နိုဝင်ဘာ ၆ရက် ၂၀၂၄

မနေ့က ကျင်းပတဲ့ အထွေထွေရကပမှာ ထရမ့်သမ္မတဖြစ်သွားသလို ဆီးနိတ်ကိုလည်း ရီပါဘလစ်ကန်တွေ ရလိုက်ပါတယ်။ ထူးခြားတာက ထရမ့်က အီလက်တိုရယ်ဗုတ်တင်မက ပြည်သူ့မဲကိုပါ အပြတ်အသတ်နိုင်လိုက်တာပါ။ ရီပါဘလစ်ကန်သမ္မတလောင်းက ပြည်သူ့မဲကို အနှစ် ၂၀အတွင်း ပထမဆုံး နိုင်လိုက်တာပါ။ အီလက်တိုရယ်က ၃၁၂နဲ့ ပြည်သူ့မဲက ၇၂သန်းခွဲကျော် ရနေပါပြီ။ ရေတာကတော့ ဆက်ရေနေတုန်းပါပဲ ရကပပြီးလို့ နောက်တနေ့ညအထိ ဆက်ရေနေဆဲပါ။

ခုထက်ထိ အထက်လွှတ်တော်မှာ ဒီမိုကရက်ဖက်က ၃နေရာ လက်လွှတ်ခဲ့ရပြီး ရီပါဘလစ်ကန်က ၃နေရာ တိုးရခဲ့ပါတယ်။ အောက်လွှတ်တော်မှာ ခုအထိ ဒီမိုကရက်က တနေရာဆုံးရှုံးသွားခဲ့ပြီး အဲဒီနေရာကို ရီပါဘလစ်ကန်က ရသွားခဲ့ပါတယ်။ ကမလာတို့ နယ်စပ်ကိုင်တာ ဘယ်လောက်ဆိုးလဲဆိုရင် တက္ကဆက်စ်နယ်စပ်က စတားကောင်တီက အနှစ် ၁၂၀အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရီပါဘလစ်ကန်သမ္မတလောင်းကို ၅၇%မဲနဲ့ ရွေးချယ်ခဲ့တဲ့အထိပါ။ လာတီနိုနဲ့ လူမည်းမဲမှာလည်း ထရမ့်က အရင် ၂ကြိမ်ကထက် အများကြီး ပိုရခဲ့ပါတယ်။ စတားကောင်တီအပြင် နယ်စပ်က ဟေလ်ဒဲဂိုးကောင်တီ၊ ကမ်မရွန်းကောင်တီတို့ကလည်း ထရမ့်ပါပဲ။

အိုဘမက မနေ့က နေ့လည်လောက်မှာ မဲတွေရေရတာ ကြာနိုင်တယ်၊ ရက်အနည်းငယ်တောင် စောင့်ရလိမ့်မယ်လို့ ကြိုခင်းသွားပါတယ်။ လှေခေတ် လှည်းခေတ်လည်းမဟုတ်ပဲ ဒီလောက် နည်းပညာ လမ်းပန်းဆက်သွယ်ရေးတိုးတက်နေတဲ့ ခေတ်ကြီးမှာ မနေ့ညကထက် ဆီနိတ်တာ ၃ဦးပဲ တက်သေးသလို ဟောက်စ်မှာလည်း ၂၀လောက်ပဲ တက်သေးတာကြောင့် အကြံအဖန်တွေလုပ်မှာကို စိုးရိမ်နေရပါတယ်။ ရီပါဘလစ်ကန်က အများစု ရနိုင်ခြေရှိပေမယ့် ၂၀၂၀ကလို ကလဖန်ထိုးတာတွေ ဖြစ်နိုင်နေပါသေးတယ်။ ကမ္ဘာ့နိုင်ငံတွေအားလုံးမှာတော့ ရကပလုပ်ရင် ညတွင်းချင်းအဖြေထွက်ရတာပါ။

