US Agency for International Development ကို သမ္မတကနေဒီလက်ထက်မှာ the Foreign Assistance Act of 1961 အရ ကမ္ဘာတလွှားက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တည်ငြိမ်မှုနဲ့ စီးပွားရေးအရ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှုအတွက် ကူညီမှုတွေဟာ အမေရိကန်ပြည်သူတဦးချင်းစီရဲ့ လွတ်လပ်မှု၊ ကြွယ်ဝချမ်းသာမှုနဲ့ လုံခြုံမှုကို အကောင်းဆုံး ထိန်းသိမ်းပေးလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
ဘယ်နည်းဘယ်ပုံ ကူညီတယ်ဆိုတာကတော့ ခေတ်လိုအပ်ချက်အလိုက် ကွာခြားမှုရှိခဲ့ပါတယ်။ ၁၉၆၀ခုနှစ်တွေမှာ နည်းပညာနဲ့ ငွေအရင်းအနှီးကို အဓိကထား ကူညီခဲ့တာကနေ ၁၉၇၀ခုနှစ်တွေ ကျတော့ အစားအစာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူဦးရေ စီမံကိန်း စတာတွေကို ပြောင်းလဲလာခဲ့ပြီး ၁၉၈၀ခုနှစ်တွေမှာ လွတ်လပ်သောဈေးကွက်များ ပေါ်ထွန်းဖို့ အာရုံစိုက်လာခဲ့ကာ ၁၉၉၀ခုနှစ် တွေမှာတော့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် ဇောင်းပေးလာခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ်တွေမှာတော့ စစ်ဒဏ်ခံခဲ့ရတဲ့ နိုင်ငံတွေ ပြန်လည်တည်ဆောက်ရေးက ဦးစားပေးဖြစ်လာပါတယ်။
တဖြည်းဖြည်းနဲ့ USAID က ကူညီမှုတွေကို ကိုယ်တိုင်လုပ်တာကနေ လုပ်ငန်းအများစုကို ကန်ထရိုက်တာတွေကတဆင့်ပဲ လုပ်စေပါတော့တယ်။ အစောပိုင်းမှာ ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အဖွဲ့တွေကတဆင့်လုပ်ပြီး နောက်ပိုင်းမှာ NGO တွေ၊ ပုဂ္ဂလိကတွေ၊ ဖောင်ဒေးရှင်းတွေကနေတဆင့် လုပ်ကိုင်လာပါတယ်။
အကြီးကြီးပြောင်းသွားခဲ့တာက ကလင်တန်လက်ထက်မှာပါ။ နိုင်ငံခြားရေးဌာန လက်အောက်ကနေ သီးခြားလွတ်လပ်တဲ့အေဂျင်စီအဖြစ် ၁၉၉၈မှာ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာ မြန်မြန်ဆန်ဆန်ကို ကြီးထွားလာခဲ့ပါတယ်။ သီးခြားလွတ်လပ်တယ်ဆိုပြီး အစစ်အဆေးလည်း မခံတော့တဲ့အပြင် USAID အုပ်ချုပ်ရေးမှူးကို အမျိုးသားလုံခြုံရေးကောင်စီမှာပါ နေရာယူလာတဲ့အထိ ဩဇာကြီးလာခဲ့တာပါ။ ၂၀၀၁မှာ ၇ဘီလီယံကနေ ၂၀၁၀မှာ ၁၈ဘီလီယံ၊ ၂၀၂၃မှာ ၄၂ဘီလီယံသုံးတဲ့ အဖွဲ့ကြီး ဖြစ်လာပါတယ်။
