ဇန်နဝါရီ၁၅ ရက် ၂၀၂၅

အောက်လွှတ်တော် ရီပါဘလစ်ကန်စပီကာ မိုက်ခ်ဂျွန်ဆန်က ဒေါ်နယ်ဂျေထရမ့် ၄၇ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် ၂၀ရက် တနင်္လာနေ့မှာ လွှတ်တော်နယ်မြေအတွင်း အလံတွေကို ပုံမှန်လွှင့်ထူသွားမယ်လို့ အမိန့်ထုတ်လိုက်သလို ရီပါဘလစ်ကန်ဂါဗာနာများကလည်း သူတို့ပြည်နယ်တွေရဲ့ လွှတ်တော်တွေနဲ့ အစိုးရအဆောက်အဦတွေမှာ ပုံမှန်လွှင့်ထူကြဖို့ အသီးသီး အမိန့်ထုတ်ထားကြပါတယ်။ ကျမ်းကျိန်ပြီး နောက်တရက်ဖြစ်တဲ့ ၂၁ကနေ ဘိုင်ဒန်သတ်မှတ်ထားတဲ့ ၂၈ရက်နေ့အထိကိုတော့ တိုင်ဝက်ပြန်ချကြမှာဖြစ်ပါတယ်။ သေသူနဲ့ ရှင်သူ နှစ်ဦးလုံးကို မျှမျှတတ လေးစားသမှုနဲ့ အခုလို အမိန့်ထုတ်တာလို့ စပီကာဂျွန်ဆန်က ဆိုပါတယ်။ ထရမ့်ကျမ်းကျိန်တဲ့နေ့မှာ အလံတွေ တိုင်ဝက်ဖြစ်နေအောင်လုပ်ပြီး ဟားကြမယ့် ညစ်သိမ်သိမ်အတွေးရှင်များ လောင်စေရော့။

နျူဆမ်နဲ့ ကာလီဖိုးနီးယားက ဒီမိုကရက်တွေဟာ ပြည်နယ်ကို ထရမ့်အစိုးရပေါ်လစီတွေရဲ့ သက်ရောက်မှု မရှိအောင် Trump proof လုပ်ဖို့နဲ့ ပြည်နယ်တွင်းက ခိုးဝင်တွေကို ကာကွယ်ဖို့ သန်း ၅၀ဖယ်ထားလိုက်ကြောင်း ဒီမိုကရက်တွေကြီးစိုးတဲ့ ကာလီဖိုးနီးယားလွှတ်တော်နဲ့ ဂါဗာနာနျူဆမ်တို့ ဒီလ ၁၂ရက် တနင်္ဂနွေနေ့က သဘောတူညီချက် ရထားပါတယ်။ အဲဒီအဆိုကို အစောဆုံး ဒီတပတ်ထဲမှာ ထရမ့်မတက်လာခင် မဲခွဲမှာဖြစ်ပါတယ်။ ၂၅သန်းက ထရမ့်အစိုးရကို တရားရုံးတွေမှာ လိုက်ဖိုက်ဖို့ဖြစ်ပြီး ၂၅သန်းက ခိုးဝင်တွေကို လာရာနိုင်ငံကို ပြန်ပို့လို့မရအောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။

သူတို့အတွက် ခိုးဝင်တွေအရေးနဲ့ ကလေးကလား ကဖျက်ယဖျက်အလုပ်က မီးဘေးထက် အရေးကြီးနေသလိုပါပဲ။ မီးရှို့တာလက်ပူးလက်ကြပ်မိတဲ့ ခိုးဝင်တွေတောင် ခဏအဖမ်းပြပြီး ပြန်လွှတ်တာဆိုတော့ ပြည်သူ့အကျိုးဦးစားပေးလား နိုင်ငံရေးကစားပြီး ကိုယ်ကျိုးရှာဖို့ ဦးစားပေးလားဆိုတာ ရှင်းနေတာပါပဲ။

