ဒီဇင်ဘာ ၂၃ ရက် ၂၀၂၄

ဒီကနေ့ ဘိုင်ဒန် ပြစ်ဒဏ်က သေဒဏ်ကျခံဖို့ စောင့်နေတဲ့ ရာဇဝတ်အကျဥ်းသား ၃၇ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။ အဲဒီထဲက Jorge Avila-Torrez ဆိုသူက အဆိုးဆုံးပါပဲ။ ၂၀၀၅တုန်းက အသက် ၈နှစ်ရှိ Laura Hobbs နဲ့ အသက် ၉နှစ်ရှိ Krystal Tobias တို့ကို ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ပြီး Hobbs ကို မျက်လုံးအပါအဝင် အချက် ၂၀၊ Tobias ကို ၁၁ချက် ရက်ရက်စက်စက် ဓါးနဲ့ထိုးသတ်ခဲ့တာပါ။ အဲဒီရာဇဝတ်ကောင်ဟာ ၂၀၀၉ခုနှစ်မှာ အသက် ၂၀အရွယ်ရှိ အမေရိကန်ရေတပ်သမီး Amanda Jean Snell ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သေးသလို အဲဒီနှစ်မှာပဲ နောက်အမျိုးသမီးတဦးကို မုဒိမ်းကျင့်ပြီး သေလုနီးနီး နှိပ်စက်ခဲ့ပါသေးတယ်။

ဘိုင်ဒန်က ပြစ်ဒဏ်ဆိုင်းငံ့ပေးလိုက်တဲ့ Thomas Sanders ဆိုသူက ၂၀၁၀တုန်းက သူနဲ့တွဲနေတဲ့ အမျိုးသမီး Suellen Roberts နဲ့ သူမရဲ့သမီး Lexis Roberts တို့ကို သတ်ခဲ့လို့ ၂၀၁၄ တုန်းက လူဝီစီယားနားက ဂျူရီအဖွဲ့က သေဒဏ်ပေးသင့်ကြောင်း ကြေငြာထားခံရသူပါ။ သတ်ခဲ့တုန်းက သောမတ်စ်နဲ့ ဆူးလင်တို့ တွဲနေကြတာ ၂လလောက်ပဲ ရှိသေးပြီး လေဘာဒေးပိတ်ရက်ရှည်မှာ သားအမိနှစ်ဦးကို Grand Canyon က တောထဲကို အလည်ခေါ်သွားခဲ့ပါတယ်။ အိမ်အပြန်မှာ သားအမိနှစ်ဦးကို လူသူမနီးတဲ့ ကန္တာရဖက်ကနေ လှည့်ခေါ်သွားပြီး ဆူးလင်ကို သူမသမီးရှေ့မှာ ခေါင်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သမီးကို နောက်ရက်အတန်ကြာအထိ ချုပ်နှောင်ထားခဲ့ပါတယ်။ နောက်ဆုံးတော့ လက်စီလေးကိုပါ သေနတ်နဲ့ ၄ကြိမ်ပစ်၊ လည်မြိုကို ဓါးနဲ့လှီးပြီး ခန္ဓာကိုယ်ကို တောထဲမှာ ပစ်ထားခဲ့တာပါ။ နောက်မှ တောပစ်ထွက်လာတဲ့ မုဆိုးတဦးက အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ကလေးလည်ပင်းကို ဘယ်လောက်တောင် အားနဲ့လှီးခဲ့သလဲဆိုတော့ လည်/ကျောရိုးမှာတောင် ဓါးရာတွေ ထင်နေတဲ့အထိပါပဲ။

Iouri Mikhel ဆိုတဲ့ လူ ၅ဦးကို ပြန်ပေးဆွဲပြီး အကြီးအကျယ်သတ်ထားလို့ ၂၀၀၇မှာ သေဒဏ် ချမှတ်ခံထားရသူကိုလည်း ဘိုင်ဒန်က ပြစ်ဒဏ်ဆိုင်းငံ့ပေးခဲ့ပါတယ်။ အဆိုပါလူနဲ့ သူ့အဖော်တို့က မိတ်ဆွေတွေ မိသားစုတွေဆီက ငွေညှစ်နေကျပါ။ သူတို့ပြန်ပေးဆွဲတဲ့လူတွေရဲ့ မိသားစုတွေဆီက သန်းချီရပြီးလည်း သတ်သေးတာပါပဲ။ သတ်ပြီး Yosemite က ရေလှောင်ကန်မှာ ပစ်ချထားခဲ့တာပါ။

