ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၂၅

သမ္မတထရမ့််အဆိုပြုထားတဲ့ ရွှေရောင်ကပ်ပြားဗီဇာဟာ ကြေငြာပြီး နောက်တရက်မှာတင် စိတ်ဝင်စားသူ ၂သိန်းခွဲရှိနေပြီလို့ သိရပါတယ်။ ဘယ်နိုင်ငံကမဆို လျောက်ထားနိုင်ပေမယ့် စီစစ်မှုတွေကိုတော့ ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ တယောက် ၅သန်းနဲ့ လူ ၂သိန်းဆိုရင် ၁ထရီလီယံ ဝင်ဖို့ သေချာနေပါပြီ။​ လူတသန်းလျောက်ရင် ၅ထရီလီယံဆိုတော့ အမေရိကန်ရဲ့ ကြွေးမြီတွေ အမြန်ကြေပြီး အလုပ်အကိုင်အများအပြား ဖန်တီးပေးနိုင်ဖို့ မျှော်လင့်နေကြတာပါ။

အင်္ဂါနေ့က အောက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ သမ္မတထရမ့်ရဲ့ “big, beautiful” agenda package မှာ  လွှတ်တော်ကော်မီတီတွေရဲ့ assignment တွေကို ၁.၅-၂ ထရီလီယံလောက်အထိ လျော့ချဖို့ ရည်မှန်းထားပြီး debt ceiling ကို ၄ထရီလီယံအထိ တိုးမြှင့်သတ်မှတ်ဖို့ လျာထားပါတယ်။ နယ်စပ်လုံခြုံရေးအတွက် ဘီလီယံ ၃၀၀ သုံးစွဲမှာအပြင် အခွန်လျော့ချမှာတွေနဲ့ အစိုးရယန္တယား နည်းပညာပိုင်း ခေတ်မီအောင်လုပ်ဖို့တွေ၊ ရှေ့အစိုးရက ဘတ်သွားပြီး အလုပ် လုပ်မသွားတဲ့ infrastructure တွေကို ပြန်လုပ်ရဦးမှာဆိုတော့ လတ်တလောကုန်ကျစာရိတ်က များဦးမှာပါ။ ၁-၂နှစ်လောက်ဆိုရင် ဖြေလျော့လိုက်တဲ့ ဥပဒေတွေနဲ့ လျော့လိုက်တဲ့ အခွန်တွေကြောင့် စီးပွားရေးစနစ် မြန်ဆန်သွက်လက်လာတာနဲ့ အလေအလွင့်တွေ အများကြီးလျော့သွားတာနဲ့ဆိုရင် နှစ် ၂၅လောက် ဆက်တိုက်လိုငွေပြနေတာကို ရပ်တန့်နိုင်တော့မှာပါ။ Apple က ပြည်တွင်းမှာ ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေငြာထားပါပြီ။ ဆက်ပြီး လာကြဦးမှာပါ။ လူယုတ်တွေ ပလန်ဒဲမစ် ထပ်မလုပ်ကြဖို့တော့ လိုတာပေါ့လေ။

အဲဒီ package မှာ အများသိချင်နေကြတာက မက်ဒီကဲ၊ မက်ဒီကိတ် လျော့ချမှာကိုပါ။ ထရမ့်အစိုးရက အကြိမ်ကြိမ်ပြောခဲ့သလိုပါပဲ ဘာ benefit ကိုမှ ဖြတ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ခံစားခွင့်မရှိသင့်တဲ့ သူတွေကိုတော့ စနစ်ထဲက ရှင်းထုတ်ပစ်မှာပါ။ စပီကာဂျွန်ဆင်အဆိုအရ ကလေးတွေနဲ့ single mother လိုမျိုးက Medicaid ရသင့်တာမှန်ပေမယ့် ငယ်ရွယ်သန်မာပေမယ့် အလုပ်မလုပ်ချင်တဲ့ သူမျိုးတွေကို ရှာဖွေဖော်ထုတ်ပြီး အလုပ်လုပ်စေဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ဝန်ထမ်းတရာကျော်ဟာ ပြည်သူအခွန်ကိုစားပြီး လုံခြုံစိတ်ချရတဲ့ ဆာဗာနဲ့ ကွန်ယက်ကို အကာအကွယ်ယူကာ အိပ်ယာပေါ်က မကြားဝံ့မနာသာကိစ္စတွေကို ပုံမှန်အလုပ်တခုလို ဆွေးနွေးနေကြတာ တွေ့ရှိရတဲ့အတွက် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာသစ် Tulsi Gabbard က အဲဒီလူတွေကို ဖော်ထုတ်ပြီး ဖယ်ရှားသွားမယ်လို့ ပြောသွားပါတယ်။ NSA ဝန်ထမ်းတော်တော်များများက အဲဒီလို အချောင်နေ အချောင်စား နေလို့ရတဲ့ ဒီမိုကရက်အစိုးရတွေကိုပဲ အလိုရှိတဲ့သူတွေဖြစ်တော့ တကယ်အလုပ်လုပ်မယ့် Tulsi Gabbard လိုလူမျိုး အထက်ကရောက်လာတာကို တော်တော်ကို အလိုမရှိနေကြတာဖြစ်ပါတယ်။ FBI မှာလည်း ကရှ်ပတဲလ်မရောက်လာခင် သဲလွန်စဖျောက်ဖျက်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။

