ဧပြီ ၃၀ ရက် ၂၀၂၅

ရက် ၁၀၀အတွင်း DoGE ကြောင့် ၁၆၀ဘီလီယံ သက်သာသွားပါပြီ။ နယ်စပ်လည်း တော်တော်လေး လုံခြုံသွားပြီဆိုတော့ ပြည်သူကို ဒုက္ခပေးမယ့် လူဆိုးတွေရော လူငယ်လူလတ်သန်းချီ သတ်နေတဲ့ မူးယစ်ဆေးတွေပါ အများကြီး လျော့သွားပါတယ်။​ လူဆိုးဂိုဏ်းတွေ လူသတ်၊ မုဒိမ်းကောင်တွေကို အမြန်ဆုံး ရှင်းထုတ်ပစ်လိုက် တဲ့အတွက် ပြည်သူတွေ သမီးပျိုလေးတွေ အများကြီးလုံခြုံသွားပါပြီ။ မိန်းကလေးအားကစားပွဲတွေ အဝတ်လဲခန်းတွေထဲကို ကျားတွေဝင်ခွင့်မရှိတော့ပါဘူး။ မဲပေးဖို့ မှတ်ပုံတင်ရင် နိုင်ငံသားဖြစ်ကြောင်း ပြရမယ်ဆိုတဲ့ the Safeguard American Voter Eligibility Act က အောက်လွှတ်တော်မှာ အောင်သွားပါပြီ။ လာမယ့် ၅နှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုတွေအတွက် ရင်းနှီးမြှုပ်နှံမှုအသစ် ၅ထရီလီယံ ဝင်လာမှာပြီး အလုပ်အကိုင် သိန်းချီပေါ်လာပါတော့မယ်။ လောင်စာဈေး ကျအောင်နဲ့ အခြေခံစားကုန်တွေ ပေါများသက်သာအောင် လုပ်ပေးခဲ့ပါတယ်။

DoGE က SS ခံစားခွင့်မှာ ပါဝင်နေတဲ့ အသက် ၁၂၀အထက် ၁၁သန်းကို ရှင်းထုတ်ပစ်ခဲ့ပြီး ခံစားခွင့် မရှိသူတွေကို ဆက်လက် ရှင်းထုတ်သွားမှာဖြစ်သလို စိုက်ပျိုးရေးဝန်ကြီး Brooke Rollins ကလည်း တရားမဝင်နေထိုင်သူတွေ SNAP  တို့ food stamp တို့ ခံစားခွင့်မရှိဘူးလို့ တရားဝင် ကြေငြာ လိုက်ပါတယ်။  အလုပ်သမားဝန်ကြီးက ဒီမိုကရက်တွေ လက်ထက်မှာ ခိုးဝင်တွေကို အလုပ်လက်မဲ့ ခံစားခွင့် ပေးထားတာတွေကို စီစစ်ဖျက်သိမ်းတော့မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်ကမှ အတည်ပြု ခံရတဲ့ Medicaid/medicare ကိုင်တဲ့ Dr. Oz က တိုင်းပြည်ရဲ့ စောင့်ရှောက်မှု အလိုအပ်ဆုံးဖြစ်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက် ရနေဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊​ လက်ရှိကုသတဲ့ပုံစံက အကုန်အကျများသလောက် ရောဂါဖြစ်ရတဲ့ မူလအကြောင်းရင်းကို ဦးတည်ပြုပြင်ကုသပေးတာ မဟုတ်တဲ့အတွက် ကုန်သလောက် အကျိုးမများနေတာတွေကိုပါ ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

