အာဏာရှင်အစစ်က ဘယ်သူလဲ

ထရမ့်အုပ်ချုပ်တုန်းက ပြိုင်ဖက်ခြတွေကို အငြိုးနဲ့ ပြဿနာရှာတာမျိုး လုံးဝမလုပ်ခဲ့သလို ဒီမိုကရက်ခြတွေကို ငွေလှူတဲ့သူတွေ၊ သူ့ကို မဟုတ်မမှန် စွပ်စွဲအပုတ်ချနေတဲ့ မီဒီညာတွေကိုပါ လုံးဝ အရေးမယူခဲ့ပါဘူး။ ဒေါ်စုတက်တုန်းက သူ့ကို မမှန်မကန်အပုတ်ချနေခဲ့တဲ့ မအလအုပ်စုကို ထိုးနှက်ဖို့ မကြိုးစားခဲ့ပဲ ဟိုကပဲသူ့ကို အမျိုးစုံ ချောက်ချဖို့ ကြိုးစားခဲ့ကြသလိုပါပဲ။​ ထရမ့်တို့ ဒေါ်စုတို့ရဲ့ ရင်ထဲမှာ တိုင်းပြည်အတွက် ပြည်သူအတွက်ဆိုတာပဲ အရေးကြီးတော့ တိုင်းပြည်အတွက်ကိုပဲ အချိန်ပြည့် ကြိုးစားခဲ့ကြတာပါ။

ဘိုင်ဒန်တို့ ကမလာတို့ဒီမိုကရက်တွေ အာဏာရတော့ ထရမ့်ကိုရော၊ ထရမ့်အစိုးရအဖွဲ့မှာ ကူခဲ့သူတွေရော၊ ထရမ့်ထောက်ခံတဲ့လူတွေကအစ နည်းမျိုးစုံနဲ့ အပြစ်မရှိ အပြစ်ရှာပြီး ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တာပါ။ သတ်ဖြတ်တာက ဂျန်၆မှာသေတာက အကုန်ထရမ့်ထောက်ခံသူတွေပါ။ နှိပ်စက်တာက အမေရိကန်ပုံစံပေါ့။ မအလတက်တော့လည်း ဒေါ်စုတို့တဖွဲ့လုံးရော ထောက်ခံသူတွေပါ ထောင်ထဲရောက်၊ နှိပ်စက် သတ်ဖြတ်ခံရတာတွေ ဖြစ်ခဲ့တာပဲလေ။ ထရမ့်ကိုလည်း မရှိတဲ့အမှုပေါင်းများစွာနဲ့ တရားစွဲခံရသလို ဒေါ်စုကိုလည်း လာဘ်မယူပါပဲ လာဘ်ယူပါတယ်လို့ လုပ်ကြံစွဲကြတာပဲ။

မြန်မာပြည်မှာ ဒေါ်စုက စစ်တပ်ကလိုလားတဲ့ စက်နဲ့မဲပေးဖို့အစီအစဥ်ကို ပယ်ချပြီး စာရွက်နဲ့မဲကို ရွေးခဲ့သလိုပဲ​ ထရမ့်ကလည်း စာရွက်နဲ့မဲကိုပဲ ရွေးစေချင်တယ်။ အဲဒါက သန့်ရှင်းတာကိုကြိုက်တာလား၊ ညစ်ချင်လို့ ခွင်ပြင်တာလား အရှင်းကြီးပဲလေ။အဲဒါကို ထရမ့်ကမှ အာဏာရှင်၊ ကမလာတို့က အာဏာရှင်မဟုတ်ပါဘူး ဆိုတာက စာမတတ်လို့ သူများပြောသမျှယုံသူအမြင်မျိုး ဖြစ်မနေဘူးလား။ အဲဒါကို ဒီမိုကရေစီကို ကာကွယ်တာပါဆိုတဲ့ ကမလာတို့အပြောက စည်းကမ်းရှိတဲ့ဒီမိုကရေစီတို့ ပြည်ထောင်စုမပြိုကွဲရေးတို့ ဆိုတဲ့ ဟိုအုပ်စုပြောနေကျ  စကားမျိုးပဲ ဖြစ်နေတာပဲလေ။

အခုဒီမိုကရက်တွေ ထရမ့်ထက်ကို မုန်းနေတာက အီလွန်ပါ။ အီလွန်က တွစ်တာကို ဝယ်လိုက်ခဲ့လို့သာ ဆိုရှယ်မီဒီယာတွေထဲ အမှန်ကို မကြောက်မရွံ့ ပြောနိုင်တဲ့ တခုတည်းသောဖြစ်သွားသလို တခြားဟာတွေကိုပါ အထိန်းလိုဖြစ်သွားတာကြောင့် ဖဘတောင် ၂၀၂၀ကလောက် မဆိုးရဲတော့တာပါ။ ဂူဂယ်နဲ့ ယူကျူကတော့ ဆိုးတုန်းပါပဲ။ ဒါတင်မက အီလွန်က အာကာသခရီး ဂြိုလ်တုတွေ လွန်းပျံယာဥ်တွေနဲ့ ပတ်သက်ရင် ပြိုင်ဖက်မရှိသလို နာဆာကလုပ်တဲ့အာကာသယာဥ်ထက် ကုန်ကျစားရိတ် အပုံရာချီသက်သာတဲ့နှုန်းဖြစ်အောင် စီမံနိုင်သူပါ။

