ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၅

အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ချွေးနှဲစာကို အလေအလွင့်မရှိရအောင် စီစစ်ပေးနေတဲ့ DOGE က တနှစ်ကို ၁ ထြီလီယံ ဘတ်ဂျက်လိုငွေပြမှုကို လျော့ချပေးပြီး တချိန်ထဲမှာပဲ ထရမ့်အစိုးရသစ်ရဲ့ deregulation နဲ့ ပြည်တွင်းထုတ်လုပ်မှုတွေအပေါ် အခွန်လျော့ချမှု၊ လုပ်ငန်းခွန်လျော့ချမှုတွေကြောင့် စီးပွားရေးယန္တယား မြန်ဆန်သွက်လက်လာပြီး တိုင်းပြည်ရဲ့ ဝင်ငွေ ၁ ထြီလီယံတက်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ၂၀၂၄မှာ ဘတ်ဂျက်လိုငွေပြမှုက ၂ ထြီလီယံဖြစ်တာကြောင့် ဝင်ငွေ ၁ ထြီလီယံတိုးပြီး ထွက်ငွေ ၁ ထြီလီယံလျော့ရင် ဘတ်ဂျက်လိုငွေပြမှု နိဂုံးချုပ်တော့မှာပါ။ အဲဒါဆိုရင် ငွေကြေးအသစ် ရိုက်ထုတ်ဖို့/ ထပ်ချေးဖို့ မလိုတော့မယ့်အတွက် ငွေဖောင်းပွမှု သုည ဖြစ်သွားလိမ့်မယ်လို့ ဒီကနေ့ အီလွန်က ရှင်းပြသွားပါတယ်။

ငွေဖောင်းပွမှု မရှိတော့တဲ့အခါ ငွေဖောင်းပွမှုကို ထိန်းဖို့ တက်ထားရတဲ့ အတိုးနှုန်းတွေကို ပြန်ချလို့ ရတဲ့အတွက် ပြည်သူတွေ အိမ်ဝယ်၊ ကားဝယ်၊ ကျောင်းတက်၊ အလုပ်ချဲ့ စတာတွေအတွက် သက်သက်သာသာ ငွေချေးနိုင်တော့မှာ ဖြစ်ပါတယ်။ သမ္မတထရမ့်က ငါတို့အဲဒီလောက်များတဲ့ ယိုပေါက်တွေ ဒီလောက်အချိန်တိုအတွင်း တွေ့လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ သန်း ၅၀၀လောက် အလွန်ဆုံးလို့ မှန်းထားတာ ဘီလီယံချီနေပြီ၊ DOGE ဆက်စစ်ခွင့်ရဖို့ ကွန်ဂရက်စ်ကို တင်ရမယ်ဆိုလည်း ငါတို့နိုင်မှာပဲ၊ အလိမ်တွေ၊ အလွဲသုံးစားမှုတွေတွေ့ထားတာ နဲနဲနောနောမှ မဟုတ်တာ၊ တရားသူကြီးဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် တားချင်တာဘာကြောင့်ဖြစ်မလဲလို့ ပြောသွားပါတယ်။

သတင်းထောက်တဦးက တရားသူကြီးက စစ်ခွင့်မပြုဘူးလို့ ဆုံးဖြတ်ရင် လိုက်နာမှာလားလို့ မေးရာမှာ သမ္မတထရမ့်က ဆုံးဖြတ်ချက်ကို လိုက်နာရမှာပါ၊ ဒါပေမယ့် အယူခံတင်မှာပေါ့၊ ပြည်သူ့ပိုက်ဆံတွေ လေလွင့်နေတာ ငါတို့ကို ခွင့်မပြုနိုင်စရာအကြောင်း ဘာမှမရှိဘူး၊ ဒါပေမယ့် အယူခံဖြစ်ဖြစ် ကွန်ဂရက်စ်မှာ မဲခွဲတာဖြစ်ဖြစ် လုပ်ရလို့ ကြန့်ကြာမှုရှိခဲ့ရင် မသမာသူတွေ ဖုံးဖို့ ဖိဖို့ အထောက်အထား ဖျောက်ဖျက်ဖို့ အချိန်ပိုရသွားမှာပေါ့လို့ ဖြေသွားပါတယ်။ အကြီးအကျယ်ခြစားနေတဲ့ USAID ကို ဦးဆောင်တဲ့ ဆာမန်သာပါဝါက တနှစ်ကို ၁သိန်း၈သောင်းဝင်ငွေနဲ့ သူ့ရာထူးသက်တမ်းအတွင်းမှာ ၂၃.၃သန်း ပိုင်ဆိုင်နေတာ တွေ့ရပါတယ်။ အစိုးရကန်ထရိုက်တွေကလည်း ကန်ထရိုက်တခါ ရပြီးရင် ဘာမှအစီအစစ်မရှိပဲ အလိုအလျောက် သက်တမ်းတွေတိုးနေကြတာကလည်း ယိုပေါက်အကြီးကြီးလို့ သိရပါတယ်။

