သမ္မတထရမ့်က တိုင်းပြည်ထဲကို ခိုးဝင်လာပြီး ခိုလှုံခွင့်လျောက်ထားတဲ့ ၂သိန်းခွဲခန့်ရှိတဲ့အမှုတွေကို ပလပ်လိုက်ပြီး အမြန်ဆုံးပြည်နှင်ဖို့ စီစဥ်နေပါတယ်။ ၂၀၂၃မှာ ခိုလှုံခွင့်လျောက်ထားမှု ၁.၄၅သန်းထဲက ၂၅% ဟာ တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်လာပြီး ခိုလှုံခွင့် လျောက်ထားတာ ပယ်ချခံရရင် လူဝင်မှုတရားရုံးမှာ ကြားနာစရာမလိုပဲ အမြန်ဆုံး ပြည်နှင်ခွင့် ရမှာဖြစ်ပါတယ်။ တချို့က ပယ်ချခံရတဲ့စာတွေ ရနေကြပြီလို့ ဆိုပါတယ်။ တရားဝင်လာပြီး ခိုလှုံခွင့် လျောက်ထားသူများ ဒီထဲမှာ အကျုံးမဝင်ဖို့ များပါတယ်။
အမေရိကန်မှာ TPS လျောက်ထားတဲ့ ဟေတီနိုင်ငံသား ၅သိန်းကျော်ကို ဟေတီမှာ အခြေအနေ တိုးတက်လာပြီဖြစ်လို့ ပြန်လို့ရပြီဖြစ်တဲ့အတွက် TPS ဆက်မပေးတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လက်ရှိ TPS က ဩဂုတ် ၃ရက်မှာ ကုန်မှာဖြစ်ပြီး စက်တင်ဘာ ၂ရက်နေ့ကစလို့ ဥပဒေသစ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဟေရှန်းတွေအနေနဲ့ ပြန်ရင်ပြန် (သို့) တခြားနည်းနဲ့ တရားဝင်နေခွင့်ရအောင် ကြိုးစားဖို့ ၂လအချိန် ပေးထားတာပါ။
ဆူပရင်းမ်ကုတ်က (ခိုးဝင်တွေကို ပြည်နှင်တဲ့ကိစ္စကို လိုက်တားနေတဲ့) ခရိုင်တရားသူကြီးတွေအနေနဲ့ တပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ဝင်စွက်တာဟာ အခြေခံဥပဒေနဲ့မညီဘူးလို့ ဆုံးဖြတ်ပေးလိုက်သလို နိုင်ငံတွင်းမှာမွေးတဲ့ ကလေးတိုင်း အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် ရပ်စဲတာကို အတည်ပြု လိုက်ပါတယ်။ မိဘတွေအနေနဲ့ အစိုးရကျောင်းတွေမှာ လိင်တူ/ပြောင်း/စတဲ့ကိစ္စတွေနဲ့ မှိုင်းတိုက်တာတွေမှာ ကိုယ့်ကလေးတွေကို မပါစေချင်ရင် မပါပဲနေနိုင်ဖို့ ရွေးချယ်ခွင့် ပေးလိုက်သလို ပြည်နယ်အစိုးရတွေက လိင်အသားပေးဝက်ဘ်ဆိုက်တွေမှာ အသက်ကန့်သတ်ချက်နဲ့ ညီမညီ စီစစ်ဖို့ လိုအပ်ကြောင်း သတ်မှတ်နိုင်တယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။
တရုပ်နဲ့ အမေရိကန်တို့ဟာ ကုန်သွယ်မှုသဘောတူညီချက်ရဖို့အတွက် မူဘောင်ချနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ တရုပ်ဖက်က မြေရှားနဲ့ သံလိုက်တင်ပို့မှုကန့်သတ်ချက်တွေကို ဖြေလျော့ပေးဖို့နဲ့ အမေရိကန်ဘက်က နည်းပညာပို့ကန်ကန့်သတ်ချက်တွေ ဖြေလျော့ပေးဖို့ အကြမ်းဖျဥ်း သဘောတူညီထားကြပါတယ်။
