နိုဝင်ဘာ ၈ ရက် ၂၀၂၄

အမှိုက်ပေါင်း ၇၄သန်းကျော်က ရွေးချယ်လိုက်တဲ့ နာဇီကြီးက ရွေးကောက်ခံရပြီး ၄၈နာရီအတွင်းမှာ စစ်တွေရပ်သွားဖို့  ကြီးမားတဲ့အရွေ့တခု ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ဟာမာ့စ်က စစ်ချက်ချင်းရပ်အောင် လုပ်ပေးဖို့ ပြောလာသလို ဟဇ်ဘိုလာကလည်း စစ်ရပ်ဖို့ ထရမ့်အနေနဲ့ အပြောနဲ့မဟုတ်ပဲ​လက်တွေ့ အမြန်ဆုံး လုပ်ပေးပါလို့ ပြောလာပါပြီ။ ဟူသီတွေက နိုင်ငံတကာရေပြင်မှာ သူတို့လုပ်နေတာက ခံစစ်သက်သက်ပါ၊ အဲဒါတွေလည်း ရပ်လိုက်ပါပြီလို့ ကြေငြာပါတယ်။ ဆော်ဒီက ဟာမာ့စ်တွေကို လက်မခံတော့ဘူးလို့ ပြောသွားပါပြီ။ ပူတင်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလေးအနက်ကို စိတ်ဝင်စားပါတယ်တဲ့။ အမှန်က ပူတင်က ဆွေးနွေးဖို့ တောင်းဆိုနေတာ ကြာပါပြီ၊ ဘိုင်ဒန်တို့ ကမလာတို့က ယူကရိန်းစစ် ကြာမှ ပြည်သူ့ကူငွေနဲ့ သူတို့အိတ်ထဲ များများဝိုက်နိုင်မှာမို့ ဆွေးနွေးဖို့ ရှောင်နေကြတာပါ။ ဇယ်လင်းစကီးကလည်း ဝေစုရတော့ ပြည်သူက လူသန်းချီ သေခဲ့ရပြီမို့ မတိုက်ချင်တော့သည့်တိုင် ပေါ်တာဆွဲပြီး အတင်းဆက်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။

မဲတွေ ရေလို့မပြီးသေးခင်မှာပဲ မက္ကဆီကိုက ထရမ့်ရဲ့ တားရစ်ဖ်ဒုတ်နဲ့ အဆော်ခံထိမှာစိုးလို့ နယ်စပ်မှာ လုံခြုံရေးတွေ တိုးချပြီး ခိုးဝင်မယ့်သူတွေ သယ်လာတဲ့ ဘတ်စ်ကြီးတွေကို နယ်စပ်ကို ရောက်မလာအောင် တားဆီးနေပါပြီ၊​ နယူးယောက်မြို့ဝန်အဲရစ်အဒမ်စ်က ခိုးဝင်တွေကို မထောက်ပံ့တော့ဘူးလို့ ကြေငြာသွားပါတယ်။ အီးယူအကြီးအကဲ အာဆူလာဗွန်ဒါလီယန်ကလည်း သဘာဝဓါတ်ငွေ့ကို ရုရှားက မဝယ်ရအောင် ထရမ့်က ရောင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ စတိဖ်မက်ဒန်ဆိုတဲ့ ဖိနပ်ကုမ္ပဏီကြီးကလည်း တရုပ်မှာ ထုတ်လုပ်တာတွေလျော့ပြီး ပြည်တွင်းမှာ ထုတ်လုပ်မယ် ပြောလာပါပြီ။ စတော့မားကက်နဲ့ ခရစ်ပ်တိုငွေကြေးတွေလည်း တက်ပြီးရင်းတက်ပါပဲ။

