သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ၃ရက်တာ ခရီးစဥ်က ပြောစမှတ်ပြုရလောက်အောင်ကို အောင်မြင်ခဲ့ပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားက ထုံးစံကိုဖျက်ပြီး လေယာဥ်အခြေအထိ သူကိုယ်တိုင် လာကြိုခဲ့သလို အပြန်မှာလည်း သမ္မတရဲ့ စီးတော်ယာဥ် The Beast နဲ့ အတူလိုက်ပါပြီး လေယာဥ်ပေါ် တက်တဲ့အထိ ပို့ဆောင်နှုတ်ဆက်ခဲ့တာဟာ အလုပ်သဘောမျိုးထက် ချစ်ခင်လေးစားရတဲ့ ဦးလေး သားချင်းနဲ့ တွေ့နေသလိုပါပဲ။ သွားရောက်ခဲ့တဲ့ ၃နိုင်ငံစလုံးက သူ့ထက်ငါ ခမ်းနားအောင် ကြိုဆိုကြ၊ ရှေ့လူထက်ပိုများအောင် ရင်းနှီးမြှုပ်နှံကြ၊ ထရမ့်ကြိုက်တဲ့သီချင်း၊ ထရမ့်ပြောနေကျ စကားလုံးတွေနဲ့ သူ့ထက်ငါ အလေးထားပြကြတာ အားရစရာပါပဲ။ ဆော်ဒီက တိုက်လေယာဥ် ၅စီး ခြံရံပြီး ကြိုတော့ ကာတာက ၈စီးနဲ့ ကြိုပါတယ်။ UAE က အမြင့်ဆုံးအရပ်သား ဂုဏ်ထူးဆောင်ဆု ပေးပါတယ်။ လာမယ့် ၅-၁၀နှစ်အတွင်း အမေရိကန်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆော်ဒီက ၁ထရီလီယံ၊ ကာတာက ၁.၂ ထရီလီယံနဲ့ UAE က ၁.၄ထရီလီယံ ကတိပြု လက်မှတ်ထိုး ထားကြပါပြီ။
ဆီးရီးယားအပေါ် ထားရှိတဲ့ ဆန်ရှင်တွေ ဖယ်ရှားပေးဖို့အတွက် ဆီးရီးယားဘက်က လုပ်ပေးဖို့ အချက် ၅ချက်ကို လုပ်ဆောင်ပေးဖို့ ဆီးရီးယားသမ္မတ Al-Sharaa ကို သမ္မတထရမ့်က တိုက်တွန်းထားပါတယ်။ အဲဒါတွေက
၁။ အစ္စရေးနဲ့ Abraham Accords ကို လက်မှတ်ထိုးဖို့၊
၂။ ဆီးရီးယားက (အီရန်အပါအဝင်) နိုင်ငံခြားအကြမ်းဖက်တွေအားလုံးကို နှင်ထုတ်ဖို့၊
၃။ ပါလက်စတိုင်းအကြမ်းဖက်တွေကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့၊
၄။ ISIS ပြန်မပေါ်လာအောင် ဟန့်တားပေးခြင်းဖြင့် အမေရိကန်ပြည်ထောင်စုကို ကူညီဖို့၊
၅။ ဆီးရီးယားအရှေ့မြောက်ဘက်က ISIS ထိန်းသိမ်းရေးစခန်းတွေကို တာဝန်ယူဖို့နဲ့
အကြမ်းဖက်မှုကို ကိုင်တွယ်ဖို့နဲ့ ဓါတုလက်နက်တွေ ရှင်းလင်းဖို့ တို့ ဖြစ်ပါတယ်။
ဆီးရီးယားသမ္မတက သူ့နိုင်ငံဟာ အရှေ့နဲ့ အနောက်ကြား ကုန်သွယ်မှုမှာ အရေးပါတဲ့ ကြားခံနေရာအဖြစ် ဖန်တီးပေးသွားဖို့ မျှော်လင့်ထားကြောင်းနဲ့ ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်ကုမ္ပဏီတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဆီးရီးယားမှာ အီရန်က အကြမ်းဖက်တွေ ခြေရှုပ်နေကျဖြစ်တော့ ဒီသတင်းဖြစ်လိုက်တာနဲ့ အီရန်က နျူကိစ္စ ဆွေးနွေးပါ့မယ်၊ ဆန်ရှင်သာ ဖယ်ပေးပါလို့ ကမ်းလှမ်းလာပါပြီ။ အရှေ့အလယ်ပိုင်း ၃ရက်ခရီးရဲ့ သက်ရောက်မှုဟာ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းအတွက် ကောင်းသလောက် ကမ္ဘာကို ဒုက္ခအပေးဆုံး အီရန်၊ တရုပ်၊ ရုရှားတို့ကို နယ်ကျဥ်းသွားစေမှာပါ။
