မဲတွေ ရေတွက်ဆဲဖြစ်ပေမယ့် ထရမ့်ရတဲ့မဲက ၇၅သန်းကျော်သွားပြီဖြစ်သလို အောက်လွှတ်တော်မှာ ရီပါဘလစ်ကန်အများစုရတာ သေချာသွားပြီဖြစ်ပါတယ်။ လောလောဆယ် ၂၁၉-၂၁၀ဖြစ်ပြီး ရီပါဘလစ်ကန်က နောက်ထပ် အနည်းဆုံး ၂နေရာ ထပ်နိုင်ဖို့ရှိပါတယ်။ ဒီနှစ် ဂါဗာနာရကပကျင်းပတဲ့ ပြည်နယ် ၁၁ခုအနက် ၈ခုမှာ ရီပါဘလစ်ကန်တွေ အနိုင်ရခဲ့ပြီး ၃ခုမှာ ဒီမိုကရက်တွေ နိုင်ခဲ့ပါတယ်။
ပင်ဆယ်လ်ဗေးနီးယား ဆီးနိတ်နေရာအတွက် ရီပါဘလစ်ကန် မက်ကောမစ်ကို သတင်းဌာနတွေက အနိုင်အဖြစ် ကြေငြာခဲ့ပေမယ့် မဲတခုမကျန် ရေတွက်ပြီး နိုင်မှသာ မက်ကောမစ်ကို ဆီးနိတ်ကို ဖိတ်ခေါ်ပြီး အိုရီယန်တေးရှင်းလုပ်ပေးမယ်လို့ လက်ရှိဒီမိုကရက်လူများစုခေါင်းဆောင် ချပ်ရှုးမားက ပြောသွားပါတယ်။ ၉၉% ရေပြီးတာမှာ မဲ၃သောင်းခွဲလောက် ကွာနေသေးတာကို လက်မခံနိုင် ဖြစ်နေတာပါ။
ထရမ့်က သူ့ရဲ့အစိုးရအဖွဲ့အတွက် ၄၅အစိုးရအဖွဲ့မှာ အကြီးတန်းအကြံပေးလုပ်ခဲ့တဲ့ စတိဗ်မေလာကို ပေါ်လစီပိုင်းဆိုင်ရာ ဒု-ဝန်ထမ်းချုပ်အနေနဲ့ ခန့်အပ်သွားမှာဖြစ်ပါတယ်။ အိမ်ဖြူဝန်ထမ်းချုပ်ဆိုတာက သမ္မတရဲ့ အတွင်းရေးမှူး (သို့) executive assistant တွေလို သမ္မတနဲ့ အနီးကပ်ဆုံး အလုပ်လုပ်ရပေမယ့် အတွင်းရေးမှူး/ EA ရာထူးတွေထက် အများကြီးပိုပြီး တာဝန်ကြီးပါတယ်။ မေလာက အရင်သက်တမ်းမှာ sanctuary city တွေကို အဆုံးသတ်ဖို့ လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
လက်ရှိ ဖလော်ရီဒါဆီနိတ်တာ မာကို ရူဘီယိုက ထရမ့်အစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမှာဖြစ်ပြီး လက်ရှိနယူးယောက်လောင်းအိုင်းလန်းအမတ် လီဇယ်လ်ဒင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ EPA ကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဥပဒေပညာရှင်ဖြစ်တဲ့ လီက ရှုပ်တွေးနက်နဲတဲ့ ပြဿနာတွေကို အခက်အခဲမရှိ ဖြေရှင်းသွားနိုင်ခဲ့တဲ့အတွက် စွမ်းအင်ကဏ္ဍမှာ ကန့်သတ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ ဖြေလျော့ဖျက်သိမ်းပြီး အမေရိကန်စွမ်းအင်ကဏ္ဍ ပြန်လည်ဖွံ့ဖြိုးလာဖို့၊ စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်ပြည့် တိုးတက်ဖို့၊ အမေရိကန် ရေထု လေထု အသန့်ရှင်းဆုံးဖြစ်အောင် အမြင့်ဆုံးစံအသစ်တွေ သတ်မှတ်ဖို့ စတာတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ထရမ့်က ကြေငြာသွားပါတယ်။
ပင်ဆယ်လ်ဗေးနီးယားမှာ ထရမ့်နိုင်အောင် ကြိုးစားပေးခဲ့တဲ့ အားလီးဗုတ်အက်ရှင်က ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ စကော့ပရက်စ်လာဟာ သူ့ရဲ့ နောက်ပရောဂျက်အတွက် နယူးဂျာစီကို မျက်စေ့ကျနေပါတယ်။ နယူးဂျာစီက ဒီနှစ်ရကပမှာ ထရမ့်မဲနဲ့ ကမလာကြား မဲကွာဟမှုက ၅% သာသာလေးပဲ ရှိတာကြောင့် ရီပါဘလစ်ကန်တွေအများကြီး မဲမှတ်ပုံတင်လာအောင် လုပ်နိုင်ခဲ့ရင် ရှေ့နှစ် နိုဝင်ဘာမှာကျင်းပမယ့် ဂါဗာနာရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်နိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။
