ဇန်နဝါရီ​ ၂၃ ရက် ၂၀၂၅

Trump 2.0 လက်ထက်မှာ ရကပမတိုင်ခင် ပဝေသဏီကတဲက ပြည်သူကို ကြိုချပြခဲ့တဲ့အတိုင်း WHO က ထွက်လိုက်တယ်၊ ပဲရစ်ကလိုင်းမိတ်သဘောတူညီချက်က ထွက်လိုက်တယ်၊ ခိုးဝင်တွေကို ပြန်ပို့ဖို့လုပ်တယ်၊ ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ခွင့်တွေ ပြန်ဖွင့်ပေးလိုက်တယ်၊ ယူကရိန်းစစ်ရပ်ဖို့ အကွက်ချ ဗျူဟာဆင်တယ်၊ မိန်းမနဲ့ ယောက်ျား လိင် ၂မျိုးပဲရှိကြောင်း ကြေငြာတယ်၊ JFK, RFK & MLK တို့ကို လုပ်ကြံမှုတွေကို လျို့ဝှက်အဆင့်က ပယ်ဖျက်ပေးလိုက်တဲ့အပြင် ဂျေ၆နဲ့ မတရားပြစ်ဒဏ် ချခံနေရသူတွေကို လွတ်ငြိမ်းပေးလိုက်ပါတယ်။

ခိုးဝင်တွေကို ပြန်ပို့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ခန့်ထားတဲ့ ဘော်ဒါဇာ Tom Homan က သူတို့ ပစ်မှတ်ထားတာက ခိုးဝင်တွေကိုဖြစ်ကြောင်း၊ ခိုးဝင်တွေကို ပြစ်မှုရှိမှ ပြန်ပို့လို့ရမယ်ဆိုတဲ့ ဥပဒေ မရှိပေမယ့် လောလောဆယ်တော့ ပြစ်မှုကြီးရှိသူတွေကို ဦးစားပေးပြန်ပို့မှာဖြစ်ကြောင်း၊ ထရမ့်တက်ပြီး ပထမဆုံး ရက်အပြည့်ဖြစ်တဲ့ အင်္ဂါနေ့မှာ ၃၀၈ဦးကို ပြန်ပို့ဖို့ ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီလူတွေဟာ လူသတ်ကောင်၊ မုဒိမ်းကောင်၊ သက်ငယ်မုဒိမ်းကောင်၊ ကလေးကို လက်သရမ်းတဲ့ကောင်၊ စတာတွေဖြစ်ကြောင်း၊ ဒီတိုင်းပြည်ထဲမှာ ခိုးဝင် သန်းပေါင်းများစွာရှိတဲ့အနက် ၇သိန်းလောက်က ရာဇဝတ်ကောင်တွေဖြစ်လို့ အဲဒီလူတွေကိုတော့ ပြန်ကိုပို့ရမှာဖြစ်ကြောင်း ပြောသွားပါတယ်။ အခု အရင်ဆုံး လိုက်ဖမ်းနေတာတွေက ပြစ်မှုကျူးလွန်လို့ နှင်တာကို ဘိုင်ဒန်အစိုးရက ပြည်တွင်းမှာ ပြန်လွှတ်ပေးထားတဲ့ သူတွေပဲ ဖြစ်ဖို့များပါတယ်။

မြန်မာတွေထဲမှာ နယ်စပ်ကနေ ခိုးဝင်လာတာ ဘယ်နှစ်ယောက်မှရှိမှာ မဟုတ်တဲ့အပြင် ရာဇဝတ်မှု ကျူးလွန်ထားတာမျိုးလည်း သိပ်ရှိမှာမဟုတ်တော့ စိုးရိမ်စရာ မလိုပါဘူး။ “အို”သွားသူတွေ ဆိုရင်တောင် အပေါ်က ပြောခဲ့တာမျိုးတွေနဲ့ ကင်းအောင် ဝေးအောင်နေရင် ပြဿနာမရှိလောက်ပါဘူး။ ဒုက္ခသည်တွေ ဝင်ဖို့ ဆိုင်းငံ့တာကလည်း ရှေ့အစိုးရက မဆင်မခြင်တွေ လုပ်သွားရာက ဖြစ်လာတဲ့အကျိုးဆက် တခုပါပဲ။