အာဖဂန်မှာ ဘိုင်ဒန်တို့ထားခဲ့တဲ့ ပစ္စည်းတွေနဲ့ စစ်ပစ္စည်း လက်ကားရောင်းတဲ့ ဌာနကြီး ဖြစ်နေပါတယ်။ ရိုင်ဖယ်ပေါင်း ၇၇၀,၀၀၀၊ အဆင့်မြင့် သံချပ်ကာထားတာတွေ ပါဝင်တဲ့ စစ်ထရပ်နဲ့ စစ်ကားပေါင်း ၇၀,၀၀၀ ကျော်ကျန်ခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်က Bagram လေတပ်စခန်းက လေယာဥ်တက်/ ဆင်းလမ်းက ကွန်ကရစ် ၁၁လက်မ ထူတဲ့အတွက် ဘယ်လိုလေယာဥ်မျိုးမဆို ဆင်းလို့ရပြီး တရုတ်ရဲ့ နျူလက်နက်စက်ရုံနဲ့ နီးတဲ့အတွက် ထရမ့်က ဒီလေတပ်စခန်းကို လုံးဝစွန့်လွှတ်ဖို့ အစီအစဥ် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဘိုင်ဒန်က စွန့်လွှတ်လိုက်တဲ့နောက် တရုတ်ဝင်စီးသွားသလို အမေရိကန်လက်နက် ယာဥ် ယန္တယားတွေလည်း ကမ္ဘာ့စစ်ပစ္စည်းမှောင်ခိုဈေးကွက်ကနေ တကမ္ဘာလုံးကို ခြေဆန့်နေပါတော့တယ်။ အခုတော့ ထရမ့်က အမေရိကန်ပစ္စည်းတွေ ပြန်ရဖို့ ကာ/ဝန်ကို စုံစမ်းခိုင်းထားတယ်လို့ ဆိုပါတယ်။

USAID က ပြည်သူ့အခွန်တွေနဲ့ ပြည်ဖျက်အာဂျင်ဒါတွေကို ထောက်ပံ့ပေးနေတာမှာ ဆိုရော့စ်ဖောင်ဒေးရှင်းနဲ့တကွ ဆက်စပ်အဖွဲ့အစည်းများပါသလို ဆန်ဖရန်က The Tides Foundation၊ Arabella advisers အဖွဲ့နဲ့ ပတ်သက်တဲ့ non-profit အဖွဲ့များကွန်ယက်တို့နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပါတယ်။ USAID က ၂၇သန်းကျော် ထောက်ပံ့ထားတဲ့ The Tides Foundation အောက်က Tides Center မှာ Palestine Legal ဆိုတဲ့ Non-profit အဖွဲ့လည်းရှိပြီး ဟာမာ့စ်တွေ ဖက်က ဖရီးပါလက်စတိုင်း စတဲ့ ဆန္ဒပြတဲ့ အဖွဲ့တွေကို ငွေထောက်ပံ့ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ (အဲဒီတော့ ဖရီးပါလက်စတိုင်းဆိုတဲ့ ဆန္ဒပြပွဲတွေက ဘိုင်ဒန်တို့ တဖက်လှည့်နဲ့ လုပ်တာတွေလို့ ပြောလို့ရပါတယ်။) အဲဒါတွေကို The Daily Signal က စုံစမ်းသတင်းထောက် Tyler O’Neil က လွှတ်တော် DoGE ကော်မီတီအစည်းအဝေးမှာ တင်ပြသွားတာပါ။

