ဘာသက်သေအခိုင်အမာတခုမှ မပြနိုင်ပဲ လုပ်ကြံပုဒ်မတွေနဲ့ စွဲနေရတဲ့ ထရမ့်ကို ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ အသံကောင်းဟစ်နေခဲ့တဲ့ဘိုင်ဒန်၊ သူ့သားဟန်းတားကို ပါဒန်မလုပ်ပါဘူးလို့ အကြိမ်ကြိမ်ပြောထားတဲ့ ဘိုင်ဒန်က သူ့သားကို ပါဒန်လုပ်တော့လည်း ဇန်နဝါရီ ၁ရက် ၂၀၁၄ကနေ ဒီဇင်ဘာ ၁ရက် ၂၀၂၄အတွင်း လုပ်ခဲ့သမျှအရာအားလုံးအတွက် ချွင်းချက်မရှိ အကန့်အသတ်မရှိ လွတ်ငြိမ်းခွင့်ပြုလိုက်တာပါ။ အခုလက်ရှိစွဲထားတဲ့အမှုတွေက သူကျူးလွန်ခဲ့သမျှထဲမှာ အသေးဆုံးလို့ ဆိုရမယ့်အမှုတွေပါပဲ။ အခွန်လိမ်တာနဲ့ လက်နက်ဝယ်ဖို့ဖောင်ဖြည့်တာမှာ ဖုံးကွယ်/ ထိန်ချန်တာပါ။ အဲဒီ ၂မှုစလုံးက ၂၀၁၄ထဲမှာ မဟုတ်သလို ဘိုင်ဒန့်တရားရေးဌာနက အလျော့ပေါ့ အငြင်သာဆုံးနည်းတွေနဲ့ မပေါ်အောင်ကို ရှောင်စစ်နေကြတာပါ။
ဘိုင်ဒန့်ပါဒန်မှာ ၂၀၁၄ဆိုတဲ့ ခုနှစ်ကို ဘာကြောင့်သေချာထည့်တာလဲဆိုတော့ အဲဒီနှစ်က စီအိုင်အေနဲ့ State Dept က ယူကရိန်းကို ဝင်ကြိုးကိုင်လိုက်တဲ့နှစ်ဖြစ်တဲ့အပြင် အဲဒီနှစ်မှာပဲ ဟန်းတားရဲ့ ဘိုင်အိုလက်ဘ်ကုမ္ပဏီ Metabiota က ယူကရိန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို စရှာ/စမ်းသပ်ခဲ့တာ ဖြစ်လို့ပါ။ ၂၀၁၄မှာ Metabiota က ကူးစက်ပိုးတွေ ပြန့်ပွားလာနိုင်ခြေကို အမြန်သိဖို့၊ ခြေရာခံဖို့နဲ့ သုံးသပ်ဖို့ ၁၈.၄သန်း ကန်ထရိုက်ရထားပြီး ယူကရိန်းနဲ့ ဂျော်ဂျီယာက လက်ဘ်တွေမှာ စမ်းသပ်နေတာပါ။ အဲဒါကို ယူကရိန်းအစိုးရရှေ့နေက ခြေရာခံမိသွားပြီး ထုတ်ပြောလာတော့ အဲဒီအချိန်က ဒုသမ္မတဂျိုးက အဲဒီရှေ့နေကို ဖြုတ်ပစ်ဖို့ ယူကရိန်း ပေါ်ရှန်ကိုအစိုးရကို ဖိအားပေးခဲ့ပါတယ်။ အဆိုပါရှေ့နေကို မဖြုတ်ဘူးဆိုရင် ယူကရိန်းကို ၁ဘီလီယံကူမယ်ဆိုတဲ့ဟာ မပေးတော့ဘူးလို့ ကြပ်ခဲ့တာပါ။ အဲဒါလည်း ဂျိုးပါးစပ်က ထုတ်ကြွား လာတာပါပဲ။
ထရမ့်တက်လာတော့ ဟန်းတား/ဂျိုးတိုးရဲ့ ယူကရိန်းက အရှုပ်ထုတ်တွေအကြောင်း ဇယ်လင်းစကီးကို မေးပါတယ်၊ မပြောရင် ယူကရိန်းကို ကူမယ့်ဟာတွေ မပေးတော့ဘူးလို့ ကြပ်ခဲ့လို့ ဒီမိုကရက်တွေ ထရမ့်ကို ပထမအကြိမ် impeach လုပ်ခဲ့တာပါ။ သူတို့က ထရမ့်ဟာ ယူကရိန်းအတွက် အကူအညီကို ပုဂ္ဂိုလ်ရေး favor အတွက် တလွဲအသုံးချတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ကွာတာက ဂျိုးလုပ်ခဲ့တာ သူ့ကိုယ်ကျိုးအတွက်ဖြစ်ပြီး ထရမ့်လုပ်ခဲ့တာက အမျိုးသားလုံခြုံရေးရှုထောင့်ကနေ ဖြစ်ပါတယ်။
