ဇူလိုင် ၉ရက် ၂၀၂၅

တက္ကဆက်စ်ရေကြီးတာမှာ သေဆုံးသူပေါင်း ၁၀၉ဦးရှိသွားပြီဖြစ်ပြီး အဲဒီထဲက ၈၇ဦးက Kerr ကောင်တီက ဖြစ်ပါတယ်။ အင်္ဂါနေ့က ကြေငြာတဲ့ပျောက်ဆုံးဦးရေက ၁၆၁ဦး ဆိုတော့ အရင်က ပျောက်ဆုံး ၄၀လို့ ကြေငြာထားတာရဲ့ ၄ဆဖြစ်လာတာပါ။ အဲဒီရေကြီးတာနဲ့ ပတ်သက်ပြီး National Weather Service NWS က မိုးကြီးနိုင်တဲ့အကြောင်းကို တပတ်လောက် ကြိုကြေငြာထားပါတယ်။ NWS က Texas Division of Emergency Management နဲ့ Hill County အရာရှိတွေကို ၃ရက်နေ့ မနက်မှာ မိုးကြီးနိုင်ကြောင်းနဲ့ အစိုဓါတ်အလွန်မြင့်မားနေတာကို တင်ပြခဲ့ပါတယ်။ ၃ရက် နေ့လည်မှာ Kerr county နဲ့ တခြားနေရာတွေ ရေကြီးနိုင်ကြောင်း မိုးရေချိန် ၁-၃”၊ တချို့နေရာတွေမှာ ၅-၇” အထိ ရွာနိုင်ကြောင်း ကြေငြာပါတယ်။ ၃ရက်နေ့ ညနေ ၆နာရီ၁၀မိနစ်မှာ မိုးရေချိန် တနာရီကို ၂-၃လက်မ၊ တချို့နေရာမှာ ၆နာရီ ၆” နဲ့ flash flooding ဖြစ်နိုင်ကြောင်း NWS က ကြေငြာပါတယ်။ အဲဒါက တကယ်မဖြစ်ခင် ၈-၁၀နာရီလောက် အလိုမှာပါ။ ၄ရက်နေ့ကူးစ သန်းခေါင်မှာ Kerr နဲ့ Bandera county တွေမှာ flash flooding ဖြစ်နိုင်လို့ ကုန်းမြင့်ရာကို ပြောင်းကြဖို့ တိုက်တွန်းသတိပေးချက် ထုတ်ပြန်ပါတယ်။ အဲဒါက ၄-၆နာရီအလိုမှာပါ။ နောက်တနာရီလောက်ကြာတော့ ဖုံးတွေကနေ emergency alert တွေပို့တယ်၊ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြင်းပြင်းထန်ထန် သတိပေးတာတွေ စလုပ်လာပါပြီ။

မရှောင်ကြတဲ့သူတွေက ညသန်းခေါင်မို့ ဖုံးပိတ်ထားသလား၊ တောထဲမို့ လိုင်းမမိတာလား၊ flash flood ရဲ့သဘောကို နားမလည်တာလား၊ အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ Flash flood ဆိုတာက မြန်မာပြည်က ဒေါင်းသေချောင်းလိုမျိုး မိုးကြီးတဲ့အခါ ချက်ချင်းကြီး တောင်ကျရေတွေနဲ့ လွှမ်းသွားတတ်လို့ အကြောင်းမသိရင် လွတ်အောင်ပြေးဖို့ ခက်ပါတယ်။ ထရမ့်အစိုးရနဲ့ ဌာနတွေရော ပုဂ္ဂလိကလုပ်အားပေး/အလှူရှင်တွေပါ အချိန်မဆိုင်းပဲ သွားကူပေးနေကြပါတယ်။ ဘိုင်ဒန်တုန်းကလို သူတို့လည်း ဘာမှမလုပ်ပေး၊ သွားကူချင်သူတွေကိုတောင် ကူမရအောင် ပြဿနာပေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေကတော့ နင်မဟုတ် နင့်အဖေပဲဆိုတာမျိုးနဲ့ မရရအောင် ဘလိမ်းကြတာပါပဲ။