ဆိုရော့စ်ဖောင်ဒေးရှင်းက ၂၀၀၁မှာ ပွင့်လင်းလူ့အဖွဲ့အစည်းကို ဖွဲ့စည်းပြီး အဲဒီရဲ့ အလှူရှင်စာရင်းမှာ USAID ပါနေပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းက organized crime နဲ့ ခြစားတာကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အားပေးနေတဲ့ အဖွဲ့ဖြစ်ပြီး မီဒီယာကတဆင့်လည်း သူတို့ကို ဖော်/ဝေဖန်တဲ့ ကွန်ဆာဗေးတစ်တွေကို တိုက်ခိုက်ပါတယ်။ Open Society နဲ့ USAID ပေါင်းပြီး ထောက်ပံ့ ပေးထားတာတွေ အများကြီးထဲမှာ တခုက East West Management Institute ဖြစ်ပြီး အဲဒီအဖွဲ့က Albania တရားရုံးတွေမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖန်တီးပေးခြင်းဖြင့် ကွန်ဆာဗေးတစ် အတိုက်အခံခေါင်းဆောင် နှလုံးအထူးကုဆရာဝန်ကြီး Sali Berisha ကို အပြစ်မရှိ အပြစ်ရှာ အိမ်အကျယ်ချုပ်ချ ပါးစပ်ပိတ်ပြီး သူတို့လိုလားတဲ့ ဆိုရှယ်လစ်အစိုးရကို မဝေဖန်စေအောင် ပိတ်ခဲ့တာဖြစ်ပါတယ်။

Open Society က USAID ဝန်ထမ်းဟောင်း အနည်းဆုံး ၅ဦးကို ငှားရမ်းပါတယ်၊ အဲဒီထဲက အနည်းဆုံးတဦးက အဆင့်မြင့်အရာရှိဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အစိုးရအပြောင်းအလဲဖြစ်စေတဲ့ ပရောဂျက်မျိုးမှာ အတွေ့အကြုံရှိသူဖြစ်ရပါတယ်။ USAID က ထွက်သွားတဲ့အကြီးအကဲ Samantha Powers က Open Society က ခေါင်းဆောင်တွေနဲ့ အနည်းဆုံး ၂ကြိမ် တွေ့ဆုံခဲ့ပါတယ်။

Arabella Advisers ကကျတော့ Non-profit မဟုတ်ပေမယ့် non-profit ကွန်ယက်တွေနဲ့ ဆက်ထားပြီး အလှူရှင်တွေက သူတို့လှူချင်တဲ့နေရာကို သူတို့နာမည်တိုက်ရိုက်မပေါ်အောင် လှူလို့ရဖို့ အကျိုးဆောင်ပေးတာဖြစ်ပါတယ်။ ဥပမာ သူတို့အောက်က Venture fund တခုကတဆင့် ဖွဲ့ထားတဲ့ Governing for Impact ဆိုရင် ဖွဲ့ထားတာ ၂နှစ်ပဲရှိသေးပေမယ့် ဘိုင်ဒန်အစိုးရဆီ ထဲထဲဝင်ဝင် အကြံပေးဖို့အထိ ပေါက်ရောက်တဲ့အဖွဲ့ ဖြစ်နေပါတယ်။

အဲဒီ လက်ဝဲသမားတွေရဲ့ ငွေမည်းကွန်ယက်ထဲမှာ Rockfeller Foundation လည်း ပါနေပါတယ်။ သူတို့က USAID က ဝန်ထမ်းဟောင်းတွေကို ငှားပြီး ဘိုင်ဒန်အစိုးရထဲ အကြံပေးတွေအဖြစ် ဝင်ရောက်လာကြသလို USAID က ဝန်ထမ်းတွေက Center for American Progress, The Human Rights Campaign, the American Civil Liberties Union စတဲ့ non-profit တွေကတဆင့် ဘိုင်ဒန်အစိုးရအဖွဲ့၊ အကြံပေး စသဖြင့် ရာထူးမျိုးစုံနဲ့ ဝင်လုပ်ကြတာပါ။ အဲဒါ ပြည်သူ့ပိုက်ဆံနဲ့ သူတို့ချမ်းသာဖို့လုပ်ပြီး ပြည်သူကို ဖိနှပ်တဲ့ ဒိစတိတ်ပါပဲ။

