ဒီကနေ့ သမ္မတထရမ့်ဟာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းကြောင်းအမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပညာရေးစနစ်ကို နားမလည်သူများက အခမဲ့ပညာသင်ကြားခွင့်တွေ ကျောင်းစနစ်တွေပါ ရပ်တံ့သွားတော့မလိုလို ပြောနေကြပါတယ်။ လွဲလိုက်လေခြင်းပါ။ အရင်ရေးခဲ့သလိုပါပဲ၊ ဖက်ဒရယ်က ပေးမယ့်ပညာရေးဘတ်ဂျက်က ဒီစီက လူမရှိတဲ့ အဆောက်အဦတွေ၊ မူလတန်းကလေးတွေကစလို့ လိင်စိတ်လှုံ့ဆော်တာ၊ DEI, CRT, စတဲ့ ဝါဒမှိုင်းတိုက်မယ့် ဝန်ထမ်းတွေကို ဖြတ်/ပေးစရာမလိုတော့တဲ့အတွက် ပြည်နယ်တွေဆီ ပို့မယ့်ပိုက်ဆံကို ဝုခ်ဝါဒတွေ လိုက်လုပ်မှ ပေးမယ်လို့ အကြပ်ကိုင်လို့ မရတော့သလို ကုန်ကျစားရိတ်လည်း သက်သာစေမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ပဲ ခေါင်းထဲမှာ စွဲနေသူများကတော့ ဘယ်လောက်ပဲ ညံ့ဖျင်းသည်ဖြစ်စေ ဗဟိုချုပ်ကိုင်မှုကိုပဲ တောင့်တကြပါတယ်။
ပညာရေးဝန်ကြီးဌာနကို ၁၉၇၉အောက်တိုဘာကမှ ဖက်ဒရယ်ဥပဒေတွေ၊ civil right တွေ လိုက်နာစေရန် ကြီးကြပ်ဖို့ဆိုပြီး တည်ထောင်ခဲ့တာပါ။ တည်ထောင်တဲ့ သမ္မတက အမေရိကန်လုံခြုံရေးအတွက် အရေးပါလှတဲ့ ပနားမားတူးမြောင်းကို လက်လွှတ်ခဲ့တဲ့ ဂျင်မီကာတာပါ။ အမေရိကန်က အဲဒီမတိုင်ခင်ကတည်းက ဆူပါပါဝါဖြစ်နေပြီး ၁၉၆၉မှာ လပေါ်ကို ပထမဆုံး လူဆင်းနိုင်တဲ့အထိ တိုးတက်ခဲ့ပါတယ်။ အဲဒီကနေ ၁၉၈၀ခုနှစ်တွေအထိလည်း အာကာသကို ဦးဆောင်နိုင်တဲ့ ကမ္ဘာ့ထိပ်တန်း ပညာရေးစနစ် ရှိခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း ပညာရေး အသုံးစာရိတ်တွေရော ပညာရေးဝန်ကြီးဌာ ဝန်ထမ်းတွေပါ အဆများစွာ တိုးလာပြီး ကမ္ဘာမှာ ကျောင်းသားတဦးချင်းစီအတွက် ဝန်ထမ်း/ငွေရင်းမြစ် အသုံးဆုံးနိုင်ငံ ဖြစ်လာခဲ့ပေမယ့် အမေရိကန်ကလေးတွေရဲ့ အရေး အဖတ် အတွက်နဲ့ သိပ္ပံ အမှတ်တွေကတော့ ၁၉၇၀ကထက် နိမ့်ကျလာခဲ့ပါတယ်။
