ဖေဖေါ်ဝါရီ​၃ ရက် ၂၀၂၅

ထရမ့်က ကနေဒါတို့ မက္ကဆီကိုတို့ တရုတ်တို့ကို tariff ထပ်တိုးကောက်တယ်ဆိုတာ အရင်သက်တမ်း တုန်းကလည်း လုပ်ဖူးသလို အခုတခါလည်း မဲဆွယ်ကာလကတည်းက ပြောခဲ့ပြီးသားပါ။ မီဒီညာနဲ့ ဒီမိုကရက်တွေကတော့ အာဏာရှင်ကြီး ဖျင်ယားပြီးကောက်သလိုလို ပုံဖော်ကြပေမယ့် အမှန်မှာက သူတို့အမေရိကန်အပေါ် ကျူးလွန်ထားတာတွေ ရပ်တန်းကရပ်နိုင်အောင် သတိပေးလိုက်တာပါပဲ။ မက္ကဆီကိုတို့ တရုတ်တို့ကလုပ်တာ မြင်သာပေမယ့် ကနေဒါက အမေရိကန်အပေါ် ဘယ်လိုတွေ ကျူးလွန်နေသလဲဆိုတာ မသိကြတာများပါတယ်။

ဘိုင်ဒန့်လက်ထက် အကြမ်းဖက်တွေနဲ့ ဆက်နွယ်မှု ရှိနိုင်သူ ၆၈၇ဦး တောင်ဖက်နယ်စပ်က ဝင်လာတယ်လို့ တွေ့ရှိရချိန်မှာ ကနေဒါကနေ ဝင်လာတဲ့ အကြမ်းဖက်က ၁၂၁၆ဦး ဖြစ်ပါတယ်။ ထရူဒိုကလည်း တရုတ်ဘောမပဲဆိုတော့ မူးယစ်ဆေးတွေ၊ အကြမ်းဖက်တွေ ခိုးဝင်တွေနဲ့ အမေရိကန်ကို နှစ်ဖက်ညှပ်ပြီး ဒုက္ခပေးနေကြတာပါ။ ခိုးဝင်တွေ အကြမ်းဖက်တွေကြောင့် ရာဇဝတ်မှုတွေပေါ၊ မူးယစ်ဆေးကြောင့် နှစ်စဥ် သိန်းချီတဲ့ အမေရိကန် အရွယ်ကောင်းတွေသေ၊ ဆေးဝယ်ဖို့ ပိုက်ဆံလိုရင် ကလေးတွေရောင်းစား စတဲ့ဒုက္ခတွေကို ထရမ့်ကို မုန်းတာတခုတည်းနဲ့ လစ်လျူရှုထားဖို့ သင့်ပါ့မလား။

ထရူဒို ထရမ့်ဆီလာတွေ့တုန်းက ကုန်သွယ်ခွန်မကောက်စေချင်ရင် တခုပဲလုပ်ပေးပါ၊ မင်းတို့နယ်စပ်က ငါတို့ဖက်ကို မူးယစ်ဆေးတွေ ခိုးဝင်နေတာတွေကို လုံအောင်လုပ်ပေးပါလို့ ပြောခဲ့ပါတယ်။ ထရူဒိုက ဒီဇင်ဘာမှာ Fall Economic Statement ဆိုတာ ထုတ်ပြန်ပြီး အဲဒီရဲ့ အစိတ်အပိုင်းတခုအနေနဲ့ နယ်စပ်လုံခြုံရေးအတွက် ၁.၃ ဘီလီယံ သုံးပါမယ်လို့ ကြေငြာပါတယ်။ ဒါပေမယ့် လစ်ဗြဲတွေထုံးစံ အတိုင်း အပေါ်ယံဟုတ်သလိုလိုရှိပေမယ့် ဘေလ်အသေးစိတ်ကိုကြည့်ရင် ၂၀၂၄-၂၀၃၀အထိ ၆နှစ်လုံးမှ နယ်စပ်အတွက် ၁.၃ဘီလီယံသုံးမှာကို တွေ့ရမှာပါ။ အဲဒီဘေလ်ထဲမှာ ပြည်သူဆီက သေနတ်တွေ လိုက်သိမ်းဖို့က သန်း၆၀၀၊ ကလေးဖျက်ချဖို့က သန်း ၁၀၀၊ လူမည်းတရားမျှတရေးဘာညာက သန်း၃၀၀ ဆိုတော့ နယ်စပ်ကိုအကြောင်းပြပြီး သူတို့ဇီးသီးဗန်းနဲ့ မဲချူတဲ့အာဂျင်ဒါတွေ သာသာထိုးထိုး ထည့်သွားတာပါပဲ။ တကယ်ချပြီဆိုတော့မှသာ အမေရိကန်တွေဆီက ပိုက်ဆံမရရင် ဒုက္ခရောက်မှာမို့ သန်း ၂၀၀သုံးပြီး နယ်စပ်လုံခြုံဖို့ လုပ်ပေးပါ့မယ်လို့ ဖြစ်သွားတာပါ။ အလားတူပဲ မက္ကဆီကိုကလည်း tariff ကြောင့် နယ်စပ်ကို တပ်အင်အား ၁သောင်းချက်ချင်းပို့ပါမယ်လို့ ဖြစ်သွားရတာပါ။

