ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၅

ထရမ့်အစိုးရက အမေရိကန်အလယ်အလတ်တန်းစားတွေအတွက် သမိုင်းမှာအကြီးဆုံး အခွန်လျော့ချမှုကို ပြုလုပ်ပေးသွားဖို့ ဆန္ဒရှိကြောင်း ပြန်/ဝန်သစ် Karoline Leavitt က ပြောသွားပါတယ်။ ၂၀၁၇တုန်းက ကွန်ဂရက်စ်က အတည်ပြုပေးခဲ့တဲ့ Tax Cuts and Jobs Act က ရှေ့နှစ်ဆိုရင် သက်တမ်းကုန်တော့မှာဖြစ်လို့ အဲဒါကို အမြဲတမ်းအတည်ဖြစ်နေအောင် လုပ်ပေးနိုင်ဖို့ လိုလားနေတာပါ။ ၂၀၁၇တုန်းက standard deduction ကို ၂ဆနီးပါး တိုးပေးခဲ့ပြီး child tax credit ကိုလည်း ၂ဆတိုးပြီး ကလေးတဦး ၂၀၀၀ အထိ နှုတ်ခွင့်ပြုပေးခဲ့တဲ့အတွက် ဝင်ငွေနည်းနဲ့ အလယ်အလတ်များ အခွန်သက်သာခဲ့ကြတဲ့အပြင် အခွန်ဆောင်ရတာ စစ်ရတာလည်း မြန်ဆန် လွယ်ကူသွားခဲ့ပါတယ်။

ထရမ့်အစိုးရသစ်က ပြုလုပ်ပေးသွားမယ့် အခွန်သက်သာခွင့်တွေက

  • Tip ဝင်ငွေအပေါ် အခွန်မကောက်ဖို့၊
  • သက်ကြီးတွေရဲ့ Social security ဝင်ငွေအပေါ် အခွန်မကောက်ဖို့၊
  • အချိန်ပိုလုပ်ခတွေအပေါ် အခွန်မကောက်ဖို့၊
  • အလယ်အလတ်တန်းစားတွေအတွက် အခွန်လျော့တာကို သက်တမ်းတိုးဖို့၊
  • ပြည်နယ်နဲ့ ဒေသန္တရအခွန်အတွက်ပေးရတာတွေကို ဖက်ဒရယ်မှာ နှုတ်ခွင့်ပြုမယ့် ပမာဏ ကန့်သတ်ချက်ကို ပြုပြင်ဖို့
  • အမေရိကပြည်တွင်းမှာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် အခွန်လျော့ချပေးဖို့တို့ ဖြစ်ပါတယ်။

တဖက်မှာလည်း လူချမ်းသာတွေ အခွန်ပိုပေးလာအောင် အခွန်ဥပဒေက ဂယ်ပေါက်တွေကို ပိတ်/ ပြပြင်ဖို့ လုပ်နေတာတွေက

  • ဘီလျံနာ sport team ပိုင်ရှင်တွေအတွက် အခွန်သက်သာခွင့်တွေကို ပယ်ဖျက်ဖို့၊
  • Investment funds တွေ၊ hedge funds တွေ၊ private equity firms တွေနဲ့ အိမ်ခြံမြေ တွေကို စီမံအုပ်ချုပ်တဲ့ iinvestment manager လူချမ်းသာများ ဝင်ငွေခွန်အစား ပိုနိမ့်တဲ့ capital gain tax ပဲ ပေးကြတဲ့အတွက် တိုင်းပြည်အခွန်နစ်နာတာကို ရှောင်ရှားဖို့ အဲဒီနှုန်းထား ၂ခု ကွာဟမှုကို ကျဥ်းမြောင်းအောင်လုပ်ဖို့တွေပါ။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄အတွင်း အခွန်ကဝင်ငွေ 4.92 ထရီလီယံရှိခဲ့ပြီး အဲဒီရဲ့ 49.3%က ပြည်သူတွေရဲ့ ဝင်ငွေပေါ်က ရတဲ့အခွန်ဖြစ်ပါတယ်။ ဝင်ငွေအမြင့်ဆုံး 1% က ပြည်ထောင်စုဝင်ငွေခွန်  အားလုံးရဲ့ 40.4% ကိုပေးပြီး ထိပ်ဆုံး 5% က ဝင်ငွေခွန်အားလုံးရဲ့ 65% ကျော်၊ ထိပ်ဆုံး 10% က ဝင်ငွေခွန်အားလုံးရဲ့ 76%၊ အသီးသီးပေးကြပြီး အောက်ခြေအခွန်ထမ်းတွေအားလုံးရဲ့ 50% က ဝင်ငွေခွန်အားလုံးရဲ့ 3% ကိုပဲ ပေးကြတာပါ။ ဒါက အင်တာနက်မှာ လူတိုင်းရှာလို့ရတဲ့ ဒေတာတွေပါ။ ပြည်သူချင်း မနာလိုစိတ်ထား အမုန်းပွားအောင် လူချမ်းသာတွေ အခွန်မဆောင်ဘူးတို့၊ ထရမ့်က လူချမ်းသာတွေအခွန်သက်သာအောင် လုပ်နေတယ်တို့ဆိုတဲ့ အလိမ်တွေကို သူများပြောတိုင်း မယုံပဲ ကိုယ်တိုင်ရှာကြည့် ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

