အစိုးရအသုံးစာရိတ်ထဲက ၂ထရီလီယံနဲ့အထက် လျော့သွားအောင် ဖြတ်ပစ်နိုင်မယ့် နည်း ၂၂နည်း

အိုင်အိုဝါက ရီပါဘလစ်ကန်ဆီနိတ်တာ Joni Ernst က DoGE အတွက် အကြံပြုထားတာပါ။

  1.  နေ့စဥ်ရုံးတက်နေတဲ့ အစိုးရဝန်ထမ်းတွေက ဌာနပိုင်အဆောက်အဦတွေရဲ့ ၆%လောက်ပဲ နေရာယူတာပါ။ နေရာအကုန်လုံးအတွက် တနှစ်ကို ၁၅.၇ဘီလီယံ ကုန်ကျနေတော့ မလိုတဲ့ အဆောက်အဦတွေ ရှင်းထုတ်ပစ်ရင် စားရိတ်အများကြီး လျော့သွားပါလိမ့်မယ်။
  2. ပြည်တွင်းအခွန်ဝန်ထမ်းတွေက ဒီမိုကရက်အာဂျင်ဒါတွေကို အာခံရင် ပြဿနာ ရှာကြသလောက် ကိုယ်တိုင် အခွန်မဆောင်ကြသလို ခြခေါင်းဆောင်တွေရဲ့  အရှုတ်ထုပ်တွေကို ဖုံးဖိပေးထားကြပါတယ်။ ဖက်ဒရယ်ဝန်ထမ်း ၁၅၀,၀၀၀က အခွန်ကြွေးကျန် ၁.၅ဘီလီယံရှိပါတယ်။
  3. ဘိုင်ဒန်က လျှပ်စစ်ကားအားသွင်းတဲ့စခန်း ၁၇ခုအတွက် ၇.၅ဘီလီယံနဲ့ ကျေးလက်အင်တာနက်အတွက် ၄၂ဘီလီယံ သုံးထားပေမယ့် အီလွန်က ဆီကားတွေအတွက် အစိုးရက ဓါတ်ဆီဆိုင်ဆောက်ပေးပါသလား၊ ဆီဆိုင်ဆောက်ပေးဖို့မလိုရင် ကားအားသွင်းဖို့ နေရာလည်း ဆောက်ပေးဖို့မလိုဘူးလို့ ဝေဖန်ထားပါတယ်။ အင်တာနက်လည်း ဈေးကွက်လိုချင်သူက အကုန်ခံရမှာပါ။ ဘာမှမရှိရင်တောင် စတားလင့်ခ်ရှိနေပြီပဲလေ။ ဈေးကွက်စီးပွားရေးကို အစိုးရက ဝင်နှောက်နေတာ ဇီးသီးဗန်းမှောက်ဖို့သက်သက်ပါပဲ။
  4. ကာလီဖိုးနီးယားမှာ မြန်နှုန်းမြင့်ရထားပရောဂျက်တွေ တည်ဆောက်ဖို့ လုပ်နေခဲ့တာ ကြာပြီဖြစ်ပြီး ဘာမှသာ အကောင်အထည် ပေါ်မလာသေးတာ၊ တနှစ်တနှစ် ၁၀ဘီလီယံထက်မနည်း ကုန်ကျခဲ့ပြီးပါပြီ၊ ထပ်လိုမှာက ဘီလီယံတရာကျော်ဆိုတော့ အဲဒီပရောဂျက်ကို ရပ်လိုက်ရင် ၁၄၄ဘီလီယံလောက် အကုန်သက်သာသွားပါမယ်။
  5. စက်တင်ဘာမှာ ချပေးပြီးသား ဘတ်ဂျက်တွေ မကုန်ပဲကျန်နေရင် နောက်တောင်းဖို့ ခက်သွားမယ့် ဘတ်ဂျက်မော်ဒယ်ကြောင့် မကုန်မချင်းသုံးဖို့ ဂိမ်းတွေဝယ်၊ ပါတီတွေပေး စတဲ့ဖြုန်းတီးမှုတွေလုပ်နေကြတာကို ပြောင်းလဲပစ်ရင် ၅၃သန်းလောက် သက်သာမှာပါ။
  6. အစောပိုင်းသမ္မတရကပကမ်ပိန်းဖန်ဒ်တွေမှာ ဘယ်လိုမှနိုင်ခြေမရှိတဲ့ ကန်ဒီဒီတ်တွေအတွက်  ပြည်သူ့အခွန်တွေသုံးတာ လျော့လိုက်ရင် ၁၆.၆သန်း သက်သာပါမယ်။
