ရဲတွေ အိမ်ကိုဝင်စီးတုန်းက ဘေဘီအွိုင်းတွေ လူဘရီကန့်ဗူးတွေ ရာနဲ့ချီတွေ့ရတဲ့ ဒစ်ဒီအပေါ် နောက်ဆုံးစွဲချက်က ၁၃နှစ်သမီးလေးကို နောက်ဆယ်လီတယောက်နဲ့အတူ နောက်ဆယ်လီမ တဦးရှေ့မှာ မုဒိမ်းကျင့်ကြတာဖြစ်ပါတယ်။ ဒစ်ဒီအပေါ် စွဲချက်တွေ ပြင်းထန်လာတာနဲ့အမျှ ဒစ်ဒီကလည်း သူနဲ့အတူ အိပ်ခဲ့ ဆိုးခဲ့ကြဖူးတဲ့ ဆယ်လီတွေပုံ ပြန်ဖြန့်ပါတယ်။ အိပ်ယာထဲကပုံတွေပါပေါ့၊ ကမလာနဲ့ အတွဲခုတ်တာတောင် ပါလိုက်သေး။ အိုဘမကြီးက သူ့ကို မွှန်းနေတဲ့ ဗီဒီယိုလည်း ပါတာပဲ။ ဒစ်ဒီက ထင်သလိုကြဲနေခဲ့တာ ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူး။
၁၉၉၁တုန်းကဆို စီးတီးကောလိပ်မှာ သူစီစဥ်တဲ့ ပွဲတခုမှာ လူအုပ်ကြီးနင်းမိလို့ လူ ၉ယောက်သေပါတယ်။ လူအရမ်းများလို့ ဒါမျိုးတွေဖြစ်နိုင်တာကို ကြိုသတိပေးထားပါလျက်နဲ့ ဒီလောက်လူအများကြီးသေတာဆိုတော့ ပွဲစီစဥ်သူအနေနဲ့ ဒစ်ဒီမှာ ပြဿနာအများကြီးတက်ပြီး လုပ်စားလို့မရတော့အောင်ကို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ အေးဆေးပါ။ အဲဒီလို လုပ်ချင်တိုင်းလုပ် ထင်သလိုနေတဲ့ဒစ်ဒီဟာ ဘယ်လိုအကြောင်းကြောင့် လုပ်သမျှအပြစ်လွတ်နေသလဲ ဘယ်လောက်တောင် ပါဝါရှိနေသလဲ၊ ဘယ်လိုတွေ ပါဝါရှိလာတာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
ဒစ်ဒီဟာ ရက်ပါတဦးပါ၊ သိပ်ကောင်းသလားဆိုရင် မဆိုးဘူးဆိုရုံပါပဲ။ တူပက်တို့လို မျိုးဆက်တခုလုံးကို ဩဇာလွှမ်းနိုင်သူမဟုတ်သလို ဒေါက်တာဒရေးလိုလည်း သူ့စည်းချက်တွေနဲ့ ဂီတအမျိုးအစားသစ်တခု ထူတောင်နိုင်သူမဟုတ်ပါဘူး။ ဒါပေမယ့် သူ့ထက်အများကြီးတော်သူ တွေထက် ငွေကို ရေလိုသုံးနိုင် ထင်တိုင်းကြဲနိုင်တာက သူ့နောက်က ကလိုက်ဖ်ဒေးဗစ်စ်ကြောင့်ပါ။
