ထရမ့်အစိုးရတက်တာ တလမပြည့်သေးခင်မှာပဲ တွေ့ရှိလာတဲ့ လိမ်လည်မှုတွေကိုဖျက်၊ ကန်ထရိုက်/ အငှားတွေ ရပ်/ ပြန်ညှိ၊ အသုံးမလိုတာတွေရောင်း၊ ဂရန့်တွေဖျက်၊ ဖောင်းပွလုပ်အားလျော့၊ စနစ်ပြောင်း၊ စည်းမျဥ်းပြောင်းတွေကနေ ၅၅ဘီလီယံ သက်သာအောင် လုပ်နိုင်ခဲ့ပါပြီ။ မှန်းထားတာက ၂ထရီလီယံ ဘတ်ဂျက်လိုငွေပြမှုရဲ့ တဝက်ဖြစ်တဲ့ ၁ထရီလီယံ လျော့ချဖို့ပါ။ ၁ထရီလီယံဆိုတာက သန်းပေါင်း တသန်းပါ။ ဒီလို ပြည်သူ့ပိုက်ဆံတွေ ဖြုန်းတီးနေတဲ့ အလိမ်အညာတွေ ယိုပေါက်ကြီးတွေ တွေ့လာတာကို ပြည်သူအများစုက ကြိုဆိုကြပေမယ့် စားပေါက်ပိတ်သူတွေ၊ ခွက်ပျောက်သူတွေ ကတော့ ယမ်းပုံမီးကျဖြစ်ပြီး ဆက်စစ်လို့မရအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။ တချို့ ဉာဏ်ကြီးရှင်များကလည်း စာရင်းသွင်းမှားတာတွေကို တွေ့တာပါလို့ ထန်းလက်နဲ့ ကာကြပါတယ်။ DOGE ရဲ့ လက်ရွေးစင်ဟက်ကာလေးတွေက အမှားနဲ့ အလိမ်နဲ့ မကွဲပဲရှိပါ့မလား။
US Government Accountability Office ရဲ့ နံပါတ်တွေအရ ဖက်ဒရယ်အစိုးရက တနှစ်ကို ၂၃၃-၅၂၁ ဘီလီယံအထိ အလိမ်အညာတွေကြောင့် ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ အကြီးဆုံးလိမ်ညာနေတဲ့ ဌာနက ဘဏ္ဍာရေးဖြစ်ပြီး သုံးသမျှရဲ့ ၂၃.၈၇% က အလိမ်အညာတွေ ဖြစ်ပါတယ်။ ခေါင်းစဥ်တွေက အလုပ်လက်မဲ့ခံစားခွင့်မှာ ၁၀၀-၁၃၅ဘီလီယံ၊ ကဗခံစားခွင့်မှာ သန်း၂၀၊ (ကဗကာလ) အလုပ်မဖြုတ်ပဲ ဆက်ခန့်ရင် အခွန်ခံစားခွင့်ပေးတာမှာ ၂၃၀ ဘီလီယံကျော်၊ SSA သေဆုံးဖိုင်မှာ ၃၁သန်း၊ မက်ဒီကဲ မက်ဒီကိတ်မှာ ၈၅ဘီလီယံ စသဖြင့် လိမ်စားနေကြတာပါ။ ဘတ်ဂျက်လျော့ရင် SS ခံစားခွင့် ပေးစရာ ပိုက်ဆံမရှိတော့ဘူး၊ မက်ဒီကဲ မက်ဒီကိတ်ကို ထရမ့်က ဖြတ်တော့မှာ စသဖြင့် လိမ်နေ ခြောက်နေတဲ့ သူတွေကပဲ ဒီယိုပေါက်တွေစစ်တာကို မကြိုက်ပြန်ဘူးဆိုတော့ မခက်နေပေဘူးလား။
ဘဏ္ဍာရေးဌာနမှာ ၄.၇ ထရီလီယံသုံးထားတာတွေကို DoGE က တွေ့ရှိခဲ့ပြီး ဘယ်အကောင့်ကို ပေးတယ်ဆိုတဲ့ ကုဒ်နံပါတ်မပါတဲ့အတွက် ဆက်လိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ပြည်သူတွေ ၆၀၀အထက် အွန်လိုင်း ငွေလွှဲတာတွေကို စစ်ဖို့ဆိုပြီး ဘိုင်ဒန်တို့ လူပေါင်း ၈၇၀၀၀ တိုးခန့်ထားတဲ့ ဘဏ္ဍာရေးဌာနမှာ အခုလို အကြီးအကျယ် ဖြောင်နေတာတွေ တွေ့ရတာ တရားကျစရာပါ။