ဟာရီကန်းဟယ်လင်းမှာ ပြည်သူအတွက် ဘတ်ဂျက် မကျန်တော့ဘူးလို့ဆိုတဲ့ FEMA က ရတဲ့ဘတ်ဂျက်ကို ပြည်သူအတွက်မသုံးပဲ ခိုးဝင်တွေအတွက် ပြီးခဲ့တဲ့အပတ်ကမှ ၅၉သန်း သုံးလိုက်တာပါ။ ဘိုင်ဒန်အစိုးရကတော့ ထုံးစံအတိုင်း ခိုးဝင်တွေအတွက်သုံးတာ မဟုတ်ပါဘူးလို့ လိမ်သလို မီဒီညာတွေကလည်း အဲဒီအတိုင်း သံယောင်လိုက်ကြပြီး စွပ်စွဲတဲ့သူတွေကိုတောင် ပြန်ရန်ထောင်လိုက်ကြသေးတာပါ။

ကိုယ့်အိမ်မှာ ရှာသလောက်မလောက်ပဲ အကြွေးတွေပဲ နင်းကန်တိုးလာနေတယ်ဆိုရင် ဘာလု့ပ်ကြမလဲ၊ လက်ရှိသုံးနေတာတွေထဲက ရပ်တန်တာရပ်၊ လျော့တန်တာလျော့၊ တကယ်လိုအပ်လို့ သုံးတာ မှန်သမျှကို ဘယ်သူ ဘယ်ကိစ္စအတွက် ဘယ်လောက်သုံးတယ်ဆိုတာ သေချာစာရင်းလုပ်/စစ် ရမယ်လေ။ အဲဒါမှ ပိုက်ဆံတွေ ပျောက်/ကွာနေတယ်၊ အိမ်တွင်းသူခိုးရှိနေတယ်ဆိုရင် ပေါ်လာလိမ့်မပေါ့။ စစ်တာမကြိုက်တဲ့သူတွေက ဘယ်လိုလူတွေဖြစ်မလဲ စဥ်းစားကြည့်ပေါ့။

ထရမ့်အစိုးရကို အာဏာနဲ့အစိုးရယန္တယားကနေ ချမ်းသာနေကြတဲ့ ခြအုံကြီးက အဖက်ဖက်က အာခံ၊ တိုက်ခိုက်နေကြတာမှာ နယ်စပ်မင်းကြီး Tom Homan က အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ Tren de Aragua ဂိုဏ်းကို သူတို့အဖွဲ့ဝင်စီးမယ့်သတင်းအပါအဝင် သူတို့လှုပ်ရှားမယ့်သတင်းတွေက ပေါက်ကြားနေခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်ကပေါက်ကြားတယ်ဆိုတာ တွေ့ထားပြီး ဆက်ဖြစ်နေရင် ICE ရုံးကို မီဒီယာတွေဝင်ခွင့် ကန့်သတ်ရလိမ့်မယ်လို့ ဆိုပါတယ်။ မီဒီညာတွေကို ပြည်သူ့အခွန်ထဲက ခိုးပြီးခွန့်ထားတော့ ပြည်သူ့ဘက်က မရပ်ကြတော့တာ မဆန်းပါဘူး။