အီလွန်လုပ်နေတဲ့ နျူရာလင့်ခ်ဆိုတဲ့ ဦးနှောက်လှိုင်းတွေကို ကွန်ပြူတာနဲ့ဖတ်ပြီး ခေါင်းထဲက အတွေးတွေကို ဘာသာပြန်ပေးတာပါ။ အကြောင်းကြောင်းကြောင့် စကားမပြောနိုင်သူတွေ ခေါင်းထဲကို ကွန်ပြူတာချစ်ပ်လေး ထည့်ထားလိုက်တာနဲ့ ဆက်သွယ်ပြောကြားနိုင်မှာပါ။ အဲဒါကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနိုင်ရင် လူ့လောကအတွက် အပေါင်းလက္ခဏာအကြီးကြီးတခု ဖြစ်လာပါမယ်။ ဖြစ်လာဖို့လည်း နီးနေပါပြီ။   

ပိုက်လိုင်းထဲကနေ ခရီးသွားတာကလည်း တကယ်အောင်မြင်လာရင် ကားအဝေးကြီး မောင်းနေရမယ့်အစား တနေရာနဲ့တနေရာကို အချိန်တိုတိုနဲ့ သွားလာနိုင်မှာပါ။ လေယာဥ်တွေလည်း အခုထက် အများကြီးမြန်ကောင်းသက်သာဖြစ်အောင် လုပ်သွားနိုင်ပါတယ်။ တသောင်းတန်အိမ်လေးတွေကလည်း ဒီမိုကရက်တွေ ဘယ်လိုမှမရှင်းနိုင်ခဲ့တဲ့ အိမ်ယာမဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ အခွင့်ကောင်းတခုပါပဲ။

အီလွန်ဆီမှာ အကြံဉာဏ်တွေ မကုန်နိုင်မခမ်းနိုင်ရှိနေတာဖြစ်လို့ သူ့ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးဖို့ပဲ လိုပါတယ်။ အခုတောင် အီလွန်ကို ထရမ့်ကိုလုပ်သလိုပဲ ရီစရာကောင်းတဲ့ စွဲချက်တွေနဲ့ စွဲထားတာတွေ အများကြီးပါ။ အခုလို ထရမ့်ဘက်က လုံးဝရပ်လိုက်တော့ ဒီမိုကရက်တွေရဲ့ အီလွန့်ပေါ်အမုန်းက ဆထက်ထမ်းပိုး တိုးတော့မှာပါ။ ဘာမှလုပ်မရအောင်၊ ထောင်ထဲဝင်ရအောင် လုပ်တာတွေအပြင် အသက်ကိုပါ ရန်ရှာနိုင်ပါတယ်။ အခုအီလွန်က အိမ်တောင် မပိုင်ပါဘူး။ အိမ်ပိုင်ရင် ပိုင်တာတွေ ပတ်သက်တာတွေ ပြဿနာလိုက်ရှာလွန်းလို့ အကုန်ရောင်းပြီး ရုံးမှာပဲနေရတာပါ။ အဲဒီလိုတွေလုပ်လာလို့ အီလွန်ထွက်ပြေးရရင် အီလွန်ကို ရတဲ့နိုင်ငံက အမေရိကန်ကို ကျော်တက်တော့မှာပါ။ သူဌေးတွေ အခွန်ရှောင်တယ်လို့ ကမလာတို့ လိမ်ခြောက်နေပေမယ့် အီလွန်က နှစ်စဥ် ဘီလီယံနဲ့ချီပြီး အခွန်ပေးနေတာပါ။ တိုင်းပြည်အကျိုး အလေးထားတဲ့ ခေါင်းဆောင်ဆိုရင် ထရမ့်ပြောသလိုပဲ သူ့လိုလူသားမျိုးကို တိုင်းပြည်က တန်ဖိုးထား ကာကွယ်စောင့်ရှောက်ပေးပြီး ပံ့ပိုးတောင် ပေးသင့်တာပါ။ အာဏာရှင်တွေကတော့ ကိုယ့်အာဏာမြဲဖို့ထက် ဘယ်ဟာကမှ အရေးမကြီးပါဘူး။

အလိမ်တွေ နာရေးတစ်တွေကို နားမယောင်ကြပဲ တကယ့်လက်တွေ့နဲ့ ယှဥ်ရွေးကြဖို့ လိုပါတယ်။ သတင်းအမှန်သိချင်ရင် X ကိုသွားပါ။ ဖဘပေါ်က ဘုမသိ ဘမသိတွေရဲ့ တလွဲစာတွေမှာ လမ်းမဆုံးပါစေနဲ့။

Leave a comment