ကမလာက မဲဆွယ်ပွဲမှာ ဂျူးတွေအတွက်ပြောရင် ဂျူးတွေဘက်က ဘယ်လိုစာနာကြောင်း၊ ဘယ်လိုထောက်ခံကြောင်း ပြောသလို အာရပ်မူဆလင် များတဲ့နေရာတွဗက မဲဆွယ်ပွဲတွေမှာကျတော့ ဂါဇာကလူတွေကို ဘယ်လို စာနာ နားလည် ထောက်ခံကြောင်း စသဖြင့် ခေါင်းဆောင်မပီသစွာ တဖက်ကို တမျိုးပြောခဲ့တာပါ။ ဝင်ထိန်းနိုင်တဲ့ တခုတည်းသောနိုင်ငံက ခေါင်းဆောင်ကလည်း ဩဇာမရှိ (သို့) စစ်သက်ရှည်တာကနေ အမြတ်ထွက်နေလေတော့ ဝင်မစေ့စပ်ပေးတဲ့အတွက် မလိုအပ်ပဲ​ နှစ်ဖက်သေကြေ ကြရတာပါ။ ထရမ့်က အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ခဲ့ဖူးသူ ဖြစ်တော့ အာရပ်မူဆလင်တွေရော ဂျူးတွေပါ ထရမ့်အပေါ် ယုံကြည်အားကိုးကြပုံ ရပါတယ်။

အရင်တခါက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးစာချုပ်တွေချုပ်တာကို ထရမ့်သမီးကြီး အီဗန်ကာရဲ့ ဂျူးခင်ပွန်း ဂျယ်ရက် ကုရှ်နာက ဝင်စေ့စပ်ပေးခဲ့သလို ခုတကြိမ်မှာတော့ ထရမ့်သမီးငယ် တစ်ဖနေရဲ့ ယောက္ခမ လက်ဘနွန်နိုင်ငံဖွား မာဆက်ဘိုလိုစ်က အမေရိကန်ရောက် အာရပ်မူဆလင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက်မှာ အာရပ်မူဆလင်တွေက ထရမ့်ကို အန်ဒေါ့စ်လုပ်ခဲ့တာဖြစ်ပါတယ်။

ထရမ့်က ၂၀၁၆တုန်းကလို ဝါရှင်တန်မှာ အစိမ်းသက်သက် မဟုတ်တော့တဲ့အတွက် အခုတခါမှာတော့ အာဏာလွှဲပြောင်းတာနဲ့ အစိုးရအဖွဲ့ဝင်တွေ ရွေးချယ်တာတွေမှာ သူ့ရဲ့ ပေါ်လစီတွေအတိုင်း အကောင်အထည်ဖော်မယ့်သူတွေနဲ့သာ ဖွဲ့စည်းသွားဖို့ မာရာလေဂိုမှာ တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားနေကြပါတယ်။ ဒီတကြိမ်မှာတော့ ဝါရင့်ရီပါဘလစ်ကန်များက လွှဲပြောင်းမှုကို ဦးဆောင်သွားမှာဖြစ်ပါတယ်။

ထရမ့်အစိုးရအဖွဲ့အတွက် ပထမဆုံး ကြေငြာခဲ့တာက ဝန်ထမ်းချုပ်ရာထူးအတွက် ထရမ့်ကမ်ပိန်း ၃ခုလုံးမှာ ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့တဲ့ ဆူဇီဝိုင်းလ်စ်ကို ခန့်အပ်ဖို့ ဖြစ်ပါတယ်။ ဆူဇီက တော်တယ်၊ ကြံရည်ဖန်ရည်ရှိတယ်၊ မဖြစ်မနေ ဇွဲနပဲနဲ့ လုပ်တတ်တယ်၊ ထင်ပေါ်ဖို့ထက် အလုပ်အောင်ဖို့ကို ပိုအလေးထားတယ်၊ အဲဒါတွေကြောင့် လူတိုင်းက သူ့ကို လေးစားကြတယ်၊ သူက အမေရိကကို ဂရိတ်ပြန်ဖြစ်ဖို့ မနားမနေ လုပ်ဆောင်သွားလိမ့်မယ်၊ သူဟာ ပထမဆုံး အမျိုးသမီး ဝန်ထမ်းချုပ်လည်း ဖြစ်လာလိမ့်မယ်၊ သူက ငါတို့နိုင်ငံကို ဂုဏ်ယူဖွယ်ဖြစ်အောင် လုပ်သွားမှာ သံသယလုံးဝမရှိဘူးလို့ ထရမ့်က ချီးမွမ်းသွားပါတယ်။

