ဇွန်လ ၃၀ရက် ၂၀၂၅

နယူးယောက်မြို့ကြီးရဲ့ မြို့ဝန်ရွေးပွဲမှာ ဒီမိုခရက်ဘက်က ယှဥ်ပြိုင်ဖို့ အရွေးခံရတဲ့သူက အသက် ၃၃နှစ်ရှိ ယူဂန်ဒါနိုင်ငံမှာမွေးပြီး နယူးယောက်မှာကြီးတဲ့ ဇိုရမ်မန်ဒါနီဆိုသူ ရှီယားမူဆလင်တဦး ဖြစ်ပါတယ်။ ရှီးယားမူဆလင်တွေက မူဆလင်လူဦးရေရဲ့ ၁၀-၁၃% လောက်သာရှိပြီး အများစုက အီရန် (၉၀-၉၅%)၊ အီရတ် (၅၅-၆၅%) နဲ့ အဇာဘိုင်ဂျန် (၆၅-၈၅%) တို့မှာဖြစ်ပါတယ်။ အိုဘမတို့ ဖျင်မထားတဲ့ အီရန်ရဲ့ နျူစက်ရုံတွေကို ဖျက်ဆီးခဲ့တာရယ်၊ အစ္စရေးက အီရန်စစ်ဖက်က အရေးပါတဲ့ လူအများစုနဲ့ နျူပညာရှင်တွေ၊ နိုင်ငံရေး/စစ်ရေးအရ အရေးပါတဲ့နေရာတွေကို သုတ်သင်/ဖျက်ဆီး ခဲ့တာရယ်၊ ဒီမိုခရက်တွေ မဲရဖို့ အားထားနေရတဲ့ ခိုးဝင်တွေ ပြန်ပို့တာရယ်အပေါ်မှာ မုန်းတီးပေါက်ကွဲ စေဖို့ ညာသံပေးနေကြတာနဲ့ ပါတီမှာ အရည်အချင်းရှိသူမရှိတာက ဇိုရမ်ကို ပါတီကိုယ်စားလှယ် ဖြစ်လာစေတာပါ။

ဇိုရမ်ရဲ့ မဲဆွယ်ပေါ်လစီတွေက

  • ခိုးဝင်နှင်ထုတ်တာ ရပ်တံ့အောင်လုပ်ဖို့
  • အစိုးရပိုင် ကုန်စုံဆိုင်တွေ ဖွင့်လှစ်ဖို့
  • အိမ်ငှားခတွေ မတိုးအောင်လုပ်ဖို့
  • အိမ်ငှားခတွေ တိုးမရပေမယ့် အိမ်ငှားတွေ တိုင်သမျှ မပြင်ပေးရင် အစိုးရကဝင်ပြင်ပြီး ကျသမျှ အိမ်ရှင်က ပြန်ပေးဖို့၊ အိမ်ရှင်က ပြင်မပေးတာများလာရင် အိမ်ကို အစိုးရကသိမ်းဖို့
  • သတ်မှတ်အိမ်ငှားခပဲ ကောက်ခံမယ့် အိမ်ခန်းသစ် ၂သိန်းဆောက်လုပ်ဖို့
  • ကော်ပိုရိတ်ခွန်တွေတိုးဖို့
  • ရေ၊ မီး၊ ဓါတ်ငွေ့၊ အမှိုက်သိမ်းစတာတွေကို ပြည်သူပိုင်လုပ်ဖို့
  • ရဲဘတ်ဂျက် ဖြတ်တောက်လျော့ချဖို့ (အရင်က NYPD ကို ဖျက်သိမ်းဖို့ပြောခဲ့ဖူးပါတယ်။)
  • ထောင်တွေ ဖျက်သိမ်းဖို့ (အရင်က ပြောခဲ့တာပါ)
  • ပုဂ္ဂလိက ကျန်းမာရေးအာမခံတွေကို ဖျက်သိမ်းဖို့ (အရင်က ပြောခဲ့တာပါ)
  • သေနတ်ပိုင်ဆိုင်ခွင့်/ကိုင်ဆောင်ခွင့် လုံးဝပိတ်သိမ်းဖို့
  • ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုဖို့
  • အနိမ့်ဆုံးလုပ်ခကို တနာရီ $30 သတ်မှတ်ဖို့
  • မူးယစ်ဆေးသုံးသူတွေအတွက် အပ်အသစ်တွေ၊ စိတ်ချလက်ချ ထိုးဖို့နေရာတွေ ထားပေးဖို့
  • မူးယစ်ဆေး ပိုင်ဆိုင်မှုကို ရာဇဝတ်မှုကနေ ဖယ်ထုတ်ဖို့
  • ဖမ်းဆီးခံရသူတွေကို ယာယီပြန်လွှတ်ပေးရန်အတွက် ငွေသားအာမခံတင်စရာ မလိုစေဖို့
  • ICE နဲ့ပူးပေါင်းဆောင်ရွက်မှု မှန်သမျှ အကုန်ရပ်တံ့ဖို့
  • ကျောင်းတွေ၊ အိမ်တွေမှာ ကာဗွန်ထုတ်လုပ်မှုကို သုညထိရောက်အောင်လုပ်ဖို့
  • လူချမ်းသာတွေနဲ့ လူဖြူများတဲ့ရပ်ကွက်တွေကို အခွန်တိုးကောက်ဖို့
  • ဖရီးဘတ်စ်ကား၊ ၆လ-၅နှစ်ကလေးတွေအတွက် ဖရီးကလေးထိန်းစခန်းတွေရဖို့
  • ဂျူးဆန့်ကျင်ရေးလုပ်ဖို့ စသည်တို့ ဖြစ်ပါတယ်။