မိုးကို လိုချင်တဲ့အချိန် လိုချင်တဲ့နေရာမှာ ရွာစေနိုင်တဲ့ cloudseeding နည်းပညာကို တက္ကဆက်စ်က မိုးကြီးရေလျံတဲ့ဒေသတွေမှာ ခုလ ၃ရက် ၄ရက် နေ့(သို့) အခုဖြစ်နေတဲ့ ရေကြီးမှုတွေမှာ သုံးခဲ့/ လုပ်ဆောင်ခဲ့တာမျိုး မရှိဘူးလို့ CEO Augustus Doricko ကငြင်းဆိုလိုက်ပါတယ်။ တက္ကဆက်စ် ရေကြီးမှုမှာ ကလေးငယ်တွေ အများအပြား သေကြေကြတဲ့အတွက် ဒေါပွနေတဲ့လူတွေဟာ cloudseeding က ဝန်ထမ်းတွေကို သတ်ဖို့ခြိမ်းခြောက်တာတွေ၊ ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာတွေ ဖြစ်လာခဲ့ပါတယ်။ Cloudseeding ကို ဖလော်ရီဒါက မကြာသေးမီကမှ တားမြစ်လိုက်ပေမယ့် ကာလီဖိုးနီးယား၊ တက္ကဆစ်စ်အပါအဝင် အနောက်ပိုင်းဘက်က ပြည်နယ်အတော်များများမှာ ခွင့်ပြုထားပါတယ်။ မိုးတုရွာဖို့ silver iodide နဲ့ အခြားဓါတ်ပစ္စည်းတချို့ကို လေထုထဲ မှုတ်တင်ရတဲ့ အတွက် နဲနဲပါးပါး တခါတလေဆို ပြဿနာမရှိပေမယ့် ရေရှည်လုပ်လာရင် လေ၊ ရေ မြေထု ညစ်ညမ်းပြီး ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။

ရှီကာဂိုမှာ July 4th weekend အတွင်း အနည်းဆုံး လူ၅၅ဦး သေနတ်ပစ်ခံရပြီး အဲဒီထဲက ၈ဦး သေဆုံးခဲ့ပါတယ်။ ဒါက မနှစ်က အလားတူပိတ်ရက်မှာ ၁၀၅ဦးအပစ်ခံရပြီး ၂၂ဦးသေတာနဲ့စာရင် အများကြီး တိုးတက်လာတာပါ။ မြို့ဝန်က ပြည်သူတွေ ပိုလုံခြုံအောင် လုပ်ဖို့ထက် သူ့မြို့ဟာ LQBT တွေအတွက် တနိုင်ငံလုံးမှာ အလုံခြုံဆုံးဆိုတဲ့အကြောင်းကိုပဲ တခုတ်တရ ဂုဏ်ယူနေပါတယ်။ အမေရိကန်မှာ သေနတ်ကိုင်ဆောင်မှု/ပိုင်ဆိုင်မှု အတင်းကြပ်ဆုံးမြို့တမြို့ဖြစ်တဲ့ ရှီကာဂိုမြို့မှာ ဒီနှစ်ထဲ သေအောင်ပစ်သတ်မှုပေါင်း ၁၇၁မှု ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုပ်အစိုးရက လျှပ်စစ်တာဝါတိုင်တွေ ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ့် ဗုံးပုံစံသစ်တမျိုးအကြောင်း ဝါဒဖြန့်ဗီဒီယိုတခု ဖြန့်လွှင့်ခဲ့ပါတယ်။ အဲဒီဗုံးဟာ ပစ်လွှတ်ပြီးတဲ့အခါ ဗုံးငယ်အများကြီးအစုအပြုံအဖြစ်နဲ့ ဖြာထွက်ပေါက်ကွဲပြီး ဓါတ်အားပေးစက်ရုံတွေ ပါဝါတိုင်တွေ ပါဝါလိုင်းတွေကို ဖျက်ဆီးတာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုနဲ့ ဆက်စပ်နေတာက အမေရိကန်ကို တရုပ်ကနေ သွင်းလာတဲ့ signal jammer ကျောပိုးအိတ်တွေကို အကောက်ခွန်ဝန်ထမ်းတွေက ဖမ်းမိတာတွေ စိတ်လာတာ ဖြစ်ပါတယ်။ Signal jammer တွေကို အိမ်ဓါးပြတိုက်တာကစလို့ အကြမ်းဖက်တာတွေအထိ ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရတဲ့အတွက် တရုပ်ပြည်မှာ မသုံးဖို့ တရားဝင် တားမြစ်ထားပါတယ်။ ဒါပေမယ့် မူးယစ်ဆေးလိုပဲ တရုတ်ပြည်မှာ ထုတ်လုပ်ရင် သေဒဏ်ချနိုင်ပေမယ့် အမေရိကန်နဲ့ ကမ္ဘာကိုတင်ပို့ဖို့ ထုတ်တာမျိုးကို မမြင်ချင်ယောင် ဆောင်ပေးပါတယ်။ ခြတွေကတော့ သူတို့အာဏာရဖို့နဲ့ စားရဖို့ ပြည်သူဘာဖြစ်ဖြစ် လုပ်ကြမှာဆိုတော့ ပြန်ပြင်စရာတွေ တပုံတပင်ပါပဲ။

