ဇွန်လ ၃ ရက် ၂၀၂၅

Bureau of Economic Analysis ရဲ့နံပါတ်တွေအရ အမေရိကန်တွေရဲ့ ဝင်ငွေဟာ ဧပြီလမှာ ၀.၈% (သို့) ၂၁၀.၁ဘီလီယံ တက်ခဲ့ပြီး ၂၅.၈၅၈ထရီလီယံကို ရောက်သွားခဲ့ပါတယ်။ မတ်လတုန်းက ၀.၇% တက်ခဲ့တာကနေ ထပ်တက်တာပါ။ ဒီနှစ်ဧပြီမှာတက်တဲ့ ၀.၈% က တလထက်တလ တက်တဲ့ထဲမှာ ၂၀၂၁ မေနောက်ပိုင်း အမြင့်ဆုံးဖြစ်သလို အများခန့်မှန်းကြတဲ့ ၀.၃% ထက်လည်း အများကြီး မြင့်နေပါတယ်။ Disposable income ကလည်း ၁၈၉.၄ ဘီလီယံနဲ့ ၀.၈% တက်ခဲ့ပြီး တကိုယ်ရည် စုဆောင်းငွေတွေက ၄.၉%နဲ့ တနှစ်အတွင်း အမြင့်ဆုံးအဖြစ် ရောက်ရှိသွားပါတယ်။ လုပ်ခလစာ ပေးချေမှုတွေ ၀.၅% တက်သွားတဲ့ထဲမှာ ကုန်ထုတ်ကဏ္ဍက လုပ်ခလစာတွေ ၃.၁ ကျဆင်းသွားပေမယ့် ဝန်ဆောင်မှုကဏ္ဍမှာ ၅၃.၁ဘီလီယံ တက်လာပါတယ်။

ဟားဗတ်နဲ့ တရုပ်ဆက်နွယ်မှုမှာ ဟားဗတ်ရဲ့ Kennedy School of Government ကလည်း အရေးပါ ပါတယ်။ တရုပ်စီစီပီရဲ့ ပါတီကေဒါတွေ ဒီကျောင်းမှာလာတက်ရင်း အမေရိကန်အပြင် ကမ္ဘာ့မှာ ခေါင်းဆောင်မှုနေရာကို ယူလာကြမယ့်သူတွေနဲ့ ရင်းနှီးမှုစတင်နိုင်တဲ့အတွက် စီစီပီရဲ့ အသည်းစွဲ ဖြစ်နေပါတယ်။ ထောင်ချီတဲ့ စီစီပီရဲ့ အလယ်အလတ်အရာရှိတွေ၊ ရာထူးကြီးဗျူရိုကရက်တွေဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်တွေမှာ ဟားဗတ်ကို ပညာသင်လာရောက်ခဲ့ကြပါတယ်။ ဟားဗတ်အပြင် Syracuse, Stanford, the Uni of Maryland, Rutgers စတဲ့ အမေရိကန်တက္ကသိုလ်တွေ၊ ဂျပန်၊ ယူကေနဲ့ စင်္ကာပူ (အထူးသဖြင့် နန်ရန်း)တက္ကသိုလ်တွေကလည်း တရုပ်အရာရှိတွေကို သင်တန်းပေးခဲ့ကြပါတယ်။

ဒီလိုသင်တန်းတွေတက်ဖို့ တရုပ်ခေါင်းဆောင်တွေက ဘတ်ဂျက်အများကြီးသုံးပါတယ်။ ဒါဟာ ပညာရဖို့သက်သက်မဟုတ်ပဲ ထိပ်တန်းကျောင်းတွေက ပါမောက္ခတွေ၊ သုတေသီတွေဟာ အစိုးရရဲ့ သုတေသန ကန်ထရိုက်တွေကို လုပ်ရလေ့ရှိတာအပြင် စီးပွားရေး၊ နိုင်ငံရေးအပါအဝင် ကဏ္ဍမျိုးစုံမှာ ထိပ်ပိုင်းရောက်လာနိုင်တဲ့သူတွေကို စီစီပီရဲ့ asset တွေဖြစ်လာအောင် စည်းရုံးဖို့အတွက်ပါ ပါပါတယ်။ အမေရိကန်က တရုပ်ကျောင်းသားတွေရဲ့ ၁၃% က တရုပ်အစိုးရအတွက် သတင်းပေး/ ဆဲလ်တွေ အနေနဲ့ လုပ်ပေးနေကြတယ်လို့လည်း သိရပါတယ်။ ထရမ့်အစိုးရက တရုပ်ကျောင်းသားတွေကို နောက်ကြောင်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံခြားကျောင်းသားကို ၁၅%အထိပဲ လက်ခံဖို့ အကြံပြုထားပါတယ်။

