ဖေ့စ်ဘုတ်က ဂျန်၆ကိစ္စအကြောင်းပြပြီး သမ္မတထရမ့်အကောင့်ကို ၂နှစ်ကျော်ကြာ ပိတ်ပင်ခဲ့တာနဲ့ ပတ်သက်ပြီး ၂၅သန်းပေးလျော်ဖို့ ထရမ့်နဲ့ သဘောတူညီမှု ရယူလိုက်ပါတယ်။ ထရမ့်က အဲဒီထဲက ၂၂သန်းကို အမေရိကန်သမ္မတတွေလုပ်လေ့ရှိတဲ့ Trump’s presidential library အတွက် သုံးမှာဖြစ်ပြီး ကျန်တာကိုတော့ ရှေ့နေခတွေ၊ ပူးတွဲတရားစွဲသူတွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကလည်း ABC သတင်းဌာနက မန်ဟက်တန်က ထရမ့်ဖျာချတယ်ဆိုတဲ့အမှုမှာ ထရမ့်ကပဲ မုဒိမ်းကျင့်သလို ဂျူရီက ဆုံးဖြတ်ခဲ့သယောင် တင်ပြခဲ့လို့ ထရမ့်က အသရေဖျက်မှုနဲ့ စွဲထားတာကို ၁၅သန်းပေးလျော်ခဲ့ရပါတယ်။ အဲဒီ ၁၅သန်းကိုလည်း သမ္မတစာကြည့်တိုက်အတွက်ပဲ သုံးစွဲသွားမှာပါ။
ကာကွယ်ရေးဝန်ကြီးသစ် Hegseth က ဘိုင်ဒန်မဆင်းခင် မိနစ်ပိုင်းအလိုကမှ ပါဒန်ပေးလိုက်တဲ့ အငြိမ်းစား ကြယ်လေးပွင့် ဝုခ်ဗိုလ်ချုပ်ကြီးမီလီရဲ့ သက်တော်စောင့်တွေနဲ့ ထိပ်တန်းလျို့ဝှက်တွေ သိခွင့်၊ အရေးကြီးနေရာ ဝင်ထွက်ခွင့် စတဲ့ လုံခြုံရေးကင်းလွတ်ခွင့်တွေကို ရုတ်သိမ်းလိုက်ပြီး လိုအပ်ရင် ရာထူးတောင် ချထားမယ်လို့ သိရပါတယ်။ မီလီက ထရမ့်လက်အောက်မှာ အမြင့်ဆုံး ယူနီဖောင်းဝတ်အကြံပေးအနေနဲ့ ထမ်းဆောင်ခဲ့စဥ် တရုတ်ကွန်မြူနစ်ဗိုလ်ချုပ်ကြီး လီဇော့ချန်းကို ၂၀၂၀ ရကပမတိုင်ခင် ၄ရက်နဲ့ ၂၀၂၁ ဇန်နဝါရီ ၈ ရက်နေ့တွေမှာ ၂ကြိမ်တိုင် ဖုံးခေါ်ပြီး ထရမ့်က တိုက်ခိုက်မယ်ဆိုရင် သူကအရင် သတင်းပေးပါမယ့်အကြောင်း သံတော်ဦးတင်ခဲ့ပါတယ်။ အဲဒီအကြောင်းကို ဆီးနိတ်မှာ အစစ်ခံတဲ့အခါမှာတော့ မီလီက “တရုတ်က အကြီးဆုံး ပထဝီနိုင်ငံရေး စိန်ခေါ်မှုလေ၊ ငါက နျူစစ်ပွဲမဖြစ်အောင် တားနေတာ”လို့ ကာကွယ်သွားပါတယ်။
အာဖဂန်ကတပ်ဆုပ်တော့ တပ်သားတွေသေတာအပြင် နောက်ဆုံးပေါ် စစ်လက်နက်/ယာဥ်တွေ ချန်ရစ်ခဲ့တာ၊ အဲဒါတွေကို တရုတ်နဲ့ ယူကရိန်းရသွားတာလည်း ဘိုင်ဒန်တို့နဲ့ မီလီလက်ချက်ပါပဲ။ တရုတ်ကြောက်မီလီက ထရမ့်ကို အာဏာရှင်ကြီး၊ ဖက်ဆစ်ကြီး၊ တိုင်းပြည်မှာ အန္တရာယ်အကြီးဆုံး ကောင်ကြီးလို့ စွပ်စွဲပုတ်ခပ်ပြီး ၂၀၂၀ ဇူလိုင်တုန်းက ငါရာထူးက နှုတ်ထွက်မယ့်အစား သူ့ကို ဖိုက်မယ်လို့ ကျုံးဝါးခဲ့တာပါ။ အခု ထရမ့်ကို အင်တာနက်ပေါ်မှာ စွပ်စွဲနေကြတာလည်း မီလီ့လေသံမျိုးပါပဲ။ အဲဒီလို တရုပ်ကို ဖျင်ပေးပေါင်းတဲ့ လောက်ကို စစ်ခုံရုံးတင်ရင် သေဒဏ်အထိ ကျနိုင်ပါတယ်။ အဲဒါကြောင့်လည်း တရုတ်အိတ်ထောင်ထဲက ပုလင်းတူဗူးဆို့ ဘိုင်ဒန်တို့က ပါဒန်ပေးလိုက်တာပါ။
ဖဘပေါ်မှာ ထရမ့်ကို အီလွန်တို့လို ဘီလျံနာတွေက ကူညီနေတာဟာ ဘီလျံနာတွေချမ်းသာဖို့ လုပ်နေကြတာဆိုတဲ့ ပေါချာချာအရေးအသားတွေ ပျံ့နှံ့နေပေမယ့် ထရမ့်က ဒီမိုကရက်တွေရဲ့ EV mandate ကို ဖျက်သိမ်းလိုက်တာက အီလွန်အတွက် အကျိုးမရှိသလောက် ပြည်သူကို အသက်ရှု ချောင်စေမှာ ဖြစ်ပါတယ်။ ကော်ပိုရိတ်ခွန်ကို ချပေးမယ်ဆိုတာလည်း ထုတ်လုပ်မှုစားရိတ်သက်သာရင် ကုန်ဈေးနှုန်း သက်သာမှာဖြစ်လို့ပါပဲ။ ပြည်တွင်းမှာထုတ်လုပ်ရင် ကော်ပိုရိတ်ခွန် ၁၅%အထိ ချပေးမယ် ဆိုတာ ပြည်သူတွေအလုပ်အကိုင် အခွင့်အလမ်းတိုးလာစေဖို့ပါ။ ဘယ်နေရာမှာ သူဌေးတွေအတွက် ပါသလဲလို့ မေးရင် ခွေးအ လှည်းနင်းသလို ဖြစ်ကြပါဦးမယ်။
ရကပအတွက် အီလွန်သုံးခဲ့တဲ့ ၂၇၇သန်းဆိုတာ လူတွေကို မဲထွက်ပေးကြဖို့ လှုံ့ဆော်တာပါပဲ။ ဘယ်လိုဖြစ်ချင်ရင် ဘယ်သူ့ကိုပေးလို့ လူထုရှေ့မှာ ပြောတာမျိုးရှိပေမယ့် နောက်ကွယ်မှာ ဥပဒေနဲ့ နဲနဲလေးငြိလိုက်တာနဲ့ များများဆော်ဖို့ ဘိုင်ဒန်တို့ ဒီအိုဂျေက လက်ထိပ်ပြင်ပြီး စောင့်နေတာ မမေ့ပါနဲ့။ ၂၀၂၀တုန်းက မဲဝယ်တာ၊ မဲကောက်တာ၊ လူအိုရုံတွေ၊ စိတ်ဆေးရုံတွေ၊ အခြေအနေမဲ့ဂေဟာတွေမှာ မလှိမ့်တပတ်နဲ့ မိုးခဲတာ၊ မဲရုံကြီးကြပ်တွေကို မနိုင်မချင်းရေဖို့ ငွေထောက်ပံ့ပေးထားပြီး မိုးခဲတာတွေကို သန်း၅၀၀လောက် အကုန်ခံပြီး လုပ်ခဲ့တာ ဇတ်ကဘတ်ပါ။ ဒီလိုလုပ်နိုင်ဖို့လည်း အမွှေစိန်၊ ကမ္ဘာ့ရွာဘီလျံနာများနဲ့ ဒီမိုကရက်များက အပြာနဲ့ ဆွင်းစတိတ်တွေအကုန်လုံးက မဲစာရင်း ကိုင်ရတဲ့ဌာနတွေမှာ သူတို့လူတွေချည်း ရအောင်လုပ်ထားတာပါ။
