ယနေ့ဆီးနိတ်မှာ စောကျင်းပတဲ့ အများစုခေါင်းဆောင်ရွေးပွဲမှာ မာဂါမဟုတ်တဲ့ ဂျွန်သုာန်း အနိုင်ရသွားပါတယ်။ ရစ်ခ်စကော့က ပြည်သူထောက်ခံမှုအရဆုံးအပြင် တက်ဒ်ခရုဇ်နဲ့ မာဂါဆီနိတ်တာတွေထောက်ခံမှု ရထားတာပါ။ တကယ်လို့များ ဂျွန်သုာန်းက ထရမ့်အာဂျင်ဒါတွေမှာ ဖျက်မြင်းဖြစ်လာခဲ့ရင် ဒုသမ္မတဂျေဒီဗန့်စ်က ဆီးနိတ်ဥက္ကဋ္ဌလည်းဖြစ်လာမှာဆိုတော့ ဂျွန်ကိုကျော်ပြီး လုပ်သွားနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီလုပ်ထုံးက ဂျွန်အဒမ်စ်ခေတ်ကပဲ လုပ်ခဲ့ဖူးတာပါ။ အခုထရမ့်ခန့်တဲ့သူတွေထဲမှာလည်း အာဂျင်ဒါအတိုင်း မလုပ်နိုင်/ခဲ့ရင် အားမနာတမ်း ဖြုတ်ပစ်မှာပါ။ မကောင်းလို့ဖြုတ်တာက ပြည်သူအတွက် အပေါင်းလက္ခဏာပါ။ ဘိုင်ဒန်တို့လို ဘယ်လိုအသုံးမကျတဲ့ လူတွေဖြစ်နေပါစေ မဖြုတ်နိုင်တာ ပျော့ညံ့လွန်းတာမဟုတ်ရင် ဖော်မှာစိုးလို့ပဲ ဖြစ်ပါမယ်။
ထရမ့်က မကြာသေးမီကမှ ဒီမိုကရက်ကနေ ရီပါဘလစ်ကန်ကို ကူးပြောင်းလာခဲ့တဲ့ တူလ်စီ ဂက်ဘတ်ကို အမျိုးသားထောက်လှမ်းရေးဒါရိုက်တာအဖြစ် လျာထားလိုက်ပါတယ်။ တူလ်စီဟာ ပြည်နယ်လွှတ်တော်မှာ အငယ်ဆုံးအမတ်၊ တပ်ထဲမှာ ဒုဗိုလ်မှူးကြီးအထိ လုပ်ခဲ့ပြီး ထူးချွန်ဆုတံဆိပ် တွေ ရခဲ့တာကြောင့် ၂၀၁၂မှာ အောက်လွှတ်တော်ကို ရောက်တော့ ပလိုးစီက အလားအလာရှိသူဆိုပြီး မြှောက်စားခဲ့တဲ့အတွက် DNC ဒု-ဥက္ကဋ္ဌအထိ ဖြစ်ခဲ့ပါတယ်။ နောက်တော့ အိုဘမရဲ့ အကြမ်းဖက်အားပေးလုပ်ရပ်တွေအပေါ် ဝေဖန်မှုတွေ ပြုခဲ့လို့ ဒီမိုကရက်တွေကျဥ်တာ ခံခဲ့ရတာပါ။ သူမကို နိုင်ငံတော်လုံခြုံရေးအတွက် သံသယရှိသူလို့တောင် သတ်မှတ်ပြီး လိုက်ကြပ်ခဲ့ကြတဲ့အထိပါပဲ။ ကံကြမ္မာအလှည့်အပြောင်းမှာ သူမက သူမကို ကြပ်ခဲ့တဲ့လူတွေရဲ့ အကြီးအကဲပြန်လုပ်ရဦးမှာပါ။
ကွန်ဂရက်စ်မန်း မက်ထ်ဂိတ်ဇ်ကို ထရမ့်အစိုးရသစ်မှာ ရှေ့နေချုပ်အဖြစ် ခန့်အပ်ဖို့ လျာထားလိုက်ပါတယ်။ ဂိတ်ဇ်က နာရီပိုင်းအတွင်း လွှတ်တော်က ချက်ချင်းထွက်၊ ဒီဆန်းတစ်စ်ဆီ ဖုံးခေါ်ပြီး လွှတ်တော်က သူ့နေရာကို ဆက်ခံမယ့်သူကို ဇန်နဝါရီ ၃ရက် လွှတ်တော်ပြန်စတဲ့အချိန်အမီ ဝင်နိုင်အောင် ခက်သွက်သွက်လှုပ်ရှားသွားပါတယ်။ ဂိတ်ဇ်က မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မထောက်ပဲ လုပ်တတ်တဲ့ ရှေ့နေ/ အမတ်တဦးဖြစ်တာကြောင့် ကြိုက်တဲ့သူရှိသလို ရိုင်နိုတွေက အသေမုန်းကြပါတယ်။ ဆီးနိတ်တာပေါင်း ၅၀မဲရမှ ခန့်အပ်တာ အတည်ဖြစ်မှာပါ။
