မနေ့ညအထိ ပြည်နယ် ၁၀ခုက အောက်လွှတ်တော်အမတ်နေရာ ၂၀အတွက် ဘယ်သူ့ကိုမှ အနိုင်လို့ မကြေငြာသေးပါဘူး။ ရေတွက်မှုတွေ မပြီးဆုံးသေးပေမယ့် လက်ရှိအနေအထားအတိုင်း ဆက်သွားမယ်ဆိုရင် ရီပါဘလစ်ကန်တွေက ၂၂၄အထိ ရလာနိုင်ပြီး ဒီမိုကရက်တွေက ၂၁၁အထိ ရလာနိုင်ပါတယ်။ ၂၁၈ ရရင် အများစုဖြစ်ပြီဆိုပေမယ့် ရိုင်နိုတွေရှိတဲ့အတွက် များမှ စိတ်ချရမှာပါ။ ရကပညကနေ ၆ညအထိ ရေလို့မပြီးသေးဘူးဆိုတာက သွေးရိုးသားရိုးမဟုတ်နိုင်တော့ မျှမျှတတ စောင့်ကြည့်သူတွေ ရှိပါစေလို့ပဲ မျှော်လင့်ပါတယ်။ ဒီမိုကရက်တွေက လွှတ်တော်မှာ မာဂါအင်အား တတ်နိုင်သမျှ မများအောင် အသေအလဲ ကြိုးစားဦးမှာပါ။
ဆီးနိတ်မှာ လာမယ့်လွှတ်တော်သက်တမ်းအတွက် ရီပါဘလစ်ကန်လူများစုခေါင်းဆောင် ရွေးချယ်ဖို့ကို ပြည်သူက လတ်လတ်ဆတ်ဆတ် ရွေးချယ်လိုက်တဲ့ ဆီနိတ်တာတွေ ဝင်လာတဲ့အထိမစောင့်ပဲ နီယိုကွန် မက်ဒေါနဲနဲ့ ထရမ့်ကိုမုန်းတဲ့ဂျွန်သုန်းတို့က ဗုဒ္ဓဟူးနေ့မှာ လုပ်သွားမှာပါ။ ဆီနိတ်တာတွေ လျို့ဝှက်မဲနဲ့ ရွေးရမှာဖြစ်ပြီး ဂျွန်သုန်းက ထရမ့်ကို ဝင်မပါဖို့ ပြောထားပါတယ်။ ထရမ့်က ပြိုင်မယ့်သူတိုင်းဟာ ဆီးနိတ်ရဲ့ ရုံးနားတဲ့ ကာလတွေမှာတောင် အစိုးရသစ်ရာထူးတွေအတွက် အတည်ပြုဖို့လိုလာရင် ပြန်လာပြီး အတည်ပြုပေးဖို့ သဘောတူရမယ်လို့ ဆိုပါတယ်။ အရင်တခါက ရိုင်နိုတွေကြောင့် ထရမ့်အစိုးရအဖွဲ့ရာထူးနေရာတွေကို အတည်ပြုဖို့ ၂နှစ်လောက် ကြာခဲ့ပါတယ်။ အဲတာမျိုးထပ်မဖြစ်ပဲ ထရမ့်ရဲ့ မာဂါအာဂျင်ဒါတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဖျက်မြင်းမဟုတ်တဲ့သူတွေ ဦးဆောင်မှုအပိုင်းမှာ ရောက်နေဖို့ လိုပါတယ်။
ပြိုင်မယ့်၃ဦးမှာ ၂ဦးက ထရမ့်ကို မုန်းသူတွေဖြစ်ပြီး ထရမ့်နဲ့ သဘောတူတာက ဖလော်ရီဒါဆီနိတ်တာ ရစ်ခ်စကော့တဦးပါပဲ။ ရခ်က ရှေ့နေ၊ စီးပွားရေးသမား ဘဝကလာတဲ့ နိုင်ငံရေးသမားဖြစ်ပြီး ဒီဆန်းတစ်မတိုင်ခင်က ဖလော်ရီဒါ ဂါဗာနာ ဖြစ်ခဲ့သူပါ။ ဆီနိတ်တာ ဂျွန်ဆင်က