ပြီးခဲ့တဲ့အပတ်က မက္ကဆီကိုက မူးယစ်ဂိုဏ်းတွေနဲ့ ဆက်နွယ်မှုရှိတဲ့ ခိုလှုံခွင့် တောင်းခံထားသူ ၃ဦးဟာ ကျည်ဆံပေါင်း ၃သောင်းလောက်ကို အရီဇိုးနားမှာကား ၂စီးနဲ့ သယ်လာတာကို ဖမ်းမိထားတာကလည်း ခိုလှုံခွင့်ပေးမယ့်ကိစ္စတွေကို ပိုစီစစ်စေမှာပါ။ ဘိုင်ဒန်ကလည်း မဆင်းခင် ၄ရက်အလိုမှာ လူသတ်မှု ၇မှုမှာ ပါဝင်ပတ်သက်နေတဲ့ ရက်စက်ရာမှာ နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ MS-13 ဂိုဏ်းခေါင်းဆောင် Jairo Saenz ကို သေဒဏ်နဲ့ ထောင်တသက်က လွတ်အောင် လုပ်ပေးခဲ့တဲ့အပြင် ဘိုင်ဒန် ပါဒန်လုပ်ပေးခဲ့တဲ့ လူ ၈၀၀၀ကျော်ထဲမှာ လူသတ်ကောင်၊ ကလေးသတ်သူတွေ၊ ကလေးဖျက်ဆီးသူတွေ အများကြီး ပါနေပါတယ်။ LA မီးမှာ ရှို့သူတဦးက မက္ကဆီကိုက ခိုးဝင်လာတာကို ချက်ချင်း ပြန်လွှတ်ပေးတာကိုကြည့်ရင် ဒီမိုကရက်တွေကြောင့်ပဲ လူဝင်မှု တင်းကြပ်ဖို့တွေ ပြန်လုပ်လာတာလို့ ပြောလို့ရပါတယ်။

ပြည်သူ့မဲနဲ့ တက်လာတဲ့သူဟာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ရန်ရှာနိုင်မယ့်သူတွေကို ရှင်းထုတ်ဖို့ထက် ဘယ်ဟာမှ ပိုအရေးမကြီးနိုင်ပါဘူး။ ဒီကိစ္စတွေ အစကတဲက ဘိုင်ဒန်တို့ မဖန်တီးထားခဲ့ရင် အခုလို ကြန့်ကြာမှုတွေလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတိုင်းပြည်မှာ လုပ်အား လိုပါတယ်၊ တရားဝင်လာကြပါလို့ ထရမ့်က ထပ်ပြောသွားပါတယ်။ တရားဝင်လာမှ လူဆိုး/လူကောင်း စီစစ်ပြီး ပေးဝင်နိုင်မှာဖြစ်လို့ အားလုံးအတွက် ကောင်းသွားမှာပါ။

ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ခွင့်တွေကို ဘိုင်ဒန်နဲ့ ကြိုးဆွဲများက သူဆင်းဖို့ တပတ်တောင် မလိုတော့တဲ့ အချိန်ကမှ ထရမ့်လုပ်ရခက်အောင် အမိန့်တွေအများကြီးထုတ်ပြီး ရှုပ်ထွေးကြပ်တည်းအောင် လုပ်သွားတဲ့အတွက် လောင်စာဈေးကျဖို့ အချိန်ပိုကြန့်ကြာသွားမှာဖြစ်ပါတယ်။ ဘိုင်ဒန့်ကြိုးဆွဲတွေက ရေနံဈေးဘာလို့ မကျစေချင်ရတာလဲဆိုတော့ ရေနံကဝင်ငွေကောင်းမှ ရုရှားက စစ်ဆက်တိုက်နိုင်မှာ ဖြစ်လို့ပါ။ အရင်ထရမ့်လက်ထက်မှာ ရုရှားငြိမ်နေရတာက ရုရှားကနေ ဥရောပကို ဓါတ်ငွေ့ပို့တဲ့ Nord Stream 2 ပိုက်လိုင်းကို ပိတ်ထားလိုက်ပြီး ဥရောပမဟာမိတ်တွေရဲ့ ဈေးကွက်လိုအပ်ချက်ကို ဈေးချိုတဲ့ အမေရိကန်ဓါတ်ငွေ့နဲ့ ဖြည့်စည်းပေးနေလို့ပဲ ဖြစ်ပါတယ်။ ဘိုင်ဒန်တက်လာပြီးတာနဲ့ အဲဒီပိုက်လိုင်းရော အီရန်ပိုက်ဆံတွေကိုရော ပြန်ဖွင့်ပေးလိုက်တော့ ရုရှားရော အီရန်ပါ စစ်တိုက်ဖို့ အကြမ်းဖက်ဖို့ အားရှိကုန်ကြတာပါပဲ။

