LA ကမီးတွေမှာ အသေးလေးတွေ ငြိမ်းတာငြိမ်းပေမယ့် အကြီးတွေက လောင်ကောင်းနေဆဲပါပဲ။ ၃ရက်အတွင်း ဧက ၃၆,၀၀၀ လောင်တယ်ဆိုတဲ့အားက ယုံနိုင်ဖွယ်မရှိပါ။ တရက်ကို မန်ဟက်တန်ကျွန်း တခုစာနီးပါးနှုန်းပါ။ အချမ်းသာဆုံးဆိုတဲ့နိုင်ငံက အချမ်းသာဆုံးပြည်နယ်၊ အချမ်းသာဆုံးတွေနေတဲ့ သန်းဆယ်ချီတန်တဲ့အိမ်တွေရှိတဲ့မြို့၊ အဲဒီလိုနေရာမှာ မီးသတ်ကားမဝင်နိုင်တဲ့ ကျူးကျော်ရပ်ကွက်ထဲ မီးလောင်သလို လက်တဖျစ်အတွင်း အကုန်ပြောင်တယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စလား။
လောင်ရတဲ့ အကြောင်းရင်းတွေမှာ လေထန်တာရယ်၊ ခြောက်သွေ့တာရယ်က ဘာမှလုပ်လို့ မရပေမယ့် တောအခြေတွေ၊ အပင်သေတွေ၊ ခြုံပုတ်ခြောက်တွေကို ရှင်းမထားတာရယ်၊ ရေလှောင်ကန်တွေ အလုံအလောက် ဖြည့်တင်းထားဖို့ရယ်၊ အရင်လုပ်နေကျဖြစ်တဲ့ နှစ်တိုင်း controlled burn နဲ့ ရှင်းလင်းရင်း လေ့ကျင့်၊ လေ့ကျင့်ရင်းရှင်းလင်းတာတွေ လုပ်ဖို့ရယ်၊ အဆန်းမဟုတ်တဲ့ မီးဘေးကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ ဘတ်ဂျက်အလုံအလောက် ပစ္စည်း/လူ အလုံအလောက်ရှိထားဖို့ရယ်၊ လူတိုင်း သက်သက်သာသာ အာမခံထားနိုင်စေဖို့ ဥပဒေအရ လွယ်ကူအောင် ပံ့ပိုးပေးဖို့ရယ် ဒါတွေက အုပ်ချုပ်သူအဆင့်ဆင့်က လုပ်ထားနိုင်တဲ့ လုပ်ထားသင့်တဲ့ အရာတွေပါ။
LA မှာ ခုကြုံနေရတာက မီးစလောင်ပြီး နာရီပိုင်းအတွင်းမှာ မီးသတ်ပိုက်ခေါင်းတွေကို ရေပေးတဲ့ ဂါလံတသန်းဆန့်ရေလှောင်ကန် ၃ခုမှာ ပထမ ၂ခုက ရေကုန်သွားခဲ့ပါတယ်။ နောက်တနေ့မနက်မှာ တတိယကန်ပါ ခန်းသွားခဲ့တာပါ။ LA လူထုက ၂၀၁၄တုန်းက Proposition 1 နဲ့ ဘီလီယံချီအကုန်ခံပြီး ရေလှောင်ကန်တွေ တည်ဆောက်ဖို့ မဲပေးခဲ့ကြပေမယ့် နျူဆမ်ရဲ့ ကောင်းမှုနဲ့ ၁၀နှးစ်ကြာတဲ့အထိ ဘာတခုမှ ဖြစ်မလာသေးပါဘူး။ ပြည်နယ်အတွက် ဘာမှ မလုပ်ပေးခဲ့ပေမယ့် မိုးနဲ့ စနိုးကရတဲ့ရေရဲ့ တဝက်လောက်ကို smelt ငါးတွေအတွက် ပင်လယ်ထဲ ပြန်သွန်ပေးခဲ့သလို ၂၀၂၂မှာ ယူကရိန်းအတွက် မီးသတ်ပစ္စည်းတွေ လှမ်းကူလိုက်ပါသေးတယ်။ ပင်လယ်ရေကို ရေချိုပြောင်းပေးမယ့် ၁.၄ဘီလီယံစက်ရုံဆောက်ဖို့ကို ကလိုင်းမိတ်ချိန့်ခေါင်းစဥ်နဲ့ ၂၀၂၂မှာ ပြည်နယ်လွှတ်တော်က ကန့်ကွက်ခဲ့ပါတယ်။ ဒါတွေက တပြည်နယ်လုံး ထိမှာပါ။
