ထရမ့်ဒုတိယသက်တမ်းရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဥ်ဟာ အရင်သမ္မတတွေရဲ့ နိုင်ငံခြားခရီးစဥ်တွေနဲ့ ကွဲပြားတာက အမေရိကန်သမ္မတတဦး (နိုင်ငံခြား)ခရီးထွက်ရင် တဖွဲ့လုံးစားရိတ်အပြင် the beast သယ်သွားရတာ၊ သွားလေရာမှာ လုံခြုံရေးအသေးစိတ်လုပ်ရတာဆိုတော့ တရက်ကို ၅သန်းလောက် ကုန်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူပိုက်ဆံ မဖြုန်းချင်တဲ့ အသက် ၇၉ပြည့်ခါနီး သမ္မတကြီးက ရက်တိုတိုအတွင်းမှာ သွားရကျိုးနပ်အောင် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တွေ အများကြီးရအောင် အပင်ပန်းခံပြီး အကွက်စေ့စေ့ စီမံထားခဲ့တာပါ။ အရင်သမ္မတတွေဆို အေးအေးဆေးဆေး အချိန်ယူ လည်ကြပြီး ကိုယ့်နိုင်ငံအတွက် ဘာမှပြန်မယူလာနိုင်ကြတာ များပါတယ်။ ယှဥ်ကြည့်နိုင်အောင်ပါ။ ကာတာကပေးတဲ့ လေယာဥ်ကိုလည်း လေတပ်က လက်ခံဖို့ သဘောတူလိုက်ပါပြီ။ လုံခြုံရေးအစီအမံ စတာတွေလုပ်ပြီးရင် စီးလို့ရပါပြီ။
FBI ဒါရိုက်တာ ကက်ရှ်ပတဲလ်က FBI ရုံးချုပ်ရှိတဲ့ Hoover အဆောက်အဦဟာ လုံခြုံရေးစိတ်မချရတဲ့ အတွက် ပြောင်းရွှေ့တော့မှာဖြစ်ကြောင်း၊ အင်အား ၃၈,၀၀၀ရှိတဲ့ FBI မှာ ၁၁,၀၀၀က DC မှာရှိနေပြီး ဒီစီက လူအင်အား ၁/၃ သုံးရလောက်အောင် ရာဇဝတ်မှုထူပြောနေတာမဟုတ်တဲ့အတွက် ပိုလိုအပ်တဲ့ နေရာတွေမှာ သုံးစွဲတာက ပိုထိရောက်မှာဖြစ်ကြောင်း၊ အမေရိကန်မှာ ၆မိနစ်ခွဲတိုင်း မိန်းမ/ကလေး တဦး မုဒိမ်းကျင့်ခံရပြီး နာရီဝက်တိုင်းမှာ လူတဦးအသတ်ခံနေရကြောင်း၊ အဲဒီလို တကယ်လိုအပ်တဲ့ နေရာတွေကို ပို့ရင် တကယ်အလုပ်လုပ်ချင်သူတွေက ဝင်လုပ်ဖို့ စိတ်ပါလာကြမှာဖြစ်ကြောင်း၊ ထရမ့်အစိုးရက FBI ဘတ်ဂျက်က ဘီလီယံ ၅၀၀ ဖြတ်မယ်ဆိုရင် လူလျော့တာထက် မလိုအပ်တဲ့ အသုံးစားရိတ်တွေကို လျော့ချပြီး ဖြစ်အောင် လုပ်ရမှာဖြစ်ကြောင်း Fox News က မာရီယာကို ပြောသွားပါတယ်။ FBI မှာ အဆိုပါအလုပ်တွေအပြင် မူးယစ်ဆေးကိစ္စတွေ၊ နှစ်တိုင်း ကလေး ၃သောင်းလောက် ပျောက်တဲ့ကိစ္စတွေ၊ ဘိုင်ဒန့်နယ်စပ်အပွင့်ကနေ ဝင်လာပြီး ပျောက်နေတဲ့ သိန်းချီတဲ့ ကလေးတွေအတွက်လည်း အပူတပြင်းလုပ်ရဖို့ရှိနေပါတယ်။