သမ္မတထရမ့်က ဆေးဈေးတွေ ကျဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ပွင့်လင်းမြင်သာရှိဖို့နဲ့ pharmacy benefit manager တွေ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စတဲ့ EO ထုတ်ပြန်ခဲ့တဲ့အပေါ် ထရမ့်ကို အမြဲဝေဖန်နေတဲ့ Mark Cuban ကတောင် ဘီလီယံရာချီပြီး သက်သာနိုင်ကြောင်း ချီးကျူးသွားသလို အချက် ၆ချက်နဲ့ အကြံပြုသွားပါတယ်။ FDA ကော်မရှင်နာသစ် Dr. Marty Makary ကလည်း ဆေးကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေကို အကြံပေးကော်မီတီတွေကနေ ပယ်ရှားလိုက်ပါတယ်။ ကိုယ့်ပစ္စည်းစစ်ဆေးမယ့်ထဲ ကိုယ့်လူထည့်ထားတာ သင့်/မသင့် မစဥ်းစားပဲ ဟိုလူကြီးပဲ ဇွတ်မုန်းနေလို့ ဆေးတွေက အလိုလို စိတ်ချသွားရတာ မဟုတ်ဘူးလေ။ ကျန်းမာရေးဝန်ကြီးက တခြားဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာ သုံးခွင့်မပြုတော့တာ ကြာပြီတဲ့ အစားအစာဆိုးဆေးတွေကို တားမြစ်စာရင်းထဲ ထည့်လိုက်ပြီး Pepsi က ဒီနှစ်အကုန်မှာ သူတို့ထုတ်သမျှ အစားအစာတွေကို သဘာဝအတိုင်းရတဲ့ ပစ္စည်းတွေကိုပဲ သုံးစွဲထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

၁၉၇၇ ကတဲက စသုံးလာခဲ့တဲ့ A-10 Warthog တိုက်လေယာဥ်တွေနေရာမှာ နောက်ဆုံးပေါ် Boeing  F-15EX Eagle II နဲ့ အစားထိုးသွားမှာဖြစ်သလို အနှစ် ၅၀-၆၀လောက် သုံးလာတဲ့ KC-135 Stratotanker တွေကို တဖြည်းဖြည်းအနားပေးသွားပြီး ခေတ်မီတဲ့ လေထဲဆီဖြည့်/ လူနာတင်/ ကုန်/လူတင် စွယ်စုံသုံးလို့ရတဲ့ KC-46 Pegasus aircraft တွေနဲ့ ဖြည့်တင်းသွားမှာပါ။

ရက် ၁၀၀အတွင်း ထရမ့်ရဲ့ လုပ်ဆောင်ချက် ဘယ်လောက်ကောင်း/မကောင်းဆိုတာကို အကောင်းဆုံး တိုင်းတဲ့ပေတံကတော့ အမေရိကန်လူငယ်တွေ တပ်ထဲကို စံချိန်တင် ဝင်ရောက်လာကြတာပါပဲ။ ထရမ့်နဲ့ ကာဝန်အကြောင်း မီဒီညာက ၉၂-၁၀၀% အပုတ်ချ အတင်းတုပ်နေတဲ့ကြားထဲက သမ္မတနဲ့ ကာဝန်အပေါ် ယုံကြည်မှုကို အသက်နဲ့ လောင်းကြေးထပ်ပြီး သက်သေပြလိုက်ကြတာပါ။ ဘာမှ မလုပ်ရင်တော့ ဘာမှ​ထောက်စရာ မရှိဘူးပေါ့။ Tariff ကလည်း ရာစုဝက်လောက် လွဲချော်နေခဲ့ပေမယ့် ဘယ်သူမှ မတို့မထိရဲတဲ့ ကမ္ဘာ့ကုန်သွယ်မှု အခင်းအကျင်းကို အားလုံးအတွက် မျှတတဲ့ အခြေအနေတခု ဖြစ်အောင် ပြောင်းလဲတည်ဆောက်ရမှာ ဆိုတော့ ရုပ်လုံးမပေါ်ခင် အကဲဖြတ်ဖို့ သိပ်စောနေပါသေးတယ်။

