မက္ကဆီကိုနဲ့ ကနေဒါတို့က ဘာဖြစ်လို့ အမေရိကန်မြေထဲ မူးယစ်ဆေးတွေသွင်းနေတာကို မတားချင်ရတာလဲဆိုတော့ နောက်ကွယ်က တရုတ်ကြီးကြောင့်ပါပဲ။ မက္ကဆီကိုနယ်စပ်မှာ မူးယစ်ဆေး ထုတ်လုပ်တဲ့စက်ရုံကို တရုပ်ပညာရှင် ၂၀လောက်က ဦးစီးပြီး လုပ်နေတာပါ။ အဲဒါက ဥပဒေနဲ့ ညီသလားလို့မေးရင် ဥပဒေနဲ့အညီ ဆေးထုတ်လုပ်တဲ့ထဲက ဒြပ်ပေါင်းလေးတလုံးကို ပြောင်းလိုက်တာနဲ့ အသက်အန္တရာယ်ရှိတဲ့ မူးယစ်ဆေး ဖြစ်သွားပြီလို့ ဆိုပါတယ်။ ထုတ်ဖို့ ကုန်ကြမ်းတွေကလည်း တရုတ်ကပဲ လာတာပါ။ ဒီဖက်ကိုပို့ပြီး ရောင်းရတဲ့ပိုက်ဆံတွေကို ငွေဖြူဖွတ်ဖို့ကလည်း တရုတ်ကိုပဲ အားကိုးရပြန်တာပါပဲ။ ဒီမှာကျောင်းလာတက်နေတဲ့ တရုတ်လေးတွေ ကျောင်းလခ၊ နေဖို့ စားဖို့ တွေကတင် မနည်းဘူးမှတ်လား။
မူးယစ်ဂိုဏ်းတွေ ဒီလောက်သောင်းကျန်းနေတာကို မက္ကဆီကိုအစိုးရ နှုတ်ပိတ်နေရတဲ့ အကြောင်းက သူတို့အနိုင်ရအောင် အဲဒီလူတွေက တဖက်လှည့်နဲ့ အလှူငွေ အလုံးအရင်း ထည့်ထားတာလေ။ ဒါတွေကို ပြည်တွင်းလုံခြုံရေးဝန်ကြီးသစ် ခရစ္စတီနုမ် ပြောသွားတာပါ။ ဗီဇာမလိုတဲ့ အီကွေဒေါက တဆင့် အမေရိကန်ထဲကို $၆၀၀၀ လောက်အကုန်ခံပြီး မှောင်ခိုနဲ့ ခိုးဝင်ဖို့ လမ်းတလျောက် နိုင်ငံစုံမှာ တရုတ်တွေက တထောက်နားစခန်းတွေ ဖွင့်ထားပြီး အကြီးအကျယ်လုပ်စားနေတာပါ။ ဘိုင်ဒန်တို့က ဒါတွေကို သေသေချာချာ သိပါလျက်နဲ့ နယ်စပ်တမင်ဖွင့်ပေးပြီး တရုတ်ကို သဘောရှိ ကလောဟိ စေတာက တရုတ်ကျွေးတာစားထားလို့ပဲပေါ့။ အဲဒါကြောင့် ထရမ့် tariff ကောက်မယ်ဆိုတာကို တရုတ်ဩဇာခံတွေက အာခံပြတော့ နားမလည်တဲ့သူတွေက ဩဘာတွေပေးကြရော။
အကြမ်းဖက်တွေကို မွေးထုတ်ပေးနေတဲ့ အီရန်က ယူရေနီယံကို ၆၀%အထိ သန့်စင်လာနိုင်ပြီဖြစ်ပြီး ၉၀%အထိ သန့်စင်နိုင်ပြီဆိုရင် နျူလက်နက်ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲဒီကိုရောက်ဖို့ နီးနေပါပြီ။ ထရမ့်က အမေရိကန်နဲ့ အစ္စရေးပေါင်းပြီး အီရန်ကို ချေမှုန်းပစ်မယ်လို့ ပြောနေကြတာတွေက အဆမတန် ချဲ့ကားပြောနေကြတာပါ၊ အီရန်နဲ့ စစ်ရေးပဋိပက္ခ မဖြစ်ချင်ပါဘူး၊ အီရန်ဖွံ့ဖြိုးသာယာ နေတာပဲ မြင်ချင်ပါတယ်၊ ဒါပေမယ့် နျူလက်နက်ထုတ်မှာကိုတော့ ခွင့်မပြုနိုင်ပါဘူးလို့ မနေ့က (ပထမသက်တမ်းတုန်းကလို) အိုဘမမဆင်းခင် အီရန်နဲ့ ၂၀၁၅မှာ ချုပ်ခဲ့တဲ့ နျူစာချုပ်ကနေ ထွက်ပြီး စီးပွားရေးပိတ်ဆို့မှုအသစ်တွေ ထပ်ချစဥ်မှာ ပြောသွားပါတယ်။
ထရမ့်က အီရန်နဲ့ Verified Nuclear Peace Agreement ကို ပိုလိုချင်တယ်၊ အဲဒီစာချုပ်နဲ့ဆိုရင် အီရန်က အေးအေးချမ်းချမ်း ဖွံ့ဖြိုးတိုးတက်လိမ့်မယ်၊ အဲဒါကို အမြန်ဆုံး စချင်တယ်၊ လက်မှတ်ထိုးပြီး အားလုံးပြီးရင် အောင်ပွဲကျင်းပမယ်၊ God Bless Middle East! လို့ ရေးသွားပါတယ်။ ဒါပေမယ့် သူ့ကိုသော်လည်းကောင်း၊ သူ့အစိုးရအဖွဲ့ဝင်တွေကိုသော်လည်းကောင်း အီရန်က လုပ်ကြံလာခဲ့ရင် ဘာမှမကျန်အောင် အဆုံးတိုင် ချေမှုန်းပစ်ဖို့ လမ်းညွှန်ထားပြီးဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ အီရန်နိုင်ငံခြားဝန်ကတော့ နျူလက်နက်မထုတ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်လို့ တုန့်ပြန်ပါတယ်။
ဒီကနေ့ ပွဲဆူသွားတာက ထရမ့်က ဂါဇာကို အမေရိကန်တွေက ယူပြီး ဗုံးရှင်းတာတွေ၊ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ပေးမယ်ဆိုတာပါ။ အဲဒီဒေသက ပါလက်စ်တိုင်း ၂သန်းကျော် ကိုတော့ အိမ်နီးချင်း အီဂျစ်နဲ့ ဂျော်ဒန်က လက်ခံထားပေးဖို့ တိုက်တွန်းထားပါတယ်။ တနိုင်ငံတွေ နှစ်နိုင်ငံတွေဆိုတာကို လုံးဝထည့်မပြောသွားသလို ဘယ်လိုပုံစံနဲ့ ပြန်လာနိုင်/မနိုင်ဆိုတာကို မပြောသွားသေးပါဘူး။ အရှေ့အလယ်ပိုင်းပြဿနာက အင်မတန်ရှုတ်ထွေးတဲ့အတွက် ဘယ်လိုအရွေ့ကိုပဲ သွားသွား လွယ်လွယ်နဲ့ ဆုံးဖြတ်လိုက်တာတော့ မဖြစ်နိုင်ပါဘူး။
အစ္စရေးနဲ့ ဟာမာ့စ် စစ်ဖြစ်ချိန်မှာ ဒေသခံတွေကို ဟာမာ့စ်က ပေးမထွက်ပဲ အကာအကွယ် ယူနေခဲ့သလို စစ်ပွဲသူတို့ဆီရောက်လာမှာစိုးတဲ့ အီဂျစ်နဲ့ ဂျော်ဒန်ကလည်း လက်ခံဖို့ တွန့်နေကြတဲ့အတွက် ဒေသခံတွေ မလိုအပ်ပဲ အများကြီး သေကြေပျက်စီးခဲ့ကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရပ်သားတွေကို အစ္စရေးဘေးရော ဟာမာ့စ်ဘေးကပါ ကင်းလွတ်မယ့် နေရာမျိုးမှာ ထားဖို့စဥ်းစားတာက လူတွေဆက်သေနေတာကို အမြန်ဆုံးရပ်တံ့မယ့် နည်းလမ်းတခုပါ။
အမေရိကန် စီးပွားရေးပညာရှင် Jeffery Sachs က အစ္စရေးဟာ အာရာဖတ်နဲ့ ညှိနှိုင်းရာမှာ ဒုတိယ အင်အားစုအနေနဲ့ ဟာမာ့စ်ကို မွေးခဲ့တယ်လို့ ပြောထားဖူးသလို နေတန်ယာဟုက ဂါဇာနဲ့ ဂိုလန်ကုန်းမြင့်ကို သိမ်းဖို့ အနှစ် ၃၀လောက် ပလန်ချခဲ့တာတွေ၊ စစ်ကြိုက်တဲ့ နီယိုလစ်ဘ်တို့ နီယိုကွန်တို့နဲ့ ပေါင်းပြီး အီရတ်၊ လစ်ဗျားကို အကြောင်းရှာဝင်တိုက်တာတွေ၊ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆီးရီးယားကိစ္စမှာလည်း အာဆတ်ကို ဖြုတ်ချဖို့ ကြိုးစားနေခဲ့တာ အိုဘမလက်ထက် တတည်းက ဖြစ်ကြောင်း၊ ဆီးရီးယားကျပြီးတော့ အီရန်ကို ဆက်ဖြုတ်ဖို့ နေတန်ယာဟုက ကြိုးစားမှာဖြစ်ကြောင်း ပြောထားပါတယ်။ အာဆတ်ကျပြီးတော့ နေတန်ယာဟုက ဂိုလန်ကုန်းမြင့်ဟာ အစ္စရေးရဲ့ အမြဲတန်းအစိတ်အပိုင်း ဖြစ်သွားပြီလို့ ကြေငြာသွားပါတယ်။
နေတန်ယာဟုက သူပြောသလို စစ်ကြိုက်တဲ့ ဒီမိုကရက်တွေနဲ့ ပေါင်းပြီး အကွက်ရွှေ့နေတာမှန်ရင် ဂါဇာက ဒေသခံတွေအနေနဲ့ ထရမ့်ချပြသလို နေရတာက အသက်အန္တရာယ် အလုံခြုံဆုံး ဖြစ်ပါလိမ့်မယ်။ ပါလက်စ်တိုင်း အာရပ်တွေက အစ္စရေးနိုင်ငံတည်ထောင်တဲ့ ၁၉၄၈ ကနေ- ၁၉၆၇ မတိုင်ခင်အထိ အီဂျစ်နဲ့ ဂျော်ဒန် ပါ့စ်ပို့ကိုင်သူတွေ ဖြစ်ပါတယ်။ ၁၉၄၈မတိုင်ခင်က ဗြိတိသျှပါ့စ်ပို့-ပါလက်စတိုင်း ကိုင်ကြတာပါ။ ဒါက သမိုင်းကိုပြောတာပါ။ နယ်မြေပိုင်ခွင့်ကတော့ သူတို့ကိစ္စပါ။