ပညာရေးနိမ့်ကျတာတင်မက ဗျူရိုကရက်ချုပ်ကိုင်မှုယန္တယား ကြီးလာတဲ့ နောက်ဆက်တွဲက ၂၀၁၁ နောက်ပိုင်းမှာ နာဆာက အာကာသလွန်းပျံယာဥ်ပါ ပစ်လွှတ်နိုင်ခြင်း မရှိတော့ပါဘူး။ အမေရိကန်က အာကာသထဲသွားရင်/ ပြန်ခေါ်ရင် (သို့) အာကာသစခန်းကလူတွေအတွက် ထောက်ပို့လုပ်ရင် ရုရှားရဲ့ ဆိုယုဇ်အာကာသယာဥ်ကို သုံးရပါတယ်။ အီလွန်ကယ်လာခဲ့တဲ့ ၂ဦးကတော့ ဘိုးရင်းရဲ့ စတားလိုင်နာရဲ့ လူလိုက်ပါတဲ့ ပထမဆုံး စမ်းသပ်ပစ်လွှတ်မှုနဲ့ ၂၀၂၄ ဇွန် ၅ရက်မှာ သွားခဲ့တာပါ။ စတားလင့်ခ်က စက်ချွတ်ယွင်းမှု၊ ဟေလီယံဓါတ်ငွေ့ ယိုစိမ့်မှုတွေ ဖြစ်လာပြီး ဇွန်လ ၁၃ ရက်မှာ ပြန်လာဖို့ စီစဥ်ထားတာကို ပြန်မလာနိုင်တော့ပဲ စက်တင်ဘာ ၇ရက်ကျမှ လူမပါပဲ ပြန်ဆင်းလာခဲ့ပါတယ်။
အာကာသထဲမှာ မြေဆွဲအားမရှိတော့ ကျောရိုးတွေ၊ ဦးနှောက်/မျက်လုံး စတာတွေထဲက အရည်တွေက ကမ္ဘာမြေပေါ်မှာလို မနေတဲ့အတွက် အာကာသထဲမှာ ၃လအထက် နေဖို့ မသင့်ပါဘူး၊ လွန်ရော ကျွံရော ၆လဆိုတော့ ခုလို ၁၀လလောက် သောင်တင်နေတာက ဖြစ်ကိုမဖြစ်သင့်တဲ့ ကိစ္စပါ။ ရုရှားနဲ့ proxy war ဖြစ်နေတဲ့အချိန်ဖြစ်လို့ ရုရှားကိုလည်း အကူအညီ မတောင်းချင်၊ အီလွန်ကိုလည်း နိုင်ငံရေးအရ ခရက်ဒစ်မပေးချင်တော့ ကိုယ့်အဖိုးတန်ပြည်သူနှစ်ဦးကို ပစ်ထားလိုက်ကြတာပါပဲ။ ဆန်းသလား ဆိုရင်တော့ နိုးပါ၊ ကိုယ့်ပြည်သူရင်သွေးလေးတွေတောင် တမင်သတ်ဖို့၊ ကိုယ့်ပြည်သူသမီးပျိုလေးတွေ မုဒိမ်းကျင့် သတ်ပစ်မယ့် လူဆိုးဂိုဏ်းတွေ တမင်သွင်းသေးတာပဲလေ၊ ပစ်ထားရုံက ဘာခက်မှာလဲ။
ယှဥ်ပြောရရင် ထရမ့်က တနေ့က ပူတင်နဲ့ ဖုံးပြောဖို့ စီစဥ်ထားတာကို ပူတင်ဘက်က ၂နာရီလောက် နောက်ကျပြီးမှ ဆက်သွယ်ပါတယ်။ ထရမ့်အနေနဲ့ ပူတင်နဲ့ call ဟာ အမေရိကန်အတွက် တိုက်ရိုက်အကျိုးစီးပွားရှိမယ့်ကိစ္စမဟုတ်တဲ့အတွက် cancel လုပ်မယ်ဆို လုပ်နိုင်တဲ့ အနေအထားပါ။ ဒါပေမယ့် မလုပ်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ထောင်ချီတဲ့ ယူကရိန်းစစ်သားတွေ အဝိုင်းခံနေရတယ်လေ၊ သူတို့အသက်ကို ချမ်းသာပေးဖို့ ပူတင်ကို မေတ္တာရပ်ခံထားတာဆိုတော့ ပါဝါပလေးချင်တဲ့ ပူတင်ရဲ့ လုပ်ရပ်ကို သည်းခံခဲ့ပါတယ်။ ဘာမှမလုပ်ပဲ ထိုင်စောင့်နေမယ့်သူလည်းမဟုတ်တော့ လုပ်စရာရှိတာ လုပ်ရင်း ဟိုကခေါ်မှ ထပြောလိုက်ပုံပါပဲ။ TDS သမားတွေကတော့ ထရမ့်ကြီး ခံရပဟဆိုပြီး ဝမ်းသာအယ်လဲ ဖြစ်ကြတာပေါ့။ ငြိမ်းချမ်းရေးလိုလားတဲ့ ခေါင်းဆောင်က စိတ်သဘောနုလို့ မရပါဘူး။
