သမိုင်းဝင်အောင်ပွဲတွေ ရခဲ့တဲ့ ထရမ့်ကမ်ပိန်းမှာ ပြောရေးဆိုခွင့်ရှိသူလုပ်ခဲ့တဲ့ Karoline Leavitt ဟာ ထရမ့်အစိုးရသစ်မှာ Press Secretary ဖြစ်လာတော့မှာပါ။ သူက အရင်ထရမ့်အစိုးရတုန်းက Kayleigh McEnany လက်အောက်မှာ Assistant Press Secretary လုပ်ခဲ့ပါတယ်။ ရကပမဲဆွယ်ကာလမှာ CNN က ခေါ်ဗျူးတုန်းက သူမကိုCNN Host က ဒေါပွခဲ့တာကြောင့် ကန်ထုတ်ခံခဲ့ရပါတယ်။ သူမက အသက် ၂၇ပဲ ရှိသေးတဲ့အတွက် အိမ်ဖြူသမိုင်းမှာ အငယ်ဆုံး Press Secretary ဖြစ်လာတော့မှာပါ။
မြောက်ဒါကိုတာဂါဗာတာ Doug Burgum က ပြည်ထဲရေးဝန်ကြီးရာထူးအပြင် အသစ်ဖွဲ့စည်းမယ့် အမျိုးသားစွမ်းအင်ကောင်စီရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှာပါ။ အဆိုပါကောင်စီက စွမ်းအင်ပါမစ်ပေးတာ၊ ထုတ်ယူတာ၊ ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာ၊ ပို့ဆောင်တာ၊ ဥပဒေပြုတာ အစရှိတဲ့ စွမ်းအင်နဲ့ပတ်သက်ရာ ဌာနတွေ အေဂျင်စီတွေအားလုံးကို ကြီးကြပ်မှာဖြစ်ပါတယ်။ အဲဒီလို တပေါင်းတစည်းတည်း ဖြစ်သွားတော့ အရာရာဟာ အရင်ထက် အများကြီး မြန်ဆန်လွယ်ကူသွားတော့မှာပါ။
Missouri မှာ Solicitor General ၆နှစ်လုပ်ခဲ့ဖူးတဲ့ John Sauer ကို ထရမ့်က Solicitor General အဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။ Solicitor General ဆိုတာက ဆူပရင်းကုတ်စတဲ့ အထက်ရုံးတွေမှာ အစိုးရကိုယ်စား လျောက်လဲချက်ပေးရတဲ့ အစိုးရရှေ့နေချုပ်ဖြစ်ပါတယ်။ Attorney General ဆိုတာက တနိုင်ငံလုံး ဥပဒေစိုးမိုးဖို့ လုပ်ရတဲ့ ရှေ့နေချုပ်ပါ။ ဂျွန်က သမ္မတရဲ့ ကင်းလွတ်ခွင့်နဲ့ပတ်သက်တဲ့ အမှုကို ဆူပရင်းကုတ်မှာ ထရမ့်ဘက်က ကာကွယ်ပေးခဲ့တဲ့ ရှေ့နေဖြစ်ပါတယ်။
နယူးယောက် တောင်ပိုင်းခရိုင်ရှေ့နေရုံးအကြီးအကဲ Todd Blanche က Matt Gaetz အောက်မှာ ဒု-ရှေ့နေချုပ် ဖြစ်လာပါတော့မယ်။ ခရိုင်ရုံးမှာတုန်းက ဂိုဏ်းတွေနဲ့ ရာဇဝတ်မှုတွေကို ဥပဒေနဲ့အညီ အပြစ်ပေးနိုင်အောင် လျောက်လဲနိုင်ခဲ့သူ ဖြစ်ပါတယ်။ Emil Bove က တွဲဖက် ဒု-ရှေ့နေချုပ် ဖြစ်လာမှာ ဖြစ်ပြီး Todd Blance ကို ကွန်ဂရက်စ်က အတည်ပြုဖို့လုပ်နေတဲ့အချိန်မှာ ယာယီဒု-ရှေ့နေချုပ်အဖြစ် ပူးတွဲလုပ်ဆောင်သွားမှာပါ။ Emil က အကြမ်းဖက်တွေ၊ နိုင်ငံတကာ မူးယစ်မှောင်ခိုတွေကို နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးရဲ့ အမျိုးသားလုံခြုံရေးယူနစ် အကြီးအကဲအနေနဲ့ တရားစွဲခဲ့သူပါ။ Todd ရော John Sauer ရောက ထရမ့်အစွဲခံရတဲ့အမှုတွေမှာ ထရမ့်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေဖြစ်ကြပါတယ်။
