ဒီကနေ့ သမ္မတထရမ့်က အိမ်ဖြူတော်မှာ နေတိုးအတွင်းရေးမှုးချုပ် Mark Rutte ကို လက်ခံတွေ့ဆုံပြီး ယူကရိန်းကို ထောက်ပံ့ဖို့ စိတ်အားထက်သန်နေကြတဲ့ နေတိုးမဟာမိတ်တွေအနေနဲ့ အမေရိကန်ဆီက Patriot ဒုံးကျည်တွေအပါအဝင် လက်နက်တွေ ဝယ်ယူပြီး ထောက်ပံ့နိုင်ကြကြောင်း ကြေငြာလိုက်သလို ရုရှားကိုလည်း လ ၄၀ ကြာလာပြီဖြစ်တဲ့ စစ်ပွဲကို ရက်၅၀အတွင်း ငြိမ်းချမ်းရေးရအောင် လုပ်ရင်လုပ်၊ မလုပ်နိုင်ရင် ၁၀၀% secondary tariff ထပ်ချမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ Commerce Sec Howard Lutnick က အဲဒါ secondary sanction ကို ပြောတာပါလို့ ပြန်ရှင်းသွားပါတယ်။ Secondary sanction ဆိုတာက အဲဒီနိုင်ငံ (ရုရှား)နဲ့ စီးပွားရေးလုပ်တဲ့ လူ(သို့)အဖွဲ့အစည်းတွေကို ပြစ်ဒဏ်ခတ်မှာကို ဆိုလိုတာဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ၁၀၀% tariff လာနိုင်တယ်လို့ ပြောချင်တာပါ။
နေတိုးအဖွဲ့ဝင်တွေက ယူကရိန်းအတွက် ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ လက်နက်တွေ ဝယ်ယူဖို့ ခန့်မှန်းထားပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့် ယူကရိန်းစစ်ပွဲ ဝင်ပါရာလည်းမရောက်ပဲ စစ်စရိတ်တိုးထည့်ဖို့ နှောင့်နှေးနေကြတဲ့ မဟာမိတ်တွေထံက ပိုက်ဆံလည်းရမှာဖြစ်သလို ပူတင်ကို ဖိအားပေးရာလည်း ရောက်သွားပါတယ်။ ပူတင်က သမ္မတထရမ့်နဲ့ ဖုံးပြောတဲ့အခါ ချောချော ညက်ညက်ပြောပြီး ဖုံးချပြီးတော့မှ ယူကရိန်းကို တိုးတိုက်တဲ့အတွက် သမ္မတထရမ့်က စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ပူတင်က ကလင်တန်၊ ဘုရှ်၊ အိုဘမ၊ ဘိုင်ဒန် အားလုံးကို အရူးကွက်နင်းခဲ့ပေမယ့် ထရမ့်က သူ့ကိုတော့ အဲဒီလိုလုပ်လို့မရဘူး၊ စကားနဲ့မရရင် အက်ရှင်လာမယ်လို့ ပြောသွားပါတယ်။
ကနေ့မှာ ဆူပရင်းကုတ်က ထရမ့်အစိုးရကို ပညာရေးဌာနဝန်ထမ်း ၁၄၀၀နီးပါးကို အလုပ်ဖြုတ်ပစ်မယ့် အစီအမံတွေကို ဆက်လုပ်ဖို့ ၆-၃မဲနဲ့ ခွင့်ပြုလိုက်တဲ့အတွက် ပညာရေးဝကဌာနကို ဖျက်သိမ်းမယ့် အစီအစဥ်ကို ဆက်လုပ်လို့ ရသွားပါပြီ။ အဲဒီလို ဖျက်သိမ်းမှာကို မဲဆွယ်တုန်းကတည်းက အတိအလင်း ကြေငြာထားပြီးသားဖြစ်လို့ ပြည်သူက ဆန္ဒပြုပြီးဖြစ်တာကို ဖက်ဒရယ်တရားသူကြီးတွေက လိုက်ပိတ်နေလို့ SC ကို တက်သွားတာ ဖြစ်ပါတယ်။ ပညာရေးဌာနမှာ အစိုးရက ပညာရေးအပေါ် ထိန်းချုပ်တာဟာ ဘယ်လို အကျိုးရှိကြောင်း ပြည်သူကို မှိုင်းတိုက်မယ့် ဝန်ထမ်း ၈၀ကျော်ကတင် တနှစ်ကို ၁၀သန်းကျော် ကုန်ကျနေပါပြီ။ ကိုယ့်ကိုလိမ်မယ့်သူတွေကို ကိုယ့်ပိုက်ဆံနဲ့ လိမ်ခိုင်းနေရသလိုပါပဲ။