ကဗကာလ အလုပ်လက်မဲ့အာမခံခေါင်းစဥ်အောက်မှာ ၁၃၅ဘီလီယံ ခိုးထားပေမယ့် အဲဒီရဲ့ ၅% ဖြစ်တဲ့ ၆.၈ဘီလီယံကိုပဲ ပြန်ရှာတွေ့ပါသေးတယ်။ လိမ်နည်းတွေက အလုပ်ရှိလျက်နဲ့ တောင်းတာ၊ ပြည်နယ်ကျော်တောင်းတာနဲ့ အများစုက multinational organized crime တွေပါ။ အဲဒီလိုတွေ ဝါးနေရလို့ ဘိုင်ဒန်တို့က ပလန်ဒဲမစ်ကို ပြီးပါပြီလို့ကြေငြာဖို့ အကြိမ်ကြိမ် အချိန်ဆွဲနေခဲ့တာပါ။
PCR test ထွင်တဲ့ Kary Mullis က PCR test ကို ကဗလိုပိုးကူး/ပြန့်/စစ်တဲ့ ကိစ္စတွေမှာ မသုံးသင့်ဘူးလို့ ပြောထားပေမယ့် ဘဒတို့က တပြည်လုံးကို အကြိမ်ကြိမ် အလကားဝေပြီး ဇီးသီးဗန်းမှောက်ခဲ့ပါတယ်။ အခမဲ့ဆိုတာ မရှိဘူးဆိုသလိုပဲ ပြည်သူက လက်ငင်းမပေးရပေမယ့် အခွန်ထဲကနေ အဆမတန်ဈေးနဲ့ ကဗက မိုးခဲဖို့အပြင် လူသေများလေ အရေးပေါ်အာဏာတွေ ဘတ်ဂျက်တွေ ထုတ်သုံးလို့ကောင်းလေ၊ ဇီးသီးဗန်းကြီးလေ ဆိုတော့ အသေ မများ များအောင် နည်းမျိုးစုံနဲ့ မောင်းကြပါတယ်။
Social Security ခံစားခွင့်တွေကို ထုတ်ယူနေကြတဲ့ထဲမှာ အသက် ၁၂၀ကျော်က ၁၂သန်းတောင် ရှိနေပြီး အသက် ၂၀၀ကျော်က ၂၇၈၆ဦးဖြစ်ကာ အသက် ၃၆၀ကျော် တဦးပါဝင်နေပါတယ်။ တနိုင်ငံလုံး လူဦးရေ ၃၃၄သန်း ရှိချိန်မှာ SS ခံစားခွင့် ရယူနေသူပေါင်း ၃၉၄သန်းရှိနေပြန်ပါတယ်။ SS ခံစားခွင့်ကို အငြိမ်းစားတွေ၊ မစွမ်းမသန်တွေနဲ့ သေဆုံးလုပ်သားတွေရဲ့ မိသားစုတွေသာ ရယူနိုင်တာ ဖြစ်ပြီး နိုင်ငံသားအားလုံးနဲ့ အကျုံးမဝင်ပါဘူး။
ဘိုင်ဒန်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ EPA က ထရမ့်နိုင်ပြီးနဲ့ မတက်ခင် ၂လခွဲအတွင်းမှာ ပြည်သူ့အခွန်ထဲက ဘီလီယံ ၂၀ကို non-profit, NGOတွေ၊ ပြည်နယ်တွေ၊ ဌာနေမျိုးနွယ်စုတွေ၊ စီးတီးတွေ စသည်တို့မှာ ခွဲဝေလျိုဝှက်ထားခဲ့ပါတယ်။ အခုတော့ အဲဒီပိုက်ဆံတွေကို ထရမ့်ရဲ့ EPA Administrator Lee Zeldin က ရှာတွေ့သွားပြီဖြစ်ပါတယ်။