ခေတ်အဆက်ဆက် ဖြေရှင်းမရခဲ့တဲ့ ဂါဇာပြဿနာကို အပြီးတိုင်ဖြေရှင်းဖို့ဆိုရင် သမားရိုးကျ သွားနေတဲ့ပုံစံနဲ့တော့ မရမှာ ကျိန်းသေပါတယ်။ အဲဒီပြဿနာကို အမေရိကန်က လက်လွှဲယူ လိုက်ရလောက်အောင် အ မယ့်သူမဟုတ်ဘူးလို့လည်း ယုံကြည်ကြပါတယ်။ သူပြောတဲ့အတိုင်း ဖြစ်လာ/မလာနဲ့ သူ့ဆုံးဖြတ်ချက် မှန်/မမှန်ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။ ဘယ်ခေါင်းဆောင်မှ အမှားမကင်းပေမယ့် ဘယ်သူမှ မရွှေ့ရဲတဲ့ အကွက်ကိုလည်း အမုန်းခံနိုင်တဲ့ သတ္တိရှိတဲ့ခေါင်းဆောင်မှ လုပ်နိုင်တာပါ။
အရင်အပတ်က ဖြစ်သွားတဲ့ လေယာဥ်နဲ့ စစ်ဘက်ရဟတ်ယာဥ် တိုက်မှုမှာ မှားတာက စစ်ဖက် ရဟတ်ယာဥ်မောင်တဲ့အမျိုးသမီးဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။ လေယာဥ် အတက်အဆင်း ပမာဏ အလွန်များပြားတဲ့ ရေဂင်လေဆိပ်နားကို စစ်ဖက်ရဟတ်ယာဥ်တွေ ဝင်မလာဖို့ နယ်မြေကန့်သတ်ချက် ရှိသလို အဲဒီရဟတ်ယာဥ်မှုးကိုလည်း သတိပေးပြီးဖြစ်တာတောင် နယ်ကျော်ပြီး ဝင်လာတာရယ်၊ နိုင်ငံ့မြို့တော်မှာ ရဟတ်ယာဥ်ပျံဖို့ အမြင့်ကန့်သတ်ချက် ပေ၂၀၀ကို ကျော်ပြီး ပေ ၃၀၀မှာ ပျံနေတာရယ်၊ စစ်ရဟတ်ယာဥ်ဖြစ်တဲ့အလျောက် လိုအပ်လာရင် လက်တဖျစ်အတွင်း အရှိန်/ လားရာ ပြောင်းနိုင်တာရယ်ကိုထောက်ရင် ဒီရဟတ်ယာဥ်မှူးဟာ DEI ကြောင့် အရည်အချင်းမရှိပဲ တက်မောင်းနေတာလား၊ တမင်တိုက်မိအောင် လုပ်တာလားဆိုတာ စဥ်းစားစရာ ဖြစ်နေပါတယ်။
စက်ချွတ်ယွင်းတယ်လို့ ပြောရအောင်ကလည်း လေကြောင်းထိန်းနဲ့ပြောစဥ်မှာ panic ဖြစ်တဲ့အသံမျိုး မရှိသလို အကူအညီတောင်းတာမျိုးလည်း မရှိခဲ့ပါဘူး။ ရဟတ်ယာဥ်အစိတ်အပိုင်းတွေကို ရေထဲကဆယ်ပြီး စစ်ဆေးဖို့တော့ လုပ်နေကြပါတယ်။ လေထဲမှာ သူ့လမ်းကြောင်းနဲ့သူ အရှိန်ပြင်းပြင်း ရွေ့လျားနေတဲ့ အရာ ၂ခု တိုက်မိဖို့ဆိုတာ တော်တော့ကို မလွယ်တာပါ။ လေယာဥ်နဲ့ ရဟတ်ယာဥ် တိုက်တဲ့ အကြည်လင်အပြတ်သားဆုံးဗီဒီယိုကို လေယာဥ်ကွင်းဝန်ထမ်း ၂ဦး Mohamed Lamine Mbengue နဲ့ Jonathan Savoy တို့က စီအန်အန်ကို leak လုပ်ခဲ့မှုနဲ့ ဖမ်းဆီးခံထားရပါတယ်။