ဒီကနေ့ ပွဲဆူသွားတာကတော့ ဗန့်စ်၊ ကာ/ဝန်၊ တူလ်စီ၊ ရက်ဒ်ကလစ်ဖ်၊ မိုက်ကယ် ဝေါ့လ်ဇ်နဲ့ တခြားသူအချို့ ပါဝင်တဲ့ ထရမ့်အစိုးရအဖွဲ့ဝင်တစုဟာ Signal app မှာ ယီမင်က စစ်ဆင်ရေးတခု အကြောင်း ဆွေးနွေးကြပါတယ်။ အဲဒီအုပ်စုထဲမှာ Atlantic သတင်းဌာနက အယ်ဒီတာချုပ် Jeffrey Goldberg ပါနေတာကြောင့် အဲဒီဆွေးနွေးချက်တွေကို အများပြည်သူဆီ ပေါက်ကြားသွားပြီး ကာ/ဝန်နဲ့ တခြားပါဝင်သူတွေကို နှုတ်ထွက်ဖို့ ဟစ်လာကြပါတယ်။ ထရမ့်က မိုက်ကယ်ဝေါ့လ်ဇ်ရုံးက ဖုံးကိုင်တဲ့ ဝန်ထမ်းတဦးဦးက Goldberg ကို ထည့်ထားမိသွားတာလို့ ပြောပါတယ်။ နယူးယောက်ပို့စ်ကတော့ JG ဆိုတဲ့အတိုခေါက်က အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတွေမှာ ပါလေ့ရှိတဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ် Jamieson Greer နဲ့ မှားထည့်ထားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ chat group မှာ ဆွေးနွေးကြတာတွေက မီဒီညာတွေ စွပ်စွဲသလို war plan တွေ မဟုတ်ပါဘူး။ အဲဒီအုပ်စုက ဟူသီတွေကို တိုက်ခိုက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဗန့်စ်က အမေရိကန်ကုန်စည်တွေရဲ့ ၃% နဲ့ ဥရောပကုန်စည်တွေရဲ့ ၄၀%က စူးအက်စ်တူးမြောင်းက ဖြတ်တာဖြစ်လို့ အမေရိကန်အနေနဲ့ ဟူသီတွေကို တိုက်စရာ အကြောင်း (ဥရောပလို) အပူတပြင်း ရှိမနေကြောင်း၊ စစ်သာဖြစ်ရင် ဆီဈေးတွေတောင် ထပ်တက်သွားနိုင်ကြောင်း၊ အဓိကအကြောင်းက သမ္မတက ဟူသီသူပုန်တွေကို “ဆက်သောင်းကျန်းနေရင် ဗျင်းမယ်”လို့ သိစေချင်တာပဲဖြစ်ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ အများသဘောကို လေးစားမှာဖြစ်ကြောင်း ဆွေးနွေးသွားပါတယ်။
အရင်သမ္မတတွေလက်ထက်က နိုင်ငံခြားရေး/ စစ်ရေးတွေမှာ စီအိုင်အေတို့ ပင်တဂွန်တို့ရဲ့ ပရိုတိုကောတွေအတိုင်း လိုက်လုပ်ကြတာ များပြီး အခုအစိုးရလိုမျိုး အခြေအတင် ဒူးတိုက်ဆွေးနွေးကြတာမျိုး မရှိခဲ့တဲ့အတွက် ခုလို ဆွေးနွေးကြတာ မီဒီညာတွေ အံ့ဩနေကြပုံပါပဲ။ ကက်ဘိနက်မိတင်တွေမှာလည်း မီဒီယာတွေကို ဝင်ခွင့်ပေးပြီး မီဒီယာတွေက မေး၊ သက်ဆိုင်ရာ ဝန်ကြီးက ဖြေနဲ့ ပွင့်လင်းမြင်သာတဲ့ အရွေ့တခုကို မြင်ရတာ ဝမ်းသာစရာပါ။ ဇယ်လင်းစကီး လာတုန်းကလည်း အဲဒီပုံစံပဲ လုပ်လိုက်တာ မီဒီယာတွေရှေ့ ခေါ်ဖြဲသလို ပြောကုန်ကြပါတယ်။ တကယ်တော့ အဲဒီမတိုင်ခင်ကတည်းက ခုပုံစံ လုပ်နှင့်ပြီးသားပါ။