အမေရိကန်က ကမ္ဘာပေါ်မှာ လူတဦးချင်းစီ ကျန်းမာရေးအတွက် ပိုက်ဆံအသုံးဆုံးနိုင်ငံဖြစ်ပေမယ့် နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းက ကြောက်ခမန်းလိလိ တက်လာနေတာဖြစ်ပါတယ်။ အော်တစ်ဇင် ဖြစ်နှုန်းကလည်း မကြာသေးခင်နှစ်များမှာ ကလေးတသောင်းမှာမှ တယောက်လောက်ဖြစ်တာကနေ ခုဆိုရင် ၃၆ယောက်မှာ တယောက်နှုန်းဖြစ်နေပါပြီ။ ကင်ဆာနှုန်းကလည်း လူမျိုးစုံ၊ အသက်စုံ၊ အခြေအနေစုံမှာ တိုးလာနေတာ ကလေးတွေမှာဆို ၄၀% တောင် တိုးလာတာပါ။ လူငယ်တွေရဲ့ ၈၀%က စစ်မှုထမ်းဖို့ ကျန်းမာရေးဆေးစစ်မှုတွေ အောင်နိုင်တဲ့အခြေအနေမှာ မရှိနေပါဘူး။
ပညာရေးမှာလည်း ထိုနည်းတူပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၅၀ကနဲ့စာရင် ကျောင်းသား တဦးချင်းအပေါ် အသုံးစာရိတ်က ၄ဆလောက် တက်ပြီး ကျောင်းသားဦးရေပေါ်မှာ ဝန်ထမ်းအချိုး ၂ ဆတိုးပေမယ့် အရေး အဖတ် အတွက် အရည်အချင်းတွေက တစိုးတစိမှတက်မလာတဲ့အပြင် သိပ္ပံပညာရမှတ်တွေက ပိုတောင် ကျဆင်းသွားပါသေးတယ်။ ပညာရေးမှာ ထိပ်တန်းရောက်နေတဲ့ အာရှနိုင်ငံတွေက ပညာရေး အသုံးစရိတ်မှာ အမေရိကန်ခြေဖျားကို မမီပေမယ့် ရလာဒ်မှာ အများကြီးသာနေတာ ဘာကြောင့်ပါလဲ။
တကယ်တော့ ခြ/သူခိုးတွေ ဦးဆောင်နေတဲ့ အစိုးရတိုင်းဟာ ခေါင်ကစ မိုးမလုံတဲ့အတွက် ထိပ်ဆုံးကနေ ဟိုးအောက်ခြေအထိ အဆင့်ဆင့် ခွင်ဖန်တီးကြ၊ ဘတ်ကြ၊ ရိတ်ကြ၊ အချင်းချင်း ဖုံးဖိပေးကြရင်းနဲ့ ပိုသွေးစည်းလာကြသလို ဘတ်ဂျက်လိုငွေပြမှု ကြီးသထက် ကြီးလာတာပါပဲ။
ထရမ့်အစိုးရက ကလေးတွေကြား လိင်ပြောင်းအတွေးအခေါ်တွေ ပြန့်နှံ့အောင် လုပ်နေတာတွေ၊ လိင်ပြောင်းခွဲစိတ်တာ၊ ဟော်မုန်းပေးတာတွေကို ရပ်တန့်ဖို့ အမိန့်ထုတ်လိုက်ပြီးတဲ့နောက် အဲဒီ အလေ့အထတွေ website တွေကို ပြန်လုပ်ရမယ်လို့ ဆုံးဖြတ်ပေးလိုက်တဲ့ တရားသူကြီး John Bates ရဲ့ဇနီး Carol Rhees က အီသီယိုးပီးယားမှာ Hope for Children ထောင်ထားတဲ့ ဒီမိုကရက်ရှေ့နေ တဦးဖြစ်ပြီး USAID ကနေ ဂရန့်ရယူနေတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။
