DNI တူလ်စီဂက်ဘတ်ချပြလိုက်တဲ့ ရုရှားဂိတ်အရှုတ်တော်ပုံမှာ ၂၀၁၆ရကပတုန်းက ရုရှားထလရက ရကပနဲ့ပတ်သက်တဲ့ ထိလွယ်ရှလွယ်သတင်းတခုကို ရထားတာမှန်ကန်ကြောင်း၊ အဲဒီသတင်းက ထရမ့်နဲ့ မပတ်သက်ပဲ ဟေလာရီရဲ့ ကျန်းမာရေးကိစ္စ ဖြစ်နေကြောင်း၊ အဲဒီတုန်းက ဟေလာရီဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာကြီးကြီးမားမား ရှိနေတဲ့အတွက် စိတ်ငြိမ်ဆေးအပြင်းစားတွေ သောက်နေရတဲ့အပြင် နှလုံး၊ ဆီးချို၊ သွေးကြောယောင်၊ COPDနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်နေခဲ့ကြောင်း၊ အိုဘမက ဟေလာရီ့ကျန်းမာရေးအခြေအနေဟာ အလွန်အမင်းထိတ်လန့်စရာ လို့တွေ့ခဲ့ကြောင်းတွေ ပါရှိပါတယ်။ ဒီမိုခရက်တွေ စွပ်စွဲခဲ့သလို ရုရှားက ထရမ့်ကိုသာ နိုင်စေချင်တာ မှန်ရင် ဖုံးကွယ်ထားမယ့်အစား ဒီသတင်းကိုဖောက်ချပေးလိုက်မယ်ဆိုတာ တော်ရုံလူ တွေးနိုင်ပါတယ်။
ပထမသမ္မတသက်တမ်းတုန်းက ဟေလာရီအပြစ်ရှိတာကို တွေ့ရှိခဲ့တဲ့ ထရမ့်က “သိပ်မလုပ်ကြပါနဲ့ကွာ၊ သူက သမ္မတကတော်ဟောင်းလေ၊ ကြည့်မကောင်းပါဘူး၊ လွှတ်ပေးလိုက်ပါ” လို့ ပြောခဲ့ကြောင်း၊ အဲဒီလိုလွှတ်ပေးနိုင်ခဲ့တာကိုလည်း ဝမ်းသာမိကြောင်း၊ ဒါပေမယ့် ငါ့ကိုကျတော့ မှန်မှန် မှားမှား အကုန်ဝိုင်းဆော်ကြတာပါ၊ ၂၀၁၆မှာရော ၂၀၂၀ရကပတွေ မှာပါ သူတို့လုပ်ခဲ့တာတွေက အမြင့်ဆုံးရာဇဝတ်မှုတွေပဲလေ၊ ခုတကြိမ်တော့ အကုန်လုံးကို သူတို့လုပ်ခဲ့တဲ့အပြစ်တွေ အတွက် အကျိုးဆက်တွေ ခံယူဖို့သင့်ပြီလို့ မှတ်ချက်ပေးသွားပါတယ်။ သတင်းထောက်တယောက်က ဒီကိစ္စတွေအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲလို့ မေးရာမှာတော့ တဖွဲ့လုံးပါပဲ၊ အဓိကကတော့ အိုဘမပေါ့၊ သူ့အမိန့်က စာရွက်တွေပေါ်မှာ အထင်အရှားပဲလေလို့ ပြန်ဖြေသွားပါတယ်။
အခုလို ထုတ်ပြန်တာတွေအပေါ် အိုဘမက အဓိပ္ပါယ်မရှိတဲ့ သတင်းအမှားတွေဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အပတ်ထဲ ထုတ်ပြန်သမျှထဲမှာ ၂၀၁၆ ရကပကို ရုရှားတွေ စွက်ဖက်ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ အများ လက်ခံထားတဲ့ကောက်ချက်ကို ယိုင်လဲအောင် မလုပ်နိုင်ဘူးလို့ ဂယောင်ဂတမ်းတုန့်ပြန်ပါတယ်။ သူတို့ရေးတဲ့၊ ရိုက်တဲ့၊ ဖြန့်တဲ့ဇတ်လမ်းပဲလေ။ ထလရ၊ မီဒီညာ၊ အီလိ အကုန်ပေါင်းလိမ်နေမှတော့ အဲဒီအချိန်က အဲဒီအသံ၊ အဲဒီကောက်ချက်ပဲ ထွက်တော့မှာပေါ့။ အိုဘမလက်ထက်က DNI ဂျိမ်းစ် ကလက်ပါကတော့ ရုရှားကိုလူးရှင်းကိစ္စနဲ့ သူအဖမ်းခံရနိုင်တာကြောင့် ရှေ့နေတွေ ငှားထားလိုက်ပါပြီ။
