တက်စ်လာက ကာလီဖိုးနီးယားမှာ robotaxi service ပေးနိုင်ဖို့ လိုအပ်တဲ့ the transportation charter-party carrier permit ကို နိုဝင်ဘာတုန်းက လျောက်ထားခဲ့တာ California Public Utilities Commission က ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီပါမစ်နဲ့ တက်စ်လာက သူတို့ကားတွေကို Airbnb နဲ့ Uber ပေါင်းထားသလိုမျိုး app ကနေ လူတွေက ခေါ်ယူစီးနင်းနိုင်မှာ ဖြစ်ပါတယ်။ Uber လိုပဲ တချို့ကို Tesla ကပိုင်မှာဖြစ်ပြီး Airbnb လို ကိုယ်ပိုင်ကားတွေကို အငှားချထားနိုင်မယ့်သဘော ဖြစ်ပါတယ်။ တက်စ်လာကားပိုင်ရှင် တွေက သူတို့အသုံးမပြုတဲ့အချိန်မှာ သူတို့ကားတွေကို အဲဒီ app ကိုသုံးပြီး ငှားရမ်းခြင်းဖြင့် ဝင်ငွေရှာနိုင်သလို ကိုယ်အသုံးလိုတဲ့ အချိန်မှာ သူတို့ရဲ့ tesla app ကနေ ပြန်လာဖို့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်သွားရင် လစဥ်အရစ်ကျပေးရတဲ့ကုန်ကျစားရိတ်ကို ကာမိနိုင်တဲ့အပြင် အမြတ်တောင် ထွက်နိုင်သေးတယ်လို့ ဆိုပါတယ်။
အဆိုပါ service ကို ကာလီဖိုးနီးယားနဲ့ တက္ကဆက်စ်မှာ ဒီနှစ်ထဲ စပေးဖို့ စီစဥ်ထားတာမှာ ကာလီဖိုးနီးယားက ခွင့်ပြုလိုက်ပြီဖြစ်သလို တက္ကဆက်စ်မှာတော့ ဇွန်လ ၁၂ရက်နေ့ စမှာပါ။ ကာလီဖိုးနီးယားထက် ဥပဒေအကန့်အသတ်တွေ ပိုနည်းတဲ့ တက္ကဆက်စ်ပြည်နယ် အော်စတင်မြို့မှာ မောင်းသူမဲ့ တက်စ်လာကားတွေ စမ်းသပ်နေတာ ရက်အတန်ရသွားပြီဖြစ်ပြီး ဘာထိခိုက်မှုမှ မရှိသေးဘူးလို့ ဆိုပါတယ်။ ဇွန်လမှာ robotaxi ကို ဆယ်စီးလောက်က စပြီး လအနည်းငယ်အတွင်း ၁ထောင်လောက်အထိ တိုးသွားမှာဖြစ်ပါတယ်။
တက်စ်လာက လောလောဆယ် supervised FSD ပဲလုပ်ခွင့်ရသေးပေမယ့် မဝေးတော့တဲ့အနာဂတ်မှာ fully autonomous ဖြစ်လာရင် Robotaxi ထဲ ကိုယ့်ကားကို ထည့်ထားပြီး ကိုယ်မသုံးတဲ့အချိန် ကားငှားမယ့်သူပေါ်လာတဲ့အခါ ကားက သူ့ဖာသာသူ သွားပြီး ငှားသူသွားချင်တဲ့ နေရာကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ကိုယ့်ကားပြန်လာဖို့ သတ်မှတ်ထားတဲ့ အချိန်မှာ သူ့ဖာသာသူ ပြန်လာမှာဖြစ်ပြီး ကိုယ့်ကလေးကျောင်းကြိုတာမျိုး၊ မိသားစုဝင်တဦးဦးကို သွားကြိုဖို့လိုတာမျိုးတွေ အတွက်လည်း