  7. အကြွေတပြားစေ့တစေ့ထုတ်လုပ်ဖို့ ၃ပြားကုန်ပြီး ၅ပြားစေ့တစေ့ထုတ်လုပ်ဖို့ ၁၁ပြား ကုန်နေတာကို ပြင်လိုက်ရင် သန်း ၅၀လောက် သက်သာသွားမှာပါ။
  8. အစိုးရ ဘတ်ဂျက်ထဲက ၁.၆ထရီလီယံကို ဘာမှန်းမသိတဲ့ ခေါင်းစဥ်တွေအောက်မှာ ဖွက်ထားပါတယ်။ အဲဒီထဲမှာ ကဗတုန်းက ကျန်တဲ့ ဘီလီယံပေါင်းများစွာလည်း ပါပါတယ်။
  9. အစိုးရက ဗျူရိုကရက်နဲ့ ကန်ထရိုက်တာတွေအတွက် ဘာမှလုပ်မပြနိုင်ရင်တောင် အလကား ရနေတဲ့ ဘိုးနပ်စ်ဆိုတာတွေကနေ သန်း ၅၀၀ကျော် လျော့လို့ရပါတယ်။
  10. အကျိုးမရှိတဲ့ သိပ္ပံစမ်းသပ်ချက်တွေကို ရှင်းလိုက်ရင် သန်း၁၀၀ကျော် ထွက်လာပါမယ်။
  11. မနှစ်က တသန်းလောက်ဝင်ငွေရှိနေတဲ့ အမေရိကန် တသောင်းခွဲခန့်က အလုပ်လက်မဲ့ ခံစားခွင့် ၂၁၃သန်း ရယူခဲ့ကြတာမျိုးတွေကို ဖော်ထုတ်ရှင်းလင်းရပါမယ်။
  12. ဖက်ဒရယ်အေဂျင်စီတွေက လူထုဆက်ဆံရေးအတွက်ဆိုပြီး ထုတ်တဲ့ မတ်ခွက်၊ ကီးချိန်း၊ ရေဗူး၊ စတစ်ကာ၊ တီရှပ်၊ ဦးထုပ် အပါအဝင် ပစ္စည်းတွေအပေါ် တနှစ် ၁.၅ဘီလီယံ သုံးနေတာကို ရပ်ရပါမယ်။
  13. ဖက်ဒရယ်အေဂျင်စီတွေသုံးနေတဲ့ cloud computing software လိုင်စင်ကြေးတွေကတင် တနှစ်ကို သန်း၇၅၀ ကုန်နေတာကိုလည်း ဖြတ်ဖို့နည်း ရှာရပါမယ်။
  14. တရုပ် ယူကရိန်းအစရှိတဲ့နိုင်ငံတွေမှာ လူပိုသေ ပိုကုရခက်တဲ့ ပိုးမျိုးတွေ ထုတ်လုပ်ဖို့ ပိုက်ဆံပေးနေရတာတွေကိုလည်း ရပ်ပစ်ရပါမယ်။ အဖုံးကောင်းတော့ ဘယ်လောက် သုံးနေမှန်းတောင် မသိရပါဘူး။
  15. အမေရိကန်က ကိုယ့်တိုင်းပြည်အကျိုးရှိတာ ဘာမှမလုပ်၊ အကျိုးယုတ်တာပဲလုပ်တဲ့ ယူအန်ကို တခြားနိုင်ငံတွေထက် ၁၅ဘီလီယံပိုပေးနေတာကိုလည်း ရပ်ရပါမယ်။ ယူအန်ကတဆင့် ခိုးဝင်တွေ သွင်းတာ၊ အကြမ်းဖက်တွေကို ယူအန်ဝန်ထမ်းအနေနဲ့ လခပေးထားတာတွေအပြင် ကမ္ဘာ့နိုင်ငံတွေ ပြည်သူတွေလည်း ယူအန်ကြောင့် အကျိုးရှိသွားတာ မရှိပါဘူး။
  16. ပန်တဂွန်ရဲ့ ဖောင်းပွနေတဲ့ ဗျူရိုကရေစီယန္တယားမှာ ပြည်သူ့ဘဏ္ဍာ ၁၂၅ဘီလီယံလောက် လေလွင့်သွားသလို စာရင်းစစ်တောင် မအောင်တာကိုလည်း ဖော်ထုတ်ရှင်းလင်းရပါမယ်။
  17. ဖက်ဒရယ်ဝန်ထမ်းတွေရဲ့ ကျန်းမာရေးခံစားခွင့်အစီအစဥ်မှာ မရသင့်တဲ့လူတွေပါ ပါနေတာက တနှစ်ကို ၁ဘီလီယံဖိုးလောက်ရှိပါတယ်။