တရားရေးဌာနက ထုတ်ပြန်ပေးတဲ့ထဲမှာ မာတင်လူသာကင်းဂျူနီယာ အသတ်ခံရတာနဲ့ ပတ်သက်တဲ့ ဖိုင်တွေပါသလို ဟေလာရီနိုင်ငံခြားဝန်လုပ်တုန်းက အစိုးရရုံးအီးမေးလ် မသုံးပဲ အိမ်မှာ ပုဂ္ဂလိက ဆာဗာသပ်သပ်ထိုင်ထားတဲ့ အီးမေးလ်ကို သုံးခဲ့တာနဲ့ စစ်ဆေးရေးမဝင်ခင် အဲဒါတွေ အကုန်လုံးကို ဖျက်ပစ်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးခဲ့တဲ့အမှုလည်း ပါပါတယ်။ အဲဒီအမှုမှာ FBI ဒါရိုက်တာဟောင်း ကိုမေက လျို့ဝှက်ထောက်လှမ်းရေး အစီရင်ခံစာတွေ လိုလားတဲ့အတိုင်း အဓိကကျတဲ့ သက်သေခံ အထောက်အထားတွေကို ဖုံးဖိဖယ်ဖျောက်ဖို့ လုပ်ခဲ့တဲ့အပြင် စစ်ဆေးမှုကို အဖြစ်လောက်ပဲ လုပ်ချင်ယောင်ဆောင်ပြီး ဟေလာရီအပေါ် စုံစမ်းစစ်ဆေးမှုတွေကို အဆုံးသတ်လိုက်ပြီလို့ အဆောတလျင် ကြေငြာခဲ့တာဖြစ်ပါတယ်။
အဲဒီစုံစမ်းစစ်ဆေးမှုကို midyear exam လို့ နာမည် ပေးထားတာဖြစ်ပြီး ရီပို့ရဲ့ နောက်ဆက်တွဲမှာ FBI က ဒီအမှုကို မလျော်မကန် ကိုင်တွယ်ခဲ့ကြောင်း၊ အရေးကြီးတဲ့ flash drive ကို လုံးဝ မစစ်ဆေးခဲ့ကြောင်း၊ အခြေခံကျတဲ့ လုပ်ရိုးလုပ်စဥ် အချက်လေးတွေကအစ လုပ်ထားတာ မတွေ့ရကြောင်း၊ တရားရေးရုံးစစ်ဆေးရေးမှုးချုပ် မိုက်ကယ် ဟိုရိုဝဇ်က ၂၀၁၈မှာ ရေးသွားသွားပါတယ်။ ဟေလာရီက အစိုးရအီးမေးမသုံးတော့ ဆော်ဒီတွေ အကြမ်းဖက်တွေဆီက သန်းပေါင်းများစွာ ရယူထားတာတွေ၊ ဘန်ဂါဇီမှာ ပစ်စလက်ခတ်လုပ်ခဲ့တာတွေကို ဖော်ဖို့ မလွယ်တော့ဘူး ဖြစ်နေတာပါ။ ဒါမျိုးထရမ့်ကလုပ်မယ်ဆိုရင် ဒီမိုခရက်တွေ ငြိမ်နေကြဦးမှာပဲလား။
ကမလာရဲ့ running mate ဖြစ်ခဲ့တဲ့ တရုပ်ချစ်သူ တင်မ်ဝေါ့ဇ်အုပ်ချုပ်တဲ့ မင်နီဆိုးတားပြည်နယ်မှာ ကဗပန်ဒဲမစ်ကို အကြောင်းပြုပြီး ဖက်ဒရယ်က ချပေးတဲ့ ပိုက်ဆံတွေ၊ ကလေးတွေအတွက် အစားအစာတွေကို လိမ်ညာကိုယ်ကျိုးရှာမှုနဲ့ လူ ၇၀ကို စွဲချက်တင်ထားကြောင်း FBI ဒါရိုက်တာ ကက်ရှ်ပတဲလ်က ဖွင့်ချသွားပါတယ်။ ပန်ဒဲမစ်လို ကာလမျိုးမှာ ဆာလောင်နေတဲ့ ကလေးငယ်တွေ ဆီကနေ သန်း၂၅၀ကျော် ခိုးယူပြီး အိမ်ကြီးရခိုင်တွေ ဇိမ်ခံကားတွေ ဝယ်စီးနေကြတာ တော်တော်ကို ရှက်စရာကောင်းပါတယ်လို့ ကက်ရှ်က ဝေဖန်သွားပါတယ်။ ကျောင်းတွေပိတ်တော့ ကျောင်းတွေမှာ ကျွေးတဲ့ ဝင်ငွေနည်းကလေးတွေအတွက် meal ဘတ်ဂျက်ကို ဘုံးလိုက်ကြတာပါ။ “Feeding Our Future” အစီအစဥ်တင်မကပဲ ကဗကို အကြောင်းပြုပြီး လိမ်ညာခိုးဝှက်ခဲ့ကြတာက မင်နီဆိုးတားက ဂါဗာနာ တင်မ်ဝေါ့ဇ်လက်ထက်မှာတင် သန်း ၅၅၀ လောက် ရှိပါတယ်။ အဲဒီပြည်နယ်တွင်းက အော်တစ်ဇင်ဆေးခန်း ၈၀ကျော်ဟာလည်း ဒေါ်လာသန်းချီတဲ့ မက်ဒီကိတ်လိမ်လည်မှုတွေ ဖြစ်နေလို့ စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
တင်မ်ရဲ့ပြည်နယ်မှာ တော်တော့ကို အဆင်မပြေတဲ့ နောက်သတင်းတခုကတော့ ၁၉၈၈တုန်းက မိဘနဲ့ စကားများပြီး မိဘနှစ်ပါးရော ၁၃နှစ်အရွယ် ညီမနဲ့ ၉နှစ်အရွယ် ညီကိုပါ ဦးခေါင်းပိုင်း/ အပေါ်ပိုင်း တွေကို ပုဆိန်နဲ့ အချက် ၆၀ကျော် မသေမချင်း ခုတ်သတ်ခဲ့တဲ့ အဲဒီတုန်းက ၁၆နှစ်အရွယ် David Brom ကို လူကြီးတဦးလို စွဲချက်တင် ခဲ့ပြီး ထောင်လွတ်ရက်မရှိနဲ့ ချထားခဲ့တာကနေ ၂၀၂၃မှာ ဒီမိုခရက်တွေ အသစ်ထွင်လိုက်တဲ့ ဥပဒေအရ အသက်မပြည့်သေးသူ ရာဇဝတ်သားဟာ ထောင်တသက် မကျခံစေရ ဆိုတော့ ဒီလ ၂၉ရက်နေ့မှာ လွတ်လာတော့မှာ ဖြစ်ပါတယ်။ စစချင်းတော့ ထောင်မက အဆောင်မကျတဲ့ halfway house မှာ GPS ဝတ်ပြီး စောင့်ကြည့်ခံရတာမျိုး နေရမှာပါ။ ဇန်နဝါရီကျမှ လွှတ်ပေးထားတဲ့ သူတွေကို ကြပ်မတ်တဲ့ဘုတ်က သူ့အမှုကို ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။ ပြည်သူတွေ လွတ်လပ်အေးချမ်းဖို့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်အောက် ကူညီပေးဖို့ စိတ်ကူးမရှိပေမယ့် ရာဇဝတ်သားတွေကို လွှတ်ပေးဖို့ဆိုရင် အင်မတန်ကို ဉာဏ်ကွန့်မြူးနိုင်တဲ့ ဒီမိုခရက်များပါပဲ။
ဘိုင်ဒန်လက်ထက်က ပို့ဆောင်ရေးဝန်ကြီးလုပ်ခဲ့တဲ့ ပိဘူတဂျပ်ဟာ သူ့ဌာနဘတ်ဂျက်ထဲက ဘီလီယံ ၈၀ ကို DEI အတွက် အသုံးပြုခဲ့ပြီး air traffic control စနစ်တွေ လုပ်ငန်းတွေကိုတော့ ပြုပြင်ထိန်းသိမ်းတာ၊ အရည်အချင်းရှိတဲ့သူ တိုးခန့်တာ စတာတွေမှာ အသုံးမပြုခဲ့ပါဘူး။ အဲဒါကြောင့် ဒီနှစ်ဆန်းပိုင်းက မလိုအပ်တဲ့ လေယာဥ်မတော်တဆ ပြဿနာတွေ ကြုံတွေ့ရပြီး အသက်တွေ ဆုံးရှုံးကြရပါတယ်။ DEI ကို အသားပေးတဲ့ အကျိုးတွေက အစိုးရဘက်မှာ ပြည်သူ့ဘဏ္ဍာ လေလွင့်တယ်၊ ပုဂ္ဂလိကဘက်မှာ ဆုံးရှုံးမှု များစွာဖြစ်တယ်၊ ပြည်သူတွေဘက်မှာ အသက်တွေ ဘဝတွေ ဆုံးရှုံးကြရတဲ့အတွက် ဘယ်ဘက်ကမှ မကောင်းဘူးလို့ ဆိုနိုင်ပါတယ်။