အရင်ထရမ့်အစိုးရလက်ထက်မှာ Security and Exchange Commission ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဂျေးကလေတန်က နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးရဲ့ ခရိုင်ရှေ့နေ ဖြစ်လာမှာပါ။ ဂျေးက လက်ရှိမှာ သူပါတနာဝင်ထားတဲ့ Sullivan & Cromwell မှာ စီနီယာပေါ်လစီအကြံပေးအဖြစ် လုပ်ကိုင်နေပြီး Wharton Business School နဲ့ U Penn က Carey Law School တို့မှာ အချိန်ပိုင်းပါမောက္ခလုပ်နေပါတယ်။ အခြားကုမ္ပဏီပေါင်းများစွာရဲ့ စီမံခန့်ခွဲမှု ကော်မီတီဝင်လည်း ဖြစ်ပါတယ်။
အရင်က ထရမ့်အစိုးရအဖွဲ့မှာ ပါမယ်လို့ သတင်းထွက်နေတဲ့ ဂျေပီမော်ဂန်က ဂျေမီဒိုင်းမွန်းဟာ ထရမ့်အစိုးရအဖွဲ့မှာ ပါလာမှာမဟုတ်ပါဘူးလို့ ထရမ့်က Truth Social မှာ ရေးတင်ထားပါတယ်။
အီလွန်က ဇယ်လန်းစကီးနဲ့ ဖုံးပြောခဲ့သလို ယူအန်ဆိုင်ရာ အီရန်အရာရှိနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ စစ်ရပ်ချင်တယ်ဆိုတဲ့ ဇယ်လင်းစကီက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လူထောင်ကျော် သေထားတာတောင် ဒုန်ဘာ့စ်တင်မကပဲ ခရိုင်းမီးယားပါ ပြန်ရမှ စစ်ရပ်မှာလိုလို ပြောနေပါတယ်။ ခရိုင်းမီးယားက အိုဘမလက်ထက်မှာ ရုရှားက အသာလေး သိမ်းသွားတာလေ၊ ဒါကို ခုမှ လာပြောနေတာက မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေလုပ်ပြီး စစ်ကို အချိန်ဆွဲချင်တာ ဖြစ်နိုင်ပါတယ်။
ရကပမှာ ထရမ့်နိုင်မယ့်ဘက်က ကစားခဲ့တဲ့ ပိုလီမားကက်စီအီးအို ရှိန်းကက်ပ်လနမရဲ့ အိမ်ခန်းကို လက်နက်ကိုင် အက်ဖ်ဘီအိုင် ၂၀ကျော်က ဝင်စီးရှာဖွေခဲ့ပါတယ်။ ကမလာများ နိုင်သွားခဲ့ရင် ကမလာ နိုင်မယ့်ဖက်က ကစားတဲ့သူတွေကို ဖမ်းမယ်များ ထင်ကြပါလား။ အဝေးကြီးပါ။ ရှုံးမဲမဲတာပါပဲ။ ကိုယ်ဘာတွေလိုသွားလို့ ရှုံးတာလဲဆိုတာကို မသုံးသပ်ပဲ တဖက်ကလူပဲ အတင်းမဲနေတာက အာဏာရှင် စူးရောက်တွေလုပ်ရပ်နဲ့ တပုံစံတည်းပါပဲ။
ကိုလိုရာဒိုက ဒီမိုကရက်ပြည်နယ်ဝန်ကြီး Jena Griswold တို့အဖွဲ့က မဲကိစ္စတွေ ဆောင်ရွက်ရတဲ့ ကောင်တီစာရေးကို မဲပေး/မဲရေစက်တွေရဲ့ ပါ့စ်ဝေါ့ဒ်တွေ ပေါက်ကြားသွားတဲ့အကြောင်း မပြောခဲ့ကြပါဘူး။ အကြောင်းပြတာက လူတွေ လန့်ကုန်မှာစိုးလို့ပါတဲ့။ ပါ့စ်ဝေါ့ဒ်တွေက အွန်လိုင်းမှာ တင်ထားတဲ့ spreadsheet က tab တခုထဲမှာ လအတော်ကြာ ရှိနေခဲ့တာပါ။ မသမာတာတော့ ဒါတင်မကပါဘူး။ နိုင်ငံသားမဟုတ်သူတွေ မဲပေးတာနဲ့ ရက်စွဲမပါ လက်မှတ်မပါတဲ့ မဲတွေသတင်းကလည်း မနည်းပါဘူး။ နိုင်သွားပြီးတဲ့ နေရာတွေမှာ အမှုလုပ်မနေတော့လို့သာ မသိရတာပါ။