ဘဝအကြောင်း အတော်အတန်သိတဲ့ (သို့) common sense ရှိတဲ့သူဆိုရင် သူ့ရဲ့ ကွန်မြူနစ်အာဂျင်ဒါ အကုန်လုံးဟာ လုပ်ဖို့လည်း မဖြစ်နိုင်၊ ဇီးသီးဗန်းမှောက်ချင်လို့ ဖြစ်အောင်တွန်းရင်လည်း ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်နဲ့ ချာလည်ရိုက်၊ စီးပွားပျက်၊ အငတ်ဘေးဆိုက်ပြီး သူခိုးတွေပဲ ကြီးပွားကြဦးမှာပါ။ မဆလရဲ့ ဆိုရှယ်လစ်လမ်းစဥ်ကြောင့် အာရှကျားကနေ ကြောင်၊ ကြောင်ကနေ ကြွက်လို ဖြစ်လာနေတာ မြန်မာပြည်မှာမို့လို့ထင်ရင် မှားပါလိမ့်မယ်။ ဘယ်အချိန် ဘယ်နေရာမှာမှ အလုပ်မဖြစ်တဲ့ စံနစ်ပါ။

အနိမ့်ဆုံးလုပ်ခတိုးတာ၊ လူချမ်းသာတွေကို အခွန်တိုးတာနဲ့တင် လုပ်ငန်းရှင်တွေ ထွက်ပြေးကြမှာ ဖြစ်လို့ အခွန်ရပေါက်ရလမ်း နည်းသွားမှာပါ။ အဲဒါဆို ဟိုဟာဖရီး၊​ ဒီဟာဖရီးဆိုတာတွေအတွက် ပေးစရာပိုက်ဆံ ဘယ်ကရမှာပါလဲ။ ဖရီးပေးချင်တာများ၊ ပိုက်ဆံကမဝင်ဆိုရင် အခွန်ခေါင်းစဥ်အသစ် တီထွင်တာတွေ၊ လူတွေ မသုံးမဖြစ် သုံးရတဲ့ဟာတွေပေါ်မှာ အခွန်တိုးလာတာတွေ လုပ်ပါတော့မယ်။ ဥပမာ ရောင်းခွန်၊ ဂက်စ်ခွန်၊ တံတားခွန်၊ လမ်းခွန်၊ အဲဒါတွေတိုးရင် အလုပ်လုပ်နေတဲ့ အခွန်ထမ်းပြည်သူတွေပဲ အရင်ထိမှာပါ။ ရဲလျော့/ဖြုတ်မယ်ဆိုရင် ရာဇဝတ်မှုတွေ ဆောင့်တက်လာမှာ ဖြစ်သလို အိမ်လခမတိုးရရင် မကိုက်တဲ့အိမ်ရှင်တွေက ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်နိုင်တော့လို့ ဈေးကွက်ဝင်နိုင်တဲ့ အိမ်(ခန်း)အရေအတွက်ရော အိမ်(ခန်း)အရည်အသွေးပါ လျော့နည်းကျဆင်းသွားမှာပါ။