ဩဂုတ် ၁ရက်နေ့မှာ အမေရိကန် tariff နှုန်းတွေ မတက်ခင် ပြည်ပအော်ဒါတွေ အလျင်စလို မြင့်လာတဲ့အတွက် တတရုပ်ပြည်ရဲ့ ပြည်ပပို့ကုန်တွေလည်း မြင့်တက်လာပါတယ်။ မေလမှာ ၄.၈% နဲ့ ဇွန်လမှာ ၅.၈% အရင်နှစ်ကထက် တက်လာတာပါ။ ဒါပေမယ့် အမေရိကန်ဆီ တင်ပို့တဲ့ပမာဏက ဆက်လက်ကျဆင်းနေပြီး မနှစ်ကနဲ့စာရင် ၁၆% ကျသွားတာပါ။ tariff တွေက ကျဆင်းလာမှာ မဟုတ်တော့ ဈေးကွက်ဝေစုမကျအောင် တရုပ်ထုတ်လုပ်သူတွေက ဈေးတွေ ချပေးနေရတာပါ။
တရုပ်ရဲ့ EU ကို တင်ပို့မှုတွေကလည်း လျှပ်စစ်ကားတွေအပေါ် အခွန်မြင့်မြင့် ကောက်တဲ့အတွက် ၃၈% ကျဆင်းသွားပါတယ်။ ကားပစ္စည်းတင်ပို့မှုလည်း ၂၃% ကျော် ကျဆင်းသွားခဲ့ပါတယ်။ ကုန်သွယ်ရေး ဝက Howard Lutnick က ထရမ့်နဲ့ ရှီ ဖုံးပြောတဲ့အခါ ထရမ့်က tariff အကြောင်းကို အသာထား၊ ငါတို့နှစ်နိုင်ငံ ဘယ်လိုကုန်သွယ်မှုတိုးအောင် လုပ်မယ်ဆိုတာကိုပဲ စဥ်းစားရအောင်လို့ ပြောခဲ့ကြောင်း ပြန်ပြောပြပါတယ်။ တရုပ်ဖက်က အဓိက ၂ခုလုပ်ရမှာက ဖန်တနောဆပ်ပလိုင်းတွေ ဝင်မလာအောင် သူတို့ဖက်က ထိန်းချုပ်ပေးဖို့နဲ့ ကုန်သွယ်မှုညီမျှလာအောင် အမေရိကန်ကုန်စည်တွေ တိုးဝယ်ဖို့ပါပဲ။
ဘိုင်ဒန်/အော်တိုပန်အစိုးရလက်ထက် နောက်ဆုံးနာရီ/မိနစ်ပိုင်းမှာ ပါဒန်တွေ ပြစ်ဒဏ်ဆိုင်းငံ့ပေးတာ တွေကို ဘယ်သူက အော်တိုပန်သုံးပြီး ထုတ်ပြန်ခဲ့သလဲဆိုတဲ့သတင်း ထွက်လာပါပြီ။ ဇန်နဝါရီ၂၀ နံနက်ခင်းမှာ အာဏာမလွှဲခင် ဇန်နဝါရီ ၁၉ ည၁၀း၀၃နာရီမှာ “ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်များ အကျဥ်းချုပ် “ ဆိုတဲ့ စာတစောင် ဝန်ထမ်းတွေကြားကို ရောက်လာပါတယ်။ အဲဒီစာက နောက်ဆုံး Jeff Zients ဆိုတဲ့ ဘိုင်ဒန်ရဲ့ ကဗ Czar နဲ့ ဝန်ထမ်းချုပ်ရဲ့ Inbox ထဲကို ရောက်လာပါတယ်။ ည၁၀း၃၁မှာ Zients က Reply All နဲ့ “I approve the use of the autopen for the execution of all of the following pardons.” ဆိုပြီး ပြန်ရေးလိုက်ပါတယ်။ အဲဒီတော့ အဆိုပါပါဒန်တွေကို approve လုပ်ပေးခဲ့တာက လုပ်ပိုင်ခွင့်ရှိတဲ့ ဘိုင်ဒန်မဟုတ်ပဲ လုပ်ပိုင်ခွင့်မရှိတဲ့ Zients ဖြစ်နေလို့ ပါဒန်အထမမြောက်ဘူးလို့ ယူဆရင် ဖောက်ချီနဲ့ အပေါင်းပါတွေ အိပ်ပျက်ကြဦးမှာပါ။