မဲက သိုးကာသီကာမဟုတ်ပဲ အပြတ်နိုင်တော့ ကမလာတို့ဘက်က ဒီနေ့နေ့လည်မှာ ထရမ့်ကို ကွန်ဂရာကျူလိတ်လှမ်းလုပ်ပြီး အရှုံးပေးမိန့်ခွန်းပြောသွားပါပြီ။ ထရမ့်ကို ဦးစွာ ကွန်ဂရာကျူလိတ် လုပ်ကြသူတွေထဲမှာ အစ္စရေးက ဘီဘီပါသလို ဘုရှ်၄၃နဲ့ အမေဇုံရဲ့ ဂျက်ဖ်ဘေဇို၊ ဖဘရဲ့ ဇတ်ကာဘတ်၊ ပန်းသီး တင်မ်ကွတ်ခ်၊ ဂူဂယ်က ပီချေး၊ ချက်ဂျီဘီတီက ဆမ်အော့လ်မန် စသည်တို့ ပါဝင်ပါတယ်။ ထရမ့်ကို စုတ်ပြတ်နေအောင် ပုတ်ခတ်ပြီး ကမလာကို အပြတ်ထောက်ခံခဲ့တဲ့ မာ့ခ်ကျူးဘန်းကလည်း ညကတဲက ချက်ချင်းကို ဖုံးဆက်ကွန်ဂရာကျူလိတ် လုပ်ပါသတဲ့။ အရင် ၄နှစ် ထရမ့်အိမ်ဖြူမှာ ရှိတုန်းကလည်း တချိန်လုံး ဖုံးဆက်နေခဲ့တာလို့ ထရမ့်ကပြောပါတယ်။ မိုက်ကရိုဆော့ဖ် စီအီးအို စက်ြာနာဒဲလာကလည်း ကွန်ဂရာကျူလိတ်လုပ်ပေမယ့် ကမလာကို ရကပနီးမှ သန်း၅၀လှူခဲ့တဲ့ ဂိတ်စ်ကြီးကတော့ မလုပ်သေးပါဘူး။

ဇတ်ကဘတ်က ၂၀၂၀တုန်းက ဒီမိုကရက်တွေ မိုးခဲနိုင်အောင် သန်း၄-၅၀၀လောက် သုံးခဲ့တာကနေ ဒီနှစ်တော့ ထောင်ထဲဝင်ရမှာစိုးလို့ လိမ္မာပြနေပါတယ်။ ပန်းသီးဖန်တွေကတော့ ထရမ့်ကို ကွန်ဂရာကျူလိတ်လုပ်လို့ တင်မ်ကွတ်ကို ခု နေကြပါတယ်။ ဆမ်အော့လ်မန်က ယူအက်စ်က အေအိုင်ထုတ်လုပ်ရာမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ထုတ်လုပ်နိုင်ဖို့ ဦးဆောင်ကဏ္ဍကို ဆက်လက်ထိန်းသိမ်းသင့်တယ်လို့ ပြောသွားပါတယ်။ အေအိုင်ကို စခဲ့တာ အီလွန်ဖြစ်ပြီး အီလွန်က အေအိုင်ကို မကောင်းတဲ့ဘက်မှာ အသုံးချနိုင်ကြောင်း ထပ်တလဲလဲ သတိပေးနေသူဖြစ်တဲ့အတွက် အီလွန်အစိုးရအဖွဲ့ထဲရောက်လာရင် အေအိုင်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စည်းမျဥ်းတွေ အထိန်းအကွပ်တွေ ဖော်ဆောင်ဖို့ မျှော်လင့်ပါတယ်။