၂၀၂၄အတွင်း အစိုးရသုံးတာက 6.75 ထရီလီယံ ဖြစ်တော့ 1.83 ထရီလီယံလိုငွေပြနေတာပါ။ အဲဒီ အသုံးစားရိတ်ထဲက နှစ်ပေါင်းများစွာ လိုငွေပြလို့ အကြွေးတင်နေတဲ့ ၃၆ထရီလီယံအပေါ် အတိုးဆပ် တာကတင် ၁ ထရီလီယံနီးပါးပါ။ ယိုပေါက်တွေဗလပွ၊ ဇီးသီးဗန်းတွေမှောက်ပြီး လိုငွေပြ၊ အကြွေးတင်တော့ လိုငွေဖြည့်ဖို့ ငွေရိုက်ထုတ်လာရရော၊ အဲဒီမှာ ငွေဖောင်းပွမှုဖြစ်ပြီး ကုန်ဈေးနှုန်းတွေ တက်၊ စုထားတဲ့ ပိုက်ဆံတွေကျုံ့ပြီး ရတဲ့ဝင်ငွေတန်ဖိုးကကျ၊ ကုန်တာကပိုများနဲ့ ပြည်သူတွေ အခါခါ နာကြပါတယ်။ အီလွန်တို့ရဲ့ DOGE က တနှစ်ကို လိုငွေ ၁ထရီလီယံ လျော့ချဖို့ ကြိုးစားနေတာ ဖြစ်တော့ အဲဒီရောက်ဖို့ ဆိုရင် တရက်ကို ၄ဘီလီယံလောက် လျော့ချနိုင်မှ ဖြစ်မှာပါ။

အီလွန်တို့ ပထမဆုံးဖြတ်တာက ဝန်ကြီးဌာနပေါင်းစုံးက အေဂျင်စီပေါင်းစုံ ဌာနပေါင်းစုံက ကန်ထရိုက် တွေကို ရပ်နားပစ်တာပါပဲ။ တိုင်းပြည်ရောင်းစားတဲ့ ကလင်တန်ဖောင်ဒေးရှင်းကို ၈၄သန်း၊ ပြည်သူတွေ သတင်းအမှန်မသိအောင် ဖုံးဖိညာဝါးပေးတဲ့ မီဒီညာတွေကို ၈သန်း၊ ပြည်တွင်းမှာ တရားဥပဒေ မစိုးမိုးအောင်လုပ်၊ ပြည်ပနိုင်ငံတွေမှာ ခြေရှုပ်တဲ့ ဆိုရော့စ်တို့ရဲ့ East-West Management Institute ကို သန်း 360၊ ဂွာတီမာလာမှာ NGO တွေကတဆင့် ကလေးတွေပြန်ပေးဆွဲပြီး အမေရိကန်ကို မှောင်ခိုသွင်းဖို့ သန်း ၈၀၀အပြင် တာလီဘန်၊ ဟာမာ့စ်ကိုရော ငွေဖို့၊ အာဖဂန်ပြန်တည်ဆောက်ဖို့ သုံးတာတွေရဲ့ ၁/၃က လေလွင့်၊ စသဖြင့် အဆိပ်ပင်ရေလောင်းတဲ့ US Agency for International Development က ကိုယ့်နိုင်ငံသားတွေလည်း အကျိုးမရှိ၊ ပြည်ပနိုင်ငံတွေကျတော့လည်း နဖားကြိုး အထိုးခံတဲ့ နိုင်ငံမှ သူတို့ဖြစ်စေချင်တာ လုပ်ပေးဖို့ နှောင်ကြိုး တန်းလန်းနဲ့ ပေးတာဖြစ်လို့ အဲဒီလို ဇီးသီးဗန်းတွေကို လျော့ချဖို့က လုပ်ကို လုပ်ရမှာပါ။

