မေ ၂၆ ရက် ၂၀၂၅

၂၀၂၄ရကပမှာ ထရမ့်အနိုင်ရပြီးချိန်ကနေ ဇန္နဝါရီ၂၀ ကျမ်းသစ္စာကျိမ်ဆိုပြီး အိမ်ဖြူတက်တဲ့အထိ ၇၆ရက်အတွင်းမှာ ဘိုင်ဒန်အစိုးရက စွမ်းအင်ဝကဌာနရဲ့ ချေးငွေဌာနကနေ ၉၃ဘီလီယံ ထုတ်ချေးထားတာကို DoGE က တွေ့ရှိထားပါတယ်။ အဲဒီပမာဏက လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း ထုတ်ချေးခဲ့တဲ့ပမာဏအားလုံးရဲ့ ၂ဆ ဖြစ်နေတဲ့အပြင် ဘာလုပ်ဖို့ချေးတယ်၊ ဘယ်လို ငွေပြန်ဝင်ဖို့ မျှော်မှန်းထားတယ်၊ ဘယ်လို အကြွေးဆပ်မယ်ဆိုတဲ့ ဘာအချက်အလက်မှ တိတိပပ မတွေ့ရဘူးလို့ ဆိုပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းအောင်၊​ ကုန်ဈေးနှုန်းကျအောင်၊ အလုပ်အကိုင် တိုးပွားအောင် မလုပ်တတ်ကြသူတွေက ၇၆ရက်အတွင်း ဒေါ်လာသန်းပေါင်း ၉သောင်း၃ထောင်ကို ခိုးသွားခဲ့တာက သူတို့ရဲ့ အဓိကအရည်အချင်းက ဘာဆိုတာကို ပြနေတာပါပဲ။ ကြည်ညိုသူတွေကလည်း ဇွတ်ကို အကြောင်းရှာ ဖာထေးပြီး ဆက်လက်ကြည်ညိုနေကြဦးမှာပါ။

ဘိုင်ဒန်ကင်ဆာရှိတာကို ဖုံးဖိထားတဲ့သူတွေထဲက ဘိုင်ဒန်ဟာ သတိ ဦးနှောက်ကအစ အကုန်ကောင်း ပါတယ်လို့ ကြေငြာခဲ့တဲ့ အိမ်ဖြူဆရာဝန် Dr. Kevin O’Connor ကို လွှတ်တော်မှာ ခေါ်စစ်ဖို့ စီစဥ်နေပါတယ်။ ဒီဆရာဝန်က ဘိုင်ဒန်မိသားစုနဲ့ ၁၀နှစ်ကျော် ရင်းနှီးမှုရှိခဲ့ပြီး ဘိုင်ဒန်မိသားစု ခြစားမှု အရှုပ်တော်ပုံတွေမှာ လာဘ်ရယူသူတဦးဖြစ်တဲ့ ဂျိုးရဲ့ညီ ဂျိမ်းစ်နဲ့ ကျေးလက်ဆေးရုံ chain venture မှာ တူတူတွဲလုပ်နေကြတာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကို SEC နဲ့ တရားရေးဌာနက လိမ်ငြာမှုတွေနဲ့ စွပ်စွဲခံရပြီးနောက် ဒေဝါလီခံသွားပြီဖြစ်ပါတယ်။ ထိုဆရာဝန်အပြင် ဘိုင်ဒန်လက်ထက် အိမ်ဖြူ ဝန်ထမ်းတွေဖြစ်တဲ့ Neera Tanden, Anthony Bernal, Annie Tomasini, Ashley Williams တို့ကို ဘိုင်ဒန့်ကျန်းမာရေးအခြေအနေကို ဖုံးဖိထားမှုနဲ့ ပါဒန်ပေးဖို့ အော်တိုပန်သုံးခဲ့မှုတွေအတွက် စစ်ဆေးဖို့ ဆင့်ခေါ်ထားပါတယ်။