ဒီကနေ့ ပွဲဆူသွားတာက အိုဘမခန့်ခဲ့ပြီး ၂၀၁၇တုန်းက ထရမ့်ဖြုတ်ပစ်လိုက်တဲ့ FBI ဒါရိုက်တာဟောင်း ဂျိမ်းစ်ကိုမေရဲ့ ကမ်းခြေမှာ ခရုလေးတွေနဲ့ ပုံဖော်ထားတဲ့ 86 47 ဆိုတဲ့ အင်စတာဂရမ်ပို့စ်ကြောင့်ပါ။ ၈၆ဆိုတာက စားသောက်ဆိုင်တွေမှာ သူတို့ဝန်ဆောင်မှုမပေးချင်သူတွေကို ထားတဲ့ကုဒ်သဘောမျိုး ဖြစ်သလို ကိုယ်မကြိုက်တဲ့သူကို မြို့ပြင်၈မိုင်ကို ခေါ်သွားပြီး မြေကြီးအောက် ၆ပေအောက် ပို့ပစ်လိုက် ဆိုတဲ့ အပြတ်ရှင်းတာမျိုးကိုလည်း ဆိုလိုကြပါတယ်။ National Intelligence Director Tulsi Gabbard က ကိုမေကို ဖမ်းဆီးစစ်ဆေးရမယ်လို့ ပြောသွားပြီး FBI Director ကက်ရှ်ပတဲလ်နဲ့ Secret Service က ဆက်လက်စုံစမ်းနေပါတယ်။
ကိုမေက ထရမ့် ၂၀၁၆ ရကပမဝင်ခင်မှာရော နိုင်အပြီးမှာပါ အိုဘမ စေခိုင်းမှုနဲ့ ထရမ့်ရဲ့ ဖုံးတွေခိုးနားထောင် text တွေကြည့်လုပ်နေခဲ့တဲ့အပြင် ရကပမှာ ရုရှားတွေ ဝင်စွက်ခဲ့ပါတယ်လို့ လိမ်ခဲ့တဲ့သူပါ။ ထရမ့်ကို ထောက်လှမ်းရေးလုပ်ခဲ့တာ လူသိရှင်ကြား ဝန်မခံခဲ့လို့ ၂၀၁၇ မေလ ၉ရက်မှာ သူ့ကို ဖြုတ်ပစ်ခဲ့ပြီး အဲဒီလ နှောင်းပိုင်းမှာ သမ္မတထရမ့်နဲ့ သူ ၂ယောက်ထဲ ပြောဆိုထားတာဆိုတဲ့ Memo ကို မီဒီယာကို တဖက်လှည့်နဲ့ ဖောက်ချခဲ့ပါတယ်။
ပို့စ်ကို ပြန်ဖျက်သွားတဲ့ ကိုမေကတော့ သူက လမ်းလျောက်ရင်း အပျော်လုပ်လိုက်တာပါ၊ လူတချို့က အဲဒီလို ကြမ်းတမ်းတဲ့အဓိပ္ပါယ် ကောက်ကြလိမ့်မယ်လို့ မသိခဲ့ပါဘူးဆိုပြီး ငြင်းပါတယ်။ FBI ဒါရိုက်တာလုပ်လာပြီး ဒါမျိုးတွေ မသိဘူးဆိုတာက ယုံရခက်ကြီးပါပဲ။ ပြီးခဲ့တဲ့ ရက် ၃၀၀အတွင်း ထရမ့်ကို လုပ်ကြံဖို့ အနည်းဆုံး ၂ကြိမ် ကြိုးစားခဲ့ကြသူတွေက အခုလိုခြိမ်းခြောက်တာဆိုတော့ ညစ်ပတ်မှုက အဆုံးစွန်အထိ သွားမယ့်သဘော ဖြစ်နေပါတယ်။ အခု သမ္မတထရမ့်လုပ်နေတဲ့ အပြန်အလှန် လေးစားခြင်းဖြင့် အေးချမ်း ဖွံ့ဖြိုးတဲ့ new world order ပုံစံက ဒီမိုခရက်ပ်တွေ သွားချင်ကြတဲ့ စစ်ပွဲတွေ အာဏာရှင်တွေ ပြည့်နှက်ခြေရှုပ်နေတဲ့ ကမ္ဘာနဲ့ အများကြီး ကွဲလွဲနေပြီး ဒီပုံအတိုင်းဆို ဒီမိုခရက်တွေ သူတို့အာဏာ ပြန်မရမှာကို အကြီးအကျယ်စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ၂၀၂၀တုန်းကလည်း သူတို့မနိုင်မှာသိလို့ ကဗနဲ့ လူ့အသက်ပေါင်းများစွာ ချနင်းပြီး ဂျော့ဖလွိုက်နဲ့ ဆူပူ ဖျက်ဆီးသောင်းကျန်း ခဲ့ကြတာ မမေ့လောက်ကြသေးဘူးထင်ပါတယ်။