ကနေဒါက ဂျာနယ်လစ်တဦးဖြစ်တဲ့ David Krayden က ထရူဒိုဟာ နယ်စပ်လုံအောင် လွယ်လွယ်လေး လုပ်ပေးလို့ရပါလျက်နဲ့ မလုပ်ပဲ တမင် 25% tariff အချခံတဲ့အပြင် သူကတဖန် အမေရိကန် သွင်းကုန် တွေအပေါ်  tariff ပြန်ကောက်မယ်၊ ကနေဒီယန်တွေကို အမေရိကန်ကုန်ပစ္စည်းတွေ သပိတ်မှောက်မယ် ဆိုတာက တမင်ကို လုပ်နေတာဖြစ်ကြောင်း၊ လစ်ဗြဲတွေရဲ့ ဗျူဟာက အမေရိကန်ကို ရန်သူကြီးလို ပုံဖော်ပြီး ပြည်သူက အမုန်းရှိန်တက်လာအောင် နည်းမျိုးစုံနဲ့ ကျုံးသွင်းမှာဖြစ်ကြောင်း၊ နယ်စပ်ကို လုံအောင် လုပ်ပေးလိုက်ရင် အမေရိကန်နဲ့ ပြေလည်သွားမှာဖြစ်ပေမယ့် ပြည်သူက ထရမ့်နဲ့ USကို မုန်းလေလေ ထရမ့်နဲ့မပြေလည်တဲ့ ထရူဒိုတို့လစ်ဗြဲတွေကို မဲပေးနိုင်ခြေများလေလေဖြစ်လို့ ရွေးကောက်ပွဲ မပြီးမချင်း ကစားနေဦးမှာပါ။

ဒါမျိုးက နိုင်ငံရေးပါးမဝတဲ့ ပြည်သူတွေကို တကမ္ဘာလုံးက အာဏာနဲ့ လုပ်စားသူတွေ လှည့်စားနေကျဖြစ်လို့ မဆန်းလှပါဘူး။ နိုင်ငံခြားနဲ့ပဲဖြစ်ဖြစ် ပြည်တွင်းလက်နက်ကိုင်တွေနဲ့ပဲဖြစ်ဖြစ် စစ်တိုက်ပြဖို့ ဇတ်လမ်းဖန်တီး မျက်ရည်ချူ မဲချူပြီး တဖက်ကို အမုန်းပွားအောင်လုပ်ပြီး စစ်တိုက်ပြ၊ ကုန်သွယ်ရေးစစ်လုပ်ပြကြတာပါ။ အီရတ်စစ်တို့၊ သီတာထွေးတို့၊ လူမျိုးရေး၊ ဘာသာရေး အရေးအခင်းတွေကိုကြည့်ရင် သိပါမယ်။ အဲဒီလိုလုပ်တဲ့အစိုးရတိုင်း ပြည်သူကြပ်တည်းရုံ မကလို့ အသက်ထိလည်း ဂရုမစိုက်ပါဘူး။ သမိုင်းမသိရင်တော့ လူလည်တွေလှိမ့်သမျှ​ ခံရမှာပါပဲ။

USAID ကို ရပ်တံ့ထားတာနဲ့ပတ်သက်ပြီးလည်း ဆူညံဆဲဆိုနေကြပေမယ့် အကြောင်းရင်းကို သိအောင် ကြိုးစားသူ သိပ်မရှိတာ တွေ့ရပါတယ်။ USAID က ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ကျော်ကို လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးခေါင်းစဥ်တွေနဲ့ ၇၀ဘီလီယံ ဘတ်ဂျက်ရထားတာပါ။ တကယ်သုံးနေတာတွေက