ကမလာရှုံးတာနဲ့ ဘိုင်ဒန်-ဟဲရစ်-အိုဘမတို့ ပထမဆုံးလုပ်တာက ယူကရိန်းကို ပေးဖို့ လျာထားတဲ့ထဲက ကျန်နေတဲ့ ၆ဘီလီယံကို ထရမ့်မတက်ခင် အမြန်ဆုံး ပို့ဖို့ပါပဲ။ ထရမ့်က သူအိမ်ဖြူမရောက်ခင်မှာတောင် စစ်ရပ်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာကြောင့် အခုလို ပြည်သူ့ပိုက်ဆံကို အလျင်စလိုပို့ချင်တာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ပြည်သူ့အတွက်ကို အရင်ဆုံးမစဥ်းစားတာကိုလည်း သတိထားမိကြမယ်ထင်ပါတယ်။ ယူကရိန်းကို ကူတယ်ဆိုတာက အရင်အကြိမ်ကြိမ်ရေးခဲ့သလိုပဲ သူတို့အိတ်ထဲ တဖက်လှည့်နဲ့ ငွေပြန်ဝင်အောင် ရီဆိုက်ကယ်လုပ်တာ ဆိုတော့ အဲဒါက သူတို့ရဲ့ အကျိုးစီးပွားဖြစ်နေလို့ပါ။

ဟာမာ့စ်တို့ ဟဇ်ဘိုလာတို့ကို ထရမ့်က ရကပမပြီးခင်ကတဲက တိုက်ခိုက်မှုတွေကို အခုရပ်ပါ၊ အခုရပ်ရင် သက်သာမယ်၊ ငါတက်မှဆိုရင် ပေးဆပ်မှုကြီးလိမ့်မယ်လို့ သတိပေးသွားပါတယ်။

ထရမ့်ကို အမှုပေါင်းမြောက်များစွာနဲ့ စွဲဆိုထားသည့်တိုင် အမေရိကန်ပြည်သူတွေက တခဲနက် ရွေးချယ်ခဲ့တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် အမှုတွေကို ပိတ်သိမ်းပေးဖို့ အောက်လွှတ်တော်လူများစုခေါင်းဆောင် စတိစကဲလိစ်က ဘိုင်ဒန်တရားရေးဌာနက ရှေ့နေချုပ် ဂါလန်၊ အယ်လ်ဗင်ဘရက်ဂ်၊ ဖာနီဝီလစ်စ်တို့ကို ဦးတည်ပြီး တိုက်တွန်းလိုက်ပါတယ်။ ထရမ့်ရှေ့နေချုပ်ဟောင်း ဘေလ်ဘားကလည်း ပြည်သူ့ဆန္ဒကို လေးစားပြီး အမှုတွေ ပိတ်သိမ်းသင့်ကြောင်း ပြောကြားသွားပါတယ်။

နယူးယောက်ရှေ့နေချုပ် လတီရှာကတော့ ထရမ့်အပေါ် တရားစွဲထားတာတွေ ဆက်လုပ်သွားမယ်လို့ ကျုံးဝါးသွားပါတယ်။ မန်ဟက်တန်ကအမှုမှာ ဂျပ်ချ်က အမိန့်ချဖို့ ရွှေ့ဆိုင်းခဲ့တာ ၂ကြိမ်ရှိခဲ့ပါပြီ၊ နောက်တခါရုံးချိန်းက ဒီလနှောင်းပိုင်းမှာပါ။ ရီစရာကောင်းတဲ့ အကြောင်းပြချက်တွေနဲ့ စွဲထားတာဖြစ်တာတောင် အာမခံ ဒေါ်လာ သန်း ၃၅၀တင်ထားရတာပါ၊ ဒါတောင် သန်း ၅၀၀ကျော်ကနေ လျော့ပေးလိုက်တာ ဖြစ်ပါတယ်။ ရာဇဝတ်ကောင်တွေကျတော့ နိုးဘေလ်နဲ့ အာမခံမလိုပဲ နေ့ချင်းပြန်လွှတ်ပေး၊ ခိုးဝင်တွေကျူးလွန်တာတွေ မသိချင်ယောင် ဆောင်ပေးနေတဲ့ လတီရှာတို့ဟာ ထရမ့်ကျမှ အငြိုးတကြီး ကြမ်းပိုးကို လိပ်ဖြစ်အောင်လုပ်နေတာ တရားရေးဝန်ထမ်းတဦးအနေနဲ့ သိပ်ရှက်ဖို့ကောင်းလှပါတယ်။

