ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ခုနှစ်မှာ tariff ကနေ ဘီလီယံ ၃၀၀ ဝင်နိုင်ကြောင်း ခန့်မှန်းသွားပါတယ်။ ခုတော့ ပထမဆုံးအကြိမ် တနှစ်အတွင်း ဘီလီယံ ၁၀၀ကျော် ဝင်နေပါပြီ။ ဘယ်နိုင်ငံ ဘယ်ပစ္စည်းကိုမဆို အနည်းဆုံး ၁၀% universal tariff ကောက်တာရယ်၊ စတီး၊ အော်တို(ကား)၊ ကြေးနီ စတာတွေကို အခွန်ပိုကောက်တာက ဝင်ငွေ မြင့်တက်စေတာဖြစ်ပါတယ်။ တကယ့်အကြီးစား ဝင်မှာကတော့ နှုန်းအသစ်တွေ စတင်အသက်ဝင်မယ့် ဩဂုတ်၁ရက်မှ စမှာပါ။ ဇွန်လထဲမှာ ဘတ်ဂျက် ၂၇ဘီလီယံ ပိုငွေပြခဲ့လို့ အမြဲလိုငွေဆက်ပြနေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ကြားက အိုအေစစ်လေးလို ဝမ်းသာစရာ ဖြစ်ရတာပါ။
ထရမ့်အစိုးရက ကလင်တန်လက်ထက်က ပြဌာန်းခဲ့တဲ့ တရားမဝင်တွေကို ကောလိပ်ကျောင်းလခ ကင်းလွတ်ပေးတဲ့အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီး အစားအသောက်နဲ့ ကျန်းမာရေးခံစားခွင့်တွေကိုပါ ရပ်စဲလိုက်တဲ့အတွက် ပြည်သူအတွက်ဘတ်ဂျက်ထဲက ၄၀ဘီလီယံ သက်သာသွားပါတယ်။ နိုင်ငံသား အရည်အချင်းရှိသူတွေ၊ တကယ်လိုအပ်နေတဲ့သူတွေကျတော့ ကောလိပ်အခမဲ့တက်ခွင့်၊ အခမဲ့စားသောက် ဆေးကုခွင့်တွေ မရကြပဲ ဥပဒေချိုးဖောက်ပြီး တရားမဝင်နေမှ ရမယ်ဆိုတာ မသမာတဲ့ အကြံအစည်ကြောင့်မဟုတ်ရင် ဘယ်လိုဦးနှောက်နဲ့ စဥ်းစားလို့မှ အဓိပ္ပါယ်ရှိမနေပါဘူး။
တက္ကဆက်စ်ရေဘေးမှာ အဓိကပါဝင်သွားတဲ့ Camp Mystic က cabin အလုံး၂၀ခန့်ဟာ flood zone လို့ သိထားကြတဲ့နယ်မြေထဲမှာ ဆောက်ထားကြောင်း တွေ့ရှိရပါတယ်။ Camp သက်တမ်းက နှစ်တရာခန့် ရှိပြီဖြစ်ပြီး ၂၀၁၉ကမှ ၅သန်းအကုန်အကျခံပြီး မွမ်းမံပြင်ဆင်ထားခဲ့ပေမယ့် cabin တွေကို ရေလွတ်မယ့် ကုန်းမြင့်တွေကို ရွှေ့တာတွေ၊ ရေကြီးတာကို ကာကွယ်ဖို့ တခြားအစီအမံတွေ လုပ်ခဲ့တာမျိုး မရှိနေပါဘူး။ လူအမြဲနေတဲ့ နေရာလည်းမဟုတ်သလို မြစ်နဲ့နီးတဲ့နေရာမှာ ကလေးတွေအတွက် ပျော်စရာကောင်းတဲ့ activity လေးတွေ လုပ်လို့ ပိုအဆင်ပြေတာကြောင့် မရွှေ့ခဲ့တာ ဖြစ်နိုင်သလို နှစ် ၁၀၀လောက်အတွင်း တခါမှ ခုလို မဖြစ်ဖူးတာကြောင့် မဖြစ်လောက်ပါဘူးလို့ တွေးခဲ့ကြတာလည်း ဖြစ်နိုင်ပါတယ်။ ရေကြီးလာတော့ မီးရော အင်တာနက်ပါ ပြတ်တောက်ကုန်တာပါ။ ကလေးကြီးတွေအတွက် ဆောက်ထားတဲ့ cabin တွေကတော့ ပေ ၆၀၀လောက်မြင့်တဲ့ တောင်ကုန်းပေါ်မှာ ဆောက်ထားတာဖြစ်ပါတယ်။ ယူတတ်ရင် သင်ခန်းစာပါပဲ။
