သမ္မတထရမ့်က တရုပ်ကို tariff ကိစ္စနဲ့ ပတ်သက်ပြီး လာရောက်ညှိနှိုင်းမယ်ဆိုရင် နှုန်းတွေ လျော့ပေးဖို့ အဆင်သင့်ရှိကြောင်း၊ မလာခဲ့ရင်တော့ ဒီဘက်က သတ်မှတ်တဲ့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာရလိမ့်မယ်လို့ ဆိုပါတယ်။ ဗီယက်နမ်က တရုပ်ပြည်က စတီးလ်တွေ သူ့ဆီလာပုံမှာကို ဟန့်တားဖို့ ယာယီanti-dumping duties အဖြစ် ၃၇.၁၃% ကောက်မယ်လို့ ကြေငြာခဲ့သလိုပဲ အိန္ဒိယကလည်း စတီးလ်အပေါ် သွင်းကုန်ခွန် ၁၂% စည်းကြပ်မယ်လို့ ကြေငြာသွားပါတယ်။ ဘယ်နိုင်ငံကို ရည်ရွယ်တယ်လို့ မပြောပေမယ့် တရုပ်ဆိုတာ အားလုံးသိကြပါတယ်။ တရုပ်က တရုပ်အကျိုးစီးပွားကို ဆန့်ကျင်ပြီး (အမေရိကန်နဲ့) ကုန်သွယ်ရေးသဘောတူညီချက်ယူတဲ့ နိုင်ငံတိုင်းကို လက်တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ထားတဲ့ကြားက အခုလို ကြေငြာကြတာပါ။
ဒီကနေ့ Institute of International Finance မှာ ဘဏ္ဍာရေးဝန်ကြီး Scott Bessent က IMF နဲ့ World Bank တို့ကို အမျိုးသားအကျိုးစီးပွားတွေကို နိုင်ငံတကာ အခြေအနေတွေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ဆောင်ကျဥ်းပေးခြင်းဖြင့် မတည်ငြိမ်တဲ့ကမ္ဘာမှာ တည်ငြိမ်မှု ရလာစေဖို့ ဒုတိယကမ္ဘာစစ်အပြီးမှာ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ကြောင်း၊ တိုတိုပြောရရင် ဟန်ချက်ညီအောင် ထိန်းထားဖို့ ဖြစ်ကြောင်း၊ အခုကမ္ဘာမှာ ဘယ်မှာကြည့်ကြည့် မမျှမတတွေပဲ ဖြစ်နေကြောင်း၊ ကုန်သွယ်ရေးကိုပဲ ကြည့်ကြည့်၊ ကမ္ဘာ့ နံပါတ်၂စီးပွားရေးက ဖွံ့ဖြိုးဆဲပါဆိုပြီး နိုင်ငံငယ်တွေဝေစု သိမ်းကြုံးယူနေတာတွေ၊ ဈေးချိုတဲ့ စွမ်းအင်ကို ပစ်ပယ်ပြီး ကလိုင်းမိတ်ချိန့်နဲ့ လူတိုင်းလက်လှမ်းမမှီတဲ့ စွမ်းအင်တွေကို အတင်း တွန်းသုံးစေပြီး စီးပွားရေးတိုးတက်ဖို့ မျှော်လင့်နေတာတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုပေမယ့် မမျှတတဲ့စံတွေ ကျင့်သုံးနေတာတွေ၊ အဲဒါတွေနဲ့ IMF, WB တို့နဲ့ ဘာမှမဆိုင်ကြောင်း၊ ကုန်သွယ်ရေးမှာ တချို့နိုင်ငံတွေက ငွေအရမ်းစု တချို့က လုပ်ခတွေ အတင်းနှိမ်ဆိုတော့ အားလုံးဖွံ့ဖြိုးဖို့ အမေရိကန် ကိုပဲ မှီနေရသလိုဖြစ်တာတွေ၊ စတာတွေကို မျှခြေတခုရောက်အောင် ပြန်လုပ်သွားရမှာ ဖြစ်ကြောင်း၊ အမေရိကပထမဆိုတဲ့မူက အမေရိကတဦးတည်းလို့ ဆိုလိုတာ မဟုတ်ကြောင်း၊ အမေရိကန်က IMF နဲ့ WB တို့ကို သူတို့ရဲ့ မူလရည်ရွယ်ချက်တွေကို ပြန်လည် အကောင်အထည်ဖော်ရင်း ကမ္ဘာကြီး ဖွံ့ဖြိုးအောင်ကူညီဖို့ မျှတတဲ့ ဦးဆောင်မှု ပေးသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