အာအက်ဖ်ကေက FDA က nutrition ဌာနတခုလုံးကို ဖြုတ်ပစ်မယ်လို့ ကျုံးဝါးနေပါပြီ။ အက်ဖ်ဒီအေကို လက်ရှိငွေပုံပြီး ပံ့ပိုးပေးနေတာက သူစစ်ရမယ့် ဆေးကုမ္ပဏီကြီးတွေ အစားအစာကုမ္ပဏီကြီးတွေ ဆိုတော့ အကျိုးစီးပွားချင်းက ဝိရောဓိဖြစ်နေတာရယ် အမေရိကန်တွေ မကျန်းမာတာများနေတာရယ်က အစားအသောက်တွေကြောင့်မို့ ဒီဌာနကို ဖြုတ်ပစ်ချင်တာပါ။

ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့မှာပါမယ်လို့ ခန်းမှန်းရတဲ့ စီးပွားရေးသမား ဟောင်းဝပ်လတ်နစ်ကတော့ ကနေဒီက ကကဆဒေတာတွေကို ကိုင်မယ်လို့ ဆိုပါတယ်။ သူလိုချင်တာ ဒေတာတွေပါပဲ၊ ဒေတာတွေရရင် သုံးသပ်စီစစ်ပြီး လူတွေအတွက် စိတ်ချရ/မရဆိုတာကို ပြောနိုင်လိမ့်မယ်။ အခုလုပ်နေသလို ကကဆတွေကြောင့် ဘေးဖြစ်တာတွေအပေါ် ကကဆထုတ်တဲ့ကုမ္ပဏီတွေကို တရားစွဲခွင့် ကန့်သတ်ပိတ်ပင်ထားတာကို ဟိုးအရင်ကလိုပဲ ပယ်ဖျက်လိုက်ရင် ထုတ်လုပ်သူတွေက ဘေးမဖြစ်အောင် ထုတ်ရင်ထုတ်၊ မထုတ်နိုင်ရင် ဈေးကွက်ထဲက ပြန်သိမ်းရတော့မှာပါ။

ကနေဒီက ဇန္နဝါရီ ၂၀ကစပြီး ဖလူအိုရွိုက်ကို အမေရိကန်ရေဖြန့်ဖြူးရေးစနစ်တွေမှာ မထည့်တော့ဖို့ အကြံပြုသွားမယ်လို့ X မှာ ရေးသွားပါတယ်။ ဖလူအိုရွိုက်က သတ္တုအဆိပ်ဖြစ်ပြီး ကလေးတွေဉာဏ်ရည် ကျစေတယ်လို့ တချို့သုတေသီတွေက ဆိုကြပါတယ်။ အဲဒီသတင်းတွေ ထွက်လာပြီးမှ ဖက်ဒရယ်တရားသူကြီးတဦးက  EPA ကို သောက်သုံးရေမှာ ဖလူအိုရွိုက်ဖြည့်တာနဲ့ ကလေးဉာဏ်ရည်ဆက်စပ်မှုကို သုတေသနလုပ်ဖို့ အမိန့်ချလိုက်ပါတယ်။ သုတေသနဆိုတာကလည်း ပိုက်ဆံပေးတဲ့သူအကြိုက် လိုသလို ဒေတာကစားပြလို့ရတာဖြစ်လို့ သမာသမတ်ရှိတဲ့ တတိယအုပ်စုက လုပ်မှသာ စိတ်ချရမှာပါ။  

Leave a comment