ကနေဒါက Amazon, Airbnb, Google အစရှိတဲ့ အမေရိကန် digital services တွေအပေါ် တနင်္လာနေ့ကစပြီး 3% digital services tax ကောက်ဖို့ စီစဥ်လိုက်တဲ့အတွက် သမ္မတထရမ့်က ကနေဒါနဲ့ ကုန်သွယ်မှုဆွေးနွေးပွဲတွေ အကုန်ရပ်ဆိုင်းထားပြီး အမေရိကန်နဲ့ ကုန်သွယ်ဖို့ ကနေဒါက ဘယ်လောက်ပေးရမယ်ဆိုတာကို တပတ်အတွင်း သိစေရမယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါ့အပြင် ကနေဒါက အမေရိကန်နို့ထွက်ပစ္စည်းနဲ့ လယ်ယာထွက်ကုန်တွေအပေါ် ၄၀၀% အထိ စည်းကြပ်တာကြောင့် အလုပ်တွဲလုပ်ဖို့ အင်မတန်ခက်တဲ့နိုင်ငံလို့ ဝေဖန်လိုက်ပါတယ်။
ကနေဒါဝကခ Mark Carney ဟာ ပုံမှန်နိုင်ငံရေးလမ်းကြောင်းကနေ တက်လာသူမဟုတ်ပဲ ကမ္ဘာ့စီးပွားဖျက်ဖိုရမ်က လက်သပ်မွေးပြီး ထည့်ပေးထားတဲ့ ကမ္ဘာ့ရွာသမားတဦးဖြစ်ပါတယ်။ သူ့မှာ နိုင်ငံရေး/လူထုအကျိုးပြု နောက်ခံသမိုင်းမရှိခဲ့ပေမယ့် ကွန်မြူနစ်အာဏာရှင်လူမွဲစနစ်ကို ပို့ပေးမယ့် Great Reset ရဲ့ မူရင်းဗိသုကာတဦးဖြစ်သလို လက်ဝဲစွန်း ESG ပလန်တွေကို ဖြစ်အောင်တွန်းခဲ့တဲ့ Bank of Canada နဲ့ Bank of England နှစ်ခုကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ ထရပ်ကားသမားတွေ ဆန္ဒပြကြတုန်းက သူတို့ရဲ့ ဘဏ်အကောင့်တွေအကုန် အပိတ်ခံရတာတွေ၊ သူတို့ကို လှူတန်းကြတဲ့ လူတွေရဲ့ အကောင့်တွေပါ လိုက်ပိတ်/ကြပ်တာတွေ လုပ်နိုင်ခဲ့တာ အဲဒီလို အာဏာရှင်လက်ဝဲစွန်း မူတွေကြောင့်ပါ။ အဲဒီလိုလူက အနောက်ကမ္ဘာမှာ အရေးပါတဲ့နိုင်ငံတခုရဲ့ ခေါင်းဆောင်ဖြစ်လာတာ ပြည်သူလွတ်လပ်ဖို့၊ တိုးတက် ကြီးပွားအောင် လုပ်ဖို့ထက် ကမ္ဘာကြီးကို သူတို့အလိုကျ ထိန်းချုပ်ချင်တဲ့ ဂိတ်စ်တို့ ဆိုရော့စ်တို့ ကလော့ရွှက်ဘ်တို့လို သူဌေးကြီးတွေရဲ့ အကျိုးကို ဦးထိပ်ထားမှာ သေချာနေပါတယ်။
နီဘရားစကားပြည်နယ်မှာရှိတဲ့ အသားထုတ်လုပ်ရေးစက်ရုံတွေကနေ တရားမဝင်တွေကို ပြန်ပို့လိုက်ရင် အမေရိကန်တွေ မလုပ်ချင်တဲ့အလုပ်မျိုးဖြစ်လို့ ထုတ်လုပ်၊ ရောင်းချမှုတွေ ကသီပြီး စားသုံးသူတွေ အခက်အခဲတွေ့လိမ့်မယ်လို့ဆိုကြသူများ ဈေးနှိမ်လို့ရတဲ့ တရားမဝင်တွေကို ဖယ်ရှားပြီးတာနဲ့ အမေရိကန်တွေ ဝိုင်းလျောက်ကြတာ အားရစရာပါပဲ။ blue collar တွေရဲ့ ဝင်ငွေကလည်း ပြီးခဲ့တဲ့ ၅လအတွင်း ၁.၇% နဲ့ အမြင့်ဆုံး တက်ခဲ့ပါတယ်။ Blue collar ဝင်ငွေဟာ အနှစ် ၅၀ကျော်အတွင်းမှာ ထရမ့်သက်တမ်း ၂ခုမှာပဲ မြင့်တက်တာဖြစ်ပြီး ခုတကြိမ်က အရင်တကြိမ်ထက် ပိုမြန် ပိုမြင့်လာပါတယ်။
