ဇူလိုင် ၁၈ ရက် ၂၀၂၅

ထရမ့်အစိုးရရဲ့ ပြည်တွင်းလုံခြုံမှုဝကဌာနက H1B အလုပ်ဗီဇာထုတ်ပေးမယ့် နည်းသစ်တွေကို ရှာကြံနေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ H1B ဗီဇာက လျောက်တဲ့သူများသလောက် တနှစ်ကို ၈၅,၀၀၀ပဲ လက်ခံတဲ့ အတွက် မဲဖောက်ပေးတဲ့စနစ်နဲ့ ပေးနေတာ ဖြစ်ပါတယ်။ မဲဖောက်ပေးတော့ အတော်ဆုံးတွေအစား ကံကောင်းသူတွေ ရကြတာဖြစ်လို့ အဲဒီအစား weighted selection process ကို သုံးပြီး ဗီဇာပေးဖို့ ရွေးချယ်မှာဖြစ်ပါတယ်။ (ရှားပါး/မြင့်မားစွမ်းရည်ကြောင့်)  လစာအများကြီးပေးရတဲ့သူတွေကို အရင်ရွေးတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲရွေးရွေး အမေဇုံတို့၊ မေတာတို့ မိုက်ခရိုဆော့ဖ်တို့လို ကုမ္ပဏီကြီးတွေကတော့ လျောက်ပေးတဲ့သူလည်းများတော့ ပိုရကြမှာပါပဲ။

Director of National Intelligence Tulsi Gabbard က သမ္မတထရမ့် ၂၀၁၆ရကပမှာ ဟေလာရီကို အနိုင်ရအပြီး အဲဒီတုန်းက သမ္မတရုရှအိုဘမနဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့က ထရမ့်ကို ရုရှားနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ဇတ်လမ်းကို နှစ်နဲ့ချီဆင်ခဲ့ပြီး (အာဏာလွှဲမပေးရအောင်) အာဏာသိမ်းတဲ့ သဘောမျိုးလုပ်ဖို့ လုပ်ကြံဖန်တီးခဲ့တဲ့ အထောက်အထားတွေတပုံတပင်ကို တရားရေးဌာနကို တင်ပြသွားမယ်လို့ ကနေ့ကြေညာလိုက်ပါတယ်။ အိုဘမတို့က ထရမ့်ကို ကမ်ပိန်းကာလရော နိုင်အပြီးမှာပါ ဥပဒေချိုးဖောက်ပြီး စောင့်ကြည့်/ ဖုံးခိုးနားထောင် လုပ်နေခဲ့တဲ့အတွက် ရုရှားနဲ့ ဘယ်လိုမှ မပတ်သက်တာ သိနေပြီးသားဖြစ်သလို အဲဒီရကပမှာ ဘယ်နိုင်ငံခြားအဖွဲ့အစည်းကမှ ဝင်မစွက်ခဲ့တာလည်း သိထားကြပါတယ်။ တူလ်စီက ၂၀၁၆တုန်းက ရာထူးအမြင့်ဆုံးလူတွေ (အိုဘမနဲ့အဖွဲ့)က နိုင်ငံတော်ပုန်ကန်မှု၊ ပူးပေါင်းကြံစည်မှုတွေ ပြုခဲ့ကြတယ်လို့ ပြောသွားပြီး သူတို့လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့လိုကြောင်း၊ တရားရေးစနစ်အပေါ် အမေရိကန်တွေရဲ့ ယုံကြည်မှုက အဲဒီလူတွေအပေါ် တရားစွဲ/စီရင်မှုပေါ် မူတည်ကြောင်း ပြောကြားသွားပါတယ်။

သမ္မတထရမ့် အိမ်ဖြူစရောက်တဲ့နေ့မှာပဲ WHO ကထွက်ခဲ့ပြီး နောက်ပိုင်းမှာလည်း USAID အထောက်အပံ့တွေကို ဖြတ်တောက်ခဲ့တဲ့အတွက် ဆွစ်ဇာလန်နဲ့ ကမ္ဘာတလွှားက ယူအန်ရုံးတွေကနေ ထောင်နဲ့ချီပြီး အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ ဆွစ်အစိုးရက အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဗျူရိုကရက်တွေကို မိခင်နိုင်ငံပြန်ဖို့ ပြင်ဆင်ပေးတာနဲ့ တချိန်ထဲမှာပဲ သူ့နိုင်ငံထဲ သောင်တင်မနေအောင် လူဝင်မှုပေါ်လစီ တွေကို အသက်ပြန်သွင်းလိုက်ပါတယ်။ ပြင်သစ်စကားပြောဆွစ်မြို့တွေမှာ အလုပ်ကူရှာပေးတဲ့ ကလင်းနစ်တွေ ထားရှိပေးတာအပါအဝင် အဲဒီအလုပ်လက်မဲ့ဗျူရိုကရက်တွေအတွက် ဒေါ်လာ သန်း ၃၇၀ သတ်မှတ်ပေးထားပါတယ်။ ယူအန်အရာရှိတဦးကတော့ WHO က ဒီလိုဖြစ်လာမယ်ဆိုတာ လုံးဝ မမျှော်မှန်းထားသလို လုပ်နေတာကို အံ့ဩမိပါတယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီတုန်းက နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုက State Department နဲ့ USAID ဘတ်ဂျက်တွေကနေ ဘီလီယံ၆၀ ဖြတ်မယ်လို့ ပြောကြာခဲ့ပြီးနောက် ဝန်ထမ်းရာနဲ့ချီပြီး ဖြုတ်ပစ်ခဲ့ပါတယ်။ State Department ရဲ့ပေါ်လစီတိုင်းက အမေရိကန်ကို ပိုပြီးလုံခြုံစေမလား၊ အမေရိကန်ကို ပိုပြီး အားကောင်းစေမှာလား၊ အမေရိကန်ကို ပိုကြွယ်ဝစေမှာလား ဆိုတဲ့ ဦးတည်ချက် ၃ခုပေါ်မှာ အခြေခံရမယ်လို့ တိတိကျကျ ပြောထားပါတယ်။

