နိုဝင်ဘာ ၂၂ ရက် ၂၀၂၄

ဒီနေ့တော့ ၄၇သမ္မတထရမ့်က အစိုးရသစ်အတွက် အမည်တင်သွင်းမှုအများအပြားကို ပြုလုပ်ခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးအတွက် အရေးကြီးတဲ့ ဘဏ္ဍာရေးဝန်ကြီး Department of Treasury အတွက် Key Square Group က စီအီးအို Scott Bessent ကို လျာထားလိုက်ပါတယ်။ Scott က အမေရိကပထမအာဂျင်ဒါကို ယုံကြည်သူဖြစ်ပြီး အမေရိကန်ရဲ့ နှစ် ၂၅၀ မတိုင်ခင်မှာ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေး ရှေ့ဆောင်နိုင်ငံ၊ ဆန်းသစ်တီထွင်မှုနဲ့ လုပ်ငန်းရှင်တို့ရဲ့ အချက်အချာနေရာ၊ ငွေရင်းမြစ်တွေရဲ့ ပန်းတိုင် စသဖြင့်ဘက်ပေါင်းစုံမှာ ထိပ်တန်းဖြစ်တဲ့  ရွှေခတ်သစ်တခုကို အရောက်ပို့နိုင်ဖို့ သမ္မတထရမ့်ကို ကူညီပေးပါလိမ့်မယ်။ ဒေါ်လာကိုလည်း ကမ္ဘာ့အရံငွေအဖြစ် တကမ္ဘာလုံး ယုံကြည်စွာသုံးနိုင်အောင် ဆက်လက်ထိန်းသိမ်းသွားမှာပါ။

ထရမ့်က ဒီမိုကရက်တွေလို ပြည်သူတွေကို နဖားကြိုးတပ်ထားမယ့် အစိုးရက ထိန်းချုပ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးအစား လွတ်လပ်မှုရှိတဲ့ Bitcoin နဲ့ crypto ငွေကြေးတွေအပေါ် ပိုအားပေးသွားမယ်ဆိုတဲ့ ကမ်ပိန်းကတိအတိုင်း Scott ကလည်း crypto သမားတဦးဖြစ်တဲ့အပြင် tariff ကို ယုံကြည်သူလည်းဖြစ်ပါတယ်။ crypto ကို လူငယ်တွေစိတ်ဝင်စားမှုများတော့ ဈေးကွက်ထဲကို လူငယ်တွေရဲ့ ငွေကြေးတွေ ဝင်ရောက်လာဖို့လည်း မျှော်လင့်တာဖြစ်ပါတယ်။ Scott က ပြီးခဲ့တဲ့လက Financial Times ကို ပြောသွားတဲ့ထဲမှာ ထရမ့်ရော သူရောက free trade ကိုယုံကြည်ကြောင်း၊ ဒါပေမယ့် မမျှတနေတဲ့အခြေအနေမှာ Tariff ကို သုံးရဦးမှာဖြစ်ကြောင်း၊ နောက်ပိုင်းမှာတော့ လျော့ကျသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေ ကုန်ဈေးနှုန်းမတက်ဖို့ tariff ကိုလည်း ထိန်းကစားသွားမှာပါ။

စီးပွားရေးဖွံ့ဖြိုးပြီး ကြွေးမြီလျော့ချဖို့ရည်ရွယ်တဲ့ Scott ရဲ့ အချက် ၃ချက်ပါတဲ့ စီးပွားရေးပလန်က အမှန်တကယ်စီးပွားရေးဖွံ့ဖြိုးမှုရဖို့ မလိုအပ်တဲ့ ဥပဒေတွေရှင်းထုတ်ရမှာရယ်၊ စွမ်းအင်တိုးထုတ် ရမှာရယ်၊ ငွေဖောင်းပွမှုကို လျော့ရမှာရယ်အပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးဖို့ လူတွေ ရင်းနှီးမြှုပ်နှံ လာအောင် လုပ်ရမှာပါ။ ဒါတွေက ထရမ့်အရင်သက်တမ်းတုန်းက လုပ်ခဲ့တာတွေချည့်ပါပဲ။ ထရမ့်ရဲ့ ဒုတိယသက်တမ်းအပြီးမှာ ဘတ်ဂျက်လိုငွေပြမှုကို GDP ရဲ့ ၃% အထိ လျော့ချသွားဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိ ၆% ဆိုတာက OECD မှာ အမြင့်ဆုံးပါ။ စီးပွားရေး ကောင်းလာရင် အစိုးရက အခွန်ပိုရမယ်၊ အလုပ်လက်မဲ့တွေအတွက် ထောက်ပံ့ကြေးပေးရတာတွေ လျော့သွားမယ်ဆိုတော့ အမြတ်ချည့်ပါပဲ။ တိုင်းပြည်ကြွေးမြီက ၃၆ထရီလီယံကို ကျော်လွန်သွားပါပြီ။