ကဗနဲ့ပတ်သက်ပြီး ဘိုင်ဒန်တို့စိတ်တိုင်းကျ ဆင်ဆာလုပ်ပေးခဲ့တာလည်း ဇတ်ကဘတ်တို့လို အရင်တွဒ်တာတို့၊ ယူကျုတို့ ဂူဂဲလ်တို့က ဘီလျံနာတွေပါပဲ။ ပန်ဲဒမစ်ဖြစ်အောင် လုပ်တဲ့ထဲလည်း ဘေလ်ဂိတ်စ်တို့လို ကမ္ဘာ့ရွာဘီလျံနာတွေ အများကြီးပါပါတယ်။ အဓိကက ဘီလျံနာတွေလို့ မနာလိုစိတ်နဲ့ ဝါးလုံးချေးသုတ်ရမ်းတာထက် ဘယ်သူတွေက ပြည်သူ့အကျိုးကြည့်တယ်၊ ဘယ်သူတွေက ပြည်သူအကျိုးယုတ်မယ့်ကိစ္စလုပ်တယ် အဲဒီလိုပေတံတွေနဲ့ တိုင်းကြည့်မှသာ အကျိုးရှိပါလိမ့်မယ်။
မနေ့က ဒီစီက ရေဂင်အပြည်ပြည်ဆိုင်ရာလေဆိပ်နားမှာ လေကြောင်းထိန်းသိမ်းရေးရဲ့ ခွင့်ပြုချက်အရ ဆင်းသက်လာတဲ့ ခရီးသည်တင်လေယာဥ်ကို စစ်ဖက်ရဟတ်ယာဥ်က ဝင်တိုက်ခဲ့လို့ ခရီးသည် ၆၄ဦးနဲ့ ရဟတ်ယာဥ်ပေါ်က ၃ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။ တိမ်ကင်းစင်တဲ့ညမှာ ညမီးစုံနဲ့ ဆင်းလာနေတဲ့ ခရီးသည်တင်လေယာဥ် ရှိရာကို တည့်တည့်ဝင်လာနေတဲ့ ရဟတ်ယာဥ်မှူးကို လေကြောင်းထိန်းသိမ်းရေးက လေယာဥ်လာနေတာမြင်လားလို့ပဲမေးပြီး လေယာဥ်နဲ့လွတ်အောင် အမြင့်ဘယ်လောက်ကနေ ပျံဖို့ ညွှန်ကြားခြင်း မရှိခဲ့ပါဘူး။
ဒီအဖြစ်အပျက်က ထရမ့်ခန့်ထားတဲ့ ပို့ဆောင်ရေးဝန်ကြီး Sean Duffy ကျမ်းကျိန်အပြီး နာရီပိုင်းအတွင်းမှာ ဖြစ်သွားတာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးက စစ်ရဟတ်ယာဥ်နဲ့ တခြားလေယာဥ်တွေ အဲဒီလို လမ်းမှာတိုက်မိတာ ဘယ်လောက်ဖြစ်လေ့ရှိသလဲလို့ မေးပါတယ်။ ဝန်ကြီးသစ်က ငါ့မှာ ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့ FAAက အချက်အလက် အသေးစိတ်မရသေးပေမယ့် ပုံမှန်တော့ အဲဒီလိုတိုက်လေ့မရှိပါဘူးလို့ ပြန်ဖြေတာကို မီဒီယာအပေါင်းက ဝိုင်းအပြစ်တင်ကြပါတယ်။ ထရမ့်အစိုးရရဲ့ ပထမဆုံး aviation crisis လို့ အားရပါးရ ဝိုင်းဖဲ့ကြပါတယ်။
ဒီအဖြစ်အပျက်က လူ့အသက် ၆၇သက်ကို ရင်းပြီး ထရမ့်အစိုးရကိုရော အီလွန်ကိုပါ နှက်လိုက်သလိုပါပဲ။ FAA အုပ်ချုပ်ရေးမှူး Michael Whitaker က အီလွန်ရဲ့ ၂၀၂၃က စပေ့စ်အိတ်စ် လွှတ်တင်မှု ၂ခုမှာ လိုင်စင်လိုအပ်ချက်တွေ အပြည့်အဝမလုပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ငွေ ၆သိန်း ချမှတ်ခဲ့ပါတယ်။ ကွန်ဂရက်စ်မှာ ခေါ်စစ်တော့ ဒဏ်ငွေရိုက်မှ လုံခြုံရေးအတွက် လုပ်ကြမှာဖြစ်လို့ ရိုက်ရတာပါလို့ ပြောပါတယ်။ တခုခုဖြစ်ရင် အဆုံးအရှုံးအကြီးမားဆုံးဖြစ်မှာ အီလွန် ပဲလေ။