ဘယ်လိုကြည့်လို့မှ သတိမကောင်း၊ ကျန်းမာရေး မကောင်း၊ စကားတောင် ဖြောင့်အောင်မပြောနိုင်တဲ့ သူကို မဲခိုးတင်၊ ဗန်းပြပြီး အော်တိုပန်နဲ့ အမိန့်တွေထုတ်၊ ပါဒန်တွေပေးနေကြသူတွေထဲမှာ ဂျိုးမိန်းမ ဂျေလ်၊ ကလင်တန်လက်ထက်ထဲက ဂျိုးတို့နဲ့ မိသားစုလိုက် ရင်းနှီးနေတဲ့ ဘိုင်ဒန့်အကြံပေး Steve Ricchetti ၊ chief of staff Ron Klain, အကြီးတန်းအကြံပေး Anita Dunn, အိုဘမရဲ့ အိမ်ဖြူ အတိုင်ပင်ခံ Bob Bauer တို့ အဓိကပါဝင်ကြောင်း အတွင်းလူတဦးက DoJ Pardon Attorney Ed Martin ကို ဖွင့်ချသွားပါတယ်။ Steve Ricchetti ရဲ့ညီ Jeff က လော်ဘီလုပ်တာကနေ ဘိုင်ဒန်တက်တဲ့ ၂၀၂၁ ဇန္နဝါရီကနေ ၂၀၂၃ စက်တင်ဘာကြား ၈.၃သန်း ရသွားပါတယ်။ အရင် ထရမ့်လက်ထက်တုန်းက ၂သန်းလောက်ဝင်တာနဲ့ဆိုရင် ၄ဆလောက် တက်သွားခဲ့တာပါ။ Jeff က အမေရိကန်က အကြီးဆုံးကား ကုမ္ပဏီတခု၊ ကျန်းမာရေးနဲ့ ဆေးဝါးကုမ္ပဏီတွေအပြင် အမေဇုံတို့ကို လော်ဘီလုပ်ပေးရတာပါ။ လော်ဘီရဲ့ အကို Steve က အစိုးရအဖွဲ့မှာ အရေးပါသူဖြစ်နေတာက ကျင့်ဝတ်အရ မဖြစ်သင့်တာပါ။

အဲဒီလို ကိုယ်ကျိုးရှာတဲ့ ဘိုင်ဒန်အစိုးရကို ၂၀၂၁ ဖေဖေါ်ဝါရီ ၂၈မှာ အစ္စရေးကျန်းမာရေးအရာရှိတွေက ဖိုင်ဇာကဗကကဆ ထိုးထားတဲ့သူ အထူးသဖြင့် လူငယ်တွေမှာ နှလုံးကြွက်သားယောင်တာ (ရုတ်တရက်သေဆုံးတာ) တွေ အများကြီး တွေ့ရကြောင်း CDC ကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီနှစ် ဧပြီ ၁၂ရက်မှာ DoDက သမားတော် တဦးက CDC နဲ့ FDA အရာရှိတွေဆီကို နှလုံးနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေကို မိုနီတာလုပ်လို့ မရနေတာအပေါ် စိုးရိမ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။ အဲဒီမှာ CDC အရာရှိတွေက အစ္စရေးနဲ့ ကာဝန်အရာရှိတွေ ပြောကြားခဲ့ကြတာတွေအေပါ် ဆွေးနွေးခဲ့ကြပြီး အစိုးရကို တင်ပြခဲ့ပေမယ့် အစိုးရက ဘာမှမလုပ်ဖို့ပဲ တုန့်ပြန်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ဧပြီလကုန်မှာ ကဗကကဆဆေးထိုးပြီး ရက်၃၀အတွင်း လူ ၃ထောင်လောက် သေခဲ့ပြီး အဲဒီထဲကတဝက်နီးပါးက ဆေးထိုးပြီးတဲ့နေ့၊ နောက်တရက်နှစ်ရက်အတွင်း သေဆုံးကြတာဖြစ်ပါတယ်။