ထရမ့်ပထမသက်တမ်းတုန်းက အီရန်နဲ့ အကြမ်းဖက်တွေကို ဝင်တိုက်မယ့်သတင်းကို ကွန်ဂရက်စ်ကို စပီကာပလိုးစီကို အသိပေးလိုက်တိုင်း တိုက်ခိုက်မှုက မအောင်မြင်ဖြစ်လာတဲ့အတွက် နောက်ဆုံးတခေါက်မှာ ပလိုးစီကိုမပြောတော့ပဲ လုပ်တော့မှ တိုက်ခိုက်မှု အောင်မြင်ခဲ့တာပါ။ ပြည်သူဘက်မှာ ဘယ်တော့မှမရှိတဲ့သူတွေကို ပါတီစွဲနဲ့ ထောက်ခံနေကြတာ ဉာဏ်နဲ့ယှဥ်သလား အမှောင်ဖုံးနေလား စဥ်းစားစေချင်ပါတယ်။

မီဒီညာဆိုလို့ လွှတ်တော်ထဲမှာ ချိုင်းနားဒေးလီးသတင်းစာက နေ့တိုင်းရောက်နေတာကို ဒီနှစ်မှ လွှတ်တော်ထဲရောက်တဲ့ အမတ်အသစ်လေးကတွေ့တော့ အမြင်မတော်လို့ လွှတ်တော်ထဲမှာ အဲဒီသတင်းစာမဖြန့်ဖို့ ဥပဒေတင်သွင်းမယ်လို့ ဆိုပါတယ်။ အဲဒီသတင်းစာက အင်္ဂလိပ်လို ရေးသားထုတ်ဝေတာဖြစ်ပြီး တရုတ်ကို အထင်ကြီးလေးစားစေမယ့် အမြင်တွေ ဖောဖောသီသီ ရေးထားတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်မှု၊ လုံခြုံရေး၊ အထောက်အပံ့ စတာတွေကနေ နှစ်စဥ် ဘီလီယံ ရာချီ အမြတ်ထွက်နေတဲ့ ကနေဒါမှာ အမေရိကန်ကို ကျေးဇူးဆပ်ဖို့ ကမ္ဘာ့သမိုင်းမှာအကြီးဆုံး ဖန်တနိုင်းဓါတ်ခွဲခန်းကြီး ဗန်ကူးဗားမှာ ရှိကြောင်း တွေ့ရှိထားပါတယ်။ အကြိမ်ပေါင်း သန်း ၁၀၀ လောက် သုံးလို့ရတဲ့ ပမာဏကို ဘာမှအစစ်အဆေး မရှိပဲ အမေရိကန်ထဲ သွင်းနေတာပါ။ အဲဒါတွေကို မတားတဲ့အတွက် tariff 25% ကောက်မယ်ဆိုမှ ဘုမသိ ဘမသိ မျိုးထချစ်ပြပြီး အမေရိကန်ပစ္စည်းတွေ သပိတ်မှောက်မယ်ဆိုတော့ ခက်တော့နေပါပြီ။ ဘိန်း/မူးယစ်ကိစ္စက ရန်သူအပေါ်တောင် မလုပ်သင့်တဲ့ကိစ္စပါ။

ဘိုင်ဒန်လက်ထက်မှာ ရုရှားသမ္မတပူတင်နဲ့ စကားပြောဖို့ လုံးဝမကြိုးစားခဲ့ပေမယ့် ထရမ့်ကတော့ တက်လာပြီး မကြာခင်မှာပဲ ပူတင်နဲ့ စကားစပြောနေပြီဖြစ်ပါတယ်။ ဒီနေ့တော့ အမေရိကန်မှာ ဆေးဖြစ်ဝါးဖြစ် တရားဝင်သုံးနိုင်တဲ့ ဆေးခြောက် အောင်စဝက်ကို ရုရှားကို ၂၀၂၁ ဩဂုတ်မှာ လာလည်စဥ် သယ်ဆောင်လာမှုနဲ့ ထောင်ချခံထားရတဲ့ အမေရိကန်ကျောင်းဆရာ Marc Fogel ကို ပြန်ခေါ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆေးခြောက်ပါလို့ အဖမ်းခံရတာချင်းတူတူ ဘိုင်ဒန်တို့က Marc နောက်မှ အဖမ်းခံရတဲ့ WNBA က Brittney Griner ကိုပဲ ကယ်ခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်လည်း တဦး ထပ်လွတ်လာဖို့ရှိတယ်လို့ ဆိုပါတယ်။ ထရမ့်လက်ထက်မှာ အမေရိကန်မှန်သမျှ ဘယ်ပါတီဝင်မဆို လုံခြုံမှု ပိုရှိလာတော့မှာပါ။

Leave a comment