အဲဒီလို ခြစားတာတွေ ရှိနေတော့ သူတို့ကို ဝေဖန်မှာစိုးလို့ မီဒီညာတွေကိုပါငွေဖို့ပြီး သူတို့ကို ဝေဖန်တဲ့သူက အစွန်းရောက်တွေ၊ နာဇီတွေ၊ အန္တရာယ်ကောင်တွေလို့ မှိုင်းတိုက်ခိုင်း၊ လက်ဝဲနာမည်ခံတော့ ဆိုရှယ်လစ်ဆိုတာ အာဏာရှင်လို့မမြင်ပဲ အားလုံးတန်းတူကောင်းစားရေးလို့ ထင်ကြတဲ့ သူတွေက ကြွေဆင်း၊ အဲဒီလူတွေက သူတို့မှိုင်းတိုက်ပြီး မုန်းခိုင်းသူတွေကို မုန်း၊ အမွှေစိန်တို့က တရားရေးစနစ်ကိုပါ ငွေနဲ့ပေါက်ပြီး သူတို့ဩဇာခံမယ့် DA တွေ အရွေးခံရအောင်လုပ်၊ သူတို့သွားတဲ့လမ်းမှာ ကန့်လန့်ဖြစ်နေရင် မရှိတဲ့အပြစ်တွေနဲ့ ပြစ်ဒဏ်ချ၊ သူတို့ကကြီးပွား၊ ပြည်သူကကြပ်တည်း၊ လွတ်လပ်ခွင့်တွေ ဆုံးရှုံး၊ ပြည်သူက ထက်မြက်နေရင် သူတို့အုပ်ချုပ်ဖို့ ခက်မှာဆိုတော့ ပြည်သူ့စိတ်ဓါတ်ကို ဖျက်ဆီးဖို့ ကလေးထဲက လိင်ကိစ္စစိတ်ဝင်စားအောင်၊ ကြီးလာတော့ မူးယစ်ဆေးစွဲအောင်၊ ပျင်းအောင် ဖျင်းအောင် benefit တွေ ပေးထား၊ နည်းပညာကုမ္ပဏီကြီးတွေနဲ့ ပေါင်းပြီး ပြည်သူ့ဆီ သူတို့ပြစေချင်တာပဲ ပြအောင် လုပ်ထား၊ ပြည်သူက မကြိုက်တော့မှန်းသိတော့ နယ်စပ်ဖွင့် သူတို့ကိုမဲပေးမယ့်သူတွေဆို ဘယ်လိုအန္တရာယ်ကောင်တွေ ဖြစ်ဖြစ် ပေးဝင်၊ ဒီလိုဖြစ်နေတာ အမေရိကန်တနိုင်ငံတည်း မဟုတ်ဘူး။ ဥရောပရောပဲ။ အမွှေစိန်တို့ ကမ္ဘာ့ရွာသမားတွေ ထိသမျှ မစင်ဖြစ်တယ်လို့ ပြောလို့ရတယ်။

သူတို့ကတော့ သူတို့လုပ်တာမပေါ်အောင် သူတို့ကမှ သူတော်ကောင်း၊ တကယ်ခြစားတာကို ထောက်ပြတဲ့သူတွေက နာဇီတွေ အာဏာရှင်တွေလို့ တံဆိပ်ကပ်ပြီး မုန်းအောင် လုပ်မှာပဲ။ ပြည်သူက အာဏာရှင်ဆိုတာ ဘာပေတံနဲ့တိုင်းမလဲဆိုတာကို သေချာသိဖို့လိုတယ်။ ပြည်သူရဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ပိတ်ပင်တာ၊ သတင်းလွတ်လပ်စွာ စီးဆင်းခွင့် ထိန်းချုပ်တာ၊ လက်နက်ကိုင်ခွင့် ပိတ်ပင်တာ၊ အခွန်တိုးတိုးကောက်တာ၊ မလိုအပ်ပဲ လူကြားကောင်းရုံဥပဒေတွေ နင်းကန်ထုတ်တာ၊ တိုင်းပြည်အကြွေးပေါ့/ကင်းဖို့ မကြိုးစားတာ အဲဒါတွေ အားလုံးက အာဏာရှင်နံ့ရတဲ့ red flag တွေချည့်ပါပဲ။ စကားချိုချိုပြော အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ပြရုံနဲ့ သူတော်ကောင်းမဖြစ်ပါဘူး။

ခြတွေ သူခိုးတွေက ဆိုရှယ်လစ်ဆိုတဲ့စကား သိပ်ကြိုက်ပါတယ်။ Benefit လေးဘန်းပြလိုက် ပြည်သူချင်း ရန်တိုက်ပေးလိုက်နဲ့ ပြည်သူအတွက် ဘာမှမလုပ်ကြပဲ သူတို့ခိုးလို့ရမယ့် အာဏာမြဲမယ့် ကိစ္စပဲ လုပ်တတ်ကြတာပါ။ ဘာမှမလုပ်တော့ ဘာအပြစ်မှ ထောက်ပြလို့မရဘူးလေ။ ထရမ့်တို့က အလုပ်လုပ်တော့ ဝိုင်းလောင်ကြတာပေါ့။ အဲဒီလိုလူတွေအတွက် ဆရာကြီး Thomas Sowell က

“The beauty of doing nothing is that you can do it perfectly. Only when you do something is it almost impossible to do it without mistakes. Therefore people who are contributing nothing to society, except their constant criticisms, can feel both intellectually and morally superior.” လို့ ဆိုထားပါတယ်။

Leave a comment