စစ်ကိုင်းငလျင်ကြောင့် ဘန်ကောက်မှာ ပြိုကျခဲ့တဲ့ မိုးမျှော်တိုက်ကို ဆောက်လုပ်သူ China Railway No. 10 (Thailand) ရဲ့ တရုပ်ဒါရိုက်တာကို ထိုင်းအထူးထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ပရောဂျက်က ထိုင်းဥပဒေအရ ထိုင်း ၅၁-တရုပ် ၄၉နဲ့ ဖက်စပ်ဆိုပေမယ့် စာရွက်စာတမ်းတွေပေါ်မှာ ပါနေတဲ့ ထိုင်း ၃ဦးရဲ့ ဓနအင်အားအရ သူတို့ဟာ အမည်ခံသက်သက်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဘန်ကောက်မြို့ Chatuchak ခရိုင်မှာ စာရင်းစစ်ရုံးတည်ဆောက်ဖို့ Thai State Railway ပိုင် ၁.၆ဧက မြေပေါ်မှာ ဆောက်ဖို့ China Railway 10 (Thailand) နဲ့ Italian-Thai Development Corp (CREC-ITD) တို့က ၂.၁ဘီလီယံဘတ်နဲ့ ကန်ထရိုက်ရသွားတာပါ။ ထိုင်းစစစက ITD နဲ့ CREC ကိုလည်း ကန်ထရိုက်ကို လိမ်လည်ရယူမှုနဲ့ စွဲချက်တင်ထားပါတယ်။ ထိုင်းနိုင်ငံမှာ တရုပ်ရထားလက်အောက်ခံ ကုမ္ပဏီပေါင်း ၂၃ခုက ငွေရင်း ၅.၇ဘီလီယံဘတ်နဲ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ Serbia မှာ တရုပ်ဆောက်တဲ့ ရထားဘူတာရုံတခုလည်း ပြိုသွားသေးတာဆိုတော့ တရုပ်ဆောက်လုပ်ရေးတွေရဲ့ အနာဂတ်က လှဦးမှာပါ။
တရုပ်ပြည်တောင်ပိုင်း ကန်၁၀၀၀ပြည်နယ်လို့ သိကြတဲ့ Hubei ပြည်နယ်က ကမ္ဘာ့တတိယအကြီးဆုံး ယန်ဇီမြစ်ကြီးက နှစ်၆၀မှာအဆိုးဆုံးမိုးခေါင်မှုကြောင့် ရေခန်းလုလု ဖြစ်နေပါပြီ။ မနှစ်က နွေမိုးကြီးပြီး ရေလွမ်းတာတွေ ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာ ပတ်ကြားအက်တွေနဲ့ ပြည့်နေပါပြီ။ ဧပြီမိုးကို မျှော်ပြီး အပင် ပျိုးထားတာတွေလည်း မိုးမရွာရင် အကုန်ဆုံးမှာပါ။ တရုပ်တောင်ပိုင်းက မိုးခေါင်လေ့ရှိတဲ့ ဒေသ မဟုတ်သလို သဲမုန်တိုင်းတွေ ကျရောက်လေ့မရှိပေမယ့် တရုပ်အစိုးရရဲ့ စူးရောက်လှတဲ့ the South – North Water Diversion Projectအရ စက်မှုထွန်းကား၊ လူနေထူထပ်ပြီး ခြောက်သွေ့တဲ့ ဘေကျင်း ဒေသကို တောင်ပိုင်း ယန်ဇီမြစ်ဝှမ်းကရေတွေနဲ့ ရေကြောင်းပြောင်းပေးပြီးနောက် ဘေကျင်းမှာ ဂေါက်ကွင်းတွေ ရေကန်တွေ စိမ့်စမ်းတွေနဲ့ စိုပြေလာသလောက် တောင်ပိုင်းမှာ သဲမုန်တိုင်းတွေတိုက်၊ မိုးတွေခေါင် (သို့)အချိန်အခါမဟုတ် မိုးများတဲ့အတွက် စိုက်ပျိုးရေးသမားတွေ ဒုက္ခရောက်ကြပါတယ်။ ၂၀၀၃မှာ စတဲ့ အဲဒီပရောဂျက်က ၇၉ဘီလီယံကုန်ကျပြီး မိုင် ၂၇၀၀တလျောက် တူးမြောင်း၃ခု ပါဝင်လို့ ကမ္ဘာမှာအကုန်အကျ အများဆုံးအင်ဂျင်နီယာပရောဂျက်တွေထဲက တခုဖြစ်ပါတယ်။