ပြည်သူရဲ့ အဆင့်မြင့်ပညာရေးအပေါ် ယုံကြည်မှုဟာ လွန်ခဲ့တဲ့ ၁၀နှစ်က ၅၇% ရှိခဲ့ရာက ၂၀၂၄မှာ ၃၆%ကို ကျဆင်းသွားခဲ့ကြောင်း၊ တက္ကသိုလ်တွေမှာ လစ်ဗြဲအိုင်ဒီယာတွေ ဝင်နေသလားဆိုတဲ့ အပေါ်မှာ ပြည်သူ ၄၅% က ဝင်နေတယ်လို့သဘောတူကြပြီး ၂၄% ကပဲ သဘောကွဲကြတာပါ။ နဲ့ ဟားဗတ်လိုတက္ကသိုလ်တွေနဲ့ ထရမ့်အစိုးရဖြစ်တဲ့ပြဿနာမှာ ပြည်သူက ထရမ့်ဘက်မှာ ရှိနေကြောင်း CNN Data Analyst Harry Enten က ဆိုပါတယ်။

မတ်လတုန်းက ကိုလံဘီယာတက္ကသိုလ်က ကျောင်းသားအားလုံးလုံခြုံရေးအတွက် မျက်နှာဖုံးတွေကို တားမြစ်တာ၊ သောင်းကျန်းလာတဲ့ ဂျူးဆန့်ကျင်ရေးဆန္ဒပြသူတွေကို ဖမ်းဆီးတာ၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှ၊ အာဖရိကနဲ့ ပါလက်စ်တိုင်းလေ့လာရေးဌာနတွေမှာ ခေါင်းဆောင်သစ်တွေခန့်ပြီး သင်ရိုးတွေကို ပြန်စီစစ်တာ စတဲ့ ထရမ့်အစိုးရတောင်းဆိုတာတွေကို လုပ်ပေးခဲ့တဲ့အတွက် သန်း၄၀၀ပြန်ရခဲ့ပါတယ်။ ထရမ့်အစိုးရက ကျောင်းတွေလုံခြုံရေးအတွက် ဂျူးဆန့်ကျင်ရေးနဲ့ သောင်းကျန်းပြသူတွေကို ငွေမပေးပဲ အညှာကိုင်ခဲ့သလို အိုဘမက Title IX နဲ့ တက္ကသိုလ်တွေမှာ မွေးရာပါလိင် မဟုတ်ပဲ ပါးစပ်ကပြောရုံနဲ့ ပြောတဲ့အတိုင်း အတည်ယူစေဖို့၊ မိန်းမအဆောင်/ အိမ်သာ ရေချိုးခန်းတွေ အားကစားပွဲတွေမှာ ပါးစပ်ပြောနဲ့တင် ပါဝင်စေဖို့ အဲဒီလိုလုပ်မှ ပိုက်ဆံပေးမယ်လို့ အကြပ်ကိုင်ခဲ့တာပါ။ အကြပ်ကိုင်တာတူပေမယ့် ရည်ရွယ်ချက်ချင်း ကွာတာ မြင်ကြဖို့လိုပါတယ်။

ကာလီဖိုးနီးယားလွှတ်တော်က Assembly Bill 930 ကို ၅၉-၁၆နဲ့ အတည်ပြုလိုက်ပါတယ်။ ဆီးနိတ်ကလည်း ဒီမိုကရက်ကြီးစိုးတာဖြစ်လို့ အတည်ပြုဦးမှာပါပဲ။ အဲဒီ bill က တရားမဝင် နေထိုင်သူတွေပါဝင်တဲ့ နိုင်ငံသားမဟုတ်သူတွေကို မဲပြန်ရေတဲ့ဘုတ်ထဲ တရားဝင်ပါဝင်ခွင့်ရစေမှာ ဖြစ်ပါတယ်။ ဒီမိုကရက်တွေက ထုံးစံအတိုင်း မဟုတ်ပါဘူးလို့ လိမ်ပေမယ့် amendment ပြင်ဆင်ချက်ထဲမှာ ကောင်တီတွင်းက မဲပေးသူတွေ “voters of the county” ဆိုတဲ့ စကားရပ်ကို “individuals” တွေလို့ အစားထိုး ပြောင်းပစ်ခဲ့တာက မိုးခဲဖို့ကြိုပြင်တာမဟုတ်ပါဘူးလို့ ငြင်းဖို့မဖြစ်နိုင်အောင်ပါပဲ။ Individuals လို့ ဆိုရာမှာ ဘာသတ်မှတ်ချက်မှ မရှိတဲ့အတွက် နိုင်ငံသားမဟုတ်သူတွေ၊ ခိုးဝင်တွေ၊ ရာဇဝတ်ကောင်တွေ၊ အကုန်အကျုံးဝင်နိုင်တာဖြစ်ပါတယ်။