ကလိုက်ဖ်ကို သာမာန်ပြည်သူတွေမသိကြပေမယ့် ဂီတလောကမှာတော့ ဆရာကြီးပါ။ ဟောလီဝုဒ်မှာ အိုဘမတို့ ကလင်တန်တို့ သိပ်ချစ်ပြီး အိုပရာက ကောင်မလေးတွေ ပို့ပေးနေရတဲ့ လိင်မုဆိုး ဟာဗေဝိုင်းစတိုင်းဆီ အသုံးတော်ခံပြီးမှ ရုပ်ရှင်လောကထဲ ရောက်ရသလိုပဲ ဂီတလောကမှာလည်း ကလိုက်ဖ်ဒေးဗစ်စ်ဆီကို ဖြတ်ပြီး သူသဘောကျမှ ဒီလောကမှာ ကျက်စားဖို့ အခွင့်ရကြပါတယ်။ ကလိုက်ဖ်က အခုအသက် ၉၂ရှိပြီဖြစ်ပြီး သူ့သမိုင်းက လာဘ်ပေးလာဘ်ယူမှု၊ ရာဇဝတ်မှု၊ အမြတ်ထုတ်မှုတို့ အပြည့်ပါပဲ။ ရေးပေးကြသူတွေက ဖုံးဖိဖာဖောပေးကြလို့သာ လူမသိတာပါ၊ ကမလာတို့လိုပေါ့။
ဒစ်ဒီက မူမရှိတဲ့သူဆိုတော့ ကလိုက်ဖ်ပုံသွင်းသလိုရမယ်၊ သူကလည်း ဒီလိုနေရာမျိုး သိပ်လိုချင်တယ်၊ ကလိုက်ဖ်ကို လွန်ဆန်ရလောက်အောင်လည်း ထက်မြက်သူမဟုတ်၊ ကလိုက်ဖ်ကသာ နေရာပေးလိုက်ရင် သူ့ကို ဘုရားတဆူလို ကိုးကွယ်မယ်ဆိုတာ ခန့်မှန်းမိလို့ သူ့ရဲ့ ရုပ်ပြအဖြစ် ရွေးချယ်ခဲ့တာပါ။
ကလိုက်ဖ်အကြောင်း ပြောမယ်ဆိုရင် ၁၉၇၀နှစ်တွေအစောပိုင်းက စီဘီအက်စ်ရက်ကော့ရဲ့ ဥက္ကဋ္ဌ လုပ်တုန်းက ဒရူကိုးလားဆိုတဲ့ အရှုပ်တော်ပုံအကြောင်း ထည့်ပြောမှရပါမယ်။ သီချင်းထုတ်လုပ်တဲ့ ရက်ကော့ကုမ္ပဏီတွေက ရေဒီယိုစတေရှင်တွေက ဒီဂျေတွေကို သူတို့သီချင်းတွေ များများပလေးပေးဖို့ လာဘ်ထိုးကြပါတယ်။ များများလွှင့်၊ လူများများ အကြိမ်များများကြားမှ အဲဒီသီချင်းက တကယ်ပေါက်တာလို့ ထင်အောင်လို့ပါ။ ဒရူကိုးလာက လာဘ်ထဲမှာ ဟီးရိုးအင်းတွေ ကိုကင်းတွေပါ ထည့်လာပါတယ်။ မာဖီးယားတွေနဲ့ ပတ်သက်နေတဲ့ အဲဒီမူးယစ်ဆေးကိစ္စတွေနဲ့ ဆက်နွယ်ပြီး စီဘီအက်စ်က လူကြီးတဦးဖြစ်တဲ့ ဒေးဗစ်ဝင်းရှောကို ဖမ်းဆီးလိုက်တဲ့အခါကျမှ အခုလိုလုပ်နေတာတွေ ပေါ်သွားတာပါ။
ဝင်းရှောက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဖော်ထုတ်ခဲ့တာမှာ ကိုလံဘီယာက လူမည်းပရိသတ်ကို အဓိကထားတဲ့ ရေဒီယိုစတေရှင်တွေမှာ ကိုလံဘီယာက လွှင့်စေချင်တဲ့ အဆိုတော်/သီချင်းလွှင့်ပေးဖို့ ၂သိန်းခွဲ လာဘ်ထိုးတာ ပေါ်သွားပါတယ်။ လာဘ်ထိုးတာ ရိုးရိုးမဟုတ်ပဲ ကော်ပိုရိတ်အကျိုးစီးပွားနဲ့ ရာဇဝတ်လုပ်ငန်းတွေ ပေါင်းလုပ်နေကြတဲ့ ကွန်ယက်အကြီးစားကြီးကို ဒေးဗစ်က ကိုင်ထားတာ ဖွင့်ပြလိုက်သလိုပါပဲ။