ထရမ့်အစိုးရကို ကန့်လန့်တိုက်နေတဲ့ ဟားဗတ်တက္ကသိုလ်က စီစီပီရဲ့ အရံတပ်ဖွဲ့တခုဖြစ်တဲ့ ရှင်ကျန်း Production and Construction Corps. XPCC က တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေတာပါ။ ၂၀၂၀ တုန်းက ထရမ့်အစိုးရက ရှင်းကျောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသက ဝီဂါမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆန်ရှင်လုပ်ထားခဲ့ပါတယ်။ အဲဒီမတိုင်ခင် တနှစ်ကလည်း ဟာဗတ် T.H.Chan School of Public Health က ဘေဂျင်း National Health Security Administration နဲ့ ပါတနာလုပ်ပြီး တရုပ်က အစိုးရဝန်ထမ်းတွေကို annual Health Financing Course ဖွင့်ပြီး သင်တန်း ပေးခဲ့ပါတယ်။ အဲဒီအကြောင်း blog ထဲမှာ ဖော်ပြခဲ့တာကို Washing Free Beacon က မေးခွန်းထုတ်ခဲ့ပြီးနောက် ပြန်ဖြုတ်သွားပေမယ့် ထရိန်နင်ကတော့ ၂၀၂၃ရော ၂၀၂၄မှာပါ လုပ်ခဲ့ပါတယ်။ ပညာရေးဝကဌာနဒေတာတွေအရ ဟားဗတ်က ၂၀၁၉-၂၀၂၂အတွင်း တရုပ်စီစီပီကနေ ဂရန့် သန်း၇၀ ရထားတာဖြစ်တော့ နိုင်ငံခြားတိုင်းပြည်တွေထဲမှာ အများဆုံးရတာ ဖြစ်နေပါတယ်။

၂၀၂၂ တနှစ်ထဲမှာတင် ဟားဗတ်က စီစီပီအစိုးရအရာရှိ ၁၈၈ဦးကို လေ့ကျင့်ပေးခဲ့ပြီး စီစီပီ ဒုဥက္ကဋ္ဌ လီဝန်ချောင်ဆိုသူကလည်း ဟားဗတ်ဆင်းပါ။ ဟားဗတ်နဲ့ health partner လုပ်ထားတဲ့ တရုပ်တက္ကသိုလ် ၇ခုရှိပြီး အဲဒီထဲက ၆ခုကို စီစီပီနဲ့ ပတ်သက်နေလို့ Australian Strategic Policy Institute က လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတာပါ။

ယူအန်ကလည်း စီစီပီလှိုက်စားနေတာပါပဲ။ The International Consortium of Investigative Journalists ဝက်ဘ်ဆိုက်ဒ်မှာ တင်ထားတဲ့ Inside China’s machinery of repression – and how it crushes dissent around the world ဆောင်းပါးမှာ နိုင်ငံပေါင်း ၂၃နိုင်ငံက မတရားခံရသူပေါင်း ၁၀၀ကျော်ကို မီဒီယာ ၄၀ကျော်နဲ့ ပူးပေါင်းကာ ၁၀လကျော် အချိန်ပေးပြီး အင်တာဗျူးထားတာပါ။ အဲဒီတွေ့ရှိချက်ထဲမှာ ယူအန်တို့ အင်တာပိုတို့က လျို့ဝှက်စာရွက်စာတမ်းတွေလည်း ပါပါတယ်။ မတ်လ ၁၃ရက်နေ့က ဂျနီဗာမှာ ပြုလုပ်တဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ ၅၈ကြိမ်မြောက် ဆွေးနွေးပွဲမှာ တကြိမ်က Chinese society for the Promotion of International Exchanges of Civil Society Organizations (CPI Exchange) က ဦးစီးလုပ်တာပါ။ အဲဒီအဖွဲ့က အစိုးရကလုပ်တဲ့ NGO ပါ၊ အမျိုးသမီးအခွင့်အရေး အလေးပေးတာပါတဲ့။ ထပြောတဲ့ ၈ယောက်လုံးက စီစီပီက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဘယ်လိုကာကွယ်ပေးကြောင်း ထချီးမွမ်းကြပြီး ဘယ်သူကိုမှ မေးခွန်းထုတ်ခွင့် မပြုခဲ့ပါဘူး။ ယူအန်မှာတောင် စီစီပီလိုလာလုပ်နေတာကို မပြောရဲတဲ့ ယူအန်က ဘယ်လောက်တောင်ခြစားနေမလဲ။ အော်ဒါနဲ့ ၂၃ရက်နေ့က အမေရိကန်ကို ကန့်ကွက်ဖို့ တရုပ်ခေါ်ထားတဲ့ UN ၁၉၃နိုင်ငံသတင်း ကြားမိကြသေးလား။