ဘိုင်ဒန်ခြစားတာ ဆက်ရရင် မသင်္ကာစရာကောင်းတဲ့ ဒေတာ transmission တွေ၊ cyberattack တွေ ပြုလုပ်ခဲ့တဲ့ PAX Global Technology ဆိုတဲ့ တရုပ်နည်းပညာကုမ္ပဏီကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ အဲဒီကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုမှာ တရုပ်ငွေရှင်ကြေးရှင်တဦးဖြစ်တဲ့ Che Feng နဲ့ ပတ်သက်နေပြီး အဲဒီလူက ဟန်းတားနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေသူဖြစ်နေပါတယ်။ အဲဒီလို ရိုက်စားခွင်တွေ ရှိနေလို့ သတိမကောင်း ကင်ဆာဖြစ်နေတဲ့ဖခင်/ခင်ပွန်းကို အနားမပေးပဲ အသုံးချနေတာ လူ့ကျင့်ဝတ်အရ မဖြစ်သင့်သလို ပြည်သူကိုလိမ်၊ တိုင်းပြည်ကို သစ္စာဖောက်တာဖြစ်လို့ ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။

မက်ဒီကိတ်မှာ တရားမဝင်နေထိုင်သူ ၁.၄သန်းရှိနေပြီး အလုပ်လုပ်နိုင်ပေမယ့် မလုပ်နေသူ ၄.၈သန်း ရှိနေပါတယ်။ အဲဒါဟာ မဖြစ်သင့်တဲ့အတွက် အဲဒါတွေကို ပယ်ရှားလိုက်မှ တကယ်ရသင့်တဲ့သူတွေ အတွက် လုံလောက်တဲ့ဘတ်ဂျက်ကျန်မှာဖြစ်ပါတယ်။ ကာလီဖိုးနီးယားမှာ ခိုးဝင်တွေကို ပေးနေတဲ့ Medi-Cal လို့ခေါ်တဲ့ မက်ဒီကိတ်ကြောင့် ဘတ်ဂျက်လိုငွေပြမှု ၁၂ဘီလီယံဖြစ်သွားတဲ့အတွက် တရားမဝင်နေထိုင်သူတွေကို မက်ဒီကိတ်မပေးတော့ဖို့နဲ့ လက်ရှိခံစားခွင့်ရှိနေသူတွေကို လစဥ်ကြေး ပေးဖို့ ပြောနေပါပြီ။ ပိုက်ဆံပေးစရာမလိုတော့ ဘာလေးပဲဖြစ်ဖြစ် သူတို့က ရှေ့ကဆိုတော့ တကယ်လိုအပ်တဲ့သူတွေအတွက် ကြန့်ကြာမှုတွေ ဖြစ်သလို မရှိမရှား အခွန်ထမ်းပြည်သူ အများစု အတွက် တရားမျှတမှု လုံးဝမရှိသလို ဖြစ်နေတာပါ။

DoGE က မက်ဒီကိတ်အသုံးစားရိတ်ရဲ့ ၁၄ဘီလီယံဟာ လိမ်/လေလွင့်/မတရားရယူနေတာတွေ ဖြစ်နေတယ်လို့ တွေ့ရှိထားပါတယ်။ လူတဦးက ပြည်နယ်တခုကနေ နောက်ပြည်နယ်တခုကို ပြောင်းသွားရင် အရင်နေခဲ့တဲ့ပြည်နယ်ကလည်း အဲဒီလူအတွက် ဆက်လက်ဘတ်ဂျက်တင် ထုတ်စားနေတယ်လို့ ဆိုပါတယ်။ မက်ဒီကဲက ၆၅နှစ်အထက်တွေ၊ မစွမ်းမသန်တွေအတွက်ဖြစ်ပြီး မက်ဒီကိတ်က ဝင်ငွေနည်းသူတွေအတွက် ဖြစ်ပါတယ်။ တချို့က မက်ဒီကိတ်ရဖို့အတွက် ဝင်ငွေသတ်မှတ်ချက်တွင်း အကျုံးဝင်ဖို့အတွက် အလုပ်လျော့လုပ်တာ၊ အလုပ်မလုပ်တာ၊ ​ငွေသားနဲ့ အခွန်မဆောင်ပဲလုပ်တာ စတာတွေ လုပ်ကြပါတယ်။ လာမယ့်နှစ်မှာတော့ အသက် ၆၅နှစ်အောက် ကျန်းမာသူတွေဟာ သူတို့အလုပ်လုပ်ကြောင်း၊ (သို့) လုပ်အားပေးလုပ်ကြောင်း (သို့) ကျောင်းတက်နေကြောင်း ပြသနိုင်မှ မက်ဒီကိတ်ရနိုင်မယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ အာကန်ဆောပြည်နယ်တခုပဲ အလုပ်ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်ထားရှိပြီး အလုပ်မလုပ်ရင် မက်ဒီကိတ်ရမှာ မဟုတ်ပါဘူး။