စကော့ကို ထောက်ခံပါတယ်။ စကော့ကို မဲပေးစေချင်ရင် ကိုယ့်ပြည်နယ်ရဲ့ ရီပါဘလစ်ကန်ဆီနိတ်တာဆီ ဖုံးခေါ်ပြီး စကော့ကို ထောက်ခံကြောင်း စာထုတ်ပေးဖို့ တောင်းဆိုကြပါ။ တနင်္လာ၊ အင်္ဂါ ၂ရက်ပဲ ရပါတော့တယ်။ ဘယ်ကိုဖုံးခေါ်/ ဘာပြောရမယ်ဆိုတာ မသိရင် လာမေးပါ။
ဘိုင်ဒန်ရဲ့ စပယ်ရှယ်ပရိုဆီကျူတာဂျက်စမစ်သ်က ထရမ့်အပေါ် စွဲဆိုထားတဲ့ ဂျန်၆နဲ့ အိမ်ဖြူက စာရွက်စာတမ်းအမှုတွေကို ပိတ်သိမ်းပေးဖို့ များတယ်လို့ ဆိုပါတယ်။ ဂျင်မ်ဂျော်ဒန်နဲဘယ်ရီ လောက်ဒါမစ်လ်ခ်တို့က အဲဒီအမှုနဲ့ ပတ်သက်သမျှကို မဖျက်ဆီးပစ်ပဲ ဒီတိုင်းထားဖို့ စမစ်သ်ဆီ စာပို့ထားပါတယ်။ ဂျက်စမစ်သ်ရဲ့ စွဲဆိုချက်တွေက ခြေ/ဥနဲ့ဆန့်ကျင်နေပြီး နိုင်ငံရေးလုပ်ကြံမှု ဖြစ်တာကြောင့် ဒီအမှုကို ဆက်ထားရင် သူတို့အပေါ်အမှုပြန်ပတ်မှာဖြစ်ပါတယ်။
လုပ်ကြံမယ့်သူတွေ ခြုံတွေထဲမှာ ပုန်းနေနိုင်တာကို ဖော်ထုတ်ဖို့ ထရမ့်က မာရာလေဂိုခြံဝန်းကြီးထဲမှာ စက်ရုပ်ခွေးတွေ အစောင့်ချထားလိုက်ပါတယ်။ ဒါလည်း အီလွန့်အကြံဖြစ်နိုင်ပါတယ်။
ရမ့်ရဲ့ အစိုးရသစ်မှာ နစ်ကီဟေလီ၊ ပွန်ပေယိုတို့ ပြန်ပါမှာမဟုတ်တော့ပဲ ယူအန်သံအမတ်အဖြစ် တစ်ပြေးနေသူက အောက်လွှတ်တော် GOP ကွန်ဖရန့်စ်ဥက္ကဋ္ဌ အီလိစ်စတီဖာနစ်ခ်ဖြစ်ပါတယ်။ ထရမ့် ၄၅လက်ထက်က ICE လူဝင်မှု/အခွန် ဒါရိုက်တာလုပ်ခဲ့တဲ့ သောမတ်စ်ဟိုမန်က ထရမ့်၄၇ရဲ့ ဘော်ဒါဇာ ဖြစ်လာမှာပါ။ တောင်ပိုင်းနယ်စပ်တင်မက၊ မြောက်ဘက်နယ်စပ်ရော၊ ပင်လယ်နယ်နမိတ်ရော ဝေဟင်လုံခြုံရေးကိုပါ ကြီးကြပ်ရမှာဖြစ်ပါတယ်။ ခိုးဝင်တွေကို ပြန်ပို့ဖို့ ကြီးကြပ်မှာလည်း သူပါပဲ။
ထရမ့်ရဲ့ ဒီပို့တေးရှင်းပလန်က ကုန်ကျစားရိတ်များမှာကို လူတွေက ထောက်ကြပေမယ့် အမှန်မှာ တိုင်းပြည်ဘဏ္ဍာ အများကြီးသက်သာသွားမှာ ဖြစ်ပါတယ်။ ကမလာတို့က ခိုးဝင်တွေကို လေယာဥ်ခဖရီး၊ ဟိုတယ်ခဖရီး၊ စားစရာဖရီး၊ ဖုံးအင်တာနက်ဖရီး၊ ဆေးကုဖရီး၊ လိင်ပြောင်းရင်တောင် ဖရီးနဲ့ ထားနေတာတွေက