ဘိုင်ဒန်မှာ ဆီးကျိတ်ကင်ဆာအဆင့် ၄ ဖြစ်နေပါတယ်ဆိုတဲ့ သတင်းရဲ့နောက်မှာ ဒီကင်ဆာမျိုးက သိဖို့မလွယ်တဲ့ဟိုးအတွင်းကကင်ဆာတွေလိုမဟုတ်ပဲ စောစောသိနိုင်ကြောင်းနဲ့ ကုသနိုင်ကြောင်း သတင်းတွေ လိုက်လာပါတယ်။ အနားမှာ ဆရာဝန်အမြဲရှိပြီး အရိပ်ကြည့်ခံနေရတဲ့ သမ္မတတဦးမှာ အလွယ်တကူသိနိုင်တဲ့ကင်ဆာ မသိလိုက်ဘူးဆိုတာက ယုံရခက်ကြီးပါ။ တချို့က ဘိုင်ဒန်ဟာ ၂၀၂၂ ကတဲက ကင်ဆာဖြစ်နေတာလို့ ဆိုကြပေမယ့် အမြဲလိမ်တဲ့ NBC ကတော့ နောက်ဆုံးဆီးကျိတ်စစ်တာ ၂၀၁၄ကပါလို့ ဖာပါတယ်။ အဲဒါသာအမှန်ဆိုရင် အခြေအနေမှန်ကို သိမှာစိုးလို့ ပုံမှန်ဆေးစစ်တာတွေ တောင် အလုပ်မခံတဲ့သဘော ဖြစ်နေမှာပါ။ သတိမကောင်းတော့တဲ့ ဘိုင်ဒန်လက်မှတ်နေရာမှာ Autopen သုံးပြီး ဘယ်သူမှန်းမသိသူတွေက တိုင်းပြည်ကို အုပ်ချုပ်နေတာ လုံးဝမကောင်းသလို အနားယူနေရမယ့် လူအိုလူနာတဦးကို အာဏာအတွက် အမျိုးစုံစေခိုင်းနေတာကလည်း လုံးဝ မလုပ်သင့်ပါဘူး။ ဒီမိုကရက်ပါတီမှာ ဒီလိုလူထက် ကောင်းတဲ့ ရွေးစရာမရှိနေတာ ဝမ်းနည်းစရာပါ။
၂၀၂၃ မတ် – ၂၀၂၄ မတ်လအတွင်း အော်တိုပန်အစိုးရရဲ့ Bureau of Labor & Statistics က လယ်ယာမဟုတ်သော အလုပ်အကိုင်ဒေတာတွေ ပိုပြထားခဲ့တာကို ၂၀၂၄ ဩဂုတ်လ revision မှာ ၈၁၈,၀၀၀ ပြန်လျော့သွားခဲ့ပါတယ်။ ဆိုလိုတာက အဲဒီအလုပ် ၈သိန်း၂သောင်းနီးပါးက ဘယ်တုန်းကမှ မရှိခဲ့ပဲ ကြည့်ကောင်းအောင် သက်သက်လိမ်ပြတာပဲ ဖြစ်နေတာပါ။ ၂၀၂၃ ဂျူလိုင်-စက်တင်ဘာမှာ အတက်ပြခဲ့တဲ့ ၄သိန်းနီးပါးသောအလုပ်တွေဟာလည်း အလားတူပဲ ဘယ်တုန်းကမှ မရှိခဲ့တဲ့အပြင် အရင်ရှိခဲ့ပြီးအလုပ်တွေထဲကတောင် ၁၆၀,၀၀၀ ထပ်လျော့သွားပါသေးတယ်လို့ Business Employment Dynamics ကို ကိုးကားထားတဲ့ သတင်းထွက်လာပါတယ်။ ဒိစတိတ် ခြအုံကြီးက တရုပ်စီစီပီလိုပဲ သူတို့နဲ့အကျိုးတူပေါင်းစားနေတဲ့ အာဏာရှင်တွေမျက်နှာရဖို့ မရှိတဲ့ဒေတာတွေ အရှိလုပ်ပေးသလောက် လူထုအကျိုးပြုထရမ့်လက်ထက်ကျတော့ ရှိတဲ့ဒေတာတွေတောင် ဟိုဖွက် ဒီချန်နဲ့ လုပ်နေတာ GDP နဲ့ မူဒီခရက်ဒစ်ရိတ်တင်းတို့က သက်သေပါပဲ။