ဘိုင်ဒန်တို့ ဒီမိုကရက်တသိုက်ကျေးဇူးနဲ့ ရေနံ/ဓါတ်ငွေ့ အမြန်ဆုံးကျဖို့ ခက်ခဲနေသေးချိန်မှာ ထရမ့်က အိုပက်အဖွဲ့ကြီးကို ရေနံဈေးချဖို့ ဖိအားပေးပါတယ်။ ရေနံဈေးကျပြီး ဝင်ငွေနည်းလာအောင် လုပ်ခြင်းဖြင့် ရုရှားကို စစ်ရပ်ချင်အောင်၊ ယူကရိန်းကို ထောက်ပံ့တာဖြတ်ခြင်းဖြင့် စစ်ရပ်ဖို့ ဆွေးနွေးချင်လာအောင် လုပ်နေတာဖြစ်ပါတယ်။ ရေနံ/ ဓါတ်ငွေ့ဈေးကျရင် အဲဒီကဝင်ငွေအားကိုးပြီး စစ်တိုက်နေတဲ့အုပ်စုအားလုံး အားပျော့သွားမှာပါ။

ဘိုင်ဒန်တို့အုပ်စုကတော့ စစ်ဖြစ်လေ စီးပွားဖြစ်လေ ဆိုတော့ စစ်မဖြစ် ဖြစ်အောင်၊ ဖြစ်ပြီးရင် စစ်သက်ရှည်အောင် နည်းမျိုးစုံနဲ့ ကြိုးစားမှာပါပဲ။ ရုရှားစစ်တိုက်ဖို့ အင်အားရှိအောင် ပြည်သူကြပ်တည်းစေမယ့် ကုန်ဈေးနှုန်းအတက်ခံပြီး ပြည်တွင်းရေနံပိတ်တာပဲကြည့်ပါ။ ကလိုင်းမိတ်ဆိုတာကို တကယ်ဂရုစိုက်ရင် ပတ်ဝန်းကျင်အပေါ် အဆိုးရွားဆုံး ထိခိုက်မှု ဖြစ်စေတဲ့ မီးလောင်တာတွေ တားဆီးကာကွယ်ဖို့ အားစိုက်မှာပေါ့။ တကယ်တော့ ပဲရစ်ကလိုင်းမိတ် သဘောတူညီချက်စာချုပ်က ကလိုင်းမိတ်အကြောင်းပြပြီး ကမ္ဘာကြီးကို ချယ်လှယ်ချင်သူတွေရဲ့ လှည့်ကွက်တခုပါ။