Save the Children ဆိုတဲ့ ဂျေလ်ဘိုင်ဒန်တောင် ဥက္ကဋ္ဌဝင်လုပ်လိုက်သေးတဲ့ အန်ဂျီအိုအဖွဲ့ကို USAID က သန်းရာကျော် အမ်းထားတာပါ။ မနှစ်က ဂွာတီမာလာမှာရှိတဲ့ အဲဒီအဖွဲ့ရုံးခွဲကို ကလေးသူငယ် အခွင့်အရေးဖောက်ဖျက်မှုနဲ့ ဂွာတီမာလာရှေ့နေချုပ်က ဝင်စီးခဲ့လို့ အဲဒီရှေ့နေချုပ်ကို ဘိုင်ဒန်တို့က ဖိအားပေးပြီး ဖြုတ်ခိုင်းခဲ့ပါတယ်။ အမေရိကန်ကို မိဘမပါပဲ ဝင်လာတဲ့ ကလေးတွေရဲ့ ၇၀% က ဂွာတီမာလာနဲ့ ဟွန်ဒူးရပ်စ်ကပါ၊ မက္ကဆီကိုက ၈% လောက်ပဲပါပါတယ်။ လူကြီးပဲလာရင် အကြမ်းဖက်လိုလို သံသယရှိနိုင်စရာဖြစ်လို့ ကလေးတယောက်ဟန်ဆောင်ခေါ်ပြီး မိသားစုပုံစံမျိုး လာရင် လူကြီးတဦး ခိုးသွင်းခ ၈၀၀၀-၁၂၀၀၀ လောက်အထိ ရနိုင်သလို ကလေးရောင်းစားတာ ကလည်း ထပ်ရဦးမှာဖြစ်လို့ ပွဲတော်တွေ့တာပါပဲ။ ပြည်သူ့ရေးရာဝန်ကြီးက သူတို့ဆီက ကလေးပေါင်း ၈၅,၀၀၀ လောက် အမေရိကန်ကို ခိုးသွင်းတယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။
အာဖဂန်မှာ ဘိုင်ဒန်တို့ ရုတ်တရက် တပ်ရုပ်တုန်းကလည်း တာလီဘန်အောက်မှာ မနေချင်ကြသူတွေက Blackwater founder Eric Prince ရဲ့ စီးလုံးငှားလေယာဥ်တွေနဲ့ လိုက်ချင်ရင် တယောက် ၆၅၀၀ ပေးပြီး လိုက်ကြရတာပါ။ အဲရစ်က ဘိုင်ဒန်အစိုးရနဲ့ ပေါင်းစားတာဖြစ်လို့ စာရွက်စာတမ်းကိစ္စကအစ မပေးနိုင်ရင် မရပါဘူး။ အဲဒါကြောင့် တကယ်ကယ်သင့်တဲ့သူတွေကို ခေါ်မလာလို့ စစ်ပြန်တွေနဲ့ အမတ်တွေက ကိုယ့်အစီအစဥ်နဲ့ကိုယ် သွားခေါ်ကြရတာပါ။
ပြောချင်တာက ခြစားမှုက နေရာတိုင်းမှာ နက်နက်ရှိုင်းရှိုင်း ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်နေတာပါ။ သမားရိုးကျ ဆေးထိုး ဆေးစားလောက်နဲ့ ပျောက်မယ့်အနေအထား မဟုတ်ပါဘူး။ ခွဲစိတ်၊ ဓါတ်ကင် စတာတွေပါ လုပ်မှ ရမယ့်အခြေအနေပါ။ 425 ဘီလီယံဖိုးရှိတဲ့ ရွှေတွေ Fort Knox စစ်စခန်းမှာ သိမ်းထားတာရှိသေးရဲ့လားလို့ အီလွန်တို့ ဝင်စစ်ဖို့ ပြင်နေပါပြီ။ ဆီနိတ်တာ ရန်ပေါလ်ကလည်း စစ်ခွင့်ရဖို့ ကြိုးစားနေတာ ၁၀နှစ်ရှိပြီဖြစ်ပြီး appointment ရတိုင်း အရွှေ့ခံခဲ့ရတဲ့အတွက် တခါမှ စစ်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။