အဲဒီမတိုင်ခင်လေးမှာ နျူဆမ်က ကာလီဖိုးနီးယားကို သတင်းမှားတွေကို ပြန်ဖိုက်ဖို့ဆိုပြီး ဖက်ချက်ကင်းဝက်ဘ်ဆိုက်ကို စတင်လိုက်ပါတယ်။ ကာလီဖိုးနီးယားဖက်စ်ဒေါ့ကွမ်းဝက်ဘ်ဆိုက်ကို ကမ်ပိန်းဖော်ဒီမိုခရေဇီပက်ခ်က အကုန်အကျခံတာဖြစ်ပါတယ်။ ထရမ့်အစိုးရက ဘန်းထားတဲ့ မွေးရာပါကျားတွေ မ အားကစားပွဲတွေမှာ ဝင်ပြိုင်ခွင့်မပြုဖို့ကို ကာလီဖိုးနီးယားက မနာခံပဲ ဆက်လုပ်နေတာနဲ့ပတ်သက်ပြီး နျူဆမ်ကို အင်တာဗျူးတာမှာ နျူဆမ်က “ဒါက သိပ်မတရားဘူးလို့ ပြောရင်လည်းရပါတယ်၊ ဒါပေမယ့်တဖက်မှာလည်း အဲဒီထရန်စ်တွေကို အဲဒီလိုမှ ခွင့်မပြုပေးရင် စိတ်ဆင်းရဲပြီး သတ်သေတာတွေဖြစ်မှာလည်း စိုးရတယ်လေ”လို့ ဖြေပါတယ်။ နှစ်ပေါင်းများစွာ ငွေ၊ သွေး၊ ချွေး၊ မိဘတွေရဲ့ အချိန်တွေ အများကြီးအကုန်ခံပြီး လေ့ကျင့်လာရတဲ့ အမျိုးသမီးအစစ်တွေ စိတ်ဆင်းရဲတာကို ထည့်မတွက်တာကတော့ စူးရောက်တယ်ဆိုတာထက် ရန်သူသခင်တွေ စိတ်တိုင်းကျ ယုတ်ပြတာလို့ပဲ မြင်ပါတယ်။

တရုပ်ပြည်မှာတော့ ကဗဖြစ်တာတွေ ပြန်များလာလို့ ကျောင်းတွေမှာ ပိုးရှိ/မရှိ စစ်တာတွေ၊ ပိုးတွေ့တဲ့ ကျောင်းသားတွေကို ၇ရက် ကွာရန်တိင်းလုပ်တာတွေ လုပ်နေကြပါပြီ။ ကျောင်းပြန်တက်ဖို့ ဒေသန္တရကျန်းမာရေးက စာလိုပါတယ်။ အရင်လို လော့ဒေါင်းတွေ ပြန်လုပ်မှာကို ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ ဧပြီလထဲမှာ ကေ့စ်ပေါင်း ၁၆၈,၅၀၇ ဖြစ်ခဲ့ပြီး ၃၄၀က ပြင်းထန်ကာ ၉ဦး သေဆုံးကြောင်းနဲ့ တောင်ပိုင်းမှာက မြောက်ပိုင်းထက် ကူးစက်မှုပိုတယ်လို့ ဆိုပါတယ်။ သာမာန်အအေးမိတာထက် ပိုဆိုးတဲ့လက္ခဏာတွေဖြစ်ရင် လူတွေက သူတို့ကဗဖြစ်နေမှန်း သိကြပေမယ့် ယွမ် ၁၀၀ အကုန်ခံပြီး မစစ်ချင်ကြသလို အစိုးရဘက်ကလည်း လူထုကြား ထိတ်လန့်တကြားဖြစ်မှာကို မလိုလားတဲ့အတွက် အရင်လို အကြီးအကျယ်စစ်တဲ့စင်တာတွေ မထားကြတော့ပါဘူး။ ပိုးသယ်ထားတဲ့သူတွေကို တကမ္ဘာလုံးကို ခရီးများများပေးသွားတာမျိုး ထပ်မလုပ်ဖို့ မျှော်လင့်ပါတယ်။

တရုပ်ပြည်မှာ ဆိုလာပြားတွေကို စိုက်ပျိုးရေးလုပ်တဲ့ လယ်တွေ၊ ယာတွေ၊ တောင်စောင်းတွေမှာ လိုက်တပ်ထားတဲ့အတွက် ကောက်ပဲသီးနှံအထွက်နှုန်းကျသလို မြေပြင်ပေါ်ကို နေရောင် ကောင်းကောင်းမရောက်တဲ့အတွက် မြေပြင်ရဲ့ ဇီဝမျိုးကွဲတွေ ပြောင်းလည်း ပျက်စီးကုန်ပါတယ်။ အရင်က လယ်ပိုင်ရှင်ကို ဆိုလာပြားတပ်ခ ပေးခဲ့ပေမယ့် အခုဆို မရတာ ၂နှစ်လောက်တောင် ရှိနေပြီလို့ ဆိုပါတယ်။ အာဏာရှင်စနစ်မှာ မတူတဲ့အမြင်တွေကို သည်းမခံတာ၊ ပြည်သူ့အသံကို နားထောင်ဖို့ မကြိုးစားကြတာနဲ့၊ အဆင့်ဆင့် အထက်ဖားအောက်ဖိလုပ်ကြတာတွေက ပျက်စီးခြင်းလမ်းစတွေပါပဲ။

Leave a comment