တချိန်တည်းမှာပဲ ဖက်ဒရယ်အစိုးရ အသုံးစာရိတ်က ၂၀၀၁မှာ ၁.၈ ထရီလီယံ (၁၈၄ဘီလီယံပိုငွေပြခဲ့) ကနေ ၂၀၂၃မှာ ၆.၁ ထရီလီယံ (၁.၇ထရီလီယံ လိုငွေပြ) အထိ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာ ဘာစီးပွားရေးမှ မလုပ်တဲ့ ကလင်တန်တို့ အိုဘမတို့ရဲ့ ချမ်းသာမှုက သမ္မတသက်တမ်းအစမှာ နှစ်ဦးလုံး ၁.၃သန်းစီပဲရှိရာက သမ္မတ သက်တမ်း ၈နှစ်အပြီးမှာ ကလင်တန်တို့က ၂၄၁.၅သန်း၊ အိုဘမတို့က သန်း ၇၀ကျော်၊ ဘိုင်ဒန်ကတော့ ဒုသမ္မတတုန်းက ဝါးထားတာရှိတော့ ၂၀၁၉မှာ ၉သန်းကနေ ၂၀၂၂မှာ ၄၁သန်း၊ ကမလာက ၂၀၁၉မှာ ၆.၃သန်းကနေ ၂၀၂၂မှာ ၂၈သန်း ဖြစ်သွားပါတယ်။ ထရမ့်က ပထမသက်တမ်းအစမှာ ၃ဘီလီယံကနေ ပထမသက်တမ်းအဆုံးမှာ ၂.၃ဘီလီယံနဲ့ သမ္မတဖြစ်စဥ် ဓနအင်အားလျော့သွားတဲ့ တဦးတည်းသော သမ္မတ ဖြစ်လာပါတယ်။
USAID ကို ဝင်စစ်ဖို့မလွယ်အောင် သီးခြားလုပ်ပေးလိုက်တဲ့ ကလင်တန်တို့က ကိုယ်ပိုင်ဓနတင် အဆပေါင်းများစွာ တက်လာတာမဟုတ်ပါဘူး။ USAID က ဝိုက်နေတဲ့ထဲမှာပါတဲ့ ကလင်တန် ဖောင်ဒေးရှင်းတို့ Clinton Initiative တို့ကလည်း တနှစ်တနှစ် သန်းရာပေါင်းများစွာ ဝင်နေသလို အိုဘမ ဖောင်ဒေးရှင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ Clinton Initiative က USAID ကနေ ၈၄သန်း ရထားတာပါ။ အိုဘမသက်တမ်းကုန်တဲ့ ၂၀၁၇တုန်းကဆိုရင် အိုဘမဖောင်ဒေးရှင်းက ၁.၁ဘီလီယံတောင် ရခဲ့ပါတယ်။ ပေးနေကြသူတွေက အမေရိကန်ကော်ပိုရေးရှင်းကြီးတွေ၊ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံခြား ကော်ပိုရေးရှင်းကြီးတွေ များပါတယ်။ အဲဒီဖောင်ဒေးရှင်းတွေဟာ non-profit နာမည်တပ်ထားတဲ့ ငွေဖြူဖွတ် ယန္တယားတွေ၊ ခြဖောင်ဒေးရှင်းတွေပါပဲ။
သမ္မတတွေတင်မဟုတ်ပဲ ထရမ့်ကို အကြီးအကျယ်မုန်း၊ ထရမ့်တက်မှာ သေမလောက် ကြောက်ကြတဲ့ နှစ်ပါတီခြတွေဖြစ်ကြတဲ့ နန်စီပလိုးစီက ၂၀၂သန်း၊ မက်ကောနယ်က ၉၅သန်း၊ ရှူးမားက ၇၅သန်း၊ အဲလဇ္ဇဘက်ဝါရန်က ၆၇သန်း စသဖြင့် အသီးသီး ပွားစီးလာကြပါတယ်။ USAID က နိုင်ငံခြား အကူအညီတွေဆိုတာ ဆင်းရဲသားတွေအကျိုးအတွက်လို့ ထင်နေကြသူများ သိဖို့ပါ။ သူတို့ ဝင်ကူလိုက်လို့ ဘယ်နိုင်ငံများ ဆင်းရဲမွဲတွေမှု လျော့ကျသွားလဲ၊ ပပျောက်သွားလဲ၊ အပြကောင်းအောင် တစက်တလေ ပြည်သူလက်ရောက်ချင်ရောက်မယ်၊ အဲဒါကို အကြောင်းပြပြီး တသီတတန်းကြီး အဆင့်ဆင့် ထောသွားကြတာပဲ မဟုတ်ဘူးလား။ တကယ်ကူချင်ရင် ပြည်သူက ပြည်သူဆီ တိုက်ရိုက်သွားတာမျိုး ကမှ အကျိုးပိုရှိတာပါ။