Scott ရဲ့အကြံပေးချက်ထဲမှာ စိတ်ဝင်စားစရာကောင်းတာက shadow Fed Chair ထားဖို့ပါ။ ပေါင်းဝဲလ်က မဆင်းဘူးဆိုတော့ ၂၀၂၆မှာကုန်မယ့် သူ့သက်တမ်းအတွက် ဘယ်သူ့ကို ခန့်မယ်ဆိုတာ ကြိုကြေငြာထားရင် forward guidance နဲ့ လူတွေက ပေါင်းဝဲလ်ပြောတာထက် နောက်လူပြောတာကို ပိုအာရုံထားကြမှာလို့ ဆိုပါတယ်။ ထရမ့်က ပေါင်းဝဲလ်မှန်မှန်ကန်ကန် လုပ်နေသ၍ သူ့ကို ၂၀၂၆အထိ ထားရှိမှာဖြစ်ပြီး သမ္မတတဦးအနေနဲ့ FR ရဲ့ ငွေကြေးပေါ်လစီ ဆုံးဖြတ်ချက်တွေမှာ (ဆုံးဖြတ်ခွင့် မရှိသည့်တိုင်) ဝင်ပြောပိုင်ခွင့် ရှိတယ်လို့ ခံယူထားပါတယ်။

နောက်ထပ်လျာထားသူတွေကတော့

  • အော်ရီဂွန်ကအမတ် Lori Chavez-DeRemer ကို Labor ဝန်ကြီး၊ (သူမက အမေရိကန် လုပ်သားတွေကို သင်တန်းတွေ အလုပ်သင်ပေးတာတွေ ကျယ်ပြန့်အောင်၊ ကုန်ထုတ်လုပ်ငန်းတွေ အမေရိကန်မြေကို ပြန်လာအောင်၊ လုပ်ခနဲ့ လုပ်ငန်းခွင်အခြေအနေ ပိုကောင်းအောင် လုပ်ဆောင်ပေးသွားမှာပါ။)
  • ဗာဂျီးနီးယားက Russell Thurlow Vought ကို Office of Management and Budget ဒါရိုက်တာ၊ (သူက အရင်ထရမ့်လက်ထက်မှာ ဥပဒအသစ်တခုပြုရင် အဟောင်း ၄ခုဖျက်ရမယ် ဆိုတဲ့ ထရမ့်လမ်းညွှန်မှုကို ဖြစ်အောင်လုပ်ခဲ့သူ၊ ဝါရှင်တန်မှာ နှစ်အကြာကြီး public policy လုပ်ခဲ့သူ၊ ကုန်ကျစားရိတ်အဖြတ်ကြမ်းသူ၊ ဒိစတိတ်ကို ဘယ်လိုဖြိုရမယ်ဆိုတာ ကောင်းကောင်းသိသူ ဖြစ်ပါတယ်။)
  • Alex Wong ကို သမ္မတရဲ့ လက်ထောက်နဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဒု-ချုပ်
  • Dr. Sebastian Gorka ကို သမ္မတရဲ့ ဒု-လက်ထောက်နဲ့ Counterterrorism ရဲ့ အကြီးတန်း ဒါရိုက်တာ
  • အာကန်ဆောက Dr. Jenette Nesheiwat ကို US Surgeon General နိုင်ငံရဲ့ဆရာဝန် (သူမကို ကာကွယ်ရေးဆေးပညာ၊ လူထုကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကူညီရေးလုပ်ငန်းတွေကြောင့် လူသိများပါတယ်။)
  • Dr. Dave Weldon ကို ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနများ CDC ရဲ့ ဒါရိုက်တာ
  • လောလောဆယ် evidence based medicine လုပ်နေတဲ့ Dr. Marty Makary ကို FDA ကော်မရှင်နာ
  • တက္ကဆက်စ်က NFL ကစားသမားဟောင်း Scott Turner ကို Department of Housing and Urban Development ဝန်ကြီး (သူက အရင်ထရမ့်လက်ထက်က အမွဲဆုံးလူတွေရဲ့ဘဝတွေကို တိုးတက်အောင်လုပ်ပေးခဲ့တဲ့ WHORC ရဲ့ ပထမဆုံး Executive Director လည်းဖြစ်ပါတယ်။)