သမ္မတထရမ့်က ပညာရေးဌာနလက်အောက်က student loan တွေကို Small Business Administration ဆီ လွှဲပြောင်းပေးလိုက်သလို လေ့လာသင်ယူရာမှာ ပုံမှန်ထက် လိုအပ်ချက်များတဲ့ special need ကျောင်းသားတွေအရေးနဲ့ စိုက်ပျိုးရေးဝကဌာနက ကိုင်တွယ်နေတဲ့ School meal program အပါအဝင် child nutrition ကိစ္စတွေကို RFK Jr. လက်အောက်က Health & Human Services ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ မုသာဝါဒီဒီမိုကရက်တွေ ဖြဲခြောက်နေသလို ဝင်ငွေနည်း ကလေးတွေကို ကျောင်းက မကျွေးတော့ဘူးဆိုတာ ချင့်ယုံကြဖို့ပါ။
ပညာရေးအသုံးစားရိတ်မှာ ဘယ်သူမှလိုက်မမှီတဲ့ ကမ္ဘာ့အဆင့် ၁ ဖြစ်နေတဲ့နိုင်ငံက ပညာရေးအဆင့်မှာ ကမ္ဘာ့အဆင့် ၄၀ဆိုတာကိုကြည့်ရင် အပြောင်းအလဲ ကြီးကြီးမားမား လိုနေပြီဆိုတာ ငြင်းမရပါဘူး။ အဲဒီပညာရေးအသုံးစားရိတ်က သင်ကြားမှုမဟုတ်တဲ့ ဝန်ထမ်းတွေအတွက် သုံးနေတာဖြစ်ပြီး အဲဒီဝန်ထမ်းတွေက ယူနီယံတွေကို လှူ၊ ယူနီယံတွေက ဒီမိုကရက်တွေ အရွေးခံရဖို့ ပြန်လှူနဲ့ ပညာရေးအသုံးစားရိတ်ဆိုတာ ဒီမိုကရက်ငွေဖြူလျော်စက်တခု ဖြစ်နေတာပါ။ နယူးယောက်မှာဆိုရင် ကျောင်းသားတဦးအတွက် “ပညာရေး”အသုံးစားရိတ်က တနှစ်ကို $၃၆,၀၀၀ လောက်ဖြစ်နေတော့ အဲဒီပိုက်ဆံကို မိဘကိုပေးပြီး ပုဂ္ဂလိကကျောင်းသွားထားရင် ကလေးပညာရေးက အများကြီး ပိုကောင်းသွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေ ကိုယ့်ခလေးတက်မယ့်ကျောင်းကို ကိုယ်တိုင် ရွေးချယ်နိုင်မယ့် school choice/ voucher စနစ်ကိုပါ ရီပါဘလစ်ကန်တွေက လုပ်စေချင်ကြတာပါ။
သတင်းမှား/လိမ်တွေ အမြဲဖြန့်နေတဲ့ နယူးယောက်တိုင်းမ်စ်က သောက်ြာနေ့မှာ အီလွန် ပန်တဂွန်ကို သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နဲ့ စစ်ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ ပလန်တွေကို ကာ/ဝန်က အီလွန်ကို briefing ပေးရမှာဖြစ်ကြောင်း၊ အီလွန်က တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့အတွက် ခုလိုလျို့ဝှက်ချက်တွေကို ပေးသိတာ မသင့်တော်ကြောင်း လုပ်ကြံရေးသားထားပါတယ်။ အမှန်တော့ ဒီနေ့ ပန်တဂွန်ကိုသွားတဲ့ကိစ္စက DoGE ရဲ့ ယိုပေါက်ရှာတာတွေ၊ ပိုထိရောက်/မြန်ဆန် သက်သာအောင် နည်းပညာအရ ဘာလုပ်ပေးနိုင်မယ်ဆိုတာတွေကို သွားကြည့်တာပါပဲ။ တခြားဌာနတွေကို သွားကြည့်တာမျိုးထက် မပိုပါဘူး။