နျူဆမ်က နိုဝင်ဘာထဲကမှ Marin ကောင်တီ Kentfield မြို့မှာ ၉.၁သန်းတန် အိမ်ကြီး ဝယ်လိုက်တာပါ။ ဂါဗာနာလစာက တနှစ်ကို ၂သိန်းခွဲတောင် မပြည့်ပါဘူး။ အဲဒီလစာသက်သက်ဆိုရင် အဲဒီမြို့မှာ လုံးချင်းအိမ် ပိစိလေးတောင်ဝယ်ဖို့ မဖြစ်နိုင်ပါဘူး။ ၉.၁သန်းတန်အိမ်ဝယ်တာက အိမ်အာမခံ၊ အိမ်ခွန်၊ ရေဖိုး မီးဖိုးနဲ့ဆို အဲဒီထက် အများကြီးချမ်းသာမှ ဝယ်နိုင်မှာပါ။ စီးပွားရေးသမားလည်းမဟုတ်တော့ အဲဒီပိုက်ဆံတွေ ဘယ်ကရသလဲ စဥ်းစားကြည့်ကြပါ။ ကမလာတောင် ၃လုံးပိုင်တာဆိုတော့ သူပိုင်တာ ဒီတလုဲံးထဲ မကလောက်ပါဘူး။ အိုဘမ၊ ဘိုင်ဒန်၊ ကလင်တန်၊ ပလိုးစီ၊ ကမလာနဲ့တကွ ဒီမိုကရက်အတော်များများ နိုင်ငံရေးနယ်ထဲမဝင်ခင်က ဘာမှမရှိကြပဲ နိုင်ငံရေးလုပ်ပြီးမှ သန်းပေါင်းများစွာတန်တဲ့ အိမ်များစွာပိုင်ကြတာ ပြည်သူကို ဦးထိပ်ထားလို့ ဖြစ်နိုင်ပါ့မလား။

နျူဆမ်က Salmon နဲ့ steel-head ငါးတွေကို ဒေသတွင်းဘေစင်တွေမှာ ပြန်လည် ပြန့်ပွားစေဖို့ သမိုင်းမှာ အကြီးဆုံး ပရောဂျက်ဟာ ကာလီဖိုးနီးယားမြောက်ဖက်စွန်း Klamath မြစ်ပေါ်က dam ၄ခု ကို ဖယ်ရှားတာပါလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့တာပါ။ အဲဒီမြစ်ပေါ်က ပထမဆုံးရေတမံကို ၂၀၂၃ အောက်တိုဘာမှာ ဖယ်ရှားခဲ့ပြီး နောက် ၃ခုကို ဇန်နဝါရီ၂၀၂၄မှာ စပြီးဖယ်ရှားခဲ့ပါတယ်။ အမေရိကန်အနောက်ခြမ်းမှာ မြောက်ပိုင်းကျလေ မိုးများများရလေ စနိုးကျလေဖြစ်တော့ မြောက်ပိုင်းကရေများများ လှောင်နိုင်မှ မိုးနည်းတဲ့ တောင်ဖက်ကို မျှပေးနိုင်မှာပါ။ အခုလို မိုးအများဆုံး ရတဲ့နေရာက ရေတမံ ၄ခုလုံးကို ဖျက်ပြစ်တာက တော်ရုံစူးရောက်မှုတော့ မဟုတ်နိုင်ပါဘူး။

အဲဒီ ရေတမံတွေကို ဖယ်ရတဲ့အကြောင်းရင်းက ၂၀၀၂တုန်းက US Bureau of Reclamation က မြစ်ရေတွေကို မြစ်ခြေကနေ (ပင်လယ်ထဲ) ဒီတိုင်းစီးဆင်းသွားမယ့်အစား စိုက်ခင်းတွေဆီ ပို့ခဲ့တဲ့အတွက် salmon ငါးကောင်ရေ ၃သောင်းကနေ ၇သောင်းလောက် Klamath မြစ်မှာ သေဆုံးခဲ့တာကြောင့်လို့ ဆိုပါတယ်။ အဲဒီငါးတွေသေခဲ့တယ်ဆိုတဲ့နောက်ပိုင်းမှာ ရေကာတာတွေမှာ salmon တွေရေဆန်တက်နိုင်ဖို့ လှေကားလို အဆင့်လေးတွေ လုပ်ပေးထားတာကြောင့် အနည်းဆုံး ၉၅% သောငါးတွေက ဥဥဖို့အတွက် ရေကာတာတွေကိုဖြတ်ပြီး မြစ်ညာကို ပြန်တက်နိုင်တယ်လို့ တွေ့ရပါတယ်။ အဲဒီလို လုပ်ပေးနိုင်ပါလျက်နဲ့ ရေကာတာ ၄ခုကို ဖေါက်ခွဲဖျက်ဆီးဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ခဲ့တာရဲ့ နောက်ကွယ်မှာ ဘယ်လိုအကျိုးစီးပွားတွေ ပါနေမလဲ တူးဆွသင့်ပါတယ်။