Matt Gaetz က ရှေ့နေချုပ်ရာထူးကို ယူရမယ်ဆိုရင် ဆီးနိတ်ရဲ့ အတည်ပြုချက်ရယူဖို့အတွက် ဆီးနိတ်မှာ အဲဒီဆီနိတ်တာတွေထဲက တချို့အကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးတဲ့ တွိအကြောင်း အချိန်ပြည့် သွားရှင်းပြနေရမှာဖြစ်ပြီး တိုင်းပြည်အတွက် တကယ်လုပ်ရမယ့် အလုပ်တွေက နောက်ကို ရောက်သွားမှာကြောင့် ငြင်းလိုက်ရတာပါလို့ ဆိုပါတယ်။ အခုတော့ သူက ထရမ့်နားမှာနေပြီး ဘယ်နေရာမှာ ဘယ်သူတွေက သင့်တော်နိုင်တယ်ဆိုတာတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီဌာနက ၈၂၄သန်းဘတ်ဂျက်ကို စာရင်းစစ်လို့ မရတာက ၂၀၂၃ကဖြစ်ပြီး ၇နှစ်ဆက် စာရင်းစစ်လို့မရတာဆိုတော့ စုစုပေါင်း ၃ထရီလီယံနီးပါးဖြစ်ပါတယ်။ ၂၀၂၄ ဘတ်ဂျက်က ၁ထရီလီယံလောက်ဆိုတော့ DoGE ကယ်မှပဲ ဖြစ်တော့မယ်ထင်ပါတယ်။ ဒါကြောင့်လဲ သူတို့ထဲကမဟုတ်တဲ့ Pete Hegseth ဝင်လာမှာ အရမ်းကို ကြောက်နေကြတာဖြစ်မှာပါ။

၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်အတွင်မှာ ဘိုင်ဒန်အစိုးရက ဥပဒေအရ သက်တမ်းကုန်သွားပြီဖြစ်တဲ့ ပရိုဂရမ်တွေအတွက် ၅၁၆ဘီလီယံ ချထားပေးရာမှာ အဲဒီထဲက ၃၂၀ဘီလီယံက သက်တမ်းကုန်တာ ၁၀နှစ်အထက် ဖြစ်နေတာကို တွေ့ရှိထားပါတယ်။ ကလေးသတ်တဲ့ ပလန်းပဲရင့်ဟွတ်တို့လို လက်ဝဲစွန်းကိစ္စတွေအတွက် ၃၂၅သန်း၊ public broadcasting နဲ့ လူထုကို မှိုင်းတိုက်တာက ၅၃၅သန်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ၁.၅ဘီလီယံ ပေးထားပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းဆိုလို့ လွှတ်ပျော်မသွားပါနဲ့ဦး၊ ယူအန်လို အဖွဲ့တွေက ခိုးဝင်တွေသွင်းတဲ့နေရာမှာ အဓိက လှုပ်ရှားပေးတာပါ၊ အလားတူပဲ ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း သူတို့ အာဂျင်ဒါတွေ တွန်းဖို့နဲ့ တွန်းပေးတဲ့လူတွေ ဝါးဖို့ပါပဲ။

ဘိုင်ဒန်တို့က ကလေးသတ်တဲ့အဖွဲ့အစည်းကို ပြည်သူ့ပိုက်ဆံနဲ့ ၃၂၅သန်း ပေးတဲ့အပြင် အဲဒီပလန်းပဲရင့်ဟုဒ်မှာ ဥက္ကဋ္ဌအဖြစ် ၁၂နှစ်ကျော် လုပ်သွားတဲ့ Cecile Richards ကို Presidential medal of freedom နဲ့ ဂုဏ်ပြုလိုက်ပါတယ်။ အဲဒါ ဒေါ်စုကို အိုဘမပေးတဲ့ ဆုတံဆိပ်မျိုးပါပဲ။ ကလေးသတ်တဲ့သူတင်မကပါဘူး၊ အိုဘမက နာမည်ကြီး လိင်မုဆိုးကြီးတွေ အကုန်လုံးလိုလိုကိုလည်း ပေးခဲ့တာပါပဲ။ ဒေါ်စုကိုတောင် အားနာမိပါရဲ့။  

လူထုကို ဟိုလူကြီးကို မုန်းခိုင်းတာနဲ့ အာရုံလွှဲ၊ ကလေးသတ်၊ လိင်ပြောင်းကိစ္စတွေမှာ ငြင်းခိုင်းထားပြီး နောက်ကွယ်မှာ ကိုယ့်ပိုက်ဆံနဲ့ သူတို့အကျိုးအတွက် လုပ်ချင်တိုင်းလုပ်နေကြတာကို မြင်ဖို့လိုပါတယ်။ သူတို့မှာ စီးပွားရေးပလန် ဘာဆို ဘာမှ မရှိတာ ချမပြနိုင်တာကိုလည်း မြင်အောင် ကြည့်ကြပါ။

Leave a comment