ထရမ့်နဲ့ ပူတင် တကယ်ပြောတော့လည်း ၂နာရီကျော် ကြာပါတယ်။ ယူကရိန်းနဲ့ ရုရှား အသက်တွေ ရင်းမြစ်တွေ စစ်ပွဲမှာကုန်မယ့်အစား ကိုယ့်တိုင်းပြည်အတွက် ပိုအကျိုးရှိမယ့်နေရာမှာ သုံးနိုင်ဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာဖို့၊ ဒီကရှေ့ကို အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေဖြစ်ပွားမှု ဟန့်တား ကာကွယ်ဖို့၊ ဗျူဟာမြောက်လက်နက်တွေ ပြန့်ပွားတာရပ်တန့်ဖို့တွေ ဆွေးနွေးခဲ့ကြပြီး အီရန်က အစ္စရေးကို ချေမှုန်းနိုင်တဲ့အနေအထား ဘယ်တော့မှဖြစ်မလာဖို့ ခေါင်းဆောင်၂ဦး အမြင်တူကြပါတယ်။ အနာဂတ်မှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာရင် စီးပွားရေးအခွင့်အလမ်းတွေ များစွာရှိလာမှာ ဖြစ်သလို ငြိမ်းချမ်းရေးရှိတဲ့အတွက် ဒေသတွင်း တည်ငြိမ်မှုလည်း ရှိလာမှာဖြစ်လို့ အကျိုးအမြတ် များမှာဖြစ်တယ်လို့ သမ္မတနှစ်ဦး သဘောတူညီခဲ့ကြပါတယ်။
ထရမ့်ရဲ့ နောက်ထပ်အရွေ့တခုက ပနားမားတူးမြောင်းမှာ တရုတ်တွေမင်းမူနေတာကို အမေရိကန်လက်ထဲ ပြောင်းနိုင်ခဲ့တာပါ။ ဟောင်ကောင်သူဌေး လီကာရှင်းရဲ့ CK Hutchison ကုမ္ပဏီက သူတို့ operate လုပ်နေတဲ့ နိုင်ငံပေါင်း ၂၃နိုင်ငံက Port ၄၃ခုကို အမေရိကန်ကုမ္ပဏီ ဘလက်ရော့ခ်ပိုင်တဲ့ လုပ်ငန်းစုထံ လွှဲပြောင်းရောင်းချလိုက်ပါတယ်။ အဲဒီထဲက Balboa နဲ့ Cristobal ဆိပ်ကမ်း၂ခုက ပနားမားတူးမြောင်းမှာဖြစ်ပါတယ်။ အဲဒီလို လွှဲပြောင်းရောင်းချခြင်းဖြင့် တရုတ်ရဲ့ နိုင်ငံခြားကုန်သွယ်မှုအပြင် ၁ထရီလီယံတန် ပထဝီနိုင်ငံရေး ရင်းနှီးမြှုပ်နှံမှု infrastructure ဖြစ်တဲ့ Belt & Road Initiative ကိုပါ ထိခိုက်လာတော့မှာပါ။ တရုတ်က လီကာရှင်းကို အမေရိကန်ကို ဒူးထောက်သူ၊ တရုတ်လူမျိုးတွေကို သစ္စာဖောက်သူလို့ စွပ်စွဲလိုက်ပြီး ရောင်းချမှု အထမမြောက်အောင် နှောက်ယှက်ဖို့ ကြိုးစားနေပေမယ့် အဲဒီကြိုးစားမှုက သိပ်အရာရောက်မှာ မဟုတ်ပါဘူး။