ရှာကြည့်ရင် ကာလီဖိုးနီးယားတင်မကပါဘူး။ ဘိုင်ဒန်တို့ ကမလာတို့က ဝါရှင်တန်ပြည်နယ်က ကိုလံဘီယာဘေစင်မှာ အဲဒီငါးတွေ ပြန့်ပွားဖို့အတွက် ဦးစားပေးဆောင်ရွက်ဖို့ ဌာနေ လူမျိုးစုတွေနဲ့ ၁၀နှစ်ကြာ ပူးပေါင်းဆောင်ရွက်မယ်လို့ အိမ်ဖြူကနေ ၂၀၂၃ ဒီဇင်ဘာ ၁၄ မှာ စာထုတ်ခဲ့ကြတာပါ။ မီးဘေး အန္တရာယ် လျော့ပါးဖို့၊ လူ့အသက်တွေ ဘဝတွေ မထိခိုက်ဖို့ ဒီလောက် လုံ့လစိုက်ကြရင်ဖြင့် လို့ပဲ တွေးမိပါတယ်။ Salmon တွေ steelhead တွေ ကော်စကိုမှာ ကြိုက်သလောက် ဝယ်လို့ရနေတာပဲလေ။

အဲဒီပရောဂျက်တွေကို ပြည်သူတွေက မကန့်ကွက်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ မီဒီညာတွေက salmon မျိုးမတုန်းဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာပဲ ဇောင်းပေးပြီး dam တွေဖျက်တာ ဘယ်လောက်ကုန်မယ်၊ ဘယ်လိုအကျိုးဆက်တွေဖြစ်မယ်၊ ပတ်ဝန်းကျင်ကို ဘယ်လောက် ထိခိုက်မယ်ဆိုတာတွေကို မဖော်ပြကြလို့ပဲ ဖြစ်ပါတယ်။ ပြည်သူက အမြဲအလိမ်ခံရတာပါ။ ဒါကြောင့်လည်း X ကိုဝယ်ပြီး သတင်းအမှန်တွေကို လူထုလက်လှမ်းမီအောင် လုပ်ပေးခဲ့တဲ့ အီလွန်ကို ဘိုင်ဒန်တို့ ခြတွေ အသေမုန်းကြတာပါ။

ရေကာတာတွေဖျက်ဖို့ သန်း ၄၅၀အကုန်ခံတာရယ်၊ အဲဒီရေလှောင်ကန်တွေက ထုတ်ပေးနေတဲ့ ရေအားလျှပ်စစ်လျော့သွားမှာရယ်၊ အဲဒီလိုလျော့တော့ မီတာခ တက်လာတာရယ်၊ စိုက်ခင်းတွေ ရေမရတော့ အပြည့်အဝ မစိုက်နိုင်လို့ စားရိတ်တက်၊ ဈေးတက်တာရယ်၊ ရေရှားတော့ ရေဈေးတက်၊ မီးလောင်တော့ ငြိမ်းစရာ ရေမရှိလို့ မီးက မကြီးသင့်ပဲ ကြီးတာရယ်၊ ဖျက်ဖို့ အကုန်ခံသလောက် မီးဘေးကာကွယ်/ ပြင်ဆင်ဖို့ဘတ်ဂျက်က သန်း၁၀၀လောက် ဖြတ်တာရယ်၊ အဲဒါတွေက အဲဒီခြတွေကို ဆက်မဲမပေးကြတော့ဖို့ လုံလောက်တဲ့အကြောင်းတွေ မဟုတ်သေးဘူးလား။

ပတ်ဝန်းကျင်ကြောင့် ကလိုင်းမိတ်ချိန့်ကြောင့်ဆိုတဲ့ ဆင်ခြေနဲ့ လုပ်နေသမျှတွေက အဟုတ်လား လိမ်တာလားဆိုရင် သူတို့ပြောတဲ့ ကလိုင်းမိတ်ချိန့်တို့ habitat restoration တို့အတွက်လို့ ခေါင်းစဥ်တပ်ပြီး လုပ်နေတာတွေက ရတဲ့ကောင်းကျိုးတွေက ကြီးသွားတဲ့မီးကြောင့် ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်၊ ထွက်တဲ့ ကာဗွန်တွေက ဆိုးကျိုးတွေနဲ့ ဘယ်ဟာအလေးသာမလဲ ချိန်ကြည့်သင့်ပါတယ်။

Leave a comment