အာဏာရှင်နိုင်ငံဆိုတော့လည်း အထက်ကပြောသမျှ အကျိုးသင့် အကြောင်းသင့် ဆွေးနွေးတင်ပြရင် ခေါင်းပြုတ်နိုင်တာကြောင့် ဝေဖန် အကြံပြုတာမျိုး မရှိပါဘူး။ ဒီမိုကရေစီထွန်းကားရင်တော့ မတူတဲ့ အမြင်တွေကို လွတ်လပ်စွာ ငြင်းခုံခွင့်ရှိတာကြောင့် အကြောင်းအရာတခုကို ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်သုံးသပ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်မှာတောင် ဒီမိုကရက်ပါတီအတွင်းမှာ အခြေအတင် ဆွေးနွေးကြတာမျိုး မတွေ့ရတော့တာ ကြာပါပြီ။
ထရမ့်အစိုးရက တက္ကသိုလ်တက်ဖို့ ငွေချေးယူထားသူတွေထဲက ၁နှစ်အတွင်း ပေးသွင်းမှု လုံးဝမရှိခဲ့တဲ့ ၅သန်းကျော်သော ငွေချေးသူတွေကို မေလ ၅ရက်နေ့ကစပြီး ပြန်ဆပ်ကြဖို့ တောင်းခံလွှာတွေ ပို့ပေးသွားမယ်လို့ ဆိုပါတယ်။ ရက်၉၀-၁၈၀အတွင်း မပေးထားသူပေါင်း နောက်ထပ် ၄သန်းလောက် ရှိပါသေးတယ်။ အဲဒီ ၂အုပ်စုက federal student loan ပေါင်းရဲ့ ၂၅% ဖြစ်ပါတယ်။ ပညာရေးဌာန အဆိုအရ လူ၄၂.၇သန်းက ၁.၆ထရီလီယံကို ချေးယူထားတာပါ။ အများစုက လစဥ်မပေး (သို့) အတိုးမဲ့ ကာလ(သို့) ဆိုင်းငံ့ကာလမှာ ဖြစ်ပြီး ၃၈% ကသာ လစဥ် ပုံမှန် ပြန်ဆပ်နေကြတာပါ။ ကဗစတဲ့ ၂၀၂၀ မတ်လကစလို့ ကောက်ခံမှုတွေ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ဒန်လက်ထက်မှာ student loan တွေ လျော်ပေးတယ်လို့ ဆိုပေမယ့် အစိုးရဝန်ထမ်းနဲ့ non-profit တွေပဲများလို့ သူတို့အိတ်ထဲသူတို့ ပြန်ဖိတ်နေသလိုပါပဲ။ ငွေချေးထားရင် ပြန်ဆပ်ရတယ်ဆိုတာ အခြေခံလူ့ကျင့်ဝတ်တခုဖြစ်တဲ့အပြင် တိုင်းပြည် စီးပွားရေးကိုပါ ကူညီရာရောက်ပါတယ်။
US Army က ထိပ်တန်းလုံခြုံရေးကင်းလွတ်ခွင့် ရရှိထားတဲ့ Intelligent Analyst တပ်ကြပ်ကြီး Korbein Schultz ဟာ လျို့ဝှက်စစ်ဘက်စာရွက်စာတမ်း အနည်းဆုံး ၉၂ခုကို တရုပ်ကို ဒေါ်လာ ၄၂,၀၀၀နဲ့ ရောင်းစားခဲ့လို့ ထောင် ၇နှစ် ချမှတ်ခံရပါတယ်။ သူက ဟောင်ကောင်မှာ နေတဲ့သူတဦးကို လွှဲပေးလိုက်တာဖြစ်ပြီး အဲဒီလူက တရုပ်အစိုးရနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရတာ ဖြစ်ပါတယ်။ သူရောင်းစားခဲ့တဲ့ထဲမှာ ယူကရိန်း-ရုရှားစစ်က ရလာတဲ့ သင်ခန်းစာတွေ ပါဝင်ပြီး အဲဒီပေါ်မှာ တိုင်ဝမ်ကို ကာကွယ်ဖို့ ဘယ်လိုအသုံးချမလဲဆိုတာ ဆွေးနွေးထားတာတွေ ပါဝင်ပါတယ်။ သူ့ကို မဖမ်းမိခင် တနှစ်လောက်အလိုက