ထရမ့်ဒုတိယသက်တမ်းမှာ ကော်ပိုရိတ်ခွန်ကို ၃၅% ကနေ ၂၁% ကိုချလိုက်ပြီးတဲ့နောက် ကုမ္ပဏီတွေ အမေရိကန်ကို ပြန်ရွှေ့လာကြတဲ့အတွက် ကော်ပိုရိတ်ခွန်က အရင်က ၂၀၀ ဘီလီယံပဲ ဝင်တာကနေ ၅၀၀ ဘီလီယံအထိ တက်သွားခဲ့ပါတယ်။ ကော်ပိုရိတ်ခွန်ကို လူချမ်းသာတွေ ထရမ့်ဘော်ဒါတွေအတွက် လျော့ပေးတာပါဆိုတဲ့ ရူးပေါပေါစကားတွေ မယုံကြဖို့ပါ။
ဩစတေးလျကုမ္ပဏီဖြစ်တဲ့ Lynas ရဲ့ မလေးရှားမှာရှိတဲ့စက်ရုံက rare earth ကုန်ကြမ်းကနေ လျှပ်စစ်ကားတွေ၊ လေတာဘိုင်တွေ၊ ဒုံးကျည်စနစ်၊ ရေဒါစနစ်၊ ရေငုပ်သင်္ဘော၊ AI ပစ္စည်း၊ အိုင်ဖုံး စတာတွေမှာ သုံးလို့ရတဲ့ permanent magnet တွေ၊ neodymium iron-boron magnet စတာတွေ ထုတ်ပေးနိုင်ဖို့ လိုအပ်တဲ့ dysprosium oxide ကို ဒီနှစ် ပထမ ၃လပတ်ကစလို့ စီးပွားဖြစ်ထုတ်လုပ်နိုင်ပြီဖြစ်တဲ့အတွက် တရုပ်လက်ဝါးကြီးအုပ်ထားတဲ့
တရုပ်လုပ်ဆိုလာ/လေအားလျှပ်စစ်အင်ဗာတာတွေ၊ ဘက်ထရီတွေ၊ ဆယ်လူလာရေဒီယိုအပါအဝင် လျှပ်စစ်ပစ္စည်း တွေမှာ အဝေးကထိန်းချုပ်ပြီး ဆိုင်ဘာတိုက်ခိုက်မှု ပြုနိုင်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ထည့်သွင်းထားကြောင်း အမေရိကန်ကျွမ်းကျင်သူတွေက ဖော်ထုတ်တွေ့ရှိလာပါတယ်။ ခိုးထဲ့ထားတဲ့ အဆိုပါဆက်သွယ်ရေးပစ္စည်းတွေဟာ ဆက်သွယ်ရေး ချန်နယ်တွေ ထပ်မံဖန်တီးနိုင်ပြီး firewall တွေကို ကျော်နိုင်တဲ့အတွက် တိုင်းပြည်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတာပါ။ ဒီမိုကရက်တွေ အုပ်စိုးချိန်မှာ ကိုယ့်ပြည်တွင်းအလျံပယ်ထွက်သလောက် သန့်သန့်ရှင်းရှင်း ထုတ်လုပ်နိုင်တဲ့ ရေနံနဲ့ ကျောက်မီးသွေးတွေ၊ နျူဓါတ်ပေါင်းဖိုတွေ၊ ရေအားလျှပ်စစ် စက်ရုံတွေကို အဓိပ္ပါယ်မရှိတဲ့ စူးရောက် ဥပဒေများနဲ့ တဖြည်းဖြည်း ပိတ်သိမ်းလာသလောက် ကလိုင်းမိတ်ချိန့်အာဂျင်ဒါနဲ့ ရန်သူတရုပ်ဆီက ဆိုလာပြားတွေ၊ လေရဟတ်တာဘိုင်တွေ အများကြီး ဝယ်ခဲ့တာတွေရဲ့ အကျိုးဆက်က ကိုယ့်နိုင်ငံရဲ့ လျှပ်စစ်ပေးဝေရေးစနစ်ကို ရန်သူ့လက် အပ်လိုက်သလိုပါပဲ။
အမေရိကန်ကို ဘက်ပေါင်းစုံက တိုက်ခိုက်နေတဲ့ စီစီပီက အမေရိကန်ကို ပစ်လာနိုင်တဲ့ ဒုံကျည်တွေ ရန်က ကာကွယ်ဖို့ ထရမ့်က golden dome ကာကွယ်ရေးစနစ်လုပ်မယ်ဆိုတာအပေါ် အာကာသကို စစ်တလင်းဖြစ်အောင်လုပ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ သူတို့သာ လုပ်တတ်တယ်၊ တတ်နိုင်တယ် ဆိုရင် လုပ်တောင်ပြီးနေလောက်ပါပြီ။ ခိုးချလို့မရမှာမို့လို့ ကန့်ကွက်နေသလိုပါ။