လွှတ်ကြိုခိုင်းလို့ရမှာဖြစ်တဲ့အတွက် အချိန်ကုန် ငွေကုန်သက်သာ အဆင်ပြေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ တနေရာရာသွားလို့ ကားအဝေးမှာရပ်ခဲ့ရတာမျိုးဆိုရင်လည်း ကားဆီ သွားမနေနိုင်ရင် ကားကို ကိုယ့်ဆီလာဖို့ လှမ်းခေါ်လို့လည်း ရပါတယ်။ တက်စ်လာကား မှာထားသူတွေ ကိုလည်း အိမ်အရောက် ကားကသူ့ဖာသူမောင်းလာပြီး ပို့ပေးဦးမှာပါတဲ့။
Robotaxi ဖြစ်ဖြစ် FSD ဖြစ်ဖြစ် မသိတဲ့သူတွေ မီဒီညာလှန့်လုံးတွေကြောင့် လုံခြုံစိတ်ချရမှုအပေါ် ကြောင့်ကြမှုရှိနေကြသူများ Nvidia ထူထောင်သူ Jensen Huang ပြောထားတာကို နားထောင်ကြည့် စေချင်ပါတယ်။ ဂျန်ဆန်က လူကမောင်းရင် ပင်ပန်းတာ၊ အိပ်ငိုက်တာ၊ အာရုံထွေပြားတာ စတာတွေကြောင့် အန္တရာယ်ရှိနိုင်ပေမယ့် ကွန်ပြူတာက အဲဒါမျိုးတွေမရှိတော့ လူမောင်းတာထက် အများကြီး စိတ်ပိုချရပါတယ်လို့ ဆိုပါတယ်။ စမ်းသပ်ကြတဲ့သူတွေထဲမှာ အသက်ကြီးလို့ ကားသိပ်မမောင်းနိုင်တော့တဲ့သူတွေ၊ ကိုယ်ခန္ဓာသန်စွမ်းမှု အကန့်အသတ်ရှိသူတွေကအစ သိပ်အခက်အခဲမရှိပဲ မောင်းနိုင်ကြတာဖြစ်လို့ လူငှားစရာမလိုပဲ သူတို့တွေရဲ့ ဘဝနေထိုင်မှု အဆင်ပြေ ချောမွေ့လာနိုင်တာတွေကိုလည်း တွေ့ရပါတယ်။
လွန်ခဲ့တဲ့ ၄-၅နှစ် FSD ပေါ်ခါစလောက်က ပုံတွေနဲ့ လေ့ကျင့်ပေးရတာဖြစ်လို့ ကားက သူသိထားတဲ့ပုံနဲ့ သိပ်မတူတာမျိုး၊ မတွေ့ဖူးတာမျိုးဆိုရင် မလုပ်တတ်တော့တာတွေ ရှိပါတယ်။ တဖြည်းဖြည်းနဲ့ chips တွေ၊ AI တွေရဲ့ စွမ်းဆောင်ရည်မြင့်လာတာနဲ့အမျှ FSD ဖြစ်လာဖို့ကို အင်မတန် အားကောင်းတဲ့ ကွန်ပြူတာ ၃လုံးနဲ့ အခြေအနေပေါင်းစုံ ဖန်တီးပေးပြီး လေ့ကျင့်ပေးထားတာဖြစ်လို့ ယာဥ်ကြော အများကြီးထဲမှာ ယာဥ်စီးရေနဲတဲ့လမ်းကြောကို ယူတာမျိုးအထိ လုပ်တတ်နေပါပြီ။ အခုမရသေးတဲ့ (သို့) တိုးတက်ဖို့လိုသေးတာရှိရင်လည်း software update လုပ်ပြီးရင် စွမ်းဆောင်ရည်က တခါထက်တခါ သိသိသာသာ တက်သွားပါတယ်။
ဒါ့အပြင် ၂၀၂၁က ရေးတဲ့ထဲမှာ မပါသွားတာက တက်စ်လာကားတွေမှာ steering wheel ပေါ်က ဘုလေးကနေ voice command ပေးလို့ရတဲ့အတွက် ကားမောင်းနေရင်း တခုခုလုပ်ချင်တယ်ဆိုရင် အဆင်ပြေပါတယ်။ feature တွေပိုများတဲ့ FSD 13 ကိုတော့ 2025နောက်ပိုင်းမော်ဒယ်တွေမှာသုံးတဲ့ Hardware 4 မှာမှ ရနိုင်ပြီး အရင်ကားတွေက Hardware 3 ဖြစ်တဲ့အတွက် FSD 12 ရသော်ငြားလည်း 13 လောက် မညက်ညောဘူးလို့ ဆိုပါတယ်။
