သူတော်ကောင်းကြီးပုံ ဖမ်းထားပြီး အာဏာ ပါဝါရှိတဲ့ အသိုင်းအဝိုင်းများကြား ဝင်ထွက်သွားလာနေသူ ဖြစ်တာကြောင့် အကြီးစားလိင်ကုန်ကူးဂိုဏ်းနဲ့ ပတ်သက်နေတဲ့ သက်သေတွေ အထင်အရှား ထွက်လာနေတာတောင် ရဲ၊ ထလရ၊ တရားရုံးတွေက သူ့ကို မထိရဲကြတာ ဖြစ်ပါတယ်။ ဖရန်စစ်က ဘရာသာပေါလ်ကလေးများရဲ့မစ်ရှင်ဆိုတဲ့ နာမည်နဲ့ ချယ်ရတီထောင် ကာဗာလုပ်ပြီး ယောက်ျားလေးတွေကို ဆမ်းမားကမ့်ပ်သွားမယ်ဆိုပြီး လေယာဥ်နဲ့ ကျွန်းပေါ်လိမ်ခေါ် မတော်တရော်လုပ်တြတာကို ဗီဒီယိုရိုက်ပြီး ဖြန့်တာဖြစ်ပါတယ်။
ဖရန့်စစ်တို့နဲ့ ပတ်သက်နေတာက စနိုးကေးလင်းလို့ခေါ်တဲ့ အုက္ကလံကောင်တီကလေးသတ်မှုတွေပါ။ ကလေး ၄ဦးကို ဖမ်းခေါ်၊ နှိပ်စက်ပြီး သတ်ပစ်တာပါ။ အဲဒီအမှုတွေက ၁၉၇၆-၇၇ကဖြစ်ပြီး ခုထိ လက်သည် မပေါ်(ဖော်)ပါဘူး။ နောက်တော့ ဖရန်စစ်က နိုင်ငံခြားကို ထွက်ပြေးသွားပြီး ၁၉၉၆မှာ သေပါတယ်။ သူနဲ့ပေါင်းလုပ်တဲ့ ရစ်ချတ်ဆိုတဲ့ ကျောင်းဆရာကိုတော့ ပိုနိုဂရာဖီမှုနဲ့လောက်ပဲ ဖမ်းဆီးထောင်ချခံရပြီး သူလည်း အက်ပ်စတိန်းလိုပဲ ထောင်ထဲမှာ ဆူဆိုက်လုပ်သွားတယ်လို့ သတင်းထွက်ပါတယ်။ အဲဒီကျွန်းကိုတော့ ပြည်နယ်က ပြန်ဝယ်သွားပါတယ်။
ဒါတွေဘာလို့ ပြန်ပြောနေလဲဆိုတော့ အမေရိကန်မှာ တနှစ်ကို ကလေးပေါင်း ၈သိန်း ၄သောင်းလောက် ပျောက်ပါတယ်၊ တိုင်းပြည်ထဲမှာ ကလေးစားပီဒိုပေါင်း ၁သန်းကျော်ရှိပါတယ်၊ ဒါက ဂိတ်စ်တို့ ကလိန်တန်တို့လို သူတော်ကောင်းယောင်ဆောင်ထားသူတွေ ဥပဒေအထက်ကလူတွေ၊ အပုတ်နံ့ကို ငွေနဲ့ ဖုံးနိုင်သူတွေ မပါသေးပါဘူး။ ဒါဟာ ဒီနိုင်ငံမှာ တရားဥပဒေ အစစ်အမှန် စိုးမိုးနေတာ မဟုတ်သေးဘူး၊ လူတိုင်းဟာ တရားဥပဒေရဲ့ မျက်မှောက်မှာ တန်းတူမနေဘူးဆိုတာကို ပြနေတာပါပဲ။
ထရမ့်လက်ထက်မှာ ကလေးပျောက်တာတွေကို ဖိဖိစီးစီး ရှာဖွေနိုင်ဖို့ လိုအပ်တာတွေ ပံပိုးပေးခဲ့တဲ့အတွက် အော်ပရေးရှင်းပေါင်းများစွာကို အောင်မြင်စွာလုပ်နိုင်ခဲ့ပြီး ပြန်တွေ့တဲ့ကလေးတွေကို မိဘတွေလက်ထဲ ပြန်အပ်နိုင်ခဲ့ကြပါတယ်။