WHO က ထွက်တာကလည်း အဆန်းမဟုတ်ပါဘူး။ ကဗတုန်းက WHO က လူတွေ မသေအောင် အထောက်အကူပြုခဲ့သလား၊ ပိုသေအောင် ဖောက်ချီတို့နဲ့ပေါင်း၊ တရုပ်ဩဇာခံပြီး ဘေးတီးပေးခဲ့သလားဆိုတာ အရှင်းကြီးပါ။ တရုတ်ဩဇာခံအဖွဲ့ဖြစ်တော့ အဓိကတရားခံ တရုတ်ကို စာလေးတစောင်နဲ့ ခပ်ပျော့ပျော့လေးတောင် မဝေဖန်ခဲ့ပါဘူး။ WHO က ကမ္ဘာမှာ လူသိပ်များလွန်းနေတယ်လို့ အယူရှိကြတဲ့ ကမ္ဘာ့ရွာသမားတွေရဲ့ လက်ကိုင်ဒုတ်အဖွဲ့ပါပဲ။ ဘေလ်ဂိတ်စ်က WHO ရဲ့ ဒုတိယအကြီးဆုံး အလှူရှင်ပါ။ ကဗနောက်ပိုင်း ဆေးကုမ္ပဏီကြီးတွေအပေါ် လူတွေ ယုံကြည်မှုလျော့လာကြတဲ့အတွက် ကကဆထိုးနှုန်းကျလာတာကို ခြင်တွေကနေတဆင့် ထိုးပေးဖို့ သုတေသနလုပ်နေတာ တော်တော် ခရီးပေါက်နေပါပြီ။ တကယ်ဖြစ်လာရင် ကဗပိုးလိုမျိုး ရောဂါဖြန့်ပြီး ၂၀၂၀လို မိုးခဲဖို့လုပ်ဦးမလား၊ ဆေးကုမ္ပဏီကြီးတွေ စီးပွားဖြစ်အောင် ရောဂါတွေပဲ ဖြန့်မလား ဖြစ်နိုင်ခြေတွေ အများကြီးပါပဲ။ သင်သဘောတူ/မတူ ဂရုစိုက်ဖို့ မလိုတော့ပါဘူး။

မိန်းမနဲ့ ယောက်ျား ဂျန်ဒါနှစ်မျိုးပဲရှိတယ်လို့ ကြေငြာတာကို ဂေးတွေကို နှိပ်ကွပ်ဖို့လို့ တလွဲရေးပြီး အမုန်းပွားနေကြပါတယ်။ အဲဒီအမိန့်ရဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေ မိန်းကလေးတွေကို ကာကွယ်ဖို့ပါ။ ကျားလို့ ယူဆလိုက်ရုံနဲ့ ကျားမဖြစ်သွားသလို မ လို့ ဖောင်ဖြည့်လိုက်ရုံနဲ့ အထီးကြီးက မ ဘယ်လိုမှ ဖြစ်မသွားနိုင်တာကို အတင်းဖြစ်ပါတယ်လို့ လုပ်နေကြတာရဲ့ နောက်ကွယ်မှာ မိန်းကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေ အစော်ကားခံရတာတွေ၊ အားကစားကဏ္ဍအပါအဝင် ကဏ္ဍတွေမှာ အမျိုးသမီးအစစ်တွေ တောက်ပဖို့ နေရာမရှိတော့တာတွေ ရှိနေပါတယ်။ ထောင်တွေမှာ အထီးကြီးတွေက မ လို့ ဖောင်ဖြည့်လိုက်တာနဲ့ မ တွေနဲ့အတူတူရောထားလိုက်တော့ အကျဥ်းသူတွေ အကြိမ်ကြိမ် အစော်ကားခံရ၊ ကိုယ်ဝန်တွေရကြတာကို ဘယ်ဒီမိုကရက်အစိုးရမှ ဖြေရှင်းမပေးပါဘူး။ စကားကပ်ပြီး ပုံမှန်မဟုတ်ပဲ မွေးလာသူတွေကို ထည့်မပြောပါနဲ့။ ဒါမျိုးက ဟိုးနှစ်ထောင်ချီထဲက ရှိတာ ဖြစ်လို့ ဖြေရှင်းနည်းကရှိပြီးသားပါ။ ခြွင်းချက်ကို ခြွင်းချက်လိုပဲ ထားရမှာပါ။

မနေ့က LA မှာ Hughes fire ဆိုတာ အသစ် ထပ်လောင်ပါတယ်။ ၁၂နာရီအတွင်း ဧက တသောင်းကျော်အထိ ရောက်သွားပြီး အခုအချိန်မှာ ၃၉% ထိန်းထားနိုင်ပြီလို့ ဆိုပါတယ်။

Leave a comment