ကာလီဖိုးနီးယားမှာ ကလေးလိင်ကုန်ကူးတာ တားဆီးမယ့်ဥပဒေကြမ်း Assembly Bill 379 ကို ရေးတဲ့သူက ၁၆-၁၇ နှစ်အရွယ်တွေကို လိင်ကိစ္စအလို့ငှာ ဝယ်ယူမယ့်လူတွေကို ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲဖို့ ဆိုတဲ့အပိုဒ်ကို ဖြုတ်ပေးခဲ့ရတဲ့အတွက် ၁၆-၁၇နှစ်အရွယ်တွေကို လိင်ကိစ္စအတွက် ဝယ်ယူတဲ့ သူတွေကို ရာဇဝတ်မှုမမြောက်တဲ့ misdemeanor အဆင့်နဲ့ပဲ စွဲလို့ရမှာဖြစ်ပါတယ်။ အက်ပ်စတိန်းတို့ ဟာဗေဝိုင်းစတိုင်းတို့ ဂိတ်စ်တို့ ကလိန်တန်တို့လို မြက်နုကြိုက် အီလိတွေကိုမှ သိပ်ချစ်ကြတဲ့ ဒီမိုကရက်တွေဆိုတော့ ပီဒိုတွေကို ကာကွယ်တာက သူတို့ရဲ့ အမှတ်လက္ခဏာလို့ ဆိုရမလိုပါပဲ။

တနင်္လာနေ့လည်တုန်းက စပိန်၊ ပေါ်တူဂီနဲ့ ပြင်သစ်တောင်ပိုင်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက် သွားခဲ့လို့ ရထားတွေ ဘတ်စ်ကားတွေ သွားမရ၊ တံခါးပေါက်တွေ ဖွင့်မရ၊ လေယာဥ်တွေ မထွက်နိုင်၊ ဖုံးလိုင်းတွေကျ၊ ATM တွေ ထုတ်မရ၊ ခရက်ဒစ်ကဒ် သုံးမရ၊ ဓါတ်လှေကားထဲ ပိတ်မိကြအပြင် ရာသီဥတုက ပူတော့ အောက်ဆီဂျင်ပေးတဲ့စက်ပျက်လို့ သေတာအပါအဝင် လူ ၅ဦးသေဆုံးခဲ့ပါတယ်။ သတင်းတွေကတော့ ထုံးစံအတိုင်း ရုရှားက လုပ်တာလိုလို မမြင်ရတဲ့ သဘာဝစွမ်းအားကြီး တခုကြောင့် လိုလို ရေးကြပေမယ့် အဒီက တရားခံက ကလိုင်းမိတ်ချိန့်နဲ့ ဝုတ်ကြလို့ပါပဲ။

ဧပြီ ၁၆တုန်းက စပိန်မှာ Iberian peninsula တခုလုံးကို နေ၊ ရေ၊ လေကရတဲ့ လျှပ်စစ်နဲ့ပဲ အပြည့်အဝပေးနိုင်ကြောင်း စမ်းသပ်မှု စတင်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုဟာ ၅ရက်အတွင်း စံချိန်သစ်အဖြစ် 20,120 MW ထုတ်လုပ်နိုင်ပြီး အဲဒါက လိုအပ်ချက်ရဲ့ ၇၈.၆ပါ။ ၁၂ရက်အကြာမှာတော့ အခုလို အကြီးအကျယ် မီးပြတ်သွားတာပါပဲ။ အရင်က တပတ်လောက်ကြာနိုင်တယ်ဆိုပေမယ့် အင်္ဂါနေ့မှာတော့ နေရာတော်တော်များများ မီးပြန်ရနေပါပြီ။ စပိန်တာဝန်ရှိသူတွေက ၅စက္ကန့်အတွင်း ၁၅ဂီဂါဝပ် ဘယ်လိုပျောက်/ဆုံးသွားသလဲဆိုတာ အဖြေရှာရဦးမယ်လို့ ဆိုပါတယ်။ ကိုယ့်နိုင်ငံမှာ အဲဒီလို ဒုက္ခမရောက်ချင်ရင် တရုပ်ကို လုပ်ကျွေးရင်း ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်တဲ့အထိ မအ ကြဖို့ လိုပါတယ်။

Leave a comment