ဟားဗတ်က သူ့ရဲ့ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ တရုပ်ရဲ့ ပေးကမ်းမှုတွေအပေါ် ထရမ့်အစိုးရရဲ့ ပေါ်လစီတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် အလျော့မပေးတဲ့အတွက် ထရမ့်အစိုးရက တဆင့်ထက် တဆင့် ကြပ်လာခဲ့တာမှာ အခုဆို နိုင်ငံသားကျောင်းသားတွေကို ဗီဇာမပေးတော့ဘူးလို့ ကြေငြာ လိုက်ပါတယ်။ ဟားဗတ်ကျောင်းသားတွေရဲ့ ၂၇% ဖြစ်တဲ့ ၆၈၀၀လောက်က နိုင်ငံခြားကျောင်းသားတွေ ဖြစ်တဲ့အတွက် သက်ရောက်မှုက ကြီးမှာဖြစ်ပါတယ်။ နိုင်ငံခြားကျောင်းသားတွေရဲ့ ၄၀%ခန့်က တရုပ်ပြည်က ဖြစ်ပြီး ထရမ့်က ဟားဗတ်လို ထိပ်တန်းတက္ကသိုလ်တွေအနေနဲ့ နိုင်ငံသားတွေကို ပိုလက်ခံစေချင်တယ်လို့ ဆိုပါတယ်။

တခြားထိပ်တန်းကျောင်းကြီးတွေက လက်ရှိ အစိုးရရဲ့ ပေါ်လစီတွေနဲ့အညီ လိုက်လျောခဲ့တဲ့အတွက် ဂရန့်တွေပြန်ရသလို အရေးယူခံရတာမျိုးမှ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ဟားဗတ်ကတော့ မလျော့တဲ့အပြင် တရားတောင်ပြန်စွဲလိုက်သေးတာဆိုတော့ မလျော့မချင်း တဆင့်ချင်း ထပ်ကြပ်ဖို့ လုပ်လာမယ် ထင်ပါတယ်။ ဟားဗတ်အတွက်ဂရန့် ၃ ဘီလီယံကို ပြည်တွင်းက အသက်မွေးဝမ်းကျောင်းပညာ သင်ကျောင်းတွေမှာ အသုံးပြုသွားဖို့ စဥ်းစားနေပါတယ်။

တောင်ဆူဒန်ကို ပို့ဖို့ အမိန့်ချခံထားရပြီး လောလောဆယ် အာဖရိကက ဂျဘူတီနိုင်ငံက အမေရိကန် စစ်စခန်းကို ပို့ဆောင်ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂ဦးအပါအဝင် ပေါင်း ၈ဦးကို တောင်ဆူဒန်ကို ပို့ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းတွေထဲက တချို့က နှစ်နိုင်ငံ ပြန်ပို့/လက်ခံ သဘောတူညီမှု လက်မှတ် ထိုးထားခြင်းမရှိတာရယ်၊ ဆိုးရွားလှတဲ့ပြစ်မှုတွေ ကျူးလွန်ထားသူတွေ အနေနဲ့ အမေရိကန်တွေကို လုံးဝ ရန်မပြုနိုင်တဲ့နေရာဖြစ်တာရယ်၊ သူတို့ကို တောင်ဆူဒန်ကို ပို့ဖို့ အမိန့်ချတုန်းက သူတို့က ကြောက်ရွံ့ကြောင်း မပြောကြားခဲ့တာတွေရယ်ကြောင့်လို့ ဆိုပါတယ်။ သူတို့ရဲ့ အခွင့်အရေးကို ဦးစားပေးတောင်းဆိုနေကြသူတွေအနေနဲ့ သူတို့ကျူးလွန်တာ ခံစားခဲ့ရသူတွေမှာ ဘာအခွင့်အရေး၊ ဘာရွေးချယ်ပိုင်ခွင့်မှ မရှိခဲ့တာကို သတိပြုဖို့လိုပါတယ်။  

Leave a comment