နယူးယောက်ဂါဗာနာ ကေသီဟိုကူလ်ရဲ့ ဒု-ဝန်ထမ်းချုပ်နဲ့ DEI ဒါရိုက်တာဟောင်း Linda Sun ဆိုတဲ့ တရုပ်ပြည်ဖွားဟာ သန်းပေါင်းများစွာတန်တဲ့ လိမ်လည်မှုတွေ၊ တရုပ်အစိုးရရဲ့ မှတ်ပုံတင်မထားတဲ့ အေးဂျင့်အဖြစ် လှုပ်ရှားမှုတွေနဲ့ တရားစွဲခံထားရပါတယ်။ ပလန်ဒဲမစ်မှာတုန်းက နယူးယောက်အစိုးရ အတွက် PPE တွေမှာတာအပါအဝင် အစိုးရကန်ထရိုက်တွေကို သူနဲ့သိတဲ့ တရုပ်ကုမ္ပဏီ ၂ခုကနေ မှာယူခဲ့ပြီး အဲဒီအတွက် အဆိုပါကုမ္ပဏီတွေက ၁၀သန်းကျော်တန်ဖိုးရှိတဲ့ အကျိုးအမြတ်/ တံစိုးလက်ဆောင်တွေကို သူတို့လင်မယားဆီ ပြန်ပေးခဲ့ပါတယ်။ အဲဒါကြောင့် Sun နဲ့ Hu ဇနီးမောင်နှံဟာ Manhasset မှာ ၃.၆သန်းတန်စံအိမ်ကြီး၊ ဟာဝိုင်အီမှာ ၁.၉သန်းတန်ကွန်ဒို၊ နောက်ဆုံးပေါ် ဖရာရီ ပြိုင်ကားနဲ့ ဇိမ်ခံကားတွေကို ဝယ်နိုင်ခဲ့ပါတယ်။ အခုတော့ အဆိုပါ ပိုင်ဆိုင်မှု အားလုံးအပြင် ငွေသား ၂၁၀,၀၀၀ကိုပါ သိမ်းယူခံရပြီး ၁.၅သန်းအာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဖွဲ့အစည်းတခုမှာ တယောက်လာဘ်စားရင် မဖော်အောင် အပေါ်ခွံ့၊ ဘေးခွံ့၊ အောက်ခွံ့တွေရှိတော့ ဟိုကူးလ်လဲ ကြံရာပါဖြစ်နေမှာပါ။ Mask မန်ဒိတ်တွေ၊ လော့ဒေါင်းတွေလုပ်ခဲ့သမျှ ဒီမိုခရက်ဂါဗာနာ တွေကြားမှာ ဒါမျိုးတွေ ရှိနေမှာ မလွဲပါဘူး။
အာဖရိကက စစ်ဖြစ်နေတဲ့ ကွန်ဂိုဒီမိုကရက်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါတို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကနေ့ အိမ်ဖြူတော်မှာ သမ္မတထရမ့်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ စစ်ရပ်စဲဖို့ သဘောတူ လက်မှတ်ထိုးခဲ့ ကြပါတယ်။ အဆိုပါ ၂နိုင်ငံဟာ ၁၉၉၆ကစလို့ ၂၀၀၃အထိ စစ်ဖြစ်ခဲ့သလို ၂၀၂၂မှာ ထပ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာတင် လူထောင်ပေါင်းများစွာသေပြီး သိန်းချီအိုးအိမ်စွန့်ခွာမှုတွေ ဖြစ်ခဲ့ရတဲ့စစ် ရပ်တံ့ပြီးရင် ၂နိုင်ငံက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေကို ရက် ၉၀အတွင်း ချမှတ်ရမှာပါ။ ပြီးရင် အဲဒီဒေသမှာ ပေါများတဲ့ tantalum, gold, cobalt, copper, lithium စတာတွေ တူးဖော်ဖို့ အနောက်နိုင်ငံကုမ္ပဏီတွေက ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံနိုင်ရန် ၂နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ရင် ငွေကြေးအပါအဝင် အလွန်ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ထရမ့်က သတိပေးလိုက်ပါတယ်။