ထရမ့်ကို မရှိတဲ့အပြစ်တွေအပေါ် အမှုဆင်ထားတာကို  ပြစ်ဒဏ်ချဖို့ ဆက်လုပ်သွားမယ်ဆိုတဲ့ နယူးယောက်အေဂျီ လာတီရှာဂျိမ်းစ်ကို ထရမ့်နဲ့ခင်ပြီး ထရမ့်အစိုးရရှေ့နေချုပ်ဖြစ်လာနိုင်ခြေရှိနေတဲ့ မိုက်ခ်ဒေးဗစ်စ်က အရွေးကောက်ခံသမ္မတထရမ့်နဲ့ တခြားအမေရိကန်တွေရဲ့ ခြေ/ဥပါအခွင့်အရေး တွေကို မချိုးဖောက်ခင် သေသေချာချာ စဥ်းစားပါ၊ ဒီတခါ ငါတို့က ငြိမ်နေတော့မှာမဟုတ်ဘူး၊  ပြည်သူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ထောင်ထဲပို့ပစ်မယ်လို့ ကျိန်းသွားပါတယ်။ ဒီနှစ်အစောပိုင်းက ထရမ့်က အတိုးသက်သာအောင် သူ့ပိုင်ဆိုင်မှုတွေကို ဘီလီယံနဲ့ချီပိုပြပြီး ငွေချေးခဲ့တယ်ဆိုတဲ့ ၄၅၄သန်းတန်အမှုနဲ့ တရားစွဲခဲ့တာမှာ လာတီးရှာတို့ နိုင်သွားပါတယ်။ ဒီကိစ္စက ဘဏ်ကရာဖြတ်တွေက ကျေနပ်လို့ ချေးပြီး၊ ပြန်ဆပ်ပြီးနေတာကို အစပြန်ဖော်ပြီး နိုင်ငံရေးတိုက်ခိုက်မှုပြုလုပ်ဖို့ အာဏာကို အလွဲသုံးစားလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ရကပမှာ ကမလာကမ်ပိန်းက ၁.၀၉ဘီလီယံကျော် အလှူငွေရခဲ့ပြီး ထရမ့်ကမ်ပိန်းက သန်း၄၀၀နီးပါးပဲ ရခဲ့ပါတယ်။ ဇူလိုင်လလောက်အထိ ဘိုင်ဒန်က သန်း၃၀၀လောက်ပဲရနေတာကနေ ကမလာနဲ့ အစားထိုးပြီးမှ ၁ဘီလီယံကျော်သွားတာပါ။ ထရမ့်ကတော့ လုပ်ကြံမှုမတိုင်မီက သန်း ၂၀၀စွန်းစွန်း ကနေ သေနတ်ပစ်ခံရပြီးမှ သန်း၄၀၀လောက် ရောက်သွားတာပါ။ သုံးတာကတော့ ထရမ့်ကမ်ပိန်းက သန်း ၃၆၀သာသာပေမယ့် ကမလာကမ်ပိန်းက ၁ဘီလီယံကျော်လုံး ကုန်တဲ့အပြင် သန်း၂၀ပါ အကြွေးတင်သွားခဲ့ပါတယ်။ ကမလာက အောက်တိုဘာ၁၆အထိ လက်ထဲမှာ ၁၁၈သန်း ကျန်သေးရာက ၂ပတ်သာသာအတွင်း သန်း ၂၀ကြွေးတင်ရတဲ့ အကြောင်းက ဆွင်းစတိတ်တွေမှာ လူလာအောင် ထည့်ရတဲ့ ကွန်ဆာ့တ်တွေကြောင့်ဖြစ်ပါတယ်။ တပွဲကို ၁၅သန်း သန်း၂၀မကကုန်တဲ့ အဆိုတော်ဖျော်ဖြေပွဲတွေသာ မပါရင် ကမလာ့ပွဲတွေက လူလာမှာမဟုတ်တော့လည်း ထည့်ရတာပါပဲ။ နောက်ဆုံးအချိန်မှ ကပ်လုပ်ရင် ကုန်ကျစားရိတ်က ၂ဆလောက် တက်သွားတယ်လို့ ဆိုပါတယ်။