NYPD ဟာ ၂၀၂၃-၂၄မှာ ခန့်ထားတဲ့ ဌာနရဲ့ စံညွှန်းတွေနဲ့ မကိုက်တဲ့ အယောက် ၃၀အနည်းဆုံးရှိတဲ့ လူသစ်တွေကို ၂၄နာရီအတွင်း နှုတ်ထွက်စေတာကို ပြည်နယ်တရားသူကြီးက ပိတ်ပင်တားဆီး ခဲ့ပါတယ်။ အဲဒီထဲက အများစုက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အခြားပြဿနာတွေ ရှိနေကြတာပါ။ တချို့က အရင်က ပြစ်ဒဏ်ကျခံရဖူးတာတွေ၊ အကြိမ်ကြိမ် အဖမ်းခံရဖူးတာတွေ၊ အရင်အလုပ်တွေက အထုတ်ခံထားရတာတွေကို လိမ်လည် ဖုံးဖိထားကြပါတယ်။ အလုပ်လျောက်စဥ်ကတည်းက တချို့က သတ်မှတ်ချက်နဲ့ မကိုက်ညီ (သို့) အရည်အချင်း မပြည့်မီကြောင်း နို့တစ်အထုတ်ခံရပေမယ့် အသနားခံစာတင်တဲ့အခါမှာ လက်ဝဲစွန်း အင်စပက်တာက နို့တစ်ကို လစ်လျူရှုပြီး ခန့်ခဲ့တာ ဖြစ်ပါတယ်။ လူ့အသက်တွေနဲ့ ပတ်သက်ပြီးလုပ်ရတာဆိုတော့ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ဖို့နဲ့ နောက်ကြောင်းရှင်းဖို့က လျော့လို့မဖြစ်တဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။
ခိုးဝင်တွေ လိုက်ဖမ်းနေတဲ့ Border Czar Tom Homan က ခိုးဝင်တွေဖမ်းရင်းနဲ့ ဘိုင်ဒန်လက်ထက်မှာ မိဘမပါပဲ ဝင်လာပြီး ပျောက်ဆုံးနေတဲ့ ကလေး ၃သိန်းထဲက တသောင်းခန့်ကို ကယ်တင်ထားနိုင်ပြီလို့ ဆိုပါတယ်။ ဧရာမ green house တွေနဲ့ ဆေးခြောက်အကြီးအကျယ်စိုက်တဲ့ Camarillo, CA က Glass House Farm ကို ဝင်စီးတာမှာ မိဘမပါပဲ ခိုးသွင်းလာတဲ့ ကလေး၈ဦးနဲ့ တခြားကလေး ၂ဦးကို တွေ့ခဲ့ရတာပြီး လူ၂၀၀အဖမ်းခံရပါတယ်။ အဲဒီလို ဝင်စီးတာကို ဆူပူကန့်ကွက်သူတွေက ခဲတွေ အုတ်ကျိုးတွေနဲ့ ပစ်ပေါက်ပြီး ရန်ရှာကြပါတယ်။ လူကုန်ကူးဂိုဏ်းတွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေက ကလေးတွေကို ဖမ်း/လိမ် ခေါ်လာပြီး လိင်/လုပ်အား/သွေးသား