ကာတာက ခေတ်မီတော်ဝင်လေယာဥ်တစီးကို သမ္မတထရမ့်စီးဖို့ ပေးတာနဲ့ ပတ်သက်ပြီး နားမလည်သူတွေ နားစွန်နားဖျားအကြားနဲ့ အပုတ်ချချင်သူတွေကြား ပွဲဆူသွားပါသေးတယ်။ သမ္မတစီးတဲ့ လေယာဥ် Air Force One ကို ကန်လေတပ်က ပိုင်တာပါ။ အခု ကာတာက ပေးတဲ့ လေယာဥ်ကလည်း သမ္မတစီးဖို့ ရည်ရွယ်ပြီး လေတပ်ကို ပေးတာပါ။ လေတပ်က အဲဒီလေယာဥ်ကို သုံးလို့ရသလောက်သုံးပြီး အနားပေးသင့်တဲ့အချိန်မှာ decommission လုပ်ပါမယ်၊ အဲဒီအချိန်ကျမှ သမ္မတဟောင်းတွေ အသီးသီး အမှတ်တရတွေထားတဲ့ စာကြည့်တိုက်မှာ ထားမယ်လို့ ပြောတာပါ။ သမ္မတသက်တမ်းပြီးရင် လေယာဥ်ကို ယူသွားမယ်ဆိုတာက ဟာသပါပဲ။
သမ္မတသက်တမ်းကုန်ရင် တန်ဖိုး $480 ကျော်တဲ့ လက်ဆောင်ရတာတွေကို National Archive ကို လှူလို့ရသလို၊ Charity (သို့) အစိုးရမဟုတ်တဲ့ လူ/အဖွဲ့ကိုလှူလည်းရပါတယ်။ ယူသွားချင်ရင်တော့ ယူသွားမယ်လို့ ကြေငြာပြီး တန်ဖိုးအတိုင်း အခွန်ဆောင်ပြီး ယူသွားခွင့် ရှိပါတယ်။ ယူမသွားတဲ့လက်ဆောင်တွေကို Gift Unit ကနေ National Archive ကို လွှဲပြောင်းပေးလိုက်ပြီး presidential library museum collection ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာပါတယ်။ ဘိုင်ဒန်တို့မိသားစုရတဲ့ ချက်တွေ တံစိုးလက်ဆောင်တွေကတော့ သမ္မတကို တိုက်ရိုက် ပေးတာ မဟုတ်လို့ အကျုံးမဝင်ဘူးထင်ပါရဲ့။ အဲဒါကိုတော့ ဟိုဖက်ရွာက သူတော်ကောင်းကြီးများ ထောက်ပြကြတာ မတွေ့မိပါဘူး။
လက်ရှိလေယာဥ်က နှစ် ၃၀ကျော် ၄၀နီးပါးရှိပြီဆိုတော့ အိုနေပါပြီ။ အလားတူပဲ အမေရိကန် တိုက်လေယာဥ်တွေကလည်း အိုနေပြီး နာဆာက အာကာသကို ကိုယ်တိုင်မသွားနိုင်တော့တာလည်း အဲဒီလောက် ကြာခဲ့ပါပြီ။ သဘောကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ကျော်အတွင်း တရုပ်နဲ့ ရုရှားက ပိုတိုးတက် ပိုချမ်းသာလာသလောက် အမေရိကန်က အရင်ကအရှိန်နဲ့ ဆက်လိမ့်နေတာပါ။ သမ္မတအဆက်ဆက် သိခဲ့ပေမယ့် ကိုယ့်အိတ်ထဲ ဘယ်လောက်ဝင်မလဲလောက်ပဲ ကြည့်ခဲ့ကြလို့ ဘတ်ဂျက်အကြီးကြီးတွေ တောင်းပြီး ပြည်သူကို နဲနဲခွံ့၊ ကိုယ့်အိတ်ထဲများများထည့်၊ အဲဒါကို အခွန်မျိုးစုံနဲ့ပြန်ယူ၊ အာဏာ လက်မလွှတ်ရဖို့ပဲ လုံးပမ်းနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေခဲ့တာပါ။ ထရမ့်တက်တော့မှ တိုက်လေယာဥ်တွေ စက်လက်နက်တွေ တပ်တွေ ခေတ်မီအောင် စလုပ်ရတာပါ။ ဘိုးရင်းက Air Force One အသစ်ဆောက်နေတာက ၅နှစ်ကြာမလို ၁၀နှစ်ကြာမလိုတွေ ပြောနေတော့ ဒီကြားထဲ သုံးလို့ရတာပါပဲ။