ဇိုရမ်လိုလူတွေ နိုင်လာရတဲ့အကြောင်းရင်းကလည်း အိုဘမ မျိုးစေ့ချခဲ့လို့ပါပဲ။ ဖက်ဒရယ်စတူးဒန့်လုန်း အစီအစဥ်ကို စခဲ့တုန်းက ကျစ်ကျစ်လစ်လစ်နဲ့ ရည်ရွယ်ချက် ကောင်းခဲ့ပေမယ့် အိုဘမလက်ထက် ၂၀၁၀ မှာ စတူးဒန့်လုန်းမှန်သမျှကို ပညာရေးဝကဌာနက တိုက်ရိုက်ချေးဖို့ ပြောင်းပစ်ခဲ့ပါတယ်။ ပုဂ္ဂလိကဘဏ်က ချေးတာဆိုရင် ငွေချေးနေကျအဖွဲ့အစည်းဖြစ်လို့ ဆောင်ရင် ရှောင်ရန်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အကျွမ်းတဝင် ရှိမှာဖြစ်သလို ချေးငွေမဆုံးဖို့အတွက် ငွေချေးသူတက်မယ့်ဘွဲ့ရဲ့ အလုပ်ရနိုင်ခြေ၊ ချေးသူရဲ့ GPA နဲ့ ဘွဲ့ရနိုင်ခြေ၊ ဘယ်လိုပြန်ဆပ်မယ်ဆိုတဲ့ အစီအစဥ် စတာတွေကို ထည့်စဥ်းစားမှာ ဖြစ်ပါတယ်။ DoE က တိုက်ရိုက်ချေးတာဆိုတော့ အစိုးရဝန်ထမ်းတွေအနေနဲ့ မည်သို့ပင်ဖြစ်စေကာမူ လခနဲ့ ခံစားခွင့်က ရနေမှာဆိုတော့ လွယ်လွယ်ချေးကြမှာပါပဲ။ ချေးယူသူကလည်း လွယ်လွယ်ချေးလို့ရရင် ချေးကြမှာဖြစ်လို့ ပြန်ဆပ်ဖို့အတွက် အလုပ်ရနိုင်ခြေကို ထည့်စဥ်းစားမှာ မဟုတ်ပါဘူး။

အဲဒီလိုနဲ့ သုံးစားမရတဲ့ gender studies လိုဟာတွေတက်၊ ကိုယ်ယူတဲ့ဘွဲ့က အလုပ်ရဖို့ လွယ်/မလွယ် မစဥ်းစား၊ ကျောင်းပြီးတော့ ကြွေးပိ၊ ဘွဲ့နဲဆိုင်တဲ့အလုပ်က မရ၊ ရတဲ့အလုပ်ကျ မလုပ်ချင်၊ ရတဲ့အလုပ်လုပ်ရင်လည်း ကြွေးကျေအောင် ဆပ်ဖို့က မဖြစ်နိုင်၊ အိမ်ဝယ်ဖို့၊ မိသားစုဘဝ ထူထောင်ဖို့ ဆိုတာတွေက အဝေးကြီး၊ မိဘ၊ မောင်နှမ၊ ဆွေမျိုးမိတ်ဆွေတွေကလည်း အနာဂတ်မသေချာတဲ့သူကို ရေရှည်မကူညီနိုင်ကြတော့ အစိုးရက သူတို့လိုတာတွေ ဖြည့်စည်းပေးမယ်ဆိုပြီးလိမ်တဲ့ လက်ဝဲစနစ်ကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ကြတော့တာပါပဲ။ အဲဒီလိုလူငယ်ပေါင်း သန်း၃၀လောက်က မြို့ကြီးတွေမှာနေ၊ လက်ဝဲစနစ်ကို စိတ်ကူးယဥ်ပြီး လက်ဝဲမှိုင်းမှာပျော်ဝင်၊ လက်ဝဲမဲပေးသူတွေ ဖြစ်လာကြတာပါ။ ဒီမိုခရက်တွေဟာ ရီပါဘလစ်ကန်တွေနဲ့ယှဥ်ရင် ချပြလို့ကောင်းတဲ့မူ တိတိပပမရှိတဲ့ အပြင် လက်ရှိနယူးယောက်မြို့ဝန် အဲရစ်အဒမ်စ်ကိုလည်း သူတို့ကို ဝေဖန်လို့ တရားစွဲ ခွာပြဲထားတာ ဆိုတော့ သမားရိုးကျနည်းနဲ့ ယှဥ်ပြိုင်ဖို့ မလွယ်တာကို သဘောပေါက်တဲ့ ဒီမိုခရက်ခေါင်းဆောင်ပိုင်းက ဇိုရမ့်ကို ဝိုင်းထောက်ခံထားကြပါတယ်။