ဂျိုးလုပ်ခဲ့တုန်းက သမ္မတတောင် မဟုတ်ပါဘူး၊ ဒါပေမယ့် အိုဘမတို့ ပလိုးစီတို့ကလည်း ဂျိုးတို့ ဟန်းတားတို့ လုပ်သမျှ အကုန်သိနေတာပဲဆိုတော့ ပေါင်းစားလို့သာ အသံမထွက်တာ ဖြစ်မှာပါ။ ပေါင်းစားတာမဟုတ်ရင် သူခိုးအစိုးရတွေထုံးစံအတိုင်း သူ့ဖော် ကိုယ့်ဖော်ဖြစ်မှာစိုးလို့ ဝိုင်းဖုံးပေးနေကြတာပဲဖြစ်မှာပါ။ ဒီအုပ်စုကြီးထဲမှာလည်း ဟန်းတားတယောက်ပဲ ဆေးစွဲ၊ အရက်စွဲ၊ တလကို ၂သိန်းကျော်သုံးမလောက် ဖြစ်နေသူဆိုတော့ လက်မရွံ့က သူပဲရှိတာ ဖြစ်နေပုံပါပဲ။
ပေါက်ထွက်လာတဲ့သတင်းတွေမှာတော့ ယူကရိန်းအာဏာရှင်ဇယ်လင်းစကီးက ဟန်းတားရဲ့ Metabiota နဲ့ပတ်သက်တဲ့ ဆက်နွယ်မှုတွေ အချက်အလက်တွေအားလုံးကို ဖျက်ဆီးပစ်ဖို့ ၂၀၂၂ ဖေဖေါ်ဝါရီ ၂၄မှာ အမိန့်ပေးလိုက်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့်လည်း ပြည်သူ့အခွန်နဲ့ ဘိုင်ဒန်နဲ့ နှစ်ပါတီခြအုပ်စုတွေက ယူကရိန်းကို ဘီလီယံပေါင်းများစွာ ကူချင်နေကြတာပါ။ ပြည်တွင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ဖြစ် ခိုးဝင်တွေကြောင့်ဖြစ်ဖြစ် အစိုးရအသုံးမကျလို့ပဲဖြစ်ဖြစ် ဒုက္ခရောက်နေသူတွေက ယူကရိန်းလောက် အာရုံစိုက်မှုရော အကူအညီရော မရနေတာ ဘာကြောင့်ဆိုတာ ရှင်းကြပြီထင်ပါတယ်။
တကယ်တော့ ပါဒန်လုပ်တယ်ဆိုတာ ဥပဒေအရ လုပ်ခွင့်ရှိတယ်ဆိုပေမယ့် ဥပဒေရဲ့ အနှစ်သာရက ဥပဒေရဲ့ မပြည့်စုံမှုကြောင့်ပဲဖြစ်ဖြစ်၊ အခြေအနေရဲ့ ရှုပ်ထွေးမှုကြောင့်ပဲဖြစ်ဖြစ်၊ တကြိမ်တခါ မသိလို့ မှားမိတာပဲဖြစ်ဖြစ် အဲဒီလိုကိစ္စတွေမှာ ကယ်မယ်ဆိုရင် ကယ်နိုင်အောင် ပြဌာန်းထားတာပဲ ဖြစ်ပါတယ်။ ဟန်းတားက အဲဒီထဲက ဘယ်အချက်နဲ့မှ အကျုံးမဝင်ပါဘူး။ သူ့ကို စွဲထားတဲ့ အမှုတွေမှာလည်း ခုခံကာကွယ်/ထုချေပိုင်ခွင့် အပြည့်အဝ ပေးထားပြီးသားပါ။ အခွန် ၁.၄သန်း မပေးခဲ့တဲ့ကိစ္စမှာလည်း IRS က ဟန်းတားအကြောင်း ထုတ်ပြောလာတဲ့လူတွေကို တားဂက်ထားတာတွေ၊ လုပ်လာခဲ့တာပါ။ ခြစားမှုတွေကို တကယ်တမ်း ဖော်ထုတ်ချင်တယ်ဆိုရင် follow the money လုပ်လိုက်ရင် အကုန်ပေါ်မှာပါ။ IRS တို့ FBI တို့က ခြတွေကြီးစိုးနေလို့သာ ဘာအမှုမှ မပေါ်နေတာ ဖြစ်ပါတယ်။