ယူအန်မှာလည်း အမေရိကန်ဆန်ရှင်ထိမှာကိုကြောက်လို့ အစ္စရေးဆန့်ကျင်တဲ့ UN Commission of Inquiry on the occupied Palestinian territory က ဥက္ကဋ္ဌ နာဗီပီလေးနဲ့ နောက် investigator ၂ဦး နှုတ်ထွက်သွားလို့ ခေါင်းဆောင်ပိုင်း အကုန်ပါသွားခဲ့ပါပြီ။ အဲဒီ UNCOI ကို မေ ၂၀၂၁က ကုလလူ့အခွင့်အရေးကောင်စီက ဂါဇာမှာ နိုင်ငံတကာဥပဒေတွေ ဖောက်ဖျက်မှုရှိ/မရှိ စုံစမ်းဖို့ ဖွဲ့စည်းခဲ့တာပါ၊ အစ္စရေးဆန့်ကျင်သူတွေနဲ့ ဖွဲ့စည်းထားတော့ သူတို့ရဲ့ အစီရင်ခံစာတွေကလည်း ဘက်လိုက်တယ်လို့ ဝေဖန်ခံနေရပါတယ်။

VoA မှာ ကာလရှည်ကြာ အလုပ်လုပ်ခဲ့တဲ့ မေရီလန်းမှာနေထိုင်သူ အသက် ၆၄နှစ်ရှိ Seth Jason ကို ကွန်ဂရက်စ်အမတ် Marjorie Taylor Green (MTG) နဲ့ မိသားစုဝင်တွေကို ပြန်ပေးဆွဲ၊ သတ်ဖို့ ခြိမ်းခြောက်မှုနဲ့ ဖမ်းဆီးလိုက်ပြီး ဖုံးတွေ၊ လက်ပ်တော့ပ်နဲ့ အိုင်ပက်တို့ကို သိမ်းဆီးလိုက်ပါတယ်။ ၂၀၂၃ အောက်တိုဘာ ၁၁ကနေ ၂၀၂၅ ဇန်နဝါရီ ၂၁အတွင်း ဂျေဆင်က VoA ရုံးချုပ် စတူဒီယိုနဲ့ ထိန်းချုပ်ရေးခန်းတွေက ဖုံးလိုင်းတွေကနေ MTG ရဲ့ ဒေါ်လ်တန်နဲ့ ရုမ်းခရိုင်ရုံးတွေကို ဖုံးခေါ်ပြီး ခြိမ်းခြောက်ခဲ့တာပါ။ ဂျာနယ်လစ်က ဂျာနယ်လစ်လိုမနေပဲ activist လိုလုပ်နေတော့ မှားပြီပေါ့။ အဲဒါမျိုးတွေက ပြည်သူ့အခွန်ကို ဖြုန်းတီးနေတာဖြစ်လို့ the Corporation for Public Broadcasting ကို ပေးနေရတဲ့ထဲက ၁၁ဘီလီယံကို ၂နှစ် ဖြတ်တောက်ဖို့ ကနေ့ အောက်လွှတ်တော်က မဲပေးဆုံးဖြတ်လိုက်ပါတယ်။