ကြာကြာထားလေ စားရိတ်တက်လေ ဖြစ်မှာပါ။ အဲဒီပိုက်ဆံတွေ ဘယ်ကရလဲဆိုတော့ ဖီးမားက သဘာဝဘေးအန္တရာယ်တွေကျရင် ကူဖို့ဖယ်ထားတဲ့ ပိုက်ဆံထဲက ပေးနေတာပါ။ အဲဒါကြောင့် ပြီးခဲ့တဲ့လ မုန်တိုင်းတွေထန်တုန်းက ဖီးမားကမဟန်လို့ ပြည်သူတွေက ဝင်ကူနေကြရတာဖြစ်ပါတယ်။ အဲဒီလိုဖီးမားက ကယ်တာမှာလည်း ထရမ့်ဆိုင်းဘုတ် ထောင်ထားတဲ့ အိမ်တွေကို ကွင်းရှောင်သွားတယ်လို့ ဒီဆန်းတစ်စ်က စွပ်စွဲထားပါတယ်။
ထရမ့်အစိုးရသစ်မှာ အီလွန်တာဝန်ယူမယ်ဆိုတဲ့ အစိုးရယန္တယားထိရောက်မြန်ဆန်စေမယ့်ဌာနက အစိုးရယန္တယားကြီးတခုလုံးက မလိုတဲ့အပိုင်း၊ ဖောင်းပွနေတဲ့အပိုင်း၊ စတာတွေကို ဖော်ထုတ်ရှင်းလင်း သွားမှာဖြစ်ပြီး အဲဒီကနေ တနှစ်ကို ဒေါ်လာ ၁ထရီလီယံလောက် စားရိတ်လျော့ချနိုင်ဖို့ ခန့်မှန်းထားပါတယ်။ တဖက်မှာတော့ တနှစ်ကို ၁ထရီလီယံ ဓနအင်အား တိုးဖို့အတွက် အစီအမံတွေကို ဘီလျံနာ ဟောင်းဝပ်လတ်နစ်ခ်က ဦးဆောင်သွားမှာပါ။ အဲဒီပလန်တွေထဲမှာ အစိုးရက တိုင်းပြည်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အိမ်ယာစီမံကိန်းတွေ၊ အခြေခံအဆောက်အဦတွေမှာ မြုပ်နှံသွားမှာဖြစ်ပြီး အဲဒီကနေ တနှစ်ကို ၁ထရီလီယံပြန်ဝင်ဖို့ မှန်းထားပါတယ်။ အဲဒီ ၂မျိုးကတင် တနှစ်အသားတင် ၂ထရီလီံယံရမယ်ဆိုတော့ တိုင်းပြည်ရဲ့ ၃၆ထရီလီယံအကြွေးက လျော့ဖို့မျှော်လင့်ချက် ရှိလာပါပြီ။
လက်ရှိဘိုင်ဒန်-ဟဲရစ်လက်ထက်မှာ တိုင်းပြည်က တနှစ်ဝင်ငွေ ၄ထရီလီယံရှိပြီး အသုံးစားရိတ်က ၆ထရီလီယံဖြစ်လို့ တနှစ်ကို ၂ထရီလီယံ အကြွေးထပ်ထပ်တင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်လာတွေ ရိုက်ထုတ်လို့ ဒေါ်လာငွေတန်ဖိုးပျော့လိုက်လာတာပါ။ ထရမ့်တက်ရင် ဖက်ဒရယ်ရီဆာ့ဗ်ကို ဖျက်ပစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး ဟိုးတုန်းကလို ရွှေကိုနောက်ခံထားတဲ့ ဒေါ်လာပြန်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ရွှေကို နောက်ခံထားရင် ဒေါ်လာရိုက်ချင်တိုင်း ရိုက်ထုတ်လို့မရတော့တဲ့အတွက် ငွေတန်ဖိုးမာပြီး ကမ္ဘာက တန်ဖိုးထားအသုံးပြုတဲ့ ပြိုင်ဖက်ကင်း ငွေကြေးတခု ပြန်ဖြစ်လာတော့မှာပါ။