ဇိမ့်က မက်ဒီကဲနဲ့ မက်ဒီကိတ် လိမ်ညာမှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အဖွဲ့အစည်းတွေကို ဦးဆောင်မှုပေးခဲ့သူဖြစ်ပြီး တခုက တရားရေးဌာနကို ၆.၈၈သန်းနဲ့ နောက်တခုက သန်း၁၅၀ လျော်ပေးခဲ့ရတာ ဖြစ်ပါတယ်။ သူက ဖဘ ဘုတ်အဖွဲ့ မှာလည်း ထိုင်ခဲ့ပြီး surprise billing နဲ့ medical malpractice တို့နဲ့ ပတ်သက်နေတဲ့ ဥပဒေအဖွဲ့တခုကိုလည်း ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ အိုဘမလက်ထက်မှာလည်း သူအတွေ့အကြုံမရှိတဲ့ ကဏ္ဍတွေမှာ ပရောဂျက်တွေရပြီး သန်းချီဝိုက်သွားခဲ့ပါသေးတယ်။
ဇိမ့်ပေးလိုက်တဲ့ နောက်ဆုံး မိနစ်ပါဒန်မှာ ပါနေသူက လူသန်းပေါင်းများစွာရဲ့ အသက်တွေ၊ ဘဝတွေ၊ လွတ်လပ်မှုတွေကို ခလောက်ဆန်သွားတဲ့ ကဗလက်သည်ကြီး အန်တိုနီဖောက်ချီပါပဲ။ ဖောက်ချီနဲ့ ဇိမ့်နဲ့က အတူတူ တွဲလုပ်ကြတာပါ။ ဇိမ့်မှာ လူထုကျန်းမာရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ မရှိပေမယ့် ဖောက်ချီရဲ့ ကဗဗျူဟာတခုလုံးကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အဲဒါကြောင့် ဖောက်ချီကို ပါဒန်ပေးတာ မှာလည်း “FOR ANY OFFENSES” လို့ အားလုံးပါအောင် ခြုံထည့်ပေးလိုက်တာပါ။ ပါဒန် အချိန်က ၂၀၁၄ ဇန်နဝါရီ ၁ရက်ကစထားတာဖြစ်လို့ ၂၀၁၄-၁၆တုန်းက အာဖရိကအနောက်ပိုင်းမှာ အကြီးဆုံးအီဘိုလာပြန့်ပွားမှု (၂၈,၆၀၀ cases) ဖြစ်ပွားခဲ့တာမှာ သူ့လက်ချက်ပါဝင်နေမလားလို့ စဥ်းစားစရာ ဖြစ်နေပါတယ်။ အီဘိုလာက ဖြစ်သမျှရဲ့ ၉၀% က သေနိုင်ပါတယ်။
ပိုးတွေရဲ့သဘောက သေနိုင်တဲ့ပိုးက မြန်မြန်များများ ပြန့်လေ့မရှိသလို များများမြန်မြန်ပြန့်တဲ့ ပိုးကလည်း ကုသဖို့ မခက်ခဲတာ ဖြစ်ပါတယ်။ များများမြန်မြန်ပြန့်တဲ့ပိုးကို လူသေတဲ့အထိပြင်းအောင် သုတေသန လုပ်တာကို gain of function လို့ခေါ်ပြီး အဲဒါကို ဖောက်ချီ၊ ဂိတ်စ်နဲ့ ဒီမိုခရက်တွေ တရုပ်နဲ့ပေါင်းပြီး လုပ်နေကြတာပါ။ ကဗက များများမြန်မြန်ပြန့်တဲ့ပိုးဆိုတော့ ကျန်းမာတဲ့သူတွေမှာ မသေနိုင်ပေမယ့် အသေမများများအောင် အခြေအနေဆိုးတဲ့အထိ စောင့်တာတွေ၊ ပေါပေါ လွယ်လွယ်ရပြီး ထိရောက်တဲ့ဆေးတွေကို ဘန်းထားတာတွေ၊ အတင်းကြီး မကြောက်ကြောက်အောင် ဖြဲချောက်ကြပြီး ကျောင်းတွေ အလုပ်တွေ ရုံးတွေပိတ်နဲ့ မသေသင့် မပျက်သင့်တဲ့ အသက်တွေ ဘဝတွေ ပျက်ခဲ့ရတာတွေအတွက် ဖောက်ချီနဲ့ အပေါင်းအပါများကို တရားပြန်စွဲသင့်ပါတယ်။