USAID က ဝန်ထမ်း တသောင်းလောက်ရှိတာက ၂၉၄ယောက်ပဲချန်ပြီး ကျန်တာတွေ ဒီနေ့နောက်ဆုံးပါ။ အဲဒီထဲမှာ ၁၂ဦးက အာဖရိက၊ ၈ဦးက လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ၊ ၂၁ဦးက အရှေ့အလယ်ပိုင်း၊ ၈ဦးက အာရှက ပရောဂျက်တွေကို ကိုင်တွယ်သွားမှာဖြစ်ပြီး ၇၈ဦးက လူသားချင်းစာနာမှုကိစ္စတွေ၊ ၇၇ဦးက ကမ္ဘာ့ကျန်းမာရေးဗျူရိုမှာ ချန်ထားဖို့ စီစဥ်ထားကြောင်း ယာယီဝန်ထမ်းချုပ် Joel Borkert က ဆိုပါတယ်။

ထရမ့်ကတော့ USAID လောက် ဆိုးဆိုးရွားရွား ခြစားနေတာမျိုး တခြားဘယ်မှာမှ ရှိနိုင်မယ်မထင်ဘူး၊ USAID ပြီးရင် အီလွန်ကို ပင်တဂွန်နဲ့ ပညာရေးဌာနကို ဝင်စစ်ခိုင်းမယ်၊ ငါတို့က နေရာအားလုံးကို ဝင်စစ်ရမှာပဲ လို့ ဆိုပါတယ်။ ပင်တဂွန်ကလည်း ကုန်တင်လေယာဥ်ပေါ်က ကမုတ်ပေါ်ခင်းတဲ့ စက္ကူကိုတောင် $၁သောင်းအသုံးပြထားပြီး စာရင်းစစ်မအောင်တာ အကြိမ်ကြိမ်ရှိနေပါပြီ။ အီလွန်က လည်ပင်းခွဲစိတ်မှုလုပ်ထားရတဲ့ကြားက လုံးဝမနားပဲ ပြည်သူအတွက် အလုပ်လုပ်ပေးနေတာပါ။

တိုင်းပြည်မှာ အကြွေးပေါ့ပြီး တကယ်ချမ်းသာတဲ့ နံပါတ် ၁ စစ်စစ် ဖြစ်ဖို့အတွက် အသုံးစားရိတ် လျော့တာရော ဝင်ငွေတိုးဖို့ပါ တွဲလုပ်မှ ဖြစ်မှာပါ။ ဘယ်လောက်ငွေရှာကောင်းကောင်း သုံးဖြုန်းတာက ပိုများနေရင် အကြွေးတင်မှာပဲလေ။ တနှစ်လုံး ထုတ်လုပ်နိုင်တဲ့ GDP ထက် အကြွေးက ၁ဆခွဲလောက် များပြီး အတိုးကတင် GDP ရဲ့ ၄%ဆိုတော့ ဒါက တာဝန်ရှိတဲ့ခေါင်းဆောင်/ အိမ်ထောင်ဦးစီးတိုင်း မဖြစ်မနေ အပူတပြင်း ဖြေရှင်းရမယ့်ပြဿနာဆိုတာ တာဝန်သိသူတိုင်း နားလည်ကြပါတယ်။ အကြွေးလျော့လာပြီး စီးပွားရေး ကောင်းလာပြီဆိုရင် ဝင်ငွေခွန်ကို ဖျက်သိမ်းဖို့အထိပါ ထရမ့်နဲ့ အဖွဲ့တွေက မှန်းထားကြတာပါ။ ဖြစ်လာမလားဆိုတာက အသုံးစားရိတ် ဘယ်လောက်လျော့နိုင်မလဲ၊ ဝင်ငွေခွန်မဟုတ်တဲ့ တခြားဝင်ငွေ ဘယ်လောက်တိုးလာနိုင်မလဲဆိုတာပေါ် မူတည်ပါတယ်။