၂၀၂၄ မှာ တာလီဘန်တွေအတွက် ပြည်သူ့အခွန်ထဲက ၆၉၇သန်း သုံးခဲ့တာမှာ ၅၇၅သန်းက USAID ကလာတာပါ။ အာဖဂန်ကနေ အဲဒီပိုက်ဆံတွေကို လက်ခံရယူသူက ၂၀၂၁နောက်ပိုင်း အာဖဂန်မှာ ပြည်ထဲရေးဝန်ကြီးလုပ်နေတဲ့ Sirajuddin Haqqani ဖြစ်ပြီး သူ့ဖခင် တည်ထောင်ခဲ့တဲ့ Haqqani Network က အာဖဂန်က အမေရိကန်နဲ့ မဟာမိတ်တပ်တွေကို ပျောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတဲ့ Global terrorist အဆင့်သတ်မှတ်ထားတဲ့ ဆွန်နီစစ်သွေးကြွတွေ ဖြစ်ပါတယ်။
အာဖဂန်ကိုပေးနေတဲ့ ၆၉၇သန်းဆိုတာက နှစ်စဥ်ပေးငွေဖြစ်ပြီး ဒါ့အပြင် မဒရာ့စ် အစ္စလာမစ်ကျောင်း တွေ၊ ISIS, Al-Qaeda, နိုက်ဂျီးရီးယားအစိုးရကို ဖြုတ်ချပြီး အစ္စလာမ်ဥပဒေနဲ့ အုပ်ချုပ်မယ့် Boko Haram အဖွဲ့၊ အာဖဂန်နဲ့ ပါကစ္စတန်မှာ လှုပ်ရှားနေတဲ့ ISIS-Khorasan အကြမ်းဖက်အုပ်စုရဲ့ လေ့ကျင့်ရေးစခန်းတွေကို ငွေသား သန်းချီ ပို့ကူနေတာတွေက သပ်သပ် ရှိပါသေးတယ်။
အိုဘမတို့ ဘိုင်ဒန်တို့က အရှေ့အလယ်ပိုင်းက အာဏာရှင်တွေ အကြမ်းဖက်တွေကို ငွေသား သန်းချီ ဘီလီယံချီ ပေးနေတာတွေက သူတို့အော်နေတဲ့ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့အပြင် တိုင်းပြည်နဲ့ ပြည်သူအတွက် အန္တရာယ်ရှိတဲ့ အကြမ်းဖက်ရာဇဝင်ရှိသူတွေကိုပါ နယ်စပ်အပွင့်ကနေ ဖောဖောသီသီ ဝင်ခွင့် ပေးနေခဲ့တာပါ။ အမေရိကန်ရဲ့ တရားဝင်မဟာမိတ်က အစ္စရေးဆိုပေမယ့် ဒီမိုကရက်တွေကတော့ သူတို့ဖောင်ဒေးရှင်းတွေကနေ တဖက်လှည့်နဲ့ ခွံ့ထားတဲ့ အစ္စလာမစ် စစ်သွေးကြွတွေဘက်မှာ အမြဲရပ်ပါတယ်။ ဥရောပကို အဲဒီလူတွေ အလုံးအရင်းနဲ့ ဝင်လွှမ်းအောင်လည်း သူတို့လို ဂလိုဘယ်လစ်တွေကပဲ လုပ်နေတာပါ။ ကမ္ဘာကြီး မတည်ငြိမ်လေ military industrial complex နဲ့ပေါင်းစားနေတဲ့ သူတို့ ပွပေါက်တိုးလေပါပဲ။