ပြည်ထဲရေးက သတင်းပေးသူ တာရာရိုးဒါ့စ်က ဘော်ဒါဇာ ကမလာ့လက်ချက်နဲ့ ဝင်လာတဲ့ မိဘမပါတဲ့ ကလေး ၃သိန်း ၂သောင်းခွဲခန့်ဟာ သူတို့လက်ပေါ်မှာ (သို့) စာရွက်တခုပေါ်မှာ ရေးပေးလိုက်တဲ့ ဖုံးနံပါတ်တခုနဲ့ပဲ ကလေးတွေကို မစီမစစ် ပို့လွှတ်နေကြောင်း၊ အဲဒီစပွန်ဆာဆိုသူတွေကို ဘာမှစစ်ဆေးမှုလည်း မပြုကြောင်း၊ ကလေးတွေဘယ်သူ့ထံမှာ ရောက်နေတယ်ဆိုတာ ဖုံးနံပါတ်၊ လိပ်စာတွေကိုလည်း ပြည်ထဲရေးက လုံးဝ မထုတ်ပြန်ပေးပဲ ကလေးတွေရဲ့ အခြေအနေကို ကိုယ်တိုင်လာရောက် အစီရင်ခံရတဲ့ လုပ်ထုံးကိုပါ ချောင်ထိုးထားလိုက်ကြကြောင်း၊ တရားမျှတမှု စောင့်ကြည့်ရေးအဖွဲ့ကို ဖြေကြားသွားပါတယ်။
ကလေးတွေကို ကမလာတို့ ဘယ်လိုသွင်း စာရင်းဖျောက်နေသလဲဆိုတာ တပ်ကာကာလ်ဆန်ရဲ့ ဝက်ဘ်ဆိုက်မှာ Line in the Sand မှတ်တမ်းရုပ်ရှင်ကို ကြည့်လိုက်ရင် သိပါမယ်။ ဂျိမ်းစ်အိုကိဖ်နဲ့ အဖွဲ့က မက္ကဆီကိုဖက်ရော နယ်စပ်မှာရော မိဘမပါတဲ့ ကလေးတွေကို အစိုးရဌာနတွေ၊ အန်ဂျီအိုတွေက ဘယ်လိုတွေလုပ်နေတယ် ဆိုတာ လိုက်လံမေးမြန်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဂျီအိုတွေက အဲဒီအလုပ်တွေလုပ်ပေးတဲ့အတွက် ဘိုင်ဒန်-ဟဲရစ်အစိုးရက ဒေါ်လာသန်းပေါင်းများစွာ ချပေးထားတာဖြစ်ပြီး သူတို့လက်အောက်မှာ လုပ်ကြသူများကိုလည်း ပုံမှန်အလုပ်ထက် ငွေပိုပေးထား၊ ခံစားခွင့်တွေ ပေးထားတာကြောင့် အလုပ်အပေါ်ပဲ သစ္စာရှိမယ်၊ ဘာမှ မပြောနိုင်ပါဘူးလို့ ဝန်ခံသူခံ၊ သခင်ကို မျက်နှာလုပ်ပြီး ဆဲဆိုမောင်းထုတ်သူကထုတ်နဲ့ ပြည်သူ့အခွန်နဲ့ လည်ပတ်နေတဲ့ ဗျူရိုကရက် ယန္တယားကြီးကို ကလေးလိင်ကုန်ကူးတဲ့ ဂိုဏ်းကြီးလိုကို လုပ်နေကြတော့တာပါ။
ပြောရရင် အဲဒီကလေးတွေက ကိုယ့်ဆွေမျိုးလည်းမဟုတ်၊ ကိုယ့်လူမျိုးလည်းမဟုတ်၊ ကိုယ့်နိုင်ငံသားတောင် မဟုတ်ပေမယ့် လူသား ကလေးငယ်ဖြစ်တာတခုတည်းနဲ့ သူတို့မိဘနေရာက ကိုယ်ချင်းစာပြီး ရေးလိုက်တာပါ။ ကမလာတို့တွန်းနေတဲ့ အယ်လ်ဂျီဘီတီဆိုတာက လိင်တူ/လိင်ပြောင်း အကြောင်းပြပြီး ပီဒိုတွေအတွက် တနိုင်ငံလုံးက ကလေးတွေကို ဂရူမ်းလုပ်ပေးနေတာ ဖြစ်ပါတယ်။ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့အတွက် ခြစားခြင်းကင်းတဲ့အစိုးရ၊ တော်တည့်မှန်ကန်တဲ့ တရားရေးစနစ်၊ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ ဉာဏ်ပညာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ပြည်သူတွေ လိုအပ်ပါတယ်။