  • ဘိုင်ဒန့်သားမက်ပါဝင်တဲ့ EcoHealth Alliance ဆိုတဲ့ NGO က တဆင့် ကဗပေါက်ပွားရာ ဝူဟန်လက်ဘ်ကို ပိုးတွေ ပိုကူး ပိုပြင်း ပိုသေအောင် သုတေသနလုပ်ဖို့ ၅၃သန်း ပေးခဲ့တယ်၊
  • သန်း ၂၀သုံးပြီး ထရမ့်နဲ့ခင်တဲ့ နယူးယောက်မြို့ဝန်ဟောင်း ရူဒီဂျူလီယာနီကို အမှုဆင်ဖို့ အကြောင်းရှာတယ်၊ အဲဒီအကြောင်းနဲ့ပဲ ၂၀၁၉မှာ ထရမ့်ကို အင်မ်ပိချ်လုပ်ခဲ့တယ်၊
  • နီပေါက ဘာသာမဲ့တွေအရေး
  • အီကွေဒေါမှာ ဒရက်ဂ်ရှိုးတွေလုပ်ဖို့
  • ပီရိူးမှာ ထရန်စ်ဂျန်ဒါကာတွန်းစာအုပ်တွေလုပ်ဖို့
  • ဒီစီ ၂ဆလောက်ပဲကျယ်တဲ့ ဂါဇာကို ကွန်ဒွံ သန်း၅၀
  • ကလင်တန်ဖောင်ဒေးရှင်းကိုလည်း သန်းပေါင်းများစွာသွားတယ်၊
  • တခြားနိုင်ငံတွေကိုပေးတဲ့ ပိုက်ဆံတွေထဲက ကလင်တန်တို့၊ အိုဘမတို့ စတဲ့ ရာထူးကြီးက အနားယူသွားသူတွေကို ပိုက်ဆံအများကြီးပေးပြီး ခေါ်ပြောခိုင်းတဲ့နေရာတွေမှာ တဖက်လှည့်နဲ့ ပြန်ယူတယ်၊
  • ယူကရိန်းတို့ မကြာသေးခင်က ဘင်္ဂလာဒေ့ရှ်တို့ စတဲ့ ကမ္ယာတလွှားက နိုင်ငံတွေမှာ ကမ္ဘာ့ရွာဩဇာခံတွေတက်အောင် အော်ပရေးရှင်းတွေလုပ်တယ်၊
  • ယူကရိန်းကိုကူတဲ့ပိုက်ဆံတွေ ပြည်တွင်းက ခြတွေဆီပြန်ရောက်သလိုပါပဲ USAID က ခေါင်းစဥ်မျိုးစုံနဲ့ ကူလိုက်တာတွေက ဆိုရော့စ်တို့ကတဆင့် ရာဇဝတ်မှု/ကောင်ချစ်တဲ့ ဒီအေတွေ အပါအဝင် ဒီမိုကရက်ခြဆဲလ်တွေ အရေးပါတဲ့နေရာတွေမှာ အရွေးခံရဖို့ သုံးကြပါတယ်၊

အဲဒီထဲက တကယ်လူသားအကျိုးပြုနေတာ ဘယ်နှစ်ခုရှိမလဲဆိုတာ တာဝန်သိသူတိုင်း တွေးကြမှာပါပဲ။ အထူးသဖြင့် ပြည်တွင်းမှာ ပျောက်နေတဲ့ကလေးတွေ၊​ တရုတ်ရဲ့ မူးယစ်ဆေးစစ်ပွဲကြောင့် ဆေးစွဲနေသူတွေ၊ အခြေအနေမဲ့တွေ၊ မြောက်ကာရိုလိုင်းနားလို၊ LA လို သဘာဝဘေးဒဏ် ခံနေရတဲ့ ပြည်သူတွေ၊ ဒုက္ခရောက်နေတဲ့ စစ်ပြန်တွေ၊ ဒီလို သုံးစရာနေရာတွေ အများကြီးရှိပါလျက်နဲ့ အဲဒီပိုက်ဆံတွေ အဆိပ်ပင်ရေလောင်းဖြစ်နေတာ ဘယ်ပြည်သူက ကြည်ဖြူကြပါ့မလဲ။ NGO ဆိုတာ မြန်မာပြည်ကလူတွေအမြင်မှာ အကောင်းဆိုပေမယ့် ဒီမှာ အစိုးရက ကိုယ်တိုင်ဝင်လုပ်လို့မရတဲ့ အဖျက်လုပ်ငန်းတွေကို NGO တွေကိုသုံးပြီး လုပ်နေကြတာပါ။ နယ်စပ်က ခိုးဝင်တွေကို မရောက် ရောက်အောင်သွင်းဖို့၊ နေရာချဖို့၊ နေဖို့၊ စားဖို့၊ ပို့ဖို့၊ ရောင်းစားဖို့ကအစဆိုပါတော့ လုပ်ပေးနေတာ NGO တွေပါ။ ခြတွေရဲ့ ဆွေမျိုးနီးစပ်တွေ NGO ထောင်ပြီး ကန်ထရိုက်ယူစားနေတာတွေလည်း ရှိတာပါပဲ။  ဒါတွေကြောင့် အီလွန်က USAID ကို ရာဇဝတ်ဂိုဏ်းကြီးလို့ပဲ မြင်တော့တာပါ။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လောလောဆယ် USAID ကို ကြီးကြပ်သွားမှာပါ။ သူက USAID က ဆက်သွားမှာပါ၊ ဒါပေမယ့် သုံးသမျှက အမေရိကန်အကျိုးစီးပွား၊ လုံခြုံရေး၊ နိုင်ငံခြားရေးပေါ်လစီ စတာတွေနဲ့ တလမ်းတည်း ဖြစ်ရပါမယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ USAID က ငါတို့က အစိုးရနဲ့မဆိုင်ဘူး၊ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်လို့ အစိုးရရဲ့ ပေါ်လစီတွေကို လိုက်နာစရာမလိုဘူး၊ စတဲ့ အကျင့်ဆိုးတွေ ဝင်လာပြီး ဘယ်လိုကိစ္စတွေမှာ သုံးနေတယ်၊ အဲဒါက ငါတို့တိုင်းပြည်ရဲ့ မူတွေနဲ့ ညီရဲ့လား စတာတွေကို လုံးဝ မေးမြန်းလို့ မရတော့တဲ့အထိ ဖြစ်လာပါတယ်။ အဲဒါကြောင့် ပြည်သူ့အခွန်နဲ့ လည်ပတ်နေတဲ့အဖွဲ့ကြီး ပြည်သူ့ပိုက်ဆံကို အကျိုးရှိရှိသုံးနိုင်အောင် ကြပ်မတ်သွားရပါမယ်လို့ မာကိုက ပြောသွားပါတယ်။ USAID က စဖွဲ့တုန်းကမူတွေကနေ ကွဲထွက်လာတာ အိုဘမလက်ထက်မှာပါ၊ အဲဒီမှာ ကလိုင်းမိတ်ချိန့်တို့၊ ဂျန်ဒါတို့၊ ငွေလျော်တာတို့ စလုပ်လာကြတာပါ။