ပန်တဂွန်မှာ ဖြစ်နေတဲ့ အလေအလွင့်တွေက မနဲမနောပါ၊ စာရင်းစစ်တာ မအောင်တာ ကြာလှပါပြီတဲ့။ DoGE က စစ်လိုက်တော့ bushings အထုပ်လေးတထုတ်ကို အပြင်မှာဝယ်ရင် ၃၀၀ကျော်ပေါ့၊ ပန်တဂွန်မှာ တထုတ်ကို ၉သောင်း၊ ကုန်တင်စစ်လေယာဥ်ပေါ်က ကမုတ်မှာသုံးတဲ့ စက္ကူအခင်းတွေက သောင်းကျော်၊ external consulting services တွေက မသုံးတဲ့လိုင်စင်တွေက သန်း ၃၀၊ HR ဆော့ဖ်ဝဲတခုကို တနှစ်အပြီး ၃၆သန်းက ၈နှစ်ကြာပြီး နောက်ထပ် သန်း၂၈၀ကျော် သာ ထပ်ကုန်သွားတယ်၊ ဘာမှ ပြစရာမရှိဖြစ်နေတာ၊ ကာလီဖိုးနီးယားက high speed rail project လိုပဲ။ DEI, climate change, social program တွေအတွက် သန်း ၃၆၀ဖိုး ဂရန့်တွေ၊ တိုက်ရည်ခိုက်ရည် ကျလာတာလည်းမပြောနဲ့။ ပြီးရင် သင်းတို့က လူချမ်းသာတွေ အခွန်ပေးတာနဲလို့ တိုင်းပြည်မှာ ဘာမှ မတိုးတက်သလို လိမ်သေးတာ။ ယုံတဲ့လူလည်း ပစ်ယုံကြတာပါပဲ။
ပန်တဂွန်က ၂၀၀၁တုန်းက ကန်ထရိုက်တွေမှာ ၁၄၂ဘီလီယံပဲ သုံးခဲ့ရာက ၂၀၂၄မှာ ၃ဆတိုးပြီး ၄၄၅ ဘီလီယံ သုံးခဲ့တာပါ။ တခုခု ထုတ်ပေးစေချင်ရင် ကန်ထရိုက်တာတွေ စမ်းသပ်စရိတ် အကုန်ပေးရသလို အမြတ်ကလည်း အနည်းဆုံး ၃၀% တင်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မထောက်ကြတာက ၂ပါတီခြတွေကို ခွံ့ထားလို့ပါ။ DoGE ကျေးဇူးနဲ့ ပန်တဂွန်မှာ ခုထိ သန်း ၈၀၀ဖိုး အသုံးစားရိတ် ဖြတ်တောက်နိုင်ခဲ့ပြီး ဆက်တိုးဖို့ အများကြီး ရှိပါသေးတယ်
အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်ခ်ရှုးမားကို ရီပါဘလစ်ကန်တွေရဲ့ ဘတ်ဂျက်ဘေလ်ကို ကန့်လန့်မတိုက်ခဲ့လို့ အမွှေစိန်ထောက်ပံ့ထားတဲ့ Indivisible ဆိုတဲ့ အုပ်စုက ရှူးမားကို ပါတီခေါင်းဆောင်နေရာက ဆင်းခိုင်းနေပါတယ်။ Indivisible ဆိုတဲ့ တက်ကြွလှုပ်ရှားသူများ ကွန်ယက်က တနိုင်ငံလုံးမှာရှိပြီး ၂၀၁၇ကစလို့ အမွှေစိန်ရဲ့ ပွင့်လင်းဖောင်ဒေးရှင်း OSF က ၇.၆သန်း ရယူထားတာဖြစ်ပါတယ်။ နယူးယောက်က ဆီနိတ်တာဖြစ်တဲ့ ရှူးမားကို နယူးယောက်က Indivisible ခေါင်းဆောင်တွေရဲ့ ၈၂% က ဆင်းစေချင်ကြသလို တပြည်လုံးက indivisible ခေါင်းဆောင်တွေရဲ့ ၉၁% ကလည်း ဆင်းစေချင်ကြတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ဂျော့ဆိုရော့စ်အရိုက်အရာကို ဆက်ခံတဲ့ Alex ဆိုရော့စ်က သူတို့ရဲ့ OSF အဖွဲ့ဟာ ပေါ်လစီပိုင်းမှာ ဩဇာလွှမ်းချင်ပေမယ့် ကိုယ်တိုင်ဝင်ပြီး ရွေးကောက်ခံဖို့ စိတ်မဝင်စားကြောင်း၊ ဘာကြောင့်လဲဆိုတော့ သူဟာ ရွေးကောက်ခံတွေထက်ကို ပိုပြီး အာဏာရှိသူ/ သက်ရောက်မှုရှိစေသူဖြစ်လို့ပါလို့ Financial Times နဲ့အင်တာဗျူးမှာ ပြောထားတာပါ။
