ဇန်နဝါရီ ၁၃ ရက် ၂၀၂၅

ဒီမနက်သတင်းတွေအရ ကာလီဖိုးနီးယားမှာ Palisades မီးက ၂၃,၇၁၃ ဧကအထိ ကျယ်ပြန့်လာပြီး ၁၄% ထိန်းထားနိုင်ပါပြီ။ ဒုတိယအကြီးဆုံး Eaton မီးက ၁၄,၁၁၇ ဧက ရောက်လာပြီး  ၃၃%ကို ထိန်းထားနိုင်ပါပြီ။ ဒါပေမယ့် လာမယ့် ဗုဒ္ဓဟူးနေ့ညအထိ လေပြန်ထန်လာဦးမှာဖြစ်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ အဆိုးဆုံး ဖြစ်လာမယ်လို့ မိုးလေဝသက ဟောကိန်းထုတ်ထားပါတယ်။ လောင်ပြီးသွားတဲ့ နေရာတွေကို လူတွေပြန်လာပြီး ကျန်နိုင်တာလေးတွေ တွေ့လိုတွေ့ငြား ရှာဖွေနေကြပါတယ်။ မီးက လျင်မြန်လွန်းတော့ အများစုက အဝတ်တထည် ကိုယ်တခုနဲ့ ရှောင်ပြေးကြရတာပါ။ မီးလောင်မြေရဲ့ ၆၂ စကွဲမိုင်အတွင်း အကွက်လိုက် ရှာဖွေရေးစလုပ်ကြရာမှာ ခုထိ Palisades မီးထဲ လူ ၈ဦးနဲ့ Eaton မီးထဲ လူ ၁၆ဦး မီးလောင်သေဆုံးသွားတာ တွေ့ရှိထားပြီး ၂၃ဦးပျောက်ဆုံးနေဆဲလို့ သိရပါတယ်။  

လာမယ့် လေထန်ရက်တွေအတွက် ရေကား အစီး ၇၀ ထပ်မှာထားတယ်လို့ LA ကောင်တီမီးသတ် အကြီးအကဲ Anthony Marrone က ဆိုပါတယ်။ သူက ကောင်တီအကြီးအကဲပါ၊ ဟိုယောက်ျလျာမက စီးတီးမီးသတ်အကြီးအကဲပါ။ ကောင်တီမှာက လူအင်အား ပစ္စည်းအင်အား ဌာနခွဲတွေ ပိုများပါတယ်။ ရဟတ်ယာဥ်တွေ ရေကားတွေနဲ့ ကူညီနေကြပေမယ့် ရေတွန်းအားကောင်းတဲ့ မီးသတ်ပိုက်ခေါင်းတွေ လောက်တော့ ထိရောက်မြန်ဆန်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာလည်း ကျမတို့ငယ်ငယ်ကအထိ အင်္ဂလိပ်ခေတ်က ကျန်ခဲ့တဲ့ မီးသတ်ပိုက်ခေါင်းတွေ ရှိခဲ့ပါတယ်။ နောက်တော့ စူးရောက်လှတဲ့ အုပ်ချုပ်သူတွေကောင်းမှုနဲ့ အစရှာမရတော့ပါဘူး။

မနေ့က တနင်္ဂနွေနေ့ မွန်းလွဲပိုင်းလောက်က Eaton မီးနဲ့ ၁၃မိုင်လောက်ဝေးတဲ့ Irwindale မြို့မှာ LAFD က ခြုံပုတ်မီးအသေးတခုကို ငြိမ်းသတ်နေတုန်း မီးလိုက်ရှို့နေတဲ့လူတဦးကို တွေ့ရှိလို့ ရဲကို သတင်းပေးခဲ့တဲ့အတွက် ရဲက သွားဖမ်းခဲ့ပါတယ်။ အဲဒီလူက အသက် ၂၉နှစ်ရှိ Baldwin Park မှာနေသူ Ruben Montes ဖြစ်ပါတယ်။ ၁၀ရက် သောက်ြာနေ့ည သန်းခေါင်မတိုင်ခင် Azuza ရဲက Pioneer Park မှာ ခြုံမီးရှို့နေတာတွေ့လို့ ဖမ်းလိုက်တဲ့သူက အိမ်ယာမဲ့ တဦးဖြစ်တဲ့ Jose Carranza-Escobar ဖြစ်ပါတယ်။