ဆက်စပ်ပြောရရင် မြန်မာပြည် အနောက်တံခါးက ကိစ္စကလည်း သူတို့စနက် မကင်းနိုင်ပါဘူး။ ဒေါ်စုဆီ အိုဘမတို့ ဟေလာရီတို့ လာလည်တာ ခင်လွန်း လေးစားလွန်းလို့သာဖြစ်ခဲ့ရင် ခုလိုအခြေအနေမှာ ပစ်ထားပါ့မလား။ ဒေါ်စုက သူတို့တွန်းနေတဲ့ နယ်စပ်ဖွင့်တာတွေ၊ ဝုခ်တာတွေမှာ ကြိုးဆွဲတိုင်းမရတော့ ဆုတွေတောင် ပြန်သိမ်းပြီး အချစ်က အချဥ်တွေ ဖြစ်ကုန်တာပဲလေ။ မြန်မာပြည် ပတ်သက်တဲ့ အကူအညီ/ ကိစ္စတိုင်းမှာ ရို/ဘင်ကိစ္စက အမြဲရှေ့တန်းမှာပဲ မဟုတ်ဘူးလား။ ရို/ဘင်တွေကလည်း အရှေ့အလယ်ပိုင်းက အကြမ်းဖက်တွေနဲ့ မပတ်သက်ဘူးသာပြောတာ ယီမင်က Al-Qaeda က သူတို့ဖက်က ပြောပေးနေတာပဲ။ မအလတပ်က သူတို့ကို ဘာလုပ်ခဲ့သလဲဆိုတာက တပိုင်း၊ ကိုယ့်အချုပ်အချာ ကိုယ့်နယ်စပ်ကို ကိုယ်စောင့်ရှောက်ဖို့ ထရမ့်တို့ ဒေါ်စုတို့လို ကိုယ့်တိုင်းပြည် ကိုယ်ချစ်တဲ့သူတွေ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ်ထင်တာ လုပ်ကြတာ ဘာမှ မမှားဘူး။ မှားတယ်ပြောတဲ့သူတွေက ဒီမိုကရက်ခြတွေလိုပဲ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်သူတွေပဲ ဖြစ်လိမ့်မယ်။
ဒီမိုကရက်တွေ နယ်စပ်ဖွင့်ချင်တာက သူတို့အတွက် အကျိုးအများကြီးရှိတယ်။ မူးယစ်၊ လူ၊ လိင် ကုန်ကူးတာတွေ၊ လက်နက်မှောင်ခိုတာတွေက အကျိုးအမြတ်တွေ ရှိနေနိုင်သလို အဲဒီလို ဝင်လာဖို့၊ နေဖို့၊ စားဖို့၊ သုံးဖို့ စီစဥ်နိုင်အောင် NGO တွေကို ပေးတဲ့ပိုက်ဆံတွေက ဇီးသီးဗန်းတွေဖြစ်၊ ဝင်လာတဲ့လူတွေကို အပြာပြည်နယ်တွေ၊ အနီပြည်နယ်က အပြာမြို့ကြီးတွေမှာ နေရာချပြီး လူဦးရေစာရင်းထဲထည့်ပြတော့ မဲဆန္ဒနယ်တွေက ပြောင်းကုန်ပြီး သူတို့အသာရမယ့် နယ်မြေတွေ တိုးလာရော။ မဲပေးဖို့ ID မလို၊ မစစ်ရဆိုတဲ့ စွရူးဥပဒေ အတင်းပြဌာန်းထားတဲ့ နေရာတွေမှာ မဲတွေရပြန်ရော။ အဲဒီလူတွေ နိုင်ငံသားဖြစ်လာရင်လည်း ဒီမိုကရက်ဘာလုပ်လုပ် မျက်စိမှိတ် ထောက်ခံမယ့် အမာခံလေးတွေ ဖြစ်လာတော့မှာပေါ့။ ဒီမိုကရက်တွေက ခိုးဝင်တွေနဲ့ရော အကြမ်းဖက်တွေနဲ့ပါ လုပ်စားတတ်သလိုပဲ မအလလည်း ရို/ဘင်တွေအပေါ် လုပ်စားနည်းမျိုးစုံ တတ်တာပဲလေ။ ဒါပေမယ့် သူတို့ကလည်း ပေါင်းရင် မအလနဲ့ပဲ ပေါင်းတာ။ အခွင့်အရေးသမားနဲ့ ခြနဲ့က ခေါင်းနဲ့ပန်းလိုပဲ၊ အမြဲကပ်နေတာလေ။