နယူးယောက်မြို့ကြီးမှာ အမြန်လမ်းတွေရဲ့ ၆၀%ဟာ ၁၉၇၀နောက်ပိုင်းမှာ ဆောက်ခဲ့ကြတာဖြစ်ပြီး အမြန်လမ်းတွေရဲ့ သက်တမ်းက နှစ်၄၀-၅၀လောက်ပဲ ရှိတဲ့အတွက် BQE အပါအဝင် အများစုက သက်တမ်းကုန်နေပြီလို့ ဆိုနိုင်ပါတယ်။ အမေရိကန်က တခြားမြို့တွေနဲ့စာရင် နယူးယောက်က အမြန်လမ်းတွေက သက်တမ်း နှစ်၆၀-၈၀နဲ့ အအိုဆုံးစာရင်း ဝင်နေပါတယ်။ နယူးယောက်မှာ တံတားပေါင်း ၂၀၀ကျော်ဟာလည်း တည်ဆောက်ပုံချို့ယွင်းချက်တွေ ရှိနေတယ်လို့ ပို့ဆောင်ရေးဝကဌာနက ဆိုပါတယ်။ ပြန်ဆောက်ကြမယ်ဆိုပြန်တော့ နယူးယောက်တို့ ကာလီဖိုးနီးယားတို့က အကြာဆုံးနဲ့ ဈေးအကြီးဆုံး ဖြစ်နေပြန်ပါတယ်။ အကြောင်းကတော့ သူတို့ဆီ လော်ဘီဝင်ထားတဲ့ ကုမ္ပဏီကြီးတွေပဲ လုပ်လို့ရအောင် မလိုအပ်ပဲ လူကြားကောင်းတဲ့ “safety regulations” လုံခြုံရေးစည်းမျဥ်းတွေ နင်းကန်ထည့်ထားလို့ပဲ ဖြစ်ပါတယ်။
အိမ်ဈေးတွေကြီးတာလည်း အဲဒါတွေကြောင့်ပါပဲ။ ပါမစ်တခု ရဖို့တင်ကို စာရွက်စာတမ်းတွေ တပုံတပင်လိုတော့ စီစစ်ရတာလည်းကြာ၊ ချပေးဖို့လည်းကြာ၊ ဆောက်ပြန်တော့ လာစစ်တာကို စောင့်ရတာကြာ၊ လာစစ်ပြီးမှ ဟိုဟာနဲ့ငြိ၊ ဒီဟာနဲ့ငြိဆိုရင် ပြန်ပြင်ရတာက ကြန့်ကြာပြီး စားရိတ်တက်ပြန်ပါတယ်။ ဒါက ဒီမိုကရက်ပြည်နယ်တွေရဲ့ နာတာရှည်ရောဂါပါ။ မဲပေးသူတွေက ဈေးကြီးတာကိုပဲ အာဏာနဲ့ဆွဲချပေးစေချင်ပြီး တကယ်ဈေးကြီး၊ ဟောင်းနွမ်း၊ မလုံခြုံ၊ အန္တရာယ်ရှိ စတာတွေရဲ့ ရင်းမြစ်ကို မရှင်းနိုင်ရင် ဒီပြဿနာတွေက မဲဆွယ္ပွဲမှာပဲ အပြကောင်းအောင် ပြောပြီး ရကပပြီးတာနဲ့ မေ့ထားပြီး ဒုံရင်းပြန်ရောက်၊ နောက်ရကပကျ တခါပြန်ဆွယ်၊ တခါပြန်ပစ်ထားနဲ့ သံသရာလည်နေတာပါပဲ။ ခိုင်ခံ့တဲ့ တံတားသစ်တွေ၊ ချောမွေ့ချောင်ချိတဲ့ အမြန်လမ်းတွေ၊ ချိုသာတဲ့ အိမ်ဈေးတွေ ဖြစ်စေချင်တယ်ဆိုရင် ပြဿနာကို ထဲထဲဝင်ဝင်သိပြီး တွန်းတွန်းတိုက်တိုက် ပြင်နိုင်သူမျိုးကို ရွေးမှ ဖြစ်ပါမယ်။ လက်ဝဲသမားတွေက ပြဿနာဖန်တီးတဲ့နေရာမှာပဲ အသုံးဝင်တာပါ။