ဇွန်လ ၁၄ရက် ၂၀၂၅

အီရန်နဲ့ အစ္စရေး ဖြစ်နေတဲ့စစ်မှာ ကမလာနဲ့ ဒုသမ္မတလောင်း ဝင်ပြိုင်ခဲ့တဲ့ မင်နီဆိုးတားဂါဗာနာ Tim Walz က နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးရဖို့ ကြားဝင်စေ့စပ်ပေးနိုင်မယ့်သူဟာ ကြားနေမဟုတ်တဲ့၊ ဘယ်တုန်းကမှလဲ မဟုတ်ခဲ့တဲ့ အမေရိကန်မဖြစ်နိုင်ပဲ ဘယ်သူက သမာသမတ်ကျတဲ့ ဩဇာရှိသလဲ၊ တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်သလဲဆိုရင် အဲဒါ တရုပ်ပါပဲလို့ သောက်ြာနေ့က ပြုလုပ်တဲ့ Center for American Progress မှာ ဖျင်မသွားပါတယ်။

ကနေ့လုပ်ကြံခံလိုက်ရတဲ့ မင်နီဆိုးတားက ဒီမိုကရက်အမတ် Melissa Hortman နဲ့ ခင်ပွန်းတို့ကို နေအိမ်မှာ ပစ်သတ်သွားပြီး ပြည်နယ်ဆီနိတ်တာ John Hoffman နဲ့ ဇနီးတို့ကို သူတို့ရဲ့ နေအိမ်မှာ သေနတ်ဒဏ်ရာပေါင်းများစွာနဲ့ ဆေးရုံရောက်စေခဲ့မှုတွေကို ရဲအယောင်ဆောင်ပြီး ကျူးလွန်ခဲ့သူလို့ စွပ်စွဲခံနေရတဲ့ အသက် ၅၇နှစ်ရှိ Vance Boelter ဟာ မင်နီဆိုးတားဂါဗာနာရဲ့ Workforce Development Board မှာ ဘုတ်အဖွဲ့ဝင်အဖြစ် အဆိုပါ Tim Walz ကပဲ ခန့်ထားခဲ့တာပါ။ Melissa Hortman က Tim Walz အရမ်းပေးချင်နေတဲ့ အရွယ်ရောက်ပြီး တရားမဝင်နေထိုင်သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာကို ရုပ်သိမ်းဖို့ မဲပေးခဲ့တဲ့ တဦးတည်းသော ဒီမိုကရက်အမတ် ဖြစ်ပါတယ်။ ရုပ်သိမ်းဖို့မဲက ၆၈-၆၅နဲ့ သီသီလေးနိုင်တာဆိုတော့ သူမရဲ့မဲက တော်တော် အရေးပါသလို ဖိအားလည်း ကြီးပုံရတာကို ဗီဒီယိုတခုမှာ သူမက မျက်ရည်တွေ၊ အသံတုန်တုန်နဲ့ သူမဲပေးခဲ့တဲ့အကြောင်းကို ပြောပြခဲ့တာကနေ သိနိုင်ပါတယ်။

ဧပြီတုန်းက တက်စ်လာကားတွေကို နေရာအတော်များများမှာ ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ အသက် ၃၃နှစ်ရှိ Dylan Bryan Adams ဟာလည်း မင်နီဆိုးတားပြည်နယ် Department of Human Services က fiscal policy analyst ဖြစ်နေပါတယ်။ ပြဿနာအားလုံးရဲ့ မြစ်ဖျားခံရာက Tim Walz ဖြစ်နေနိုင်တဲ့အတွက် ပြည်သူတွေက Walz ကို စစ်ဆေးဖို့ တရားရေးဌာနကို တောင်းဆိုနေကြပါပြီ။