အဲဒီအမှုက အသေးစိတ်အချက်အလက်တွေ ပေါ်ထွက်လာတာနဲ့အမျှ ချိတ်ဆက်လှုပ်ရှားနေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဒေးဗစ်စ်တို့ဘယ်လောက်နီးစပ်နေသလဲဆိုတာ ထင်ရှားလာပါတယ်။ ဝင်းရှောရဲ့ အစစ်ခံချက်ထဲမှာ ရေဒီယိုပရိုမိုးရှင်းတွေလုပ်တာမှာ ပါဝါရှိတဲ့ ကာလ်ရုဒ်မန်ကို အပတ်စဥ် ခွံ့နေရတယ်လို့ ဖော်ပြထားပါတယ်။ ဒေးဗစ်ကိုယ်တိုင်ကလည်း ကုမ္ပဏီငွေ ၉၄၀၀၀ကျော်ကို ကိုယ်ကျိုးသုံးထားတယ်လို့ စွပ်စွဲခံနေရပါတယ်။
ဒေးဗစ်နဲ့ ဂျီနိုဗိစ်ရာဇဝတ်မိသားစုက ဂီတနဲ့ မာဖီးယားလောကတွေ ဒွေးရောယှက်တင်ဖြစ်နေတဲ့ ပြယုဂ်ပါပဲ၊ ဒေးဗစ်က သူ့ရဲ့ ငွေမဲတွေကို အမည်ခံကုမ္ပဏီတွေကနေတဆင့် ခြေရာဖျောက်ပြီး ငွေဖြူဖွတ်တာပါ။ ဒါပေမယ့် ဒေးဗစ်က တသက်လုံး တရက်မှ ထောင်ထဲ မဝင်ခဲ့ရပါဘူး။ အီလိတွေဟာ သူတို့အတွက် သီးသန့်စည်းမျဥ်းရှိတယ်ဆိုတာထက် သူတို့က စည်းမျဥ်းရေးဆွဲသူတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။
၁၉၉၃မှာ ဒေးဗစ်က ဟစ်ဟော့စတား ဒစ်ဒီဖြစ်လာမယ့် အသက် ၂၄နှစ်ရှိ ရှောန်ပပ်ဖ်ဒက်ဒီကုမ့်ဘ်စ်ကို သူ့လက်အောက်ကို ခေါ်ထားလိုက်ပြီး ဘက်ဒ်ဘွိုင်းရက်ကော့ဒ်ကို တည်ထောင်ပေးခဲ့ပါတယ်။ ဒစ်ဒီက သူ့ကို ဒီနေရာတင်ပေးခဲ့တဲ့ သူ့ဒက်ဒီကို မမေ့မလျော့ အမြဲ ကျေးဇူးတင်ကြောင်း ချစ်ရကြောင်းတွေ ပြောလေ့ရှိပါတယ်၊ ကြွားတာထက် ဝန်ခံတာမျိုးပါ။ ဒေးဗစ်သာ ငွေလုံးငွေရင်း အဆက်အသွယ်နဲ့ ဘက်ဘွိုင်းထောင်ပြီး လမ်းကြောင်းပေါ် မတင်ပေးခဲ့ရင် ဒစ်ဒီဖြစ်လာမှာ မဟုတ်ဘူးလေ။
ဒစ်ဒီရဲ့ အောင်မြင်မှုမှာလည်း အထစ်အငေါ့လေးတွေ ရှိခဲ့တာပါပဲ၊ တီအယ်လ်စီက လီဆာ (လက်ဝဲမျက်စေ့)လုပ်စ်တို့အုပ်စုက တဟုန်ထိုးကျော်ကြားသွားခဲ့ပြီး နောက်ဆုံး ဒေဝါလီခံသွားရပါတယ်၊။ ဒေးဗစ်စ်က သူတို့ဝင်ငွေတွေကို ခြူယူနေတာကြောင့်လဲ ပါတာပေါ့။
စကားပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ လုပ်ပ်စ်ဟာ ဒေးဗစ်လုပ်ရပ်တွေကို မျက်နှာချင်းဆိုင်ရှင်းပြီး သူမရှယ်ယာကို တောင်းဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် သူဘာမှ မလှုပ်ရသေးခင် ဒစ်ဒီက ဒေးဗစ်ကို သူမရဲ့ပလန်အကြောင်း လက်ထောက်ချလိုက်တယ်လို့ ဆိုကြပါတယ်။ မကြာမီမှာပဲ လီဆာက ဟွန်ဒူးရပ်စ်မှာ ကားတိုက်သေဆုံးခဲ့ပါတယ်။ ပေါက်ရောက်သူတွေနဲ့ ပတ်သက်နေတဲ့အမှုဖြစ်တော့ ထုံးစံအတိုင်း မတော်တဆမှုလို့ပဲ သတ်မှတ်အမှုပိတ်ခဲ့ပါတယ်။ ပေါက်ရောက်သူတွေကို သွားချဲရင် ဘာဖြစ်မယ်ဆိုတာ သင်ခန်းစာပေးလိုက်သလိုပါပဲ။
လီဆာအမှုလိုပဲ၊ ဒစ်ဒီရဲ့ စီးတိးကောလိပ်ပွဲ လူသေမှုတွေ ဖြစ်ခဲ့ပေမယ့် ဒစ်ဒီရော ဒေးဗစ်စ်ပါ ဘာဆိုဘာမှ အမှုမပတ်ခဲ့ပါဘူး၊ တရားခံမပေါ် (ပေါ်အောင်မစစ်)တဲ့ တူပက်နဲ့ ဘီအိုင်ဂျီတို့ရဲ့ လူသတ်မှုတွေလည်း အဲဒီလိုပါပဲ။ အဲမီနမ်ကတောင် သူ့ရဲ့ လောင်စာဆိုတဲ့သီချင်းမှာ ဟစ်ဟော့ထိပ်သီးတွေကို သတ်တဲ့လူသတ်မှုတွေကို ဒစ်ဒီနဲ့ ပတ်သက်နေသလို ထည့်ဆိုလိုက်ပါသေးတယ်။ ပေါ်တင်ပြောရင် သူသည်လည်း မပြန်လမ်း ရောက်သွားနိုင်တာကိုး။ အရင်သီချင်း ကေးလ်ရှော့မှာထဲက တူပက်သေတာမှာ ဒစ်ဒီလက်ချက် မကင်းကြောင်း အရိပ်အမြွက် ထည့်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း ဘစ်ဂီရဲ့ လူသတ်မှုက ဒစ်ဒီနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့သဘော ပြောသွားပါတယ်။ ရက်ပ်လောကရဲ့ ထိပ်ဆုံးက ၂ယောက်ကို ရှင်းနိုင်လိုက်ပြီဆိုတော့ ဒစ်ဒီအတွက် အောင်မြင်မှုလမ်းက ဖြူးသွားပြီလေ။ ကဲ ဒေးဗစ်စ်ခင်းပေးတဲ့လမ်းက မဟန်လား။
ဒေးဗစ်စ်က ဝှစ်တ်နီဟူစတန်ဟာ သူ့သမီးလိုပါပဲလို့ လူရှေ့မှာ ပြောပြောနေပေမယ့် ဝှစ်နီက ဒေးဗစ်စ်ပါတီလုပ်နေတဲ့ဟိုတယ်ရဲ့ အပေါ်ထပ်မှာ သေနေတာကို ဘာမှမဖြစ်သလို နေခဲ့ပါတယ်။ တခြားအနုပညာသည်တွေလိုပဲ ဟူစတန်က ဒေးဗစ်ရဲ့ ကစားကွက်တွေထဲမှာ နယ်ရုပ်ကလေးတခု ဖြစ်ခဲ့ရတာပါ၊ အသုံးမလိုတော့ဘူးဆိုတော့လည်း ညောင်းရတော့တာပေါ့။ ဒေးဗစ်စ်က ဘာလို့ ဒီလောက် ဥပဒေလွတ်နေရတာလဲဆိုတော့ သူက အစိုးရသတင်းပေးဖြစ်နေလို့လို့ ထင်ပါတယ်။ တခြား ဘာအကြောင်းများ ရှိသေးလို့လဲ။