ထရမ့်ရဲ့ အစိုးရသစ်မှာ ဘော်ဒါဇာအဖြစ် ခန့်အပ်မယ့် သောမတ်စ်ဟိုမန်က သူ့ဆီကို ဖုံးခေါ်မှုတွေ ထောင်ချီဝင်လာလို့ ဖုံးကိုပိတ်ထားရတယ်လို့ ဆိုပါတယ်။ ဘယ်သူတွေက ဆက်ကြတာလဲဆိုတော့ ဘော်ဒါပက်ထရိုအရာရှိတွေကလည်း ဝမ်းသာလို့ ဆက်ကြသလို အငြိမ်းစား ဘော်ဒါအရာရှိတွေ၊ အငြိမ်းစားရဲ၊ စစ်ပြန်တွေက ဘော်ဒါလုံခြုံရေးကိစ္စတွေမှာ အခမဲ့ ကူညီကြဖို့ ကမ်းလှမ်းကြတာလို့ ဆိုပါတယ်။ ရီပါဘလစ်ကန်တွေက အိတ်စိုက် လူအားစိုက်ပြီးကို တိုင်းပြည်ချစ်ကြတာပါ။
ဒါတင်မကသေးပါဘူး။ ဒီနှစ်မှာ ရုပ်ဆိုးလောက်တဲ့ မိုးခဲမှုတွေ နည်းသွားတာ တရားမျှတမှု စောင့်ကြည့်ရေးအဖွဲ့က ဖောင်းပွနေတဲ့ မဲစာရင်းတွေ၊ တဖက်စောင်းနင်း မဲပေးဥပဒေတွေကို အချိန်မီ ကုစားခဲ့နိုင်တာရယ် လာရာထရမ့်ရဲ့ ဦးဆောင်မှုနဲ့ ရှေ့နေ ၅၀၀လောက် အဆင်သင့်ပြင်ပြီး စောင့်နေကြလို့ ဖြစ်ပါတယ်။ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က ပြည်သူ့အလှူငွေနဲ့ လှုပ်ရှားနေတာ ဖြစ်သလို ရှေ့နေတွေရဲ့ ၉၀% ကျော်ကလည်း ဗော်လန်တီယာတွေပါပဲ။ မဲပေးတဲ့လုပ်ရှားမှုတွေမှာလည်း ဗော်လန်တီယာတွေ အများကြီး ဝင်ကူညီကြပါတယ်။ အဲဒီလို တာဝန်သိပြည်သူက တခဲနက် ဝန်းရံ ထောက်ခံခဲ့ကြလို့ သမိုင်းဝင်အောင်ပွဲမျိုး ရရှိခဲ့တာပါ။ ၂၀၂၀တုန်းက ဒီမိုကရက်တွေ အဲဒီလိုဝင်ကူဖို့ ဇကာဘတ်က သန်း ၄၀၀ လောက်သုံးခဲ့ရတာပါ။
ရွေးကောက်ခံသမ္မတထရမ့်က သူတက်လာလာချင်း ပြည်တွင်းမှာ မွေးဖွားသူတိုင်း နိုင်ငံသားဖြစ်ရမယ် ဆိုတဲ့ အချက်ကို ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။ အဲဒီအချက်က တရားမဝင် လာရောက်ကြသူတွေကို အဓိက ဆွဲဆောင်နေတဲ့အချက်ပါ။ မိဘတွေ တရားဝင်နေခွင့်မရရင်တောင် ကလေးမွေးပြီး ကလေးကြီးလာတဲ့အခါ စပွန်ဆာပြန်လုပ်ပေးရင် မိဘတွေ နိုင်ငံသားဖြစ်ခွင့်ရမှာဆိုတဲ့အချက်ကို ကိုင်ထားကြတာပါ။ ဘာ့သ်ရိုက်စီတီဇင်ရှစ်ကို ဖျက်သိမ်းလိုက်ခြင်းဖြင့် ခိုးဝင်လာမယ့်သူတွေကို စိတ်ပျက်အားလျော့စေမှာ ဖြစ်ပါတယ်။
ဩစတေးလျအနောက်ပိုင်း ပို့ဟက်လန်ဒေသန္တရအစိုးရက မော်ဒါးနားနဲ့ ဖိုင်ဇာကဗကကဆတွေကို အသုံးပြုခြင်းမှ ချက်ချင်းရပ်ဖို့ လိုကယ်ကောင်စီပေါင်း ၅၃၇ခုစလုံးကို ကြေငြာလိုက်ပါတယ်။ အကြောင်းက အဲဒီကကဆတွေမှာ ကင်ဆာတွေ၊ ဗီဇပေါင်းသွားမှုတွေ၊ မျိုးရိုးလိုက်တဲ့ ချွတ်ယွင်းမှုတွေ၊ ခုခံအားစနစ်နဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်တဲ့ လူလုပ်ဒီအန်အေတွေ ပါနေလို့လို့ ဆိုပါတယ်။ ဖက်ဒရယ်အမတ် ရပ်ဆယ်ဘရော့ဒ်ဘန့်ဒ်က ဒီကိစ္စကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။