Alphabet ရဲ့ Waymo ကားတွေနဲ့ကွာတာက တက်စ်လာက ကင်မရာတွေအကူအညီအဓိကနဲ့ မောင်းတာဖြစ်ပြီး Waymo က ဆင်တာတွေ ရေဒါတွေနဲ့မောင်းတာ ဖြစ်ပါတယ်။ အမြန်လမ်းတွေမှာ ဝေးမိုက အစမ်းသဘော ဝန်ထမ်းတွေလောက်ပဲ သွားနိုင်သေးပေမယ့် Tesla FSD က ကောင်းကောင်းသွားနိုင်နေပါပြီ။ တက်စ်လာက အိမ်သုံးကားနဲ့ ဘယ်လမ်းမှာမဆို မောင်းလို့ရပေမယ့် ဝေးမိုက အထူးသီးသန့်ထုတ်လုပ်ရတာရယ်၊ ဆင်ဆာရှိတဲ့နေရာတွေပဲ မောင်းလို့ရတာရယ်ကြောင့် အကန့်အသတ်များသလို စားရိတ်လည်း အများကြီးပိုကြီးပါတယ်။
အီလွန်ကို မုန်းတီးတဲ့သူတွေက EV မီးလောင်တဲ့သတင်းတွေကို ဦးစားပေးဖော်ပြနေပေမယ့် တကယ့်နံပါတ်တွေအရ အင်ဂျင်ကား တသိန်းမှာ မီးလောင်မှု ၁၅၃၀ဖြစ်တာနဲ့ယှဥ်ရင် EV တသိန်းမှာမှ မီးလောင်တာ ၂၅ခုလောက်ဖြစ်တာပါ။ ရိုးရိုးကားမီးလောင်တာက လူစိတ်ဝင်စားတဲ့ သတင်း မဟုတ်တော့လို့ မတင်ကြလို့ မသိကြတာပါ။ EV တွေက လောင်ရင်ကြာတတ်ပေမယ့် လောင်ဖို့ခက်အောင်လုပ်ထားတဲ့ လုံခြုံရေးစနစ်တွေရယ်၊ ဓါတ်ဆီ/ဓါတ်ငွေ့ရည်လို လောင်စာမပါတာရယ်၊ ကားတွေက ပိုသစ်တာရယ်ကြောင့် မီးလောင်နိုင်ခြေ နည်းတာဖြစ်ပါတယ်။ လုံခြုံသလားဆိုတဲ့ အကောင်းဆုံးမှတ်ကျောက်ကတော့ အာမခံကြေးပါပဲ။ တက်စ်လာအသစ်တွေက အာမခံကြေး အများကြီး သက်သာတယ်လို့ ဆိုကြပါတယ်။
လက်ရှိတက်စ်လာပိုင်ရှင်များ ကားသစ်နဲ့လဲချင်/ ထပ်ဝယ်ချင်တယ်ဆိုရင် bonus ပေးဦးမှာဖြစ်သလို ၂၀၂၆ မော်ဒယ် 3 ဝယ်ရင် 0 APR မော်ဒယ် Y ဝယ်ရင် 1.99 APR စတဲ့ အင်မတန်သက်သာတဲ့ အတိုးနှုန်းတွေနဲ့ ဇွန်လ ၁၆ရက်အထိ ငွေချေးပေးနေပါတယ်။ Federal Tax Credit ကလည်း EV ကားသစ် ၇၅၀၀ ကားဟောင်း ၄၀၀၀ အထိ ပြန်ရနိုင်ပါသေးတယ်။ လက်ရှိတက်စ်လာပိုင်ပြီး FSD မရှိသေးသူများလည်း Tesla အရောင်းဌာနတွေကိုဆက်သွယ်ပြီး လပိုင်းအစမ်းပေးသုံးလို့ရမလား မေးကြည့်ကြစေချင်ပါတယ်။ ပေးနေတယ်လည်း ကြားပါတယ်။ ဝယ်ဖို့ ဆုံးဖြတ်သူများ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင်မက်ဆင်ဂျာမှာ referral link လာယူပါ။