ကနေ့တွေ့တဲ့ထဲမှာ မြန်မာတွေကို လိမ်လည်တယ်ဆိုတဲ့ အမျိုးသမီးတဦး ထရမ့်ထောက်ခံသူပါဆိုပြီး ရေးထားတာ တွေ့ပါတယ်။ အပြစ်ရှိတာ၊ မလုပ်သင့်တာကိုလုပ်ရင် ဘယ်သူ့ထောက်ခံထောက်ခံ အပြစ်က ပျောက်မသွားပါဘူး။ ယုံကြည်ချက်/ ခံယူချက်ကြောင့် ထောက်ခံတာ မဟုတ်ပဲ သူ့ကို ကာကွယ်ပေးစေချင်လို့ဆိုတဲ့ စေတနာဆိုးနဲ့ ထောက်ခံပြတာက ယုံကြည်ချက်ကြောင့် ထောက်ခံသူ အားလုံးကို စော်ကားတာပါပဲ။ ထရမ့်ကို ထောက်ခံတယ်ဆိုတဲ့ လူတွေထဲမှာ လူမျိုးစုံ ပါပါတယ်။ ပုဂ္ဂိုလ်စွဲနဲ့ ထောက်ခံသူအနည်းအကျဥ်းပါနိုင်သလို ဒီအမျိုးသမီးလိုမျိုး သူ့လုပ်ရပ်ဆိုးကို ဖုံးချင်တော့ လူထောက်ခံမှုများတဲ့သူနဲ့ အတင်းတွဲမြင်အောင် လုပ်တဲ့သူမျိုးလည်း ပါနိုင်တာပါပဲ။ အများစုကတော့ ပေါ်လစီကို ကြိုက်ကြတာပါ။ နိုင်ငံရေးလုပ်စားတဲ့လူတွေလို အာပလာ စိုးရိမ်ပြ၊ လေနဲ့ စေတနာရှိပြပြီး အိတ်ထဲ လှိမ့်ထည့်နေတာမျိုးမဟုတ်ပဲ တိုင်းပြည်ရေရှည်အကျိုးအတွက် ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ လုပ်နိုင်/လုပ်တတ်သူတဦးဖြစ်လို့လည်း ထရမ့်ကို ထောက်ခံကြတာပါ။ ထရမ့်လုပ်နေတဲ့ပေါ်လစီအများစုက ဟိုတုန်းက ဒီမိုခရက်တွေပါးစပ်က မချခဲ့တဲ့ပေါ်လစီတွေပါပဲ။ အခုသူတို့က ၁၈၀ံပြောင်းသွားပြီး ထရမ့်တဦးတည်းပဲ ပြည်သူတကယ်လိုချင်တာတွေကို အကောင်အထည်ဖော်ပေးနေတာပါ။

နောက်ပို့စ်တခုမှာလည်း အရင်ရောက်နှင့်နေကြသူတွေက နောက်လူတွေ လာမှာစိုးလို့ ထရမ့်က ဗီဇာပိတ်တာတွေကို ပျော်နေကြတယ်လို့ ပစ်စလက်ခတ် စွပ်စွဲပါတယ်။ ကိုယ့်စိတ်နဲ့နှိုင်းပြီး ပြောကြတာလို့ပဲ ထင်ပါတယ်။ မြန်မာတွေ ဗီဇာပိတ်ခံရတာကို ပျော်နေတဲ့သူ တယောက်မှ မတွေ့ဖူး မကြားဖူးပါဘူး။ ရှေ့လူက သူတို့ကို မဲပေးမယ့်သူတိုးဖို့၊ မဲဆန္ဒနယ်တိုးဖို့၊ သေချာ အကွက်ချပြီး လူတွေ မတရားတွေ သွင်းသွားတာရယ်၊ မြန်မာပြည်က ပြည်ထိုင်ခိုးတွေလိုပဲ တိုင်းပြည် ကြွေးလည်ပင်း နစ်အောင် ခိုးတာရယ်၊ မြန်မာပြည်က အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံပေးတဲ့ အဖွဲ့အစည်းတွေ၊ ပါ့စ်ပို့ထုတ်ပေးတဲ့သူတွေကို မယုံကြည်တာရယ်ဆိုတဲ့ အကြောင်းတွေကြောင့် ဖြစ်လာတဲ့အကျိုးပါပဲ။ ရှေ့က ၄နှစ်လုံး ဖျက်ဆီးသွားတဲ့ တိုင်းပြည်ကို ပြန်ကောင်းအောင် ပြုပြင်ရာမှာ အကုန်ပန်းခင်းလမ်းတော့ မဖြစ်နိုင်ပါဘူး။ ရောဂါဖြစ်လာရင် သကြားလုံးစားပြီး ပြန်ကောင်းရိုး ထုံးစံမှမရှိတာ။ အကြောင်းရင်းတွေမြင်အောင်မကြည့်ပဲ ရှင်းပြတဲ့သူတွေကို ရန်လုပ်တာက သိမ်ဖျင်းလွန်းပါတယ်။

Leave a comment