ဘိုင်ဒန့်တရားရေးကလည်း ဟန်းတားအပေါ် သက်ညှာတာထက်ကို ပိုအခွင့်အရေး ပေးထားပါတယ်။ တကယ်လို့ ပြစ်ဒဏ်ကျခံရမယ်ဆိုရင်တောင် ထောင်ထဲဝင်ရတဲ့အထိ ဖြစ်လာဖို့ထက် ဒဏ်ငွေလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ ထရမ့်ကလည်း ပြန်လည်သင့်မြတ်ရေးသမားဆိုတော့ ဟန်းတားကို ထောင်ထဲပို့တဲ့အထိတော့ လုပ်မှာ မဟုတ်ပါဘူး။ အခုလို သမ္မတက သူ့အတွက် လူမိုက်လုပ် ခြစားပေးတဲ့ သူ့သားကို ပါဒန်လုပ်လိုက်တာက နောင်မှာ စားချင်တိုင်းစား၊ ထွက်ခါနီးရင် ပါဒန်ပေးလိုက် ဆိုတဲ့ အစဥ်အလာဆိုးတခုကို စလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ဂျိုးလုပ်ချင်တာတွေမှန်သမျှကို ဟန်းတားက နာမည်ခံလုပ်ပေးရပြီး ဟန်းတားရသမျှထဲက ၂၀% က ဂျိုးကို ပြန်ပေးရတယ်ဆိုတာ ဟန်းတားကိုယ်တိုင် ပြောထားတာပါ။ အဲဒီတော့ ဟန်းတားကို ပါဒန်လုပ်တာဟာ ဂျိုးက သူ့ကိုယ်သူရော သူ့ရဲ့ ဝေစားမျှစား ဒီမိုကရက်ခေါင်းဆောင်တွေကိုပါ ပါဒန်လုပ်လိုက်တာပါပဲ။
အရင်တခါ ထရမ့်ရာထူးသက်တမ်းပြီးခါနီးတုန်းကလည်း ကိုယ့်ဖာသာကိုယ် ပါဒန်လုပ်မှာလား၊ သားတွေကို ပါဒန်လုပ်မှာလားနဲ့ တချိန်လုံး မီဒီညာတွေက ကျောင်းနေခဲ့ကြတာပါ။ ထရမ့်က သူ့ကို မဟုတ်မဟတ်ကိစ္စတွေနဲ့ အမှုတွေဆင်နိုင်တယ်ဆိုတာ မရိပ်မိပဲ မနေပါဘူး၊ ဒီလောက်ဆိုးမယ်တော့ ထင်ချင်မှ ထင်မှာပေါ့။ အမှုတွေခုခံရတာရော အလုပ်လုပ်လို့မရအောင် လုပ်ထားတာတွေရော၊ ကိုယ့်အိမ်တောင် ကိုယ်နေခွင့်မရတာရောက ထရမ့်အတွက် ငွေကြေးရော စိတ်ဓါတ်ရော အကုန်အကျ သိပ်ကြီးပါတယ်။ ဒါပေမယ့် အပြစ်မရှိတာကို ပါဒန်လုပ်လိုက်ရင် အပြစ်ရှိသလို ဝန်ခံလိုက်သလို ဖြစ်သွားမှာစိုးလို့ မလုပ်ပဲတင်းခံနေခဲ့တာပါ။ အဲဒီနှစ်မျိုးကို ကွဲပြားအောင် မြင်နိုင်ကြဖို့လိုပါတယ်။
လာမယ့်ဇန်နဝါရီမှာ လွှတ်တော် ၂ရပ်လုံးရော အိမ်ဖြူပါ ရီပါဘလစ်ကန်တွေ ထိန်းချုပ်မှာဖြစ်လို့ အောက်လွှတ်တော်က ရီပါဘလစ်ကန်တွေက ဟန်းတားကို ပါဒန်လုပ်ပြီးသည့်တိုင် ဘိုင်ဒန်မိသားစုအပေါ် ဆက်လက်စစ်ဆေးစရာရှိတာတွေ ဆက်လုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။ သူတို့က ဟန်းတားနဲ့ ဂျိုးကြားက အပေးအယူတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတာ လအတော် ကြာခဲ့ပါပြီ။ ဒါပေမယ့် ဗျူရိုကရက်ခြတွေဆီက သက်သေမရလို့ ကြာနေတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ပိုက်ဆံပေါင်းများစွာ ယူကရိန်းကိုပေးတာ၊ တရုတ်ကို နိုင်ငံတော် လျို့ဝှက်ချက်တွေ ခိုးပေးတာ၊ ကဗပိုးနဲ့ လူသန်းပေါင်းများစွာကို သေစေခဲ့တာတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုတခုခုတော့ ရှိသင့်ပါတယ်။