LA မြို့ဝန် Karen Bass က “More Migrants, Less Hydrants” လို့ ဟစ်ကြွေးပြီး တက်လာသူပီပီ မီးသတ်ဘတ်ဂျက်က ၁၇.၆သန်းကို ဖြတ်တောက်ပစ်ခဲ့ပေမယ့် ခိုးဝင်တွေကို နေစရာပေးဖို့ ၂၁.၈သန်း ဖက်ဒရယ်က ရယူထားပါတယ်။ သူဖြတ်ချင်တာ ၂၃သန်းပေမယ့် ၁၇.၆သန်းပဲ ဖြတ်ခွင့်ရခဲ့တာပါ။ မြို့က မီးသတ်အကြီးအကဲကလည်း Karen လိုပဲ DEI နဲ့တက်လာတဲ့ Kristin Crowley က LAFD ရဲ့ ပထမဆုံး အမျိုးသမီး ပထမဆုံး လိင်တူဆက်ဆံသူ အကြီးအကဲဖြစ်ပါတယ်။ ခွန်အားအသုံးပြုရတဲ့ မီးသတ်အဖွဲ့မှာ အမျိုးသမီးက ၅% ပဲပါပေမယ့် လစ်ဗြဲ DEI မူတွေအရ အရည်အချင်းထက် လူနည်းစု ဆိုတာကို ဦးစားပေးရမှာဖြစ်လို့ ဒီလိုလူတွေ ထိပ်ရောက်လာတာပါ။
LAFD လက်ထောက်အကြီးအကဲ ကလည်း Kristine Larson ဆိုတဲ့ အမည်းစပ်မိန်းမပါပဲ။ သူက တခုခုဖြစ်လို့ မီးသတ်ပဲခေါ်ခေါ် လူနာတင်ကားပဲ ခေါ်ခေါ် ရောက်လာတဲ့လူက မင်းလိုအရောင် မင်းလိုရုပ်မျိုးဆို နဲနဲစိတ်သက်သာရာ ရတာပေါ့တဲ့။ အားရစရာပါပဲ။ နိုဝင်ဘာရကပတုန်းက ကမလာရှုံးတော့ အမေရိကန်က အမျိုးသမီးကို သမ္မတမြှောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ လစ်ဗြဲများက သုံးသပ်ကြပါတယ်။ ခေါင်းဆောင်ကို အရည်အချင်းနဲ့မရွေးပဲ ပေါင်ကြားထဲကဟာနဲ့ ရွေးနေကြတာကြောင့် ဒီလိုပြဿနာတွေက ဖြစ်နေတာ သဘောပေါက်သင့်ကြပါပြီ။
၂၀၂၂ မှာတက်လာတဲ့ Crowley က ခုမီးလောင်တော့မှ ငါတောင်းထားတဲ့ ဘတ်ဂျက်ကို ဖြတ်ပစ်တယ်၊ ငါတို့ LA မှာ မီးသတ် facility က ၁၉၆၀လောက်ကအတိုင်းပဲ၊ လူဦးရေက အဲဒီတုန်းကရဲ့ ၂ဆလောက် ဖြစ်လာတာဆိုတော့ မီးသတ်စခန်း ၆၂ခုလောက် ထပ်ဆောက်ရမှာလို့ ပြောပါတယ်။ စောစောက ပြောပါတော့လား။
ဒီလောက်မီးတွေ လောင်နေတဲ့ကြားထဲ နျူဆမ်တို့က ပြည်နယ်ကို ထရမ့်ရဲ့ ခိုးဝင်ပြန်ပို့မယ့် ပေါ်လစီတွေကနေ လွတ်ကင်းအောင် ကြိုးစားနေဆဲပါ။ ပြည်နယ်သူ/သားတွေကတော့ Trump-proof
ဖြစ်ဖို့ထက် fire-proof ဖြစ်ဖို့ လုပ်ကြပါလို့ အော်ကုန်ပါပြီ။