တရုပ်အစိုးရက golden dome မပြောနဲ့ chip နည်းပညာမှာတောင် အမေရိကန်က အဆင့်မြင့်ချစ်ပြား တွေကို အားထားနေရတုန်းပါ။ ပြည်တွင်းမှာလည်း စီးပွားရေးမကောင်းတာ ၂၀၂၃နှောင်းပိုင်းကစခဲ့ပြီး ဒီနှစ်မှာ အဆိုးဆုံးဖြစ်လာတဲ့အတွက် ICBC အစိုးရဘဏ်တွေက ရွှေချောင်း အတုလုပ်ပြီး ထုတ်ရောင်းနေရတယ်လို့ ဆိုပါတယ်။ အစိုးရဘဏ်ဆိုတော့ ရွှေချောင်းဝယ်ထားတဲ့ဗောက်ချာရှိရင် အချိန်မရွေး ပြန်ဝယ်ပေမယ့် အများစုက စုဖို့ဝယ်ကြတာဖြစ်လို့ ပြန်မရောင်းဖြစ်ကြပါဘူး။ တဦးက လက်ဝတ်လက်စားလုပ်ဖို့ အရည်ကြိုရာမှာ အထဲက သံလို မဲမဲအချောင်းတွေ့တော့မှသာ အတုမှန်း သိတာ ဖြစ်ပါတယ်။ ပုံပြောင်းသွားပြီဆိုတော့ ပြန်လျော်ပေး/မပေးတော့ မသိရပါဘူး။ ကွန်မြူနစ် နိုင်ငံမှာ ပြည်သူမှာ ရပိုင်ခွင့်ခွင့်မပြောနဲ့ ဆဲခွင့်တောင်မရှိတဲ့ဘဝတွေပါ။
အမေရိကန်အစိုးရက တောင်ဆူဒန်ကို ပြည်နှင်ဒဏ်ပေးတဲ့ ရာဇဝတ်သားတွေထဲမှာ မြန်မာနိုင်ငံသား ၂ဦး ပါနေပါတယ်။ ကျော်မြ ဆိုတဲ့သူက အသက် ၁၂နှစ်အောက်ကလေးအပေါ် လိင်စော်ကားထားတာ တွေ့ရှိရလို့ ထောင် ၁၀နှစ် ချတာမှာ ၄နှစ်နဲ့ အပြင်ပြန်ရောက်လာသူပါ။ သူ့ကို ICE က ဒီနှစ်ဖေဖေါ်ဝါရီ၁၈ရက်မှာ ဖမ်းခဲ့ပါတယ်။ ညိုမြင့်ဆိုသူက ကိုယ်ရောစိတ်ပါ ပုံမှန်မဟုတ်လို့ မခုခံနိုင်သူကို မုဒိမ်းကျင့်၊ ဒဏ်ရာပြင်းထန်စွာ ရစေမှုနဲ့ ထောင် ၁၂နှစ် ချခံထားရတာပါ။ သူ့ကို ဖေဖေါ်ဝါရီ ၁၉မှာ ဖမ်းမိပါတယ်။ ကျမရေးခဲ့သမျှထဲမှာ တရားဝင်နေထိုင်ဖို့၊ အထောက်အထား ဆောင်ထားဖို့၊ ဘာပြစ်မှုနဲ့မှ မငြိအောင် နေထိုင်ကြဖို့ပဲ ပြောထားပါတယ်။ ရာဇဝတ်ပြစ်မှုရှိသူ အထူးသဖြင့် အခုလို သက်ငယ်/ မခုခံနိုင်သူ အပေါ် ကျူးလွန်သူတွေက ထောင်ကျတွေထဲမှာတောင် အထင်သေးအခံရဆုံးသူတွေဖြစ်လို့ ICE ရဲ့ ဦးဆုံးပစ်မှတ်ဖြစ်လာမှာပါ။ အဲဒါကို ကျမက မြန်မာတွေ ပြန်ပို့ခံရဖို့ လောဆော်နေသူအဖြစ် တချို့က ဖြန့်နေကြပါတယ်။ အဲလိုမျိုးပို့စ်တွေတွေ့ရင် ရီပို့လုပ်ပေးကြဖို့ စာဖတ်သူအားလုံးကို တိုက်တွန်းပါတယ်။