၉ရက်နေ့က Woodland Hills မှာ မီးလိုက်ရှို့တုန်း မိထားတာက မက္ကဆီကိုနယ်စပ်က ခိုးဝင်လာသူ မက္ကဆီကိုနိုင်ငံသား Juan Manuel Sierra-Leyva ဆိုတဲ့ ရာဇဝတ်ကောင်ဖြစ်ပြီး လောလောဆယ် ခံဝန်ဖောက်ဖျက်မှုနဲ့ ထိန်းသိမ်းထားပါတယ်။ သူက ဧက ၁၀၅၂ လောင်သွားတဲ့ Kenneth မီးကို စရှို့ခဲ့သူပါ။ အမေရိကန် လဝက ICE က အဲဒီလူကို ဖမ်းထားပြီး ဖက်ဒရယ်ကို ပြောင်းပေးဖို့ လွန်ခဲ့တဲ့ ၃ရက်ကတည်းက တောင်းခံထားပေမယ့် ရာဇဝတ် ကောင်တွေ ပျော်စံရာ မြို့/ ပြည်နယ် ဆိုတော့ ကာလီဖိုးနီးယားတာဝန်ရှိသူတွေက လွှဲပြောင်းပေးမှာ မဟုတ်ပါဘူး။ ဒါတွေက မီးရှို့လို့ ဖမ်းမိသူတွေပဲ ရှိပါသေးတယ်၊ မမိလိုက်တာ ဘယ်နှစ်ဦးလောက်ရှိ/မရှိ မသိနိုင်ပါဘူး။

LA သမိုင်းမှာ အကြီးဆုံး ပျက်စီးဆုံးရှုံးမှုအများဆုံး Palisades မီးက လူကြောင့် ဖြစ်နိုင်ကြောင်း၊ ဆယ်ကျော်သက်လေးတွေ လာစတည်းချနေကျ Pacific Palisades မှာရှိတဲ့ the Temescal trail က Skull Rock overlook ကနေ စတာဖြစ်နိုင်ကြောင်း၊ နှစ်မကူးခင်ညက မီးရှူးမီးပန်းလွှတ်ရင်း မီးလောင်မှု အသေးစားတခုဖြစ်ပွားခဲ့ပေမယ့် မကြာခင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ အဲဒီနေရာဟာ လူကြိုက်များလွန်းတာကြောင့် မီးစလောင်တဲ့ အင်္ဂါနေ့မှာ နောက်ထပ်မီးတခု စတင်ခဲ့တာ ဖြစ်နိုင်ကြောင်းနဲ့ တာဝန်ရှိသူတွေက ဆက်စပ်စစ်ဆေးမှုများ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

လူတွေ မီးဘေးရှောင်ပြေးကြတုန်း အိမ်တွေဝင်လုကြတာ၊ ခိုးဖို့ကိရိယာတွေနဲ့တွေ့တာ၊ မီးရှောင်မြေမှာ ကာဖြူးဖောက်ဖျက်လို့ စတာတွေနဲ့ ဖမ်းထားတာ ၄၈ဦးရှိပါတယ်။ LAကောင်တီ ဒီအေ Nathan Hochman က ၉ဦးကို လုယက်မှု၊ ၁ဦးကို မီးရှို့မှုနဲ့ ကနေ့ စွဲချက်တင်လိုက်ပါတယ်။ ဟောလိဝုဒ်က ဆယ်လီတွေရဲ့အိမ်တွေပါတော့ အခိုးခံရတဲ့ထဲမှာ Emmy ဆုတခုလည်း ပါသွားပါတယ်။

မီးသတ်ပိုက်ခေါင်းတွေကို ရေပေးတဲ့ Palisades နားက ရေလှောင်ကန်က LA ကောင်တီမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး ရေခန်းနေတာ ၁နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် ဂါဗာနာနျူဆမ်ကတော့ အလကားပါ၊ ရေလှောင်ကန်တွေမှာ ရေအပြည့်ပဲ၊ မီးနဲ့ပတ်သက်တဲ့ ဘာဘတ်ဂျက်မှလည်း ဖြတ်မထားဘူးလို့ လိမ်ခဲ့ပါတယ်။ မီးမလောင်ခင် ၇လခန့် အလိုက နျူဆမ်က တောမီးရန်ပုံငွေ wildfire and forest resilience အသုံးစားရိတ်ထဲက ၁၀၁သန်း ဖြတ်ခဲ့တယ်လို့ Newsweek က တင်ထားပါတယ်။ ၂၀၂၄ ဇွန်လတုန်းက နျူဆမ်လက်မှတ်ထိုးခဲ့တဲ့ ဘတ်ဂျက်ထဲမှာ