သမ္မတထရမ့်ကို ကန့်လန့်တိုက်နေကြတဲ့ အင်အားစုတွေထဲက အုပ်စုကြီးတခုဖြစ်တဲ့ Families over Billionaires ဆိုတဲ့ အုပ်စုက သူတို့ရဲ့ရန်ပုံငွေတွေကို သာမာန်မိသားစုလေးတွေဆီက ရတာမဟုတ်နေပဲ မဟားဒရားချမ်းသာတဲ့အလှူရှင်တွေရဲ့ ငွေမဲတွေနဲ့ လှုပ်ရှားနေပြီး ဒီမိုကရက်တွေနဲ့ အမြဲလုံးတဲ့ Arabella Advisors ဆိုတဲ့ အကြံပေးကုမ္ပဏီက အဓိကရတာ ဖြစ်နေပါတယ်။
ဘီလျံနာတွေ နိုင်ငံရေးမှာ ဝင်ရှုတ်နေတာကို ကန့်ကွက်ချင်ကြတဲ့ ဒီမိုကရက်မိတ်ဆွေများ အဲဒီလို ပြည်သူ့အကျိုးနဲ့ဆန်ကျင်ပြီး နောက်ကွယ်က ကြိုးကိုင်နေတာတွေကို ကြောက်ကြရမှာပါနော်၊ ထရမ့် အီလွန်တို့ လုပ်နေတာတွေက ပွင့်လင်းမြင်သာပြီး ပြည်သူ့ပိုက်ဆံသက်သာစေ၊ ပြည်သူအကျိုးများစေ တာတွေပါ။ တကယ်တိုင်းပြည်အကျိုး လုပ်နေတဲ့သူတွေ၊ တိုင်းပြည်အကျိုး ရှေ့ရှုသူတွေ၊ အကြောင်းအကျိုး အကောင်းအဆိုး နားလည်သူတွေက ကန့်လန့်တိုက် အမုန်းပွားတဲ့ အုပ်စုထဲမှာ လုံးဝမပါပါဘူး။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက လုပ်ငန်းရှင်တွေ၊ venture capitalists တွေနဲ့ တွေ့ဆုံတဲ့ American Dynamism Summit မှာ ဒုသမ္မတဗန့်စ်က အမေရိကန်ဟာ စျေးချိုတဲ့လုပ်အားနောက်လိုက်ရင်း globalization မှာ လမ်းဆုံးနေကြကြောင်း၊ globalization ကို တိုးတက်တဲ့ နိုင်ငံကြီးတွေက ဒီဇိုင်းလုပ်ပြီး value chain အရ ပိုမြင့်တဲ့နေရာရောက်၊ လုပ်အားခ ဈေးချိုတဲ့ ဆင်းရဲတဲ့နိုင်ငံက ထုတ်လုပ်ရေးလောက်ပဲ လုပ်ကြဖို့လို့ နားလည်ထားကြကြောင်း၊ လက်တွေ့မှာ ဒီဇိုင်းသမားနဲ့ ထုတ်လုပ်ရေးဆိုတာ လက်တွဲလုပ်ကြရတာဖြစ်လို့ ထုတ်လုပ်ရေးလုပ်တဲ့နိုင်ငံတွေကလည်း ဒီဇိုင်းဘက်မှာ ကောင်းလာပြီး value chain မှာ အပေါ်ရောက်လာကြကြောင်း၊ အဲဒီလို ဖြစ်လာတော့ ငါတို့က ဒီဇိုင်းပိုင်းမှာရော ထုတ်လုပ်ရေးစားရိတ်ပိုင်းမှာပါ နှစ်ဖက်ညှပ်ပြီး ယှဥ်ပြိုင်ခံနေရသလို ဖြစ်လာကြောင်း၊ လုပ်အားခဈေးချိုတဲ့နောက်လိုက်ရင် innovation နဲ့ ဝေးမှာဖြစ်ကြောင်း၊ ငါတို့ရည်မှန်းချက်က ပြည်တွင်းက ငါတို့လုပ်ငန်းတွေ၊ ငါတို့လုပ်သားတွေနဲ့ ငါတို့ရဲ့ innovation အပေါ် ရင်းနှီးမြှုပ်နှံတာကိုပဲ အားပေးမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။