တကယ်တော့ လက်ဝဲစွန်းမူဆလင်တွေ မြို့ကြီးတွေမှာ ကြီးစိုးနေခဲ့တာ လန်ဒန်ကစခဲ့တာပါ။ UK ရဲ့ လူဦးရေ ၆၆သန်းရှိတဲ့ထဲမှာ မူဆလင် ၄သန်းပဲ ရှိပေမယ့် လန်ဒန်၊ အောက်စ်ဖို့ဒ်၊ ရှက်ဖီးလ်၊ ဘာမင်ဂမ်၊ လိဒ်စ်၊ ဘလက်ဘန်း၊ လူတန်၊​ အိုလ်ဒမ်၊ ရော့ရှ်ဒေးလ် စတဲ့မြို့တွေက မြို့ဝန်တွေက မူဆလင်တွေ ချည့်ပါပဲ။ ၂၀၁၆ လန်ဒန်မှာ လေဘာပါတီဝင် ဆာဒစ်ခန်မြို့ဝန်ဖြစ်လာပြီးနောက်ပိုင်း အလားတူ ဖော်မြူလာနဲ့ ၉နှစ်အတွင်း ၉မြို့ကို အုပ်စီးလာတာပါ။ ကုလားအုပ်ပုံပြင်ထဲကလိုပါပဲ။ ယူကေမှာ ဗလီပေါင်း ၃၀၀၀ကျော်ရှိပြီး ရှယီးယားခုံရုံးပေါင်း ၁၃၀ကျော်နဲ့ ရှယီးယားကောင်စီပေါင်း ၅၀ကျော် ရှိပါတယ်။ UK က မူဆလင်အမျိုးသမီးတွေရဲ့ ၇၈% နဲ့ မူဆလင်အားလုံးရဲ့ ၆၃% က အလုပ်မလုပ်ကြပေမယ့် အစိုးရရဲ့ အထောက်အပံ့နဲ့ နေစရာ အခမဲ့ ရနေကြပါတယ်။

ယူကေက မူဆလင်မိသားစုတွေမှာ ပျမ်းမျှ ကလေး ၆-၈ယောက် ရှိကြပြီး နေ၊ စား၊ ကျောင်းထား အကုန်အခမဲ့/အထောက်အပံ့နဲ့ပါ။ ယူကေကျောင်းတိုင်းမှာ အစ္စလာမ်ဘာသာကို မဖြစ်မနေ သင်ကြားရကာ တိုင်းပြည်မှာ အမှည့်အများဆုံးကလေးနာမည်က မိုဟာမက်ပါတဲ့။ သူတို့တွေက ဌာနေတွေကို စော်ကားရင် ဥပဒေက သက်ညှာသလို မီဒီညာကလည်း ဖုံးဖိပေးကြသလောက် ဌာနတွေက ပြန်တုံ့ပြန်ရင် hate crime နဲ့ ပြစ်မှုကြီးကြီး ချပါတယ်။ တကယ်လို့ နယူးယောက်မှာ ဇိုရမ်အာဏာရလာခဲ့ရင်လည်း ကုလားအုပ်ဇတ်လမ်းက ဆက်ဦးမှာပါ။ သူတို့တွေ အားကောင်းလာရင် မြန်မာပြည်ရော လွတ်ပါဦးမလား။ သူတို့က အာဏာရှင်တွေဘက်မှာ အမြဲရပ်တယ်ဆိုတာ မမေ့ပါနဲ့။

တရားမဝင်ဝင်ရောက်လာသူတွေကို အိမ်ပြန်ဖို့ အမိန့်ထုတ်ထားတာကို လစ်လျူရှုပြီး မပြန်ပဲ ဆက်နေတဲ့သူတွေဟာ ဥပဒေကို မလိုက်နာဘူးလို့ သတ်မှတ်ခံရတာနဲ့ တပြိုင်နက် တရက်ကို ဒဏ်ကြေး $998အထိ ပေးဆောင်နိုင်ရဖွယ်ရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ကြေငြာလိုက်ပါတယ်။ အရင်က ဒဏ်ကြေးမချခင် ရက်၃၀ စောင့်ဆိုင်းကာလ ပေးထားတာကို ဖျက်သိမ်းလိုက်တာပါ။ ဒဏ်ကြေးက တရားမဝင် တကြိမ်ဝင်ရောက်လာတိုင်းအတွက် $100-$500 အထိ  (သို့) ကိုယ့်ဆန္ဒအလျောက် ထွက်ခွာဖို့ သဘောတူညီချက်ကို မလိုက်နာရင် $1992-$9970 နဲ့ ထွက်ခွာဖို့အမိန့်ကို တမင်ကို မလိုက်နာရင် တရက်ကို $998 အထိ ပေးရမှာဖြစ်ပြီး အဆိုပါဒဏ်ကြေးကို စာတိုက်ကနေ ပေးပို့တောင်းခံသွားမှာဖြစ်ပါတယ်။ ခုချိန်အထိ နို့တစ်ပေါင်း ၁၀၀၀လောက် ပို့ထားပြီးဖြစ်ပါတယ်။

Leave a comment