ကာလီဖိုးနီးယားမှာ နှစ်စဥ် တောမီးလောင်တိုင်း တာဝန်ရှိသူတွေက ကလိုင်းမိတ်ချိန့်ကိုပဲ အလွယ်တကူ ပုံချလိုက်ကြပေမယ့် သေချာရှာကြည့်ရင် ၉၅% သောမီးတွေက လူကြောင့်ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ လူကြောင့်ဆိုတာမှာ လူကြောင့် မတော်တဆဖြစ်တာ၊ ပါဝါတိုင်တွေ ပါဝါလိုင်းတွေ အိုဟောင်းနေတာ၊ တောအခြေတွေ မီးတားလမ်းတွေ ရှင်းထားဖို့ ပျက်ကွက်ခြင်းဖြင့် လောင်စာတွေ ဖြန့်ထားသလိုဖြစ်စေတာ၊ တမင်ရှို့တာ စတာတွေပါပါတယ်။
ထရမ့်က ကာလီဖိုးနီးယားမီးအကြောင်း နိုင်ငံခြားခေါင်းဆောင်တွေနဲ့ စကားပြောရင် သူတို့ဆီမှာ မီးဘေးဘယ်လို ကာကွယ်ကြတယ်ဆိုတာကို မေးလေ့ရှိပါတယ်။ အဖြေက အားလုံးသိကြတဲ့အတိုင်း တောအခြေရှင်း၊ အပင်သေ/ခြောက်ဖယ်၊ ခြုံပုတ်ရှင်း၊ မီးတားလမ်းဖောက်၊ ဒါတွေပါပဲ။ လူနီတွေလက်ထက်ကတဲက ဒီလိုပဲလုပ်လာကြတာပါ၊ အခုလို နည်းပညာတိုးတက်၊ အခွန်နင်းကောက်တဲ့ခေတ်ကျမှ လုပ်နေကျတောင် မလုပ်တော့တဲ့အပြင် ရေပါဖြတ်လိုက်လို့ ပိုဆိုးသွားတာပါ။
မီးမြန်မြန်ပြန့်ပွားတာကို လေကြောင့်၊ ခြုံပုတ်ခြောက်တွေကြောင့်လို့ လွယ်လွယ်လေး ယုံလိုက်ကြသူ များနေပေမယ့် လိုက်ရှို့တဲ့လူတဦးကို ဖမ်းမိထားပါတယ်။ အဲဒီလူက ဂက်စ်တန့်ခ်ပါတဲ့ blowtorch နဲ့ ခရစ္စမတ်သစ်ပင် ပစ်ထားတာတွေ၊ သစ်ရွက် သစ်ကိုင်းခြောက်တွေစွန့်ပစ်တဲ့ အမှိုက်ပုံးတွေထဲကို လိုက်ရှို့နေတာကို တွေ့တဲ့သူက ရဲကိုတိုင်လို့ လာဖမ်းသွားတာပါ။ ဖမ်းမိတဲ့သူက တခြားနေရာတွေမှာ ရှို့တာ ဟုတ်/မဟုတ် မသိသေးလို့ဆိုပြီး သတင်းဌာနက ရုပ်ကို ဝါးထားပါတယ်။ ဖမ်းမိတဲ့အချိန်မှာ ဆေးသုံးထားသလိုမျိုး ပုံမှန်မဟုတ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ လူတွေ တိမ်းရှောင်ကြတဲ့ အချိန်မှာ ဒီလိုတွေထပ်ထပ်ရှို့နေလို့ မီးက အဲဒီလောက်အချိန်တိုအတွင်း အဲဒီလောက်ကြီးသွားတာလား ဆိုတာလည်း ထည့်စဥ်းစားရမှာပါပဲ။