ထရမ့်အရင်အပတ်က လက်မှတ်ထိုးထုတ်ပြန်တဲ့ deregulation executive order က ပထမ သက်တမ်းတုန်းကထက် ပိုတာသွားပါတယ်။ အစိုးရအေဂျင်စီတွေဟာ စည်းမျဥ်းသစ် တခုထုတ်တိုင်း အဟောင်း ၁၀ခုကို ပယ်ဖျက်ပေးရမှာဖြစ်တဲ့အပြင် လမ်းညွှန်ချက်ဆိုတာတွေကိုပါ ပစ်မှတ်ထား လာတာပါ။ အဲဒီလမ်းညွှန်ချက်ဆိုတာတွေက ဥပဒေတွေ စည်းမျဥ်းတွေလို တရားဝင် လုပ်ထုံး လုပ်နည်းအတိုင်း သွားစရာမလိုတဲ့အတွက် ဗျူရိုကရက်တွေက အလွယ်တကူအလွဲသုံးနေကြတာပါ။ ထရမ့်က သူနဲ့တွေ့တဲ့ စီးပွားရေးသမားတိုင်းကို မေးပါတယ်တဲ့၊ စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ဖို့ ဘယ်ဟာက အကောင်းဆုံးလဲ၊​ အခွန်လျော့တာလား၊ မလိုတဲ့ဥပဒေတွေ ဖျက်ပေးတာလားဆိုတော့ နှစ်ခုလုံးက အကျိုးရှိပါတယ်၊ တခုပဲရွေးရမယ်ဆိုရင်တော့ မလိုတဲ့ဥပဒေတွေ ဖျက်ဖို့က ပိုအရေးကြီး ပါတယ်လို့ ဖြေခဲ့ကြတဲ့အတွက် ဒီတကြိမ်ပိုအားထည့်ပြီး လုပ်မှာဖြစ်ပါတယ်။

ထရမ့်အစိုးရရဲ့ တရားရေးဌာနက ဘိုင်ဒန်လက်ထက် Federal Reserve ရဲ့  အကြီးတန်းအကြံပေးဟောင်း John Harold Rogers ကို အမေရိကန်ရဲ့ trade secret တွေကို တရုတ်ပြည်ကို ပေးခဲ့မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ အိုဘမလက်ထက် ကလင်တန်အောက်မှာ ပါကစ္စတန်နဲ့ အာဖဂန်အရေး အကြီးတန်းအကြံပေးလုပ်ခဲ့တဲ့ International Investment Banker Rahamin Shy ကို အင်္ဂလန်ကိုသွားပြီး ၉နှစ်သမီးလေးနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့မှုနဲ့ ဖမ်းဆီးခံရပါတယ်။ သူက ၉နှစ်ဆိုတော့ ဒီလိုအတွေ့အကြုံအတွက် နောက်တောင်ကျနေပြီပေါ့တဲ့။ လာဘ်ယူဖို့နဲ့ အဝှာသရမ်းဖို့ စိတ်ချရတဲ့ အကြံပေးများပါ။

Leave a comment