ဘဏ်ဓါးပြမှုမှာ ရဲအရာရှိကို သတ်ခဲ့လို့ ၂၀၀၅မှာ သေဒဏ်အချခံထားရတဲ့ Daryl Lawrence ကလည်း ဘိုင်ဒန့်ကျေးဇူးနဲ့ သေဒဏ်ကနေ လွတ်တော့မှာပါ။

ဘိုင်ဒန်နဲ့ သူ့ရဲ့ ကြိုးဆွဲ ဒီမိုကရက်တွေက အပြစ်မရှိတဲ့ မိခင်ဝမ်းထဲက ရင်သွေးလေးတွေကိုကျတော့ ရက်ရက်စက်စက် သတ်ကြဖို့ ဆော်ဩနေသလောက် လူ့အသိုင်းအဝိုင်းနဲ့ မထိုက်တန်တဲ့ အဆိုးတကာ့ အဆိုးဆုံး ရာဇဝတ်ကောင်တွေရဲ့ အသက်တွေကိုကျတော့ အရမ်းအရမ်းကို တန်ဖိုးထားနေတာတာပါ။ ဘိုင်ဒန်လက်ထက်အစ ၂၀၂၁ အစောပိုင်းမှာကတဲက သေဒဏ်တွေကို ဆိုင်းငံ့ပေးခဲ့ပြီး ရှေ့နေချုပ် မဲရစ်ဂါလန်က တရားမျှမျှတတနဲ့ လူသားဆန်ဆန် အခွင့်အရေးတွေရစေဖို့ သေချာအောင် လုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။ ထရမ့်ကတော့ အပြစ်မဲ့တဲ့ ရင်သွေးလေးတွေသတ်တာကို အားမပေးပေမယ့် မူးယစ်ဆေးဖြန့်တဲ့လူတွေ၊ လူကုန်ကူးသူတွေ စတဲ့ ပြစ်မှုကြီးတွေအတွက် သေဒဏ်က အသုံးဝင်နိုင်ကြောင်း ပြောထားတာပါ။

ရာဇဝတ်မှုကို ရာဇဝတ်မှုလိုမကိုင်တွယ်လို့သာ ရထားတွဲထဲ မီးရှို့တာတို့၊ မုဒိမ်းကျင့်တာတို့၊ လူသတ်တာတို့၊ စတာတွေက အလွယ်တကူ ဖြစ်နေတာပါ။ ထရမ့်ပါဒန်လုပ်ခဲ့တဲ့သူတွေက အပြစ်မရှိပဲ ယုံကြည်ချက်ကြောင့် မတရားအချခံရတာတွေနဲ့ ကြမ်းတမ်းပြစ်မှုမဟုတ်ပဲ ပထမဆုံးအကြိမ် ကျူးလွန်ပြီး နှစ်ပေါင်းများစွာ ထောင်ထဲမှာ ကောင်းကောင်းနေသူ၊ အာမခံပေးသူရှိသူ စတာတွေနဲ့ ယှဥ်ကြည့်ရင် တိုင်းပြည်နဲ့ ပြည်သူအပေါ် ထားတဲ့ စေတနာတွေကို မြင်သိနိုင်မှာပါ။

ဘိုင်ဒန်နဲ့ သူ့ကြိုးဆွဲများကတော့ စစ်တွေကို အဆုံးသတ်မယ်လို့ ကြွေးကြော်ထားတဲ့ ထရမ့်တက်လာရင် ငြိမ်းချမ်းရေးရကုန်မှာစိုးတော့ ကမ္ဘာတလွှားမှာ ဗြောင်းဆန်အောင် မွှေ၊ ပြည်သူတွေ အေးချမ်းမှာစိုးတော့ ပြည်တွင်းမှာ ခိုးဆိုးလုသတ်တွေကို ထောင်ခါ၊ တိုင်းပြည် တိုးတက်မှာစိုးတော့ ရောင်းစားလို့ရတာရောင်း၊ ဘတ်ဂျက်ကို ရသလောက်တွယ်၊ လက်ဝေခံခြတွေကို ရသလောက်ဖို့၊ ဖက်ဒရယ်တရားရေးရာထူးတွေမှာ လက်ဝဲစွန်းတွေခန့်နဲ့ လက်ကျန် ၄ပတ်လောက်ကို ရသလောက် မွှေဦး နှောက်ဦးမှာပါ။ သတိနဲ့သာ နေကြပေါ့။

Leave a comment