အဲဒီမီးတွေက စီမံမှုညံ့လို့ ဒီလောက်ကြီးတာပါဆိုတာကို Palisades Mall ပိုင်ရှင်ဖြစ်တဲ့ Rick Caruso က သက်သေပြသွားပါတယ်။ မီးစလောင်တဲ့ အင်္ဂါနေ့ညမှာ ကရူဆိုက ပုဂ္ဂလိကမီးသတ်အဖွဲ့ကို ငှားရမ်းပြီး သူ့Mall နဲ့အနီးအနားက အိမ်တွေကို ကာကွယ်ခဲ့တဲ့အတွက် အဲဒီအဆောက်အဦတွေ မီးထဲ ပါမသွားခဲ့ပါဘူး။ ဘီလျံနာကရူဆိုက ၂၀၂၂ LA မြို့ဝန်ရွေးပွဲမှာ Karen Bass ကို ရှုံးသွားသူပါ။
မီးကို ဘာလို့တမင်ရှို့မှာလဲလို့မေးရင် Maui မီးကိစ္စကို ပြန်ကြည့်ကြပါ။ အဲဒီမှာလည်း အချိန်တိုအတွင်း အကြီးအကျယ် လောင်သွားခဲ့ပါတယ်။ နှစ်ခုလုံးမှာ တူတာက မြေဈေး၊ အိမ်ဈေး အရမ်းကောင်းတဲ့ နေရာတွေ ဖြစ်နေတာပါ။ ၂၀၂၃ဖေဖေါ်ဝါရီတုန်းက အိုဘမနဲ့သိပ်လုံးတဲ့ အိုပရာဝင်းဖရေးက မြေဈေး အိမ်ဈေးသိပ်ကောင်းတဲ့ Maui မှာ ဧက ၈၇၀ ကို ၆.၆သန်းထဲနဲ့ ဝယ်လိုက်ပါတယ်။ အင်မတန် လှပတဲ့ အဲဒီနေရာကို ဘာမှမဆောက်ပဲ ထားထားတာပါ။
အဲဒီနှစ် ဩဂုတ်လမှာပဲ Maui မီး အကြီးအကျယ် လောင်ခဲ့ပါတယ်။ နာရီပိုင်းအတွင်း အိမ်ခြေ ထောင်ချီလောင်ခဲ့ပြီး လူအများကြီး သေခဲ့တာပါ။ အခု တနှစ်ကျော်ကြာတဲ့အထိ ဆောက်ပြီးတာက တော်တော်နည်းနေပါသေးတယ်။ Maui မီးမှာ အိမ်အမိုးပြာတွေ လွတ်တယ်လို့ ပြောကြတာတွေ၊ ဒါရိုက်တဒ်အင်နာဂျီဝက်ပွန် တွေက အမိုးပြာတွေကို ကွင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို အဲဒီလက်နက်တွေကို ပြည်သူတွေအပေါ် သုံးထားတာမျိုးရှိတယ်လို့ အနားယူသွားတဲ့ ဗိုလ်ချုပ်ကြီး မီလီက ပြောထားတာ ရှိပါတယ်။ တချို့သီအိုရီတွေက ၉/၁၁မှာဖြစ်ခဲ့တာတောင် DEW ကြောင့် ပါနိုင်တယ်လို့ ဆိုကြပါတယ်။ သတင်းလွတ်လပ်ခွင့်ရှိရင်၊ တရားတဲ့ဥပဒေ စိုးမိုးလာရင်တော့ သီအိုရီတွေအစုံ လွတ်လွတ်လပ်လပ် ချပြဆွေးနွေးခွင့်ရမှာဖြစ်လို့ လူထုအညာခံရတာ နည်းလာမှာပါ။
အမေရိကန်မှာ စီးပွားရေးဘယ်လောက်ကျကျ အိမ်ဈေးတွေ စွတ်စက် တက်နေရတာက S&P 500 ရဲ့ ၈၈ % ကို ကိုင်ထားတဲ့ ကမ္ဘာပေါ်မှာ ငွေအင်အားအကြီးဆုံး ကုမ္ပဏီကြီး ၃ခု ဖြစ်တဲ့ ဘလက်ရော့ခ်၊ ဗန်ဂတ်နဲ့ စတိတ်စထရိတို့က အိမ်တွေ လိုက်ဝယ်နေတာကြောင့်ပါ။ ဒီမိုကရက်အများစုပါတဲ့ ဒိစတိတ်ခြအုံကြီးကို ကြိုးဆွဲနေတာလည်း သူတို့ပါပဲ။ သူတို့တွေနဲ့ အိုပရာတို့ တက်ခ်ဂျိုင်းယန့်တို့လို ဘီလျံနာတွေနဲ့ မီးမကြီးကြီးအောင် လုပ်တဲ့ခြတွေ နောက်ကွယ်မှာ ဘယ်လိုတွေဆက်စပ်နေမလဲ ဆိုတာကိုလည်း ထည့်စဥ်းစားကြရမှာပါ။