  18. ဘာအလုပ်မှ ဟုတ်တိပတ်တိမရှိလို့ ရုံးချိန်မှာ အိပ်နေ၊ ဂိမ်းဆော့နေကြတဲ့ ဖက်ဒရယ် ဝန်ထမ်းတွေကို ရှင်းပစ်ပြီး ကွန်ဂရက်စ်က ရိုးရှင်းလွယ်ကူတဲ့ ဥပဒေ ပြဌာန်းပေးတာနဲ့တင် ၃၁ သန်း သက်သာမှာပါ။
  19. စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကလိုင်းမိတ်ချိန့်အာဘော်နဲ့ နွား/ကြက်မွေးမြူရေး၊ နို့စိမ်းလုပ်ငန်းတွေကို ရန်ရှာနေပေမယ့် ပုရစ်မွေးတဲ့ခြံတို့လို အဓိပ္ပါယ်မရှိတာတွေကို ထောက်ပံ့ကြေးတွေပေးနေတာ ဖြတ်ရပါမယ်။
  20. ဗျူရိုကရက်ယန္တယားရဲ့ အမှားအယွင်းတွေကြောင့် foodstamp လိုမျိုး Supplemental Nutrition Assistance Program payment တွေထဲက တနှစ်ကို ၁၀ဘီလီယံက မကုန်သင့်ပဲ ကုန်ရပါတယ်။
  21. US Government Accountability Office ရဲ့ အကြံပြုချက်ပေါင်း ရာကျော်ကို အကောင်အထည်ဖော်လိုက်ပြီး ထပ်နေ ပိုနေတဲ့အလုပ်တွေကို လျော့ချလိုက်ရင် အစိုးရယန္တယားမြန်ဆန်လာမှာဖြစ်သလို တနှစ်ကို ဘီလီယံ ၂၀၀လောက်လည်း သက်သာသွားမှာပါ။
  22. ဖက်ဒရယ်အစိုးရက ၁ ဘီလီယံသုံးတိုင်းသုံးတိုင်း ၁၀၂သန်းက လေလွင့်သွားပါတယ်။ အသိတရားရှိရှိနဲ့ မကုန်သင့်တာမကုန်အောင် ကိုယ်တာဝန်ယူရတဲ့အပိုင်းတိုင်းမှာ ကိုယ်စီ ဂရုစိုက်သွားကြရင် မနှစ်ကဘတ်ဂျက်မှာ ၆၈၈.၅ဘီလီယံ အနည်းဆုံး သက်သာသွားမှာပါ။

တကယ်တော့ ပြည်သူ့ဘဏ္ဍာဆိုတာ ပြည်သူ့ချွေးနဲစာဖြစ်သလို တိုင်းပြည်ကြွေးမြီဝန်ပိနေရင်လည်း ပြည်သူအတွက် ကောင်းကျိုးမရှိပါဘူး။ တိုင်းပြည်ကြွေးမြီလျော့ပါးပြီး အစိုးရယန္တယားက အလေအလွင့်အနည်းဆုံးနဲ့ အကျစ်လစ်ဆုံး လည်ပတ်နိုင်မှသာ ပြည်သူတွေ အခွန်ရော ငွေဖောင်းပွမှုပါ သက်သာမှာဖြစ်ပါတယ်။ နာတာရှည်ရောဂါဆိုးကြီးကို ပျောက်အောင်ကုသမယ့်လမ်းက ချောမွေ့လွယ်ကူမှာမဟုတ်ပေမယ့် နောင်မျိုးဆက်သစ်တွေအတွက် အကောင်းဆုံးလက်ဆောင် ပေးနိုင်ဖို့ ဒီရောဂါကြီးကို ပျောက်အောင် ကုရမှာကို နားလည်ပေးကြဖို့လိုပါတယ်။ သေချာတာကတော့ ၁ဘီလီယံကျော်ရတဲ့ ကမ်ပိန်းငွေကို သန်း၂၀အကြွေးတင်အောင်သုံးတာတောင် မရှုမလရှုံးသွားသူက တိုင်းပြည်ကိုအုပ်ချုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။

Leave a comment