ထရမ့်နိုင်ပြီး နောက်တရက်မှာပဲ နျူဆမ်က သူတို့ရဲ့ လစ်ဗြဲပေါ်လစီတွေအပေါ် ထရမ့်အာဏာ မသက်ရောက်အောင် အထူးအစည်းအဝေးခေါ်ခဲ့ပါတယ်။ အလားတူပဲ ဒီမိုကရက် ဂါဗာနာတွေပေါင်းပြီး ဒီမိုကရေစီကို ကာကွယ်ဖို့ဆိုတဲ့အဖွဲ့ ဖွဲ့လိုက်ပါတယ်။ ထရမ့်ပေါ်လစီတွေကို ဆန့်ကျင်တန်ပြန်ဖို့ပါတဲ့။ ထရမ့်က ဥုံဖွလုပ်ပြီးနိုင်လာတာမဟုတ်ဘူးလေ၊ သူ့ကို ပြည်သူတွေက ဝိုင်းမဲပေးကြလို့ နိုင်ခဲ့တာဆိုတော့ ထရမ့်ကို ကာပြန်ချင်တာဟာ ပြည်သူကို မလေးစားတာပါပဲ။
သမ္မတရကပမှာလည်း ဒီမိုကရက်နိုင်တဲ့ ပြည်နယ် ၁၉ခုမှာ မဲပေးဖို့ ID လိုတာက ပြည်နယ် ၂ခုပဲ ရှိပါတယ်။ ၄ပြည်နယ်က ဓါတ်ပုံပါတဲ့ ID မလိုဘူးဆိုတော့ တကယ်က ID မလိုသလိုပါပဲ။ ကျန်တဲ့ ၁၃ပြည်နယ်က မဲပေးဖို့ ID လုံးဝ မလိုပါဘူး။ အဲဒီပြည်နယ်တွေမှာ စာရွက်နဲ့ ID ပါမှ မဲပေးရမယ်ဆိုရင် တပြည်လုံးနီးပါး ရဲပတောင်းခတ်သွားပါလိမ့်မယ်။
အမေရိကန်ရကပမှာ ညစ်မှုပေါင်းများစွာကြားထဲကနေ အပြတ်အသတ် ထရမ့်နိုင်လိုက်တာဟာ ထရမ့်ရဲ့ အောင်ပွဲဆိုတာထက် လူထုရဲ့အောင်ပွဲပါ။ လူထုသာ အမှန်မမြင် အရှည်မကြည့်ပဲ မီဒီညာတွေ ပြောတာယုံပြီး ဖီလင်နဲ့ တိုင်းပြည်အတွက်အလုပ်မလုပ်ပေးတာ သေချာနေတဲ့လူတွေကို ရွေးမိရင် ဒီနွံထဲက ပြန်တက်လာဖို့ မလွယ်တော့ပါဘူး။
ပိုက်ဆံပေါတဲ့ ကမ္ဘာ့အကြမ်းဖက်/အာဏာရှင်အုပ်စု ကလည်း သူတို့ ကြိုးကိုင်လို့ရမယ့်သူကိုပဲ တက်စေချင်မှာဖြစ်လို့ မရမက ဝင်စွက်ဖို့ ကြိုးစားမှာပါ။ အထူးသဖြင့် တရုတ်က ထရမ့်နိုင်သွားရင် လာမယ့် tariff တွေကိုကြောက်တာ၊ ကမ္ဘာမှာ ဗိုလ်ကျလို့ မရတော့မှာကို ကြောက်တာတွေတင် မကပါဘူး။ ပြည်သူ့ဆန္ဒနဲ့ မဟုတ်ပဲ မင်းတက်လုပ်နေတဲ့ အာဏာရှင်ဆိုတာ ပြည်သူတွေရဲ့ အောင်ပွဲကို အကြောက်ဆုံးပါ။
အမေရိကန်မှာ ပြည်သူနိုင်သွားတော့ တရုတ်ကောလိပ်ကျောင်းသူ/သားလေးတွေလည်း လွတ်လပ်ဖို့ လမ်းစ ရှာလာကြပါတယ်။ ၈ရက်နေ့ညက တရုတ်ကျောင်းသူ/သား ၂သိန်းကျော်လောက်က ကိုင်ဖန်းဆိုတဲ့မြို့မှာ နာမည်ကြီးတဲ့ soup dumpling သွားစားကြဖို့ ညကြီးမှာ စက်ဘီးတွေနဲ့ ခရီးရှည် ချီတက်ကြပါတယ်။ သူတို့က အစိုးရကို ဆန့်ကျင်တဲ့အကြောင်း တလုံးမှ မဟပဲ နိုင်ငံတော်အလံနဲ့ အမျိုးသားသီချင်းတွေ ဆိုနေကြတော့ ရဲတွေကလည်း ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ပါတယ်။
ကိုင်ဖန်းကို သွားဖို့ ခက်အောင် လုပ်ထားတော့ ကျန်းကျိုကို နာရီနဲ့ချီပြီး စက်ဘီးဆက်စီးခဲ့ကြပါတယ်။ နောက်တရက်မှာ အာဏာပိုင်တွေက ကျောင်းသားတွေ ကျောင်းကိုပြန်လာဖို့ အမိန့်ထုတ်တော့လည်း တရက်တာ လွတ်လပ်မှုကို ခံစားပျော်ရွှင်နေတဲ့ ကလေးတွေ ပြန်သွားလိုက်ကြတာပါပဲ။ ၁၉၈၉မှာ နောင်တော်အမတော်တွေရဲ့ မအောင်မြင်ခဲ့တဲ့ တော်လှန်ရေးကို ဂျန်ဇီတွေ ဆက်လုပ်ကြဖို့ တက်ကြွနေကြပါတယ်။ နောက်ဘာဆက်လုပ်မယ်ဆိုတာ အာဏာပိုင်တွေ ခေါင်းခဲနေလောက်ပါပြီ။