တရုပ်ပြည်မှာ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ရောက်ရှိနေတဲ့ US Patent Office က ဝန်ထမ်းကို တရုပ်အစိုးရက ထွက်ခွာခွင့်မပြုခဲ့ပါဘူး။ သူက အမေရိကန်နိုင်ငံသားခံယူထားပေမယ့် တရုပ်ပြည်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ တပတ်အတွင်း တတိယမြောက် နိုင်ငံခြားသားကို ထွက်ခွင့်မပေးတာ ဖြစ်ပါတယ်။ အတားခံရတဲ့ နောက်အမေရိကန်တဦးက Wells Fargo ဘဏ်က ထိပ်ပိုင်းအရာရှိတဦး ဖြစ်ပြီး ရာဇဝတ်မှုတခုနဲ့ ငြိနေတယ်လို့ စွပ်စွဲပြီး ထွက်ခွင့်မပေးတာ ဖြစ်ပါတယ်။ ကျန်တဦးကတော့ ဂျပန်ကပါ။ နိုင်ငံခြားရေးဌာနက နိုင်ငံသားတွေ အမြန်ဆုံးပြန်လာနိုင်ဖို့ တရုပ်အစိုးရနဲ့ ညှိနှိုင်းနေပါတယ်။
ထရမ့်ကို မရှိတဲ့အပြစ်ကို ရှိသလိုနဲ့ အကြိမ်ကြိမ်တရားစွဲပြဿနာရှာခဲ့တဲ့ နယူးယောက်ရှေ့နေချုပ် လတီရှာဂျိမ်းစ်ဟာ သူ့မြို့က Standard Chartered Bank က အီရန်နဲ့ ဟဇ်ဘိုလာအပါအဝင် အကြမ်းဖက်အုပ်စုတွေထံ ၉.၆ ဘီလီယံလွှဲပေးခဲ့တာကို သိပါလျက်နဲ့ မသိချင်ယောင် ဆောင်နေခဲ့တယ်လို့ အတွင်းသတင်း ဖောက်ချသူတဦးက စွပ်စွဲလာပါတယ်။ အဲဒီငွေတွေကို ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုရုံးက ကမ္ဘာ့အကြမ်းဖက်တွေလို့ အထူးသတ်မှတ်ထားခြင်းခံရတဲ့ စီးပွားရေးလုပ်ငန်း ၉၂ခုကနေ ၂၀၀၈-၂၀၁၃အတွင်း လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားဖျက်ဖိုရမ်က ခေါင်းဆောင်ကြီး(ဟောင်း) ကမ္ဘာ့ရွာဆရာကြီး ကလော့စ်ရွှက်ဘ်ဟာ ယူကေနိုင်ငံက ဥရောပသမ္မဂ္ဂက ထွက်ပြီးနောက်ပိုင်း စီးပွားရေး လူမှုရေး အဖက်ဖက်က တိုးတက်လာတာကို ဖုံးကွယ်ချင်တဲ့အတွက် သုတေသနဒေတာတွေကို ကိုယ်တိုင် ကလဖန် ဝင်ထိုးခဲ့ကြောင်း အတွင်းရေး ဖောက်ချသူများက ဖွင့်ဟလာကြပါတယ်။ ၂၀၁၇တုန်းက Brexit ကို ကျရှုံးမှုအဖြစ် လူတွေ မြင်လာအောင် တိုးတက်မှုအစား ဆုတ်ယုတ်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းမှားနဲ့ မှိုင်းတိုက်ဖို့ ကြိုးပမ်းခဲ့တာပါ။ အီးယူက ဘိုင်ဒန်တို့လို နယ်စပ်ဖွင့်ပြီး လာသမျှလူ ဝင်လာစေချင်တာ၊ အဲဒီလူတွေကို နေ စား ဆေးကု စာသင် အကုန် စားရိတ်ငြိမ်းထားပေးဖို့ တွန်းလာတာကို ယူကေနိုင်ငံသားတွေက လက်မခံကြလို့ Brexit ဖြစ်လာတာပါ။