ဘိုင်ဒန်အစိုးရက ၂၀၂၃မှာ ၆.၇၅ထရီလီယံ သုံးစွဲခဲ့ပါတယ်။ အဲဒီထဲမှာ ၁.၃ဘီလီယံက အိုင်အာအက်စ်၊ မက်ဒီကဲနဲ့ စစ်ပြန်အုပ်စုပေါင်းစုံးက သေပြီးသားလူတွေဆီ ပို့တဲ့ချက်တွေဖြစ်တယ်လို့ Open the Books က စီအီးအို ဂျွန်ဟပ်ထ်က ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ အစိုးရဘတ်ဂျက် ယိုပေါက်တွေကို သေချာမှတ်တမ်းပြုဖော်ထုတ်ပေးနေတာ ဖြစ်ပါတယ်။ တကယ်တမ်းရပ်ချင်ရင် ရပ်လိုက်ဖို့ အလွယ်လေးပါ။ ဘဏ္ဍာရေးဌာနကို ဒီလူတွေကို မပေးရမယ့်စာရင်းထဲ ထည့်လိုက်ဆိုရင် ပြီးသွားမှာ ဖြစ်ပေမယ့် ဒီမိုကရက်/ဗျူရိုကရက်တွေက အကျိုးအမြတ် ရနေလို့ပဲလား၊ ကိုယ့်ကို မထိသေးလို့လားတော့မသိ၊ အသုံးစားရိတ် ကျစ်လစ်ဖို့ ဘယ်တုန်းကမှ မကြိုးစားကြပါဘူး။ ဒါပေမယ့် အီလွန်နဲ့ ဗီဗိတ်ခ်တို့က ဖြစ်အောင်လုပ်ကြပါလိမ့်မယ်။ အီလွန်က End the Fed ကိုရေးတဲ့ ရွန်ပေါလ်ကို DoGE မှာ အကြံပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ရွန်က ဆီနိတ်တာ ရန်ဒ်ပေါလ်ရဲ့ ဖခင်ဖြစ်ပြီး သားအဖ နှစ်ဦးလုံးက တိုင်းပြည်ကို အကြွေးနွံက ကင်းစေချင်တာဖြစ်ပါတယ်။
ထောင်ကျနေတဲ့ အကျဥ်းသားများကိုလည်း အပြင်မှာရှိသေးသလိုလို အလုပ်လက်မဲ့ခံစားခွင့် (သို့) လူမှုဖူလုံရေးခံစားခွင့်တွေ ပေးနေတာက ၁၇၁သန်း၊ မက်ဒီကိတ်၊ မက်ဒီကဲက မပေးသင့်တာတွေ ပေးတာက ၁၀၁ ဘီလီယံ၊ အဲဒီထဲက အများစုက အလိမ်တွေ၊ အခွန်မှာလိမ်တာတွေက ၅၄၆သန်း၊ ရုရှားလက်ဘ်တို့ ယူကရိန်းလက်ဘ်တို့ ဝူဟန်လက်ဘ်တို့ကို ပေးတာလည်း သန်းချီပါပဲ။ ဖီးမားက ၂၀၂၆ ဩဂုတ်မတိုင်ခင် ပန်ဒဲမစ်အတွက် ၇၀ဘီလီယံ သုံးဖို့ ကျန်ပါသေးတယ်။ အငြိမ်းစားဖောက်ချီ လုံခြုံရေးအတွက် တနှစ်ကို ၁၅သန်း၊ သူက သမ္မတဟောင်းတွေထက်တောင် ဟန်ကျနေပါသေးတယ်။ ရေးရရင် ကုန်တော့မှာမဟုတ်လို့ အမြည်းပဲပေးတာပါ။ မျောက်ကျွန်းက မျောက်တွေကို လိင်ပြောင်းအပါအဝင် သုတေသနမျိုးစုံလုပ်တာက ၃၃သန်း၊ DEI ကိုစောင့်ကြည့်ဖို့ လူခန့်တာက ၃၈.၇သန်း၊ အဓိပ္ပါယ်မရှိတဲ့ သုတေသနတွေက ဘီလီယံ ၄၀၀နီးပါ။ ဒါအမြည်းပဲရှိပါသေးတယ်။