မီးဟေ့ဆိုရင် တောကြောင်တွေ ရောက်လာတတ်တာလည်း မြန်မာပြည်ကလိုပါပဲ။ LA က sanctuary city ဆိုတော့ ခိုးဝင်တွေ၊ ရာဇဝတ်ကောင်တွေ၊ အခြေအနေမဲ့တွေ ပျော်တဲ့မြို့ဆိုတော့ အဆင်သင့်ပါပဲ။ နျူဆမ်စတက်ကတဲက အိမ်ယာမဲ့တွေအတွက် ဘီလီယံ ၂၀ကျော် သုံးထားပြီးပေမယ့် အိမ်ယာမဲ့တွေက လျော့မသွားပဲ တိုးပဲလာနေပါတယ်။ အိမ်ယာမဲ့တွေအတွက် ပေးတဲ့ ဝန်ဆောင်မှုကန်ထရိုက်တွေကို ခြအမျိုးတွေ ခြမိတ်ဆွေတွေက ရကြပြီး နဲနဲအသုံးပြ၊ များများအိတ်ထဲထည့်ကြတာတွေက ကြားနေကြ ဇတ်လမ်းတွေပါပဲ။ မီးတွေလောင်တော့ ပြန်မဆောက်နိုင်သူတွေ အခြေအနေမဲ့စာရင်းထဲ ဝင်ကြတော့ ဘတ်ဂျက်ပိုရကြဦးမှာပါပဲ။
မီးလောင်သွားတဲ့အိမ်တွေ ပြန်ဆောက်ဖို့ အာမခံက လျော်ရမှာပေါ့လို့ အများက မြင်ကြပါတယ်။ ပြဿနာက ကာလီဖိုးနီးယားမှာ ဥပဒေတွေ ရှုပ်ထွေးတင်းကျပ်လွန်းတာ၊ အုပ်ချုပ်သူတွေက မီးလောင်တာကို ထိန်းချုပ်ဖို့ ဘာမှ ဟုတ်တိပတ်တိလုပ်မနေကြတာကြောင့် အာမခံကုမ္ပဏီကြီးတွေ ထွက်ပြေးကုန်ကြပါပြီ။ အိမ်ဝယ်ရင်တောင် ၁၄ဦးမှာ ၁ဦးက အာမခံဝယ်မရလို့ အိမ်မဝယ်ရတဲ့ အခြေအနေပါ။ ကာလီဖိုးနီးယားက အမေရိကန်မှာ ထပ်ဆင့်အာမခံလုပ်ခွင့်မပြုတဲ့ တခုတည်းသော ပြည်နယ်ပါ။ အာမခံကုမ္ပဏီတွေက အလုံးအရင်းလျော်ရနိုင်ခြေကို လျော့ချဖို့ ထပ်ဆင့်အာမခံ ထားလေ့ရှိပါတယ်။ ထားခွင့်မပြုတော့ မကိုက်မယ့်တူတူ ဒီပြည်နယ်က ထွက်ပြေးမှာပါပဲ။
Palisades လိုမြို့မှာဆိုရင် အာမခံမပေးတာ၊ အိမ်တန်ခြေ သန်းဘယ်နှစ်ဆယ် ဖြစ်ဖြစ် ၃သန်းအထိပဲ အာမခံပေးတာတွေ ဖြစ်လာပါတယ်။ အခုမီးကိစ္စဖြစ်လာတော့ အာမခံကော်မရှင်နာက အာမခံကုမ္ပဏီတွေကို မီးဘေးသင့်ဒေသတွေက အာမခံတွေ သက်တမ်းတိုးတာ၊ ပယ်ဖျက်တာတွေ မလုပ်ရဘူးလို့ အမိန့်ထုတ်ပါတယ်။ စီးပွားရေးအရ တွက်ခြေမကိုက်ရင် ကိုက်အောင် မီးအန္တရာယ်ဝေးတဲ့ နေရာတွေအပါအဝင် ကျန်တဲ့အိမ်အကုန်လုံးကို ဈေးတက်ပစ်မှ ရပါတော့မယ်။ အသုံးမကျတဲ့ အစိုးရကို ရွေးထားရင် ကိုယ့်ကိုပဲ ပြန်လာထိမယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။