အဲဒီရောင်းချမှုရဲ့ နောက်တချက်က ဘလက်ရော့ခ်က ကမ္ဘာမှာ အင်အားအကြီးဆုံး financial firm တခုဖြစ်ပြီး ဒိစတိတ်တို့ ကမ္ဘာ့ရွာတို့လိုပဲ ဒီမိုကရက်တွေနဲ့ အမြဲလုံးနေသူပါ။ ထရမ့်ကတော့ ပနားမားတူးမြောင်းမှာ တရုတ်ကုမ္ပဏီနဲ့စာရင် အမေရိကန်ကုမ္ပဏီရှိတာ ပိုကောင်းတယ်လို့ ဆိုပါတယ်။ အခုလို ဘောင်ထဲကနေ တရားဝင်လုပ်ပိုင်ခွင့်တွေ ရလာခဲ့ရင် ခြတွေနဲ့ ပတ်သက်စရာ မလိုတော့တဲ့အတွက် ဘလက်ရော့ခ်ရဲ့ပါဝါက အမှောင်အင်အားစုဘက်မှာ မရပ်တော့တာမျိုး ဖြစ်လာခဲ့ရင် အားလုံးအတွက် အကောင်းဆုံးဖြစ်လာမှာပါ။
အိန္ဒိယအစိုးရက ကာနာတာကားမြို့မှာရှိတဲ့ အမွှေစိန်ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖောင်ဒေးရှင်းရုံးတွေကို နိုင်ငံခြားငွေစီမံမှုအက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်ကို စစ်ဆေးတဲ့အနေနဲ့ ဝင်စီးခဲ့ပါတယ်။ OSF ရုံးတွေက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI တွေ ရှာပြီး အဲဒီ fund တွေကို အကျိုးခံစားခွင့် ရှိသူတွေက အလွဲသုံးစားပြုကြတာကနေ FEMAct က လမ်းညွှန်ချက်တွေနဲ့ ငြိသွားတာ ဖြစ်ပါတယ်။
အဲဒီလို တကမ္ဘာလုံးကို ပတ်မွှေနေတဲ့ အမွှေစိန်က အမေရိကန်မှာ လူဆိုးသူခိုးတွေ ထောင်မကျအောင် လုပ်ပေးမယ့် ဒီအေတွေကို တိုင်းပြည်အနှံ့ ရွေးကောက်ခံရဖို့ လုံးပမ်းခဲ့သူဖြစ်သလို လူဆိုးဂိုဏ်းဝင်တွေ ပြန်ပို့တဲ့ ထရမ့်အစိုးရကို တရားစွဲတာတွေကလည်း သူ့လက်ချက်ပဲ ဖြစ်ပါတယ်။ ဂျူးတယောက်ဖြစ်တဲ့ ဆိုရော့စ်ရဲ့ ရာဇဝင်ကိုက ခရစ်ယာန်နာမည်ပြောင်းပြီး နာဇီတွေလက်ထက်မှာ အစုလိုက်အပြုံလိုက် အသတ်ခံရမယ့် ဂျူးတွေရဲ့ ပိုင်ဆိုင်မှုတွေကို မလှိမ့်တပတ်နဲ့ ယူထားပြီး ချမ်းသာလာတာဆိုတော့ ဒီမိုကရက်ဘက်က ပင်းနေတဲ့သူတွေရဲ့ ကိုယ်ကျင့်တရားက စဥ်းစားစရာပါပဲ။
ဒါပေမယ့် ဒီမိုကရက်ဘက်သားတွေက ထရမ့်နဲ့ အီလွန်တို့ကို မုန်းဖို့ကလွဲရင် ပြီးခဲ့တဲ့ ၄နှစ် ဒီမန်းရှာသမ္မတလက်ထက် autopen နဲ့ ဘယ်သူမှန်းမသိသူတွေက အမိန့်တွေထုတ်တာကို စိုးရိမ်ပုံမရ၊ လူဆိုးဂိုဏ်းတွေက သမီးပျိုလေးတွေ မုဒိမ်းကျင့် သတ်ဖြတ်တာ၊ အိမ်တွေဝင်စီးတာတွေကိုလည်း မပူ၊ မူးယစ်ဆေးစစ်ပွဲနဲ့ အမေရိကန်တွေ သန်းချီသေနေတာလည်း မမှုနဲ့ ဖြစ်နေကြတာနေ ထရမ့်နဲ့ အီလွန်ကျမှ အတင်းတွေ၊ သတင်းလိမ်/မှားတွေကို အားရဝမ်းသာ ရှဲနေကြတဲ့ မြန်မာတွေရဲ့ နိုင်ငံရေးရေချိန်ကိုလည်း အံ့ဩမိပါတယ်။