ကမ္ဘာ့လူဦးရေ လျော့ချဖို့ အာသာပြင်းပြကြတဲ့ ကမ္ဘာ့ရွာသမားအုပ်ချုပ်တဲ့ ကနေဒါမှာ ဘဝနေဝင်ချိန် နီးကပ်နေတဲ့လူတွေ၊ သတိမကောင်းတော့တဲ့သူတွေကို သက်သက်သာသာဖြစ်အောင် ဂရုစိုက်ပေးတဲ့ လူအို/နာစောင့်ရှောက်တဲ့ Hospice တွေမှာ Medical Assistance in Dying (MAiD) အစီအစဥ်ကို အတင်းအဓမ္မ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။

Delta Hospice Society ဆိုတဲ့ ပုဂ္ဂလိက လူအို/နာစောင့်ရှောက်တဲ့လုပ်ငန်းတခုက သူတို့ကို ယုံကြည်လို့ လာတက်နေကြတဲ့ လူနာတွေကို ဆေးထိုးသေတာမျိုး မလုပ်ပေးနိုင်ဘူး၊ လက်ခံရင် အစိုးရထောက်ပံ့ကြေးပေးမယ်ဆိုတာလည်း မယူဘူးလို့ ငြင်းဆိုခဲ့တဲ့အတွက် တရားဝင်မြေငှားနှစ် ၂၅ကျန်သေးတဲ့မြေကို အစိုးရက ဆက်မငှားတော့ပဲ အဲဒီပေါ်က အဆောက်အဦတွေမှာလည်း ပြဿနာအမျိုးမျိုး ရှာပြပြီး နှင်ထုတ်ခဲ့ပါတယ်။ နှင်ထုတ်ပြီးတော့ အစိုးရက ဝင်စီမံပြီး ဆက်ဖွင့်ထားပါတယ်။ အနုနည်းနဲ့ ပြည်သူပိုင်သိမ်းတဲ့ သဘောမျိုးပါ။ တရားစွဲဖို့လည်း ရှေ့နေငှားလို့ မရပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ဘယ်လောက်တော်တဲ့ ရှေ့နေကို ငှားငှား၊ အစိုးရဘက်က ပြည်သူ့ဘဏ္ဍာသုံးပြီး ရှေ့နေအုပ်လိုက်ကြီးနဲ့ ပြန်ဖိုက်နိုင်တာရယ်၊ တဆင့်နိုင်ရင်တောင် နောက်အဆင့်ဆင့်တွေမှာ ကျိန်းသေရှုံးမှာရယ်ကြောင့်ပါ။  

MAiD က၂၀၁၆ကတဲက တရားဝင်တာ ဖြစ်ပြီး ဆေးထိုးသေခွင့်ရဖို့ ၁၈နှစ်ပြည့်ပြီး ကနေဒါနိုင်ငံသားဖြစ်ရမယ်၊ အစိုးရရဲ့ ကျန်းမာရေး ဝန်ဆောင်မှု ခံစားခွင့် ရှိသူဖြစ်ရမယ်၊ ပြင်းထန်တဲ့ (သို့) ပြန်မကောင်းနိုင်တဲ့ ရောဂါတခုခုရှိပြီး မခံမရပ်နိုင်အောင် ခံစားနေသူ ဖြစ်ရမယ် စတဲ့ သတ်မှတ်ချက်တွေ ထားရှိပါတယ်။ ဒါပေမယ့် လက်ဝဲသမားတွေရဲ့ ကုလားအုပ်ကျင့်ထုံးအတိုင်း အစပိုင်းမှာ လူလက်ခံနိုင်လောက်မယ့် သတ်မှတ်ချက်တွေနဲ့စပြီး နောက်ပိုင်းမှာ eligibility သတ်မှတ်ချက်တွေကို တဖြည်းဖြည်း ချဲ့ထွင်လာတာ စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေပါ ပါလာပါပြီ။​ စိတ်ကျန်းမာရေးဆိုတာက မသမာတဲ့လူတွေလက်ထဲမှာ လိုသလို ဖြစ်စေနိုင်တာလေ။ ဗိုစောမောင်ပဲကြည့်ပေါ့။

Leave a comment