ဒေးဗစ်စ်နဲ့ ဒစ်ဒီတို့အကြောင်းက ဂီတလောကရဲ့ ရုပ်အဆိုးဆုံး အမှန်တရားတွေကို ဖော်ပြနေသလိုပါပဲ။ အနုပညာအရည်အသွေး၊ စန်းတို့ထက် ပါဝါနဲ့ ကွန်ထရိုးလ်၊ ကလိန်ဉာဏ်နဲ့ အဖျက်ကြံတွေက ပိုအလေးသာနေတာပါ။ ဒစ်ဒီက ဘာမှ ထူးနေ တော်နေသူမဟုတ်ပါဘူး၊ အလိုက်သိ၊ အပိုးကျိုးတဲ့ အနားပြာဖြစ်တာနဲ့တင် ဒီလောက်နာမည်ကြီး ဩဇာကြီး အောင်မြင်လာစရာမှမရှိတာ။ လီဆာလုပ်စ်တို့ ဝှစ်တနီဟူစတန်တို့က အကြွေစောတဲ့ကြယ်တွေသက်သက်တင် မဟုတ်ပါဘူး၊ သူတို့က လမ်းကြောင်းဆိုးတခုမှာ ကျွဲကူးရေပါ ပါသွားတဲ့သူတွေပါ။ ဒစ်ဒီက မကောင်းဆိုးဝါးပါပဲ၊ ဒါပေမယ့် သူ့ကို အသက်သွင်းပေးလိုက်တာက ကလိုက်ဖ်ဒေးဗစ်စ်ဆိုတာ မမေ့ပါနဲ့။
ကလိုက်ဖ်ဒေးဗစ်စ်ဘာကြောင့် လုပ်သမျှအပြစ်လွတ်နေတာလဲ ဆိုတာကိုမူရင်းဆောင်းပါးရှင်ဖြစ်တဲ့ ဘလေ့ဇ်မီဒီယာက ဂျွန်မက်ခ်ဂီလီယွန်က အစိုးရသတင်းပေးမို့လို့ပါလို့ သုံးသပ်ပါတယ်။ အားလုံးရဲ့ဒတ်တီးစီးကရက်တွေကို ကိုင်ထားပြီး လိုသလိုကစားဖို့ လက်မဲက မွေးထားတာလည်း ဖြစ်နိုင်တာပါပဲ။
ဒီမိုကရက်ပါတီ ထိပ်ပိုင်းကလည်း ဒစ်ဒီတို့လို မာဖီးယားတွေလိုပါပဲ၊ ခန့်လိုက်သမျှဟာ မျိုးနဲ့ရိုးနဲ့ (သို့) နှစ်ပေါင်းများစွာ အတွင်းစည်းထဲကို အဆင့်ဆင့် ရောက်လာကြတာဖြစ်လို့ တယောက်အမြှီးတယောက်နင်းပြီး သစ္စာရှိပြနေရတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။ ကမလာထက် အများကြီးနိုင်ခြေရှိတဲ့လူ၊ ထက်မြက်တဲ့လူတွေကိုကျော်ပြီး ကမလာကို ရွေးခဲ့တာဟာ ပြန်မလှန်မယ့် အတွင်းစည်းကလူ ဖြစ်လို့ပါပဲ။ ဘိုရွှေ မအလကို ရွေးခဲ့တာလည်း အဲဒီလိုပဲ နေမှာပေါ့။ ဒီလိုရွေးတာကို၌က လူထုရဲ့ရွေးချယ်မှုမဟုတ်တော့ လူထုကိုလည်း ကိုယ်စားမပြု၊ ဒီမိုကရေစီနဲ့လည်း ဆန့်ကျင်နေပြီလေ။