ပြည်သူအတွက် အမုန်းခံပြီး အလေအလွင့်တွေလိုက်ရှာ ဖြတ်တောက်နေတဲ့ အီလွန်ကို  ပြည်သူက ရွေးထားတာ မဟုတ်ဘူးတို့၊ လျှို့ဝှက်အဖွဲ့နဲ့ ကိုယ်ကျိုးရှာနေတယ်တို့ ပြောကြတာ ဟာသပါပဲ။ အီလွန်ကို ဒါတွေလုပ်ဖို့ လျာထားတယ်ဆိုတာ ရကပမတိုင်ခင်တတည်းက ပြည်သူကို ချပြထားပြီး ပြည်သူက တခဲနက် မဲပေးထောက်ခံထားတာလေ။ သူဖွဲ့ထားတဲ့ အဖွဲ့ဆိုတာလည်း ၁၉-၂၅နှစ်ပဲ ရှိသေးတဲ့ အင်ဂျင်နီယာလေး ၆ဦး ပါတဲ့အဖွဲ့ပါ။ ဘယ်သူတွေဆိုတာ အင်တာနက်ပေါ်မှာ ရှိပါတယ်။ လုပ်ငန်းသဘာဝအရ မီဒီညာနဲ့ ပေးမတွေ့တာတခုပါပဲ။

ထရမ့်အစိုးရ ပြည်သူအတွက် ယိုပေါက်ပိတ်လေလေ၊ ဒိစတိတ်က စားပေါက်ပိတ်လေလေဆိုတော့ ခြအုံကြီးက အပြင်းထန်ဆုံး တုန့်ပြန်ကြမှာပါ။ ထရမ့်ကို တချိန်လုံး တိုက်ခိုက်နေပြီး ဒီမိုကရက်တွေ လုပ်သမျှ ဖုံးဖိဖာပေးနေတဲ့ ဖက်ဒရယ်ရကပကော်မရှင်နာ ဒီမိုကရက်မ Ellen Weintraub က ထရမ့်က ဖြုတ်တာကို မထွက်နိုင်ဘူးလို့ ငြင်းပါတယ်။ တချို့ဗျူရိုကရက်အရာရှိကြီးတွေလည်း ထိုနည်းတူပါပဲ။ ရကပကော်မရှင်နာဆိုတာ အနည်းဆုံးတော့ ပါတီစွဲကင်းရမှာပေါ့။ သူရဲ့ ၆နှစ်သက်တမ်းက ပြည့်ပြီးတာ အနှစ် ၂၀လောက်တောင် ရှိတော့မှာကို မထွက်ချင်သေးတာပါ။ အဲသလောက် ကုတ်ကပ်နေပြီဆိုတဲက တခုခုတော့ မှားနေပြီလေ။

FBI က ခြတွေကို ဝိတ်လျော့ပြီး အက်ပ်စတိန်းဖောက်သည်စာရင်းကို ထုတ်ပေးမယ့် ကရှ်ပတဲလ်ကို အတည်ပြုဖို့ကိုလည်း အချိန်ဆွဲနေပါတယ်။ FBI ဖောက်ချသူ Steve Friendက FBI မှာ ခြ ၆ထောင် လောက်တောင် ရှိနိုင်ကြောင်း၊ ဘိုင်ဒန်တို့က ထရမ့်ဘက်သားတွေကို “ပြည်တွင်းအကြမ်းဖက်တွေ”လို့ နာမည်တပ်ပြီး နှိပ်ကွပ်ဖို့ အဲဒီခြတွေကို တပြည်လုံးမှာ ဖြန့်ချထားကြောင်း၊ FBI မှာ ထရမ့်မတက်ခင် လေးတင် ရာထူးတက် ပေးလိုက်တဲ့လူတွေ အများကြီး၊ ကက်ရှ် မရောက်ခင် ရှင်းစရာရှိတာ ရှင်းထားဖို့နဲ့ ရောက်လာရင် အထဲမှာ အာခံ ပုန်ကန်ကြမယ့်သူတွေ ဘိုင်ဒန်တို့က မထွက်ခင် တခါထည်း စီစဥ်ထားကြောင်း ဘလေ့စ်နယူးစ်ကို ပြောသွားပါတယ်။

Leave a comment