အမြတ်ထုတ်မယ့် “စပွန်ဆာ”တွေထံ ရောင်းစားတာကို အီလီဂဲတွေကို စာနာပါဆိုတာနဲ့ ကာဗာယူပြီး တရားရေး၊ လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေး အဘက်ဘက်က အင်နဲ့အားနဲ့ ကန့်လန့်တိုက်နေကြတာမှာ အင်အားသိပ်ကြီးတဲ့ အမှောင်အင်အားစုတွေ ပါနေပါတယ်။ ထိပ်ပိုင်း အီလီဂဲစာနာသလို ဗန်းပြပြီး အင်အားကြီးတဲ့ အမှောင်အင်အားစုတွေကို ကာကွယ်ဖို့ ကြိုးစားကြတာပါ။ အောက်ကတော့ ဝေလေလေပါပဲ။
ဆေးခြောက်ဆိုလို့ တရုပ်မာဖီးယားတွေဟာ အမေရိကန်ရဲ့ လူနေကျဲတဲ့ကျေးလက်ဒေသတွေမှာ အဆောက်အဦကြီးကြိး ရောင်းဖို့ရှိရင် လိုက်ဝယ်ပြီး အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေသုံးပြီး ဆေးခြောက်စိုက်၊ ထုတ်ရောင်းပြီး ငွေဖြူလျော်တာတွေ၊ ဆေးခြောက်ထုတ်ဖို့ မီးလိုင်းတွေ ခိုးဆွဲပြီးသုံးတာတွေ ပြုလုပ်နေပါတယ်။ မီးလိုင်းခိုးဆွဲလို့ မတရားသုံးရင် တအိမ်ထဲကွက်မီးလောင်တာ ဖြစ်တတ်ပါတယ်။ ဆေးခြောက်က ပြည်နယ်တော်တော်များများမှာ တရားဝင်သုံးလို့ရတဲ့အတွက် တရားမဝင်စိုက်ပြီး အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေ လှိုင်လှိုင်သုံးထားတဲ့ ဆေးခြောက်တွေကို အပျော်သုံးမိရင် ကျန်းမာရေး ထိခိုက်လာမှာပါ။ မိန်းပြည်နယ်မှာတော့ အဲဒီလိုအိမ်တွေ တွေ့နေရပါတယ်။ ခိုးလုပ်တာဆိုတော့ စောင့်ကြည့်မနေရင် မသိနိုင်ပါဘူး။
မိန်းမဆိုတာဘာလဲဆိုတာကို ပြောဖို့ငြင်းဆန်ခဲ့ပြီး ဟားဗတ်မှာ စာခိုးချခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဘိုင်ဒန် ခန့်ခဲ့တဲ့ ဆူပရင်းကုတ် တရားသူကြီးကီတန်ဂျီဘရောင်းဂျက်ဆင်က SC တရားသူကြီးတွေရဲ့ အဓိက တာဝန်ဟာ အခြေခံဥပဒေရဲ့ ဆိုလိုရင်းကို ဖွင့်ဆိုပြီး အမှုတွေကို အဲဒီဘောင်နဲ့ တိုက်ကြည့် ဆုံးဖြတ်ဖို့ ဖြစ်တာကို လစ်လျူရှုပြီး သူတရားသူကြီးဖြစ်လာတာဟာ ကိစ္စတွေအပေါ်မှာ ငါဘယ်လိုခံစားတယ် ဆိုတာကို အများပြည်သူကို ပြောပြခွင့်ရတဲ့ အခွင့်အလမ်းတခုလို့ ခံစားရကြောင်း ပြောသွားပါတယ်။ မကြာသေးခင်က ထရမ့်အစိုးရက ဖက်ဒရယ်လုပ်သားအင်အားကို လျော့ချဖို့နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မှာ ဂျက်ဆင်ကလွဲလို့ ကျန်၈ဦးလုံးက အုပ်ချုပ်ရေးပိုင်းဟာ အစိုးရအေဂျင်စီတွေကို လုပ်သားအင်အားလျော့ချဖို့ ပြင်ဆင်ထားရန် ညွှန်ကြားမှုဟာ ဥပဒေနဲ့ညီတယ်လို့ ဆုံးဖြတ်ပေးလိုက် ပါတယ်။ ဂျက်ဆင်တယောက်ထဲက သူမကြိုက်တာနဲ့ ကန့်ကွက်ခဲ့တာဖြစ်လို့ လစ်ဘရယ်တရားသူကြီး နောက်တဦးဖြစ်တဲ့ ဆိုတိုမေယာကတောင် ဝေဖန်သွားပါတယ်။
ကမ္ဘာ့ဘဏ္ဍာရေးလောကမှာ နာမည်ရှိတဲ့ JP Morgan Chase CEO Jamie Dimon က နယူးယောက် မေယာရွေးပွဲဝင်ပြိုင်မယ့် ဒီမိုကရက်ကိုယ်စားလှယ် ဇိုရမ်မမ်ဒါနီဟာ ဆိုရှယ်လစ်ဆိုတာထက် မာ့စ်ဝါဒီ ကွန်မြူနစ်ဖြစ်ကြောင်း၊ သူပြောတဲ့မဲဆွယ်စကားတွေဟာ လက်တွေ့လောကမှာ ဘာအဓိပ္ပါယ်မှ မရှိကြောင်း၊ ဒီမိုကရက်တွေဟာ နှလုံးသားကြီးသလောက် ဦးနှောက်သေးကြောင်း ဝေဖန်သွားပါတယ်။ ဇိုရမ်က စီးပွားရေးသမားတွေ ထောက်ခံမှုရအောင် လိုက်စည်းရုံးနေချိန်မှာ အခုလို ဝေဖန်လိုက်တာပါ။ ကွန်မြူနစ်မမ်ဒါနီမတက်လာအောင် ဝိုင်းကြိုးစားနေတဲ့ထဲမှာ ဘီလျံနာ Bill Ackman, အဆိုပါရာထူးအတွက် ဒီမိုခရက်ဘက်က ပါတီတွင်း ပဏာမရကပဝင်သူ hedge fund manager Whitney Tilson တို့လို စတော့မားကက်ရင်းနှီးမြှုပ်နှံသူတွေအပြင် အိမ်ယာဈေးကွက်မှာ အကြီးစား ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်ပါတယ်။
မမ်ဒါနီက ကွန်မြူနစ်မူတွေကို ကိုင်စွဲထားပေမယ့် သူ့ရဲ့ကမ်ပိန်း အလှူငွေ အကုန်နီးပါးက သူ့ကို ထိန်းချုပ်ချင်တဲ့ လက်ကြီးတွေဆီကချည့်ပါပဲ။ ဆင်းရဲသားပြည်သူတွေ ဆီက မပါပါဘူး။ သူ့ဖခင်မာမွတ်မမ်ဒါနီကလည်း လန်ဒန်အခြေစိုက် အသေခံဗုံးခွဲသူတွေ၊ အကြမ်းဖက် ဟာမာ့စ်တွေကို ထောက်ခံတဲ့ ဂျူးမုန်းတဲ့အဖွဲ့တခုမှာ အကြံပေးကောင်စီဝင်ပါ။ နယူးယောက်မှာ အသေခံဗုံးခွဲသူတွေကို မမြင်ချင်ယောင်ဆောင်ပေး၊ အပြစ်ဖော့ပေးမယ့် နမိတ်များ ဖြစ်နေမှာပါလား။ နောက်ဆုံးသတင်းမှာ ဆိုရော့စ်က မမ်ဒါနီကို ထောက်ခံတဲ့ လက်ဝဲ Working Families Party ကို ၃၇သန်း ပံ့ပိုးပေးလိုက်ပါတယ်။ အမွှေစိန်နောက်ခံပေးတဲ့သူတိုင်းက တိုင်းပြည်ရဲ့ ရန်သူတွေချည့်ပါပဲ။