သမ္မတရကပကမ်ပိန်းတွေမှာ အလှူရတာတွေကိုကြည့်ရင် ဘိုင်ဒန် (၂၀၂၀)က ၁.၀၂၈ဘီလီယံ၊ ကမလာ (၂၀၂၄)က ၁.၀၀၉ဘီလီယံ၊ အိုဘမ (၂၀၀၈)က ၉၀၈သန်း၊ အိုဘမ (၂၀၁၂)က ၈၀၄သန်း၊ ထရမ့် (၂၀၂၀)က ၆၄၉.၅သန်း၊ ကလင်တန် (၂၀၁၆)က ၅၈၄.၈၅သန်း၊ ရွမ်မ်နေ (၂၀၁၂)က ၅၁၂.၅သန်း၊ မက်ကိန်း (၂၀၀၈)က ၅၀၇ သန်း၊ ထရမ့် (၂၀၂၄)က ၃၉၁.၉သန်း၊ ထရမ့်(၂၀၁၆)က ၂၉၀.၆သန်းတို့ ဖြစ်ပါတယ်။ ထရမ့်ရတဲ့ အလှုငွေအများစုက ၁၀၀၊ ၂၀၀အောက် လှူကြသူတွေဖြစ်ပြီး ကမလာရတဲ့ငွေ အများစုက ကော်ပိုရီတ်ဘီလျံနာကြီးတွေဆီက ဖြစ်ပါတယ်။ အဲဒါကိုကြည့်ရင် ထရမ့်က သူဌေးမို့ သုံးနိုင်လို့ နိုင်တာလား၊ ပြည်သူ့အကျိုးအတွက် ပြည်သူရင်ထဲ ထိအောင်ပြောနိုင်လို့ နိုင်တာလားဆိုတာ သိနိုင်ပါတယ်။

ထရမ့်၄၇က တိုင်းပြည်ထဲမှာ ကမလာတို့ ခိုးသွင်းလာသူတွေ ၂၁သန်းလောက်အထိ ရောက်နေတယ်လို့ ယုံကြည်ကြောင်း၊ အဲဒီထဲက ဒီမှာရှိမနေသင့်တဲ့ ၁၁သန်းလောက်ကို ပြန်ပို့မှာဖြစ်ကြောင်း၊ ခိုးဝင်တွေက ပြည်သူတွေကို သတ်လာ၊ ဒုက္ခပေးလာကြတဲ့အခါ၊ မူးယစ်ရာဇာတွေက တိုင်းပြည်တွေကို ဖျက်ဆီးလာတဲ့အခါ၊ အဲဒီလူတွေကို ဘယ်လာက်ပဲကုန်ကုန် ပြန်ကိုပို့မယ်လို့ ပြောသွားပါတယ်။ နယ်ခြားတံတိုင်းနဲ့ နယ်စပ်ကို ကောင်းအောင် အင်အားရှိအောင်လုပ်ကိုလုပ်ရမယ်။ ငါက တိုင်းပြည်ကို လူတွေလာစေချင်ပါတယ်၊ ဒါပေမယ့် တရားဝင်လမ်းကြောင်းတွေကနေ လာတာမျိုးကိုပဲ ကြိုဆိုပါတယ်လို့ ပြောသွားပါတယ်။

အားလုံးကို သတိထားဖတ်စေချင်တာက ထရမ့်က တိုင်းပြည်ထဲကို လူမလာစေချင်တာ မဟုတ်ဘူးလို့ သေချာပြောသွားသလို တရားဝင်နည်းလမ်းနဲ့ လာရောက်သူတွေကို ပြန်ပို့မယ်လို့ မပြောသွားပါဘူး။ လာရင် တရားဝင်လာပါ၊ ရောက်လာရင် ဥပဒေမချိုးဖောက်ပဲ တိုင်းပြည်ကို အခွန်/လုပ်အားနဲ့ အကျိုးပြုပါ။ အဲဒါဆိုရင် အိုခေပါတယ်။ မမှန်သတင်းတွေ၊ အလိမ်တွေ၊ အမုန်းမှိုင်းတွေကို မယုံကြပါနဲ့။

Leave a comment