Wall Street Journal မှာ ပီဒိုဒိုင်အက်ပ်စတိန်းဆီ ထရမ့်က လုံးတီးမိန်းမပုံကောက်ကြောင်းပုံနဲ့ အဲဒီပုံရဲ့ ဆီးခုံနေရာမှာ ထရမ့်လက်မှတ်ထိုးထားတဲ့ပုံ ဆွဲထားတဲ့ မွေးနေ့ကဒ်ကို ထရမ့်က ပေးခဲ့တယ်ဆိုတဲ့ပုံစံနဲ့ စာတပုဒ်ထုတ်ဝေခဲ့တာကြောင့် WSJ ပိုင်ရှင် ဩစတေးလျက ရူးပတ်မားဒေါ့ကို တရားစွဲလိုက်ပါတယ်။ ရူးပတ်မားဒေါ့က News Corp (Australia), Fox Corporation (Fox News, Fox Sports, Fox TV, Fox Business, NY Post, WSJ နဲ့အခြားမီဒီယာတွေ ပါဝင်ပါတယ်။ တရားစွဲတာက တရားရုံးကို လာဖို့ဆိုတာထက် လျော်ကြေး ၁၀ဘီလီယံ ပေးဖို့ပါပဲ။ ညှိတော့ ညှိကြပါလိမ့်မယ်။ ဒီလဆန်းကပဲ CBS ရဲ့ 60min က ကမလာနဲ့အင်တာဗျူးမှာ သူ့ရဲ့ အဆက်အစပ်မရှိ၊ အဓိပ္ပါယ်မရှိတဲ့ စကားလုံးအသုပ်စုံကို ကြည့်ကောင်းအောင် ဖြတ်ညှပ်ကပ်ပြီး ပြုပြင်ပေးခဲ့လို့ Paramount က ၁၆သန်း၊ တွဒ်တာက အကောင့်ပိတ်ပစ်ခဲ့တာအတွက် ၁၀သန်း၊ ဖဘက ၂၅သန်း၊ စသဖြင့် အသီးသီး လျော်ခဲ့ရတာတောင် ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်လို့ လျော်ကြေး အကြီးကြီး တောင်းလိုက်ပုံပါပဲ။ အက

ပီဒိုအက်ပ်စတိန်းနဲ့ ပတ်သက်ပြီး လူစိတ်ဝင်စားမှုများနေတဲ့အတွက် သူ့ရဲ့အမှုမှာ တရားရုံးဂျူရီအဖွဲ့ ရှေ့မှောက် စစ်ဆေးမေးမြန်းထားတာတွေ အကုန်လုံးကို ထုတ်ပြန်ပေးဖို့ သမ္မတထရမ့်က တရားရေးဌာနကို တောင်းဆိုလိုက်ပါတယ်။ ရှေ့နေချုပ် ပမ်ဘွန်ဒီပြောတဲ့ ဖောက်သည်စာရင်း မရှိဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။ အရင်တပိုင်းတစ ထွက်ခဲ့တဲ့စာရင်းတွေက လေယာဥ်စီးတဲ့ မှတ်တမ်းပဲဖြစ်သလို ဒါရှိုဝဇ်ပြောသွားတဲ့ ဖောက်သည်တွေဆိုတာလည်း ကျူးလွန်ခံရတယ်လို့ ဆိုတဲ့သူတွေက အက်ပ်စတိန်းကို စွဲခဲ့တဲ့ အမှုတွေမှာ ဘယ်သူတွေကို ဖျော်ဖြေခဲ့ရတယ်၊ ဘယ်သူတွေ အနားမှာရှိခဲ့တယ်ဆိုတာမျိုး နာမည်စာရင်းပဲ ဖြစ်တယ်လို့ ဒါရှိုဝဇ်က ဆိုထားပါတယ်။

အီရန်တွေက အရှေ့အလယ်ပိုင်းမှာ မထောင်နိုင်တော့ အာဖရိကဖက်ကို လှည့်သွားပါပြီ။ အယ်လ်ဂျီးရီးယားအနောက်ဖက် အနောက်ဆာဟာရနဲ့ ဆက်စပ်နေတဲ့နေရာမှာ the Polisario Front ဆိုတဲ့အဖွဲ့က ဟဇ်ဘိုလာက လေ့ကျင့်ပေးထားတဲ့ သင်တန်းဆရာတွေနဲ့ ဒရုန်းစနစ်တွေနဲ့ အားဖြည့်ထားပြီ ဖြစ်ပါတယ်။ ဟဇ်ဘိုလာက အီရန်မွေးထားတဲ့အဖွဲ့ဆိုတော့ မော်ရိုကိုနဲ့ အနောက်- ဆာဟာရကြား ကာလရှည် ပဋိပက္ခကို အီရန်က ဝင်နှောက်ဦးမှာပါ။ ဆီးရီးယားအစိုးရကလည်း အီရန်ရဲ့ အဓိက မဟာမိတ်ဖြစ်လို့ စစ်ရေးအထောက်အပံ့တွေ၊ ငွေနဲ့ လက်နက်တွေ ပို့ပေးနေတာပါ။ အောက်လွှတ်တော်အမတ်၂ဦးက ဒီကိစ္စကို သတိပေးထားပြီး the Polisario Front ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ဖို့ လွှတ်တော်မှာ ကြိုးပမ်းနေပါတယ်။ တက်ဒ်ခရုဇ်အပါ ဆီနိတ်တာ ၅ဦးက မွတ်ဆလင်ဘရားသားဟုဒ်ရဲ့ အဖွဲ့ခွဲတွေအားလုံးကို အကြမ်းဖက်တွေအဖြစ် သတ်မှတ်တဲ့ ၂ပါတီ ဥပဒေထွက်နိုင်ဖို့ လုံးပမ်းနေပါတယ်။

Leave a comment