အမေရိကန်ရေတပ်သား ၂ဦးကို တရုပ်ကို စပိုင်လုပ်ပေးမှုနဲ့ ကာလီဖိုးနီးယားမှာ ဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီထဲက petty officer Wenheng Zhao ဟာ နိုင်ငံခြား ထောက်လှမ်းရေးနဲ့ ပူးပေါင်းမှု၊ တံစိုးလက်ဆောင် ရယူမှုတို့ ကျူးလွန်ခဲ့ကြောင်း ဝန်ခံတဲ့အတွက် ထောင် ၂၇လ ချမှတ်ခံရတာပါ။
ဘော်စတွန်ရဲ့ ဒီမိုကရက်မြို့ဝန် Michelle Wu ဟာလည်း စီစီပီရဲ့ သစ္စာခံလို့ ပြောလို့ရပါတယ်။ ၂၀၂၁ မြို့ဝန်ရွေးပွဲမှာ စီစီပီနဲ့ဆက်စပ်မှုရှိနေတဲ့ New England Chinese American Alliance က ပူးတွဲဥက္ကဋ္ဌ Gary Yu က မီရှဲအောင်နိုင်ရေးအတွက် ဒေါ်လာ ၃သိန်း ရန်ပုံငွေရှာပေးခဲ့ပါတယ်။ Gary Yu က Yu Guoliang နာမည် နဲ့ စီစီပီရဲ့ ထောက်လှမ်းရေးလက်တံတခုဖြစ်တဲ့ United Front Work Department မှာ အဖွဲ့ဝင် ဖြစ်ပါတယ်။
The House Select Committee on the CCP က ၂၀၂၃မှာ United Front ကို တခြားတိုင်းပြည်တွေရဲ့ နိုင်ငံရေးအခင်းအကျင်းကို တရုပ်ပြည်အကျိုးအတွက် ပြောင်းလဲစေဖို့နဲ့ နိုင်ငံခြားက အဆင့်မြင့် နည်းပညာတွေကို ရယူနိုင်ဖို့ ဖွဲ့ထားတာလို့ ဖော်ပြခဲ့ပါတယ်။ UFWD က နိုင်ငံခြားရေးနဲ့ စင်ပြိုင် လှုပ်ရှားနေတာဖြစ်ပြီး တက္ကသိုလ်တွေ၊ တတ်သိပညာရှင်တွေ၊ civic group တွေ၊ ထင်ရှားတဲ့သူတွေ၊ နာမည်ရှိအဖွဲ့အစည်းတွေအပြင် ပြည်သူ့အမြင်အထိပါ ကျယ်ကျယ်ပြန့်ပြန့် ဩဇာလွှမ်းဖို့၊ စတဲ့ ထောက်လှမ်းရေးတွေ လုပ်လေ့ရှိတဲ့ ကိစ္စတွေကို ဆောင်ရွက်ပါတယ်။ သူမကိုယ်တိုင်က ဟားဗတ်က ဥပဒေဘွဲ့ ရထားသူပါ။
လွှတ်တော်မှာ sanctuary city တွေက မြို့ဝန်တွေကို ခေါ်စစ်တုန်းက နယူးယောက်မြို့ဝန်က ခိုးဝင်တွေအပေါ် မြို့က ၆.၉ဘီလီယံ သုံးစွဲနေရကြောင်း အစစ်ခံခဲ့ပေမယ့် ဘော်စတွန်မြို့ဝန် မီရှဲဝူက သူ့မြို့ကမဟုတ်တဲ့သူကို ဘယ်လောက်သုံးတယ်လို့ မပြောနိုင်ပါဘူးလို့ ဖြေပါတယ်။ တကယ်ကို မသိလောက်အောင် ပစ်စလက်ခတ် နိုင်လွန်းတာလား၊ သုံး/ဘုန်းတာ များသွားလို့ မပြောရဲတာလား တခုခုပါပဲ။ Santuary city ဆိုတာက ခိုးဝင်တွေ လူဆိုး သူခိုးတွေ အခွင့်ထူးရသလောက် ရာဇဝတ်မှု ထူပြောလွန်းလို့ လူကောင်းတွေ အနေကြုံ့တဲ့ မြို့တွေပါ။ ဒါပေမယ့် ဒီမိုကရက်တွေအတွက်က ပြည်သူဘာဖြစ်ဖြစ် လူဆိုးသူခိုးတွေအတွက် safe ဖြစ်ရင် ကောင်းတယ်လို့ သတ်မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ စဥ်းစားတတ်တဲ့ ပြည်သူ လူကောင်းတွေရဲ့မဲကို သူတို့မရဝော့ာမှာ သေချာလို့ပါ။