အီလွန် တွဒ်တာကို ဝယ်ပြီးကတဲက ဒီမိုကရက်နဲ့ ဗျူရိုကရက်များက မလိုအပ်တဲ့ စမကပုဒ်မတွေနဲ့ တမှုပြီး တမှုစွဲနေကြတာဆိုတော့ အီလွန်က FAA ဟာ Space X ကို လိုက်နှောက်ယှက်နေပြီး FAA သာ အခြေခံကျကျ ပြောင်းလဲမှုတွေ မလုပ်ရင် လူသားတွေက မြေပြင်ပေါ်ကကို တက်တော့မှာ မဟုတ်ဘူးလို့ X မှာ ရေးခဲ့ပါတယ်။ ထရမ့်တက်လာတဲ့ ၂၀ရက်နေ့မှာပဲ Whitaker က ရာထူးကနှုတ်ထွက်သွားတဲ့အတွက် အဲဒီနေရာကို ထရမ့်က ထပ်ခန့်ရဦးမှာဖြစ်ပြီး ဆီးနိတ်က အတည်ပြုပေးရဦးမှာဖြစ်လို့ လောလောဆယ် လစ်လပ်နေဦးမှာပါ။ ဒါပေမယ့် အဲဒါကြောင့် လေယာဥ် တိုက်မှုတွေဖြစ်ရပါတယ်ဆိုတာ အတော်ကို လွဲနေတာပါ။
ဒီမိုကရက်တွေအားလုံးက တရုတ်ကြောက်တဲ့ ဘိုင်ဒန်တို့ မီလီတို့လေသံအတိုင်းထွက်တာဟာ သူတို့ရဲ့ တိုင်းပြည်နဲ့ ပြည်သူအပေါ် သစ္စာခံမှုကို ပြသနေတာပါပဲ။ ပြည်သူက တခဲနက်ရွေးတင်လိုက်တဲ့ ထရမ့်ကို အလုပ်မဖြစ်အောင်၊ မအောင်မြင်အောင်၊ အဆုံးအရှုံးများအောင်၊ မငြိမ်းချမ်းအောင်၊ နာမည်ဖျက် အမုန်းမှိုင်းတိုက်နေတာတွေ အုံနဲ့ကျင်းနဲ့ လာနေပါတယ်။ ဖဘတို့ ဂူဂယ်တို့နဲ့ မီဒီညာကြီးတွေက နဂိုထဲက တရုတ်ကို ကြောက်ရပါတယ်ဆိုတဲ့အစားထဲကဆိုတော့ သတင်းမှားတွေ အမုန်းမှိုင်းတွေက LA မီးလို လောင်နေပါပြီ။ ဒီလိုတွေ လုပ်နေသ၍ နစ်နာမှာ အမေရိကန်ပြည်သူတွေ ကမ္ဘာ့သူ/သားတွေပါ။ ဂဏန်းတွေလို ပြုမူနေကြတော့ တိုင်းပြည်က ရှေ့ကို ရောက်ရမယ့်အစား အမှားတွေ လိုက်ရှင်းနေရတာနဲ့ပဲ ရှေ့ရောက်သင့်သလောက် မရောက်ပဲ ဖြစ်နေပါလိမ့်မယ်။ လူဆိုတာလည်း သတင်းထက် အတင်းကို ပိုအားသန် ပိုယုံကြတာအပြင် အမုန်းဝင်လာရင် ဆင်ခြင်တုံတရားက ဝပ်စင်းသွားတာဆိုတော့ တိုင်းပြည်အေးချမ်းဖို့အတွက် ချင့်ယုံကြဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ပဲ ပြောချင်ပါတယ်။