The Pharmaceutical Care Management Association (PCMA) က Pharmacy Benefit Manager (PBM) ကုမ္ပဏီတွေနဲ့ pharmaceutical care company တွေကို ချုပ်ထားတဲ့ အကြီးဆုံးအဖွဲ့အစည်းပါ။ ဖွဲ့ထားရတဲ့ ရည်ရွယ်ချက်က PBM industry မှာ ဆေးဈေးတွေနဲ့ ကျန်းမာရေးခံစားခွင့်တွေကို စီမံတဲ့နေရာမှာ အထောက်အပံ့ဖြစ်စေဖို့ ဖြစ်ပါတယ်။ ဆေးဈေးတွေ စီမံတာ ဘယ်လောက်ကောင်းသလဲဆိုရင် နာမည်ရှိတဲ့ဆေးတွေအပေါ် အမေရိကန်တွေက သူများပေးရတာထက် အနည်းဆုံး ၅ဆကျော် ပေးနေရတာပါ။ PBM ကုမ္ပဏီကြီး ၃ခုကတော့ ၂၀၁၇နဲ့ ၂၀၂၂ကြားမှာ ၇.၃ဘီလီယံအမြတ် ရခဲ့ပါတယ်။
PCMA က ဆေးဆိုင်လေးတွေကို လိုက်ဝယ်ပြီး လူတွေက သူတို့နဲ့ ချိတ်ထားတဲ့ ဆေးဆိုင်မှာမဝယ်ရင် ဈေးအများကြီးပိုပေးကြရတာပါ။ သူတို့ဆီဝယ်ရင် rebate ရော ဈေးချိုတာရောနဲ့ မျှားထားတာ ဆိုတော့ တဖြည်းဖြည်းနဲ့ ပုဂ္ဂလိက ဆေးဆိုင်လေးတွေ ဈေးကွက်ထဲက ပျောက်ကုန်ပြီး သူတို့တွေပဲ ဈေးကွက် မိုနိုပိုလီဖြစ်ကျန်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူများတိုင်းပြည်ထက် အဆပေါင်းများစွာ ပေးနေရသည့်တိုင် ပြည်သူမှာ ရွေးစရာမရှိ ဖြစ်နေတာပါ။ အဲဒီလိုဖြစ်တာကို အစိုးရအဆက်ဆက်က သိလျက်နဲ့ ကြည့်နေခဲ့တာလည်း အမတ်တွေ အစိုးရအဖွဲ့ဝင်တွေကို ငွေပေးဝယ်ထားလို့ပါပဲ။ ဘယ်သူ ဘယ်လောက်ဝါးသလဲဆိုတာ ဒီမှာပါ။
- ချပ်ခ်ရှုးမား (ဒီမိုကရက် နယူးယောက်) ၁.၅သန်း
- အဲလိဇဘက်ဝါရင် (ဒီမိုကရက် မန်ဆာချူးဆက်) $822,573
- ဘာနီဆန်းဒါးစ် (ဒီမို/အင်ဒီပန်းဒန့် ဗာမောင့်) ၁.၄၁၇၆၃၃သန်း
- ဘော့ကေစီ (ဒီမိုကရက် ပန်ဆယ်လ်ဗေးနီးယား) ၁.၇၉သန်း
- အေမီကလိုဘူချာ (ဒီမိုကရက် မင်နီဆိုးတား) ၇သိန်း
- ရွန်ဝိုင်ဒန် (ဒီမိုကရက် အော်ရီဂွန်) ၁.၅သန်း
- မစ်ရွမ်နေ (ရီပါဘလစ်ကန် ယူထာ) ၃.၃၇၈၆၁၄သန်း
- မစ်ချ်မက်ကောနယ် (ရီပါဘလစ်ကန် ကန်တပ်ကီ) ၂.၀၂၀၄၆၂သန်း
- ဂျွန်ကော်နင် (ရီပါဘလစ်ကန် တက္ကဆက်စ်) ၁.၅သန်း
- ဂျွန်သွုန်း (ရီပါဘလစ်ကန် တောင်ဒါကိုတာ) ၄သိန်း
၁၉၉၀ – ၂၀၂၄အတွင်း ဆေး/ကျန်းမာရေးအထောက်အကူပစ္စည်းထုတ်လုပ်သူတွေက အမေရိကန် ဆီနိတ်တာတွေကို ၉၅သန်း ခွံ့ထားခဲ့တယ်လို့ OpenSecrets မှာ ဖော်ပြထားပါတယ်။ ပြည်သူ့ အကျိုးစီးပွား ဦးထိပ်ထားတဲ့ ထရမ့်နဲ့ မာဂါ ရီပါဘလစ်ကန်တွေကို ကန့်လန့်တိုက်နေတာလည်း အဓိကက အဲဒီခြတွေပါပဲ။