  • CA National Guard ကပြုလုပ်တဲ့ vegetation control (ခြုံ/တောခြေရှင်း)ကနေ ၅သန်း ဖြတ်ခဲ့ပါတယ်။
  •  Wildfire Resilience လုပ်ပေးတဲ့အေဂျင်စီတွေကနေ ၂၈သန်း ဖြတ်ခဲ့ပါတယ်။
  • Good forest management practice လုပ်ပေးတဲ့ အစီအစဥ်ကနေ ၄ သန်းဖြတ်ခဲ့ပါတယ်။
  • အိမ်တွေကို တောမီးဒဏ်ကနေ ခံနိုင်ရည်ရှိအောင် လုပ်ပေးတဲ့ pilot project ကနေ ၁၂ သန်း ဖြတ်ခဲ့ပါတယ်။
  • မီးတွေကို စောင့်ကြည့်ဖို့နဲ့ သုတေသနလုပ်မယ့် ရန်ပုံငွေထဲက ၈ သန်း ဖြတ်ခဲ့ပါတယ်။
  • Forest management အတွက် ဌာနချင်း ပူးပေါင်းဆောင်ရွက်တဲ့ data hub လုပ်မယ့်ထဲက ၃ သန်း ဖြတ်ခဲ့ပါတယ်။

Cal Fire ရဲ့ အသုံးစားရိတ်က ၂၀၁၄တုန်းက ၁.၁ ဘီလီယံကနေ ၂၀၂၃မှာ ၃ ဘီလီယံ ဖြစ်လာပေမယ့် မီးသတ်ပိုက်ခေါင်းတွေ ရေခမ်းတာရယ် နျူဆမ်တို့ ဖင်မ ထားတဲ့ ခိုးဝင်တွေ ရာဇဝတ်ကောင်တွေက လိုက်ရှို့/လိုက်လုနေတာရယ်၊ လေပြင်းတာရယ်၊ မြို့ဝန်ရော မီးသတ်အကြီးအကဲရောက အရည်အချင်း နဲ့ပတ်သက်ပြီး သံသယရှိစရာ လူတွေဆိုတော့ အဲဒီတိုးလာတဲ့ဘတ်ဂျက်က အရာထင်ရဲ့လားလို့ မေးစရာဖြစ်လာပါတယ်။

နျူဆမ်တို့ Karen Bass တို့ တကယ်မီးဘေးကာကွယ်ချင်တယ်ဆိုရင် လေပြင်းတိုက်မယ့် ရက်မတိုင်ခင်လေးမှာ LA မြို့ဝန်က မီးလောင်နိုင်တယ်၊ ကြီးမားနိုင်တယ်၊ လူသေတာတွေ ဖြစ်နိုင်တယ်လို့ ကြိုပြောထားတဲ့အချိန်ထဲက ခြုံ/တောရှင်း၊ ရေရှိ/မရှိ စစ်ထား ကြိုပြင်ထား၊ မီးသတ်ကို ကြိုပြောထားကြပေါ့။ ခုတော့ ပြောပဲပြောပြီး မြို့ဝန်က ဘာပလန်နင်မှမလုပ်ပဲ ဂါနာမှာ ပါတီသွားတက်နေတာက  ထောက်စရာဖြစ်နေတာပါ။ ရေလှောင်ကန် ခမ်းနေတော့လည်း ပြင်ဖို့ လုပ်နေတာမို့ ပြန်မဖြည့်သလိုလို အကြောင်းပြပါတယ်။ အမှန်တကယ်ပြင်ဖို့လိုရင် ဖေဖေါ်ဝါရီ၊ မတ်လလိုမျိုး မိုးရွာတဲ့လတွေမှာ မီးဘေးအန္တရာယ်နည်းတဲ့လတွေကျမှ လုပ်သင့်တယ်လို့ ထောက်ပြကြပါတယ်။

LA မြို့ဝန် Karen Bass က ကျူးဘားကို အကြိမ်ကြိမ်သွား သင်တန်းတက်ခဲ့တဲ့ အမာခံကွန်မြူနစ်တဦး ဖြစ်ကြောင်း သတင်းတွေ တက်လာပါတယ်။ လက်ဝဲမိုက်ခ်ဒေးဗစ်စ်ဆိုတဲ့ လက်ဝဲသမားတဦးက မာလီဘူး လောင်ပါစေဆိုတဲ့ စာအုပ် ထုတ်ထားတာ ရှိပါတယ်။ လက်ဝဲတွေက သူဌေးတွေကို မုန်းကြ မနာလိုကြတာ ထုံးစံဖြစ်တော့ အဲဒါလည်း မီးလောင်မှု ကြီးစေတဲ့အကြောင်းတခု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

Leave a comment