ထရမ့်က ပညာရေးဝန်ကြီးဌာနကိုလည်း ဖျက်သိမ်းမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအပေါ် အရင်ထရမ့်အစိုးရလက်ထက်က ပညာရေးဝန်ကြီးလုပ်ခဲ့တဲ့ ဘက်တီဒေဗို့စ်က အဲဒါက ဖျက်ကို ဖျက်ရမှာပါ၊ K-12 ကျောင်းတွေရတဲ့ ဘတ်ဂျက်ရဲ့ ၉%ကပဲ ဖက်ဒရယ်ကလာတာဖြစ်ပေမယ့် ဥပဒေ/ စည်းမျဥ်းပေါင်းရဲ့ ၉၀% က ဖက်ဒရယ်ကလာနေတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ပညာရေးကို ပြည်နယ်တွေ မိဘတွေကပဲ ဆုံးဖြတ်ရမှာပါ။ လက်ရှိပညာရေးဘတ်ဂျက်ကို မိဘတွေဆီ school choice voucher လိုမျိုးပို့ပြီး မိဘတွေက အဲဒီဗောက်ချာနဲ့ ကိုယ့်သားသမီးကို ပို့ချင်တဲ့ကျောင်း ပို့ရင် ဗောက်ချာလိုချင်တဲ့ ကျောင်းတွေ အပြိုင်အဆိုင် ပိုကောင်းအောင်ကြိုးစားရင်း ပညာရေးတိုးတက် လာမယ်လို့ ဆိုပါတယ်။ FAFSA ရနေတဲ့လူတွေကလည်း ဗောက်ချာ(သို့) ဘဏ်တွေကနေ ဆက်ပေးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ပညာရေးကဏ္ဍမှာ ခေါင်းကြီး/လေးနေတာတွေ ရှင်းလိုက်ရင် တက္ကသိုလ်ပညာရေး ဈေးကြီးလွန်းနေတာတွေပါ တဖြည်းဖြည်း လျော့သွားနိုင်ပါတယ်။
ယနေ့အိမ်ဖြူမှာ ဘိုင်ဒန်က ထရမ့်ကို ဖိတ်ပြီးတွေ့ဆုံခဲ့တာမှာ ဘိုင်ဒန့်အပြုံးက အိမ်ဖြူကို လွှဲပြောင်းပေးလိုက်ရမှာကို အပျော်ဆုံးဖြစ်နေတယ်လို့ မီဒီယာနဲ့ လူအများက သုံးသပ်ကြပါတယ်။ ပြုံးပုံချင်းမတူပေမယ့် တခြားပြုံးကြတာတွေကို ပြန်သတိရမိပါတယ်။ ဒီဆန်းတစ်စ်လည်း ပြိုင်ပွဲက ထွက်ပြီးထရမ့်ကို အန်ဒေါ့စ်လုပ်ပြီးမှ ပြုံးနိုင်သွားသလို အာအက်ဖ်ကေကလည်း ထရမ့်ကို အန်ဒေါ့စ်လုပ်ပြီးမှ ပြုံးနိုင်သွားတာပါ။ အီလွန်လည်း ထရမ့်နဲ့ ပတ်သက်လာရင် ထရမ့်ထောက်ခံခဲ့တဲ့ ဖခင်ကိုတောင် မခေါ်မပြောနိုင်ဖြစ်ခဲ့ရာက အန်ဒေါ့စ်လုပ်ပြီးမှ အရမ်းခင်၊ အရမ်းပျော်သွားတာပါ။
အီလွန်ရော ကနေဒီရောပြောတာက ငါတို့က ငါတို့ကိုယ်တိုင် မီဒီယာရဲ့ အသရေဖျက်တာ တိုက်ခိုက်တာကို ခံနေကြရတာတောင် ထရမ့်အပေါ်တိုက်ခိုက်မှုတွေကို ယုံမိခဲ့ပါသေးတယ်လိ့ ဝန်ခံထားကြပါတယ်။ ထရမ့်နိုင်သွားလို့ နိုင်ငံခြားရေးဝကဌာနက ဝန်ထမ်းတွေအတွက် therapy ဆက်ရှင်တွေ လုပ်ပေးနေရပါတယ်။ သတင်းအမှန်တွေကမှ တကယ့် therapy ဖြစ်ပါလိမ့်မယ်။ ကိုယ့်အမုန်းမှာ ကိုယ်တိုင် ခြေချုပ်မိနေသူမဖြစ်အောင် အမှန်တရားကို ရှာဖွေကြဖို့ တိုက်တွန်းပါတယ်။