ဒီမိုကရက်တွေက သူတို့အာဏာလက်မလွှတ်ရခင် သူတို့အာဏာ တတ်နိုင်သလောက် သက်ဆိုးရှည်ဖို့ ဉာဏ်နီဉာဏ်နက်ပေါင်းစုံ ထုတ်နေပါတယ်။ ဆူပရင်းကုတ်က အသက် ၇၀ရှိပြီဖြစ်တဲ့ ဒီမိုကရက် တရားသူကြီး ဆိုနီယာဆိုတိုမေယာကို နှုတ်ထွက်ဖို့ ဖိအားပေးပြီး ပိုငယ်တဲ့တဦးနဲ့ အစားထိုးဖို့ ဒီမိုကရက်တချို့က တိုက်တွန်းနေပါတယ်။ ဆိုတိုမေယာနေရာမှာ သူတို့ခန့်ချင်တဲ့သူက စကားလုံးအစုံသုတ် ကမလာပါတဲ့။ အဲဒီရာထူးတွေက ရာသက်ပန်ဆိုတော့ သူတို့သဘောနဲ့ ထွက်ချင်မှ ရတာပါ။ ဂျပ်တစ်စ် ရုသ်ဘေဒါဂင်းစ်ဘတ်တုန်းကလည်း ထွက်ဖို့ ဒီမိုကရက်တွေ ဝိုင်းတွန်းကြပေမယ့် မထွက်ခဲ့ပါဘူး။ ၂၀၂၂မှာတော့ စတီဗင် ဘရေရာကို အတင်းဖိအားပေး ထွက်ခိုင်းခဲ့ပြီး မိန်းမဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကို မဖြေနိုင်တဲ့ ကီတန်ဂျီဘရောင်းဂျက်ဆင်နဲ့ အစားထိုးခဲ့တာပါ။
တချို့ကလည်း ဘိုင်ဒန်ကို အနားပေးပြီး ကျန်ရှိသက်တမ်း ရက် ၇၀လောက်အတွက် ကမလာကို ပထမဆုံးအမျိုးသမီးသမ္မတအနေနဲ့ ရာထူးတိုးပေးဖို့ အကြံပြုကြပါတယ်။ တကယ်ကို ဆေးမတိုးတော့တဲ့ လူတွေပါပဲ။ ထရမ့်ကတော့ သူမတက်ခင် တရားသူကြီးနေရာအပါအဝင် ဘာမှ အပြောင်းအလဲမလုပ်ဖို့ သတိပေးထားပါတယ်။
ဒီမိုကရက်ပါတီကထွက်ပြီး တသီးပုဂ္ဂလလုပ်နေတဲ့ ဆီနိတ်တာဘာနေဆန်းဒါးစ်နဲ့ လက်ဝဲစွန်းဒီမိုကရက်တွေကြား ကွဲထွက်နေတဲ့ ဆီနိတ်တာဟောင်းမန်ချင်တို့က ဒီမိုကရက်ပါတီဟာ အခွန်ထမ်းပြည်သူတွေရဲ့ အရေးထက် ပြည်သူ့အခွန်အများကြီးသုံးပြီး ထောက်ပံ့နေရတဲ့ ခိုးဝင်တွေကို ဦးစားပေးနေတာကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။ မန်ချင်က ဒီတခါ ဝင်မပြိုင်တော့တဲ့အတွက် သူ့နေရာမှာ ရီပါဘလစ်ကန် ဂျင်ဂျပ်တစ်စ်က အပြတ်အသတ် နိုင်သွားတာဖြစ်ပါတယ်။