USAID’s impact

USAID မရှိတော့တာက အဲဒီကနေ အကူအညီရနေတဲ့ နိုင်ငံတွေအတွက် ဘယ်လိုဖြစ်မလဲဆိုတော့ ပြန်လည်ကျန်းမာလာပါမယ်တဲ့။ USAID ကနေ နှစ်၂၀-၃၀လောက် အထောက်အပံ့ရယူခဲ့တဲ့ ဂွာတီမာလာနိုင်ငံကို​ ဥပမာအနေနဲ့ကြည့်ကြရအောင်။

USAID က ၁၀နှစ် – နှစ် ၂၀ -၃၀ စသဖြင့် ရေရှည်ဝင်လာတဲ့အခါမှာ ပထမဆုံး NGO ကွန်ယက်တွေ ဖွဲ့ပါတယ်၊ ပြီးတော့ သိပ်မဟန်တော့တဲ့ မီဒီယာတွေကို သိမ်းဖို့ ကြိုးစားပါတယ်။ National Endowment for Democracy နဲ့တွဲပြီး ဒေသခံတွေထဲက သူတို့လိုချင်တဲ့သူမျိုး လိုချင်တဲ့ပုံစံကို သေချာရှာပါတယ်။ ပြီးတော့ သူတို့သိမ်းချင်တဲ့ မီဒီယာကို သွားပြီး ငါတို့လူကို Prime time host လူကြည့်အများဆုံးအချိန်မှာ တင်ဆက်ရသူအဖြစ် ထားပေးရင် အလှူငွေထည့်မယ်လို့ ညှိပါတယ်။ အဲဒီနောက် မီဒီယာက သူတို့လိုချင်တဲ့ အသံထွက်လာတဲ့အခါ သူတို့ပြောတိုင်းလုပ်မယ့် နိုင်ငံရေးသမားတွေ အရွေးခံရပြီး သူတို့ကြိုးဆွဲလို့ မရတဲ့ နိုင်ငံရေးသမားတွေ အရွေးမခံရအောင် လှော်တာ ကန်တာတွေ လုပ်ပါတယ်။

၁၀နှစ် နှစ်၂၀ စသည်ကြာလာတဲ့အခါ အမြင့်ဆုံးတရားရုံးမှာလည်း သူတို့လူတွေ၊ နိုင်ငံ့အကြီးအကဲလည်း သူတို့လူတွေ၊ ပါလီမန်ထဲက အရေးပါတဲ့နေရာတွေအများစုမှာလည်း သူတို့လူတွေချည့် ဖြစ်နေတော့တာပါပဲ။ အဲဒီကနေ သွပ်ချာပါဒလိုက်ကုန်တော့တာပေါ့။ လက်ရှိဂွာတီမာလာက သမ္မတရော ဒုသမ္မတရောက သူတို့နောက်ခံပေးထားလို့ တက်လာတဲ့သူတွေပါ။ သူ့နိုင်ငံ၊ သူ့ပြည်သူက ရွေးတယ်ဆိုပေမယ့် တကယ်တမ်းမှာ ပြည်သူကိုလည်း ကိုယ်စားမပြု၊ ပြည်သူ့ကောင်းကျိုးကိုလည်း အလေးမထားတဲ့သူတွေ ခေါင်းဆောင်နေရာ ရောက်လာကြတာပါပဲ။

ဒါမျိုးတွေ နိုင်ငံအများကြီးမှာ ရှိပါတယ်။ သေနတ်တချက် မဖောက်လိုက်ရပဲ ကျွန်ပြုတဲ့ဝါဒ ဆိုပါတော့။ USAID နဲ့ National Endowment for Democracy တို့က တကမ္ဘာလုံးမှာ color revolution အရောင်တော်လှန်ရေးတွေ ဖြစ်လာအောင် စနစ်တကျ အကွက်ချ လှုံ့